ဒီအချက် (၇) ခုကြောင့် သင် ညဘက်တွေမှာ အိပ်မပျော်ဖြစ်တာပါ

အိပ်ချိန်မမှန်တာတွေက သင့်ကို ကျန်းမာရေး ထိခိုက်စေတဲ့အပြင် သင့်ရဲ့ ရုပ်ရည်ကိုပါ ထိခိုက်လာနိုင်စေပါတယ်။ ဒါပေမယ့်လည်း အရွယ်ရောက်သူတွေရဲ့ (၃၅%) ကတော့ အိပ်ချိန် (၇) နာရီသာသာပဲ ရှိပါတယ်။ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဖိစီးမှုတွေက သင့်ဦးနှောက်ကို ရှူပ်ပွစေပြီးတော့ အကျိုးဆက်ကတော့ သင့်ကို အိပ်ရေးပျက်စေပါတယ်။ ဒါကြောင့် ညဘက်တွေ ကောင်းကောင်း အိပ်ပျော်နိုင်အောင် ဘာတွေဆောင်ရ ရှောင်ရမလဲ ဆိုတာကို love media ကနေ ပြောပြသွားချင်ပါတယ်။

၁။ မအိပ်ခင် အတွေးများခြင်း

မအားလပ်တဲ့ရက်တွေရဲ့ ညအချိန်မှာ သင်အလုပ်ချင်ဆုံးက အိပ်ယာပေါ်ကို တက်ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တာပါပဲ။ ဒါပေမယ့် အိပ်ခါနီးမှာ ဘာမှမတွေးပဲ ခံစားချက် ပေါ့ပေါ့ပါးပါးနဲ့ အိပ်တာက ဦးနှောက်ကို အနားပေးလိုက်တာလည်း ဖြစ်သလို သင့်ကို ပိုအိပ်ပျော်စေမှာပါ။ မအိပ်ခင်အချိန်လေးမှာ စာလေးဖတ်၊ ရေလေးနည်းနည်းသောက်၊ ဘာမှမတွေးပဲနဲ့ စိတ်အေးအေးချမ်းချမ်းဖြစ်မယ့် အရာလေးတွေကို တွေးလိုက်ပါ။ ကောင်းကောင်း အိပ်ပျော်ပါလိမ့်မယ်။

၂။ အိပ်ယာမဝင်ခင် လက်ဖက်ရည်သောက်ခြင်း

လက်ဖက်ရည် သောက်ထားရင် အိပ်ပျော်ဖို့ ခက်ပါတယ်။ လက်ဖက်ရည်ထက် ဆေးဖက်ဝင်အပင်တွေ၊ အရွက်တွေကို သောက်သုံးစေချင်တာပါ။ ဆေးဖက်ဝင် အပင်တွေက လူကို အိပ်ပျော်နိုင်သေပြီးတော့ ဟိုးအရင် ခေတ်တွေကတည်းက အသုံးပြုခဲ့ကြတာ ခုချိန်ထိပါပဲ။ Chamomile နဲ့ Lavender လိုမျိုး ဆေးဖက်ဝင် လက်ဖက်ရည်တွေက သင့်ကိုကောင်းကောင်း အိပ်ပျော်စေပါလိမ့်မယ်။ တချို့ လက်ဖက်ရည်တွေက ကဖိန်းဓာတ် မြင့်လွန်းတာကြောင့် သင့်ကိုတစ်ညလုံး အိပ်မရစေတောင် ဖြစ်သွားပါလိမ့်မယ်။

၃။ သက်တောင့်သက်သာ စောင်

စောင်မပါပဲ အိပ်လို့ရတယ် ဆိုပေမယ့် စောင်ခြုံပြီး အိပ်တာက သင့်ကို ခြင်တွေရန်ကနေ ကာကွယ်ပေးပြီး အအေးမပတ်စေပါဘူး။ ဒီလို အိပ်တဲ့နေရာမှာ စောင်ကို ရွေးချယ်သင့်ပါတယ်။ polyester နဲ့ပြုလုပ်ထားတဲ့ စောင်က ဆေးကြောဖို့ လွယ်ကူစေပါတယ်။ ဒါပေမယ့်လည်း အိပ်တဲ့အခါမှာတော့ အထောက်အကူ မဖြစ်စေပြန်ပါဘူး။ polyester ဟာ ဓာတုပစ္စည်းတစ်ခု ဖြစ်တာကြောင့် အသက်ရှူမဝတာတွေ၊ ခန္ဒာကိုယ် အပူချိန်တို့ကို ထိန်းညှိပေးနိုင်မှာ မဟုတ်ပါဘူး။ ပူပြီးတော့ ချွေးတွေပဲ ထွက်လာပါလိမ့်မယ်။ အဲ့ဒါကြောင့် polyester စောင်အစား သိုးမွှေးစောင်ကို ရွေးချယ်သင့်ပါတယ်။

၄။ ညအိပ်ခါနီးမှ လေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်း လုပ်တာက သင့်ကို စိတ်ပျော်ရွှင်စေပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။ ညအိပ်ယာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာက သင့်ကို ခန္ဒာကိုယ်အပူချိန် ကျစေပြီးတော့ ညအိပ်ရင် တစ်ရေးနိုး လာစေတတ်ပါတယ်။ တကယ်လို့ သင်က လေ့ကျင့်ခန်း လုပ်ချင်တယ်ဆိုရင်တော့ အိပ်ယာမဝင်ခင် (၄) နာရီလောက်ကတည်းက လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်သင့်ပါတယ်။

၅။ နံနက်စာ မစားခြင်း

နေ့တစ်နေ့လုံးရဲ့ အစားအသောက်တွေထဲမှာ အရေးအပါဆုံးကတော့ မနက်စာပါပဲ။ အကြောင်းတစ်ခုခုကြောင့် မနက်စာမစားပဲ အလုပ်ကို သွားခြင်းဟာ သင့်ရဲ့ ကိုယ်အလေးချိန်နဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ကျစေပြီးတော့ ညဘက်လည်း အိပ်မပျော်စေပါဘူး။ အိပ်ရေးမဝ စေတာကြောင့်လည်း မူးဝေတာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

၆။ အဆင်မပြေသော ညအိပ်ဝတ်စုံ

ညအိပ်တဲ့အချိန်မှာ တချို့တွေက ဝတ်စုံလှလှလေးတွေ ဝတ်ပြီး အိပ်တတ်ကြပါတယ်။ ဒါပေမယ့် တချို့ဝတ်စုံတွေက ပူစေပြီးတော့ ချွေးလဲထွက်စေပါတယ်။ အဲ့လိုဖြစ်လာပြီ ဆိုရင်တော့ တော်တော်နဲ့ အိပ်မပျော်ပဲ ညနက်ထိ အိပ်မရပဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ညအိပ်တဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားမျိုးကိုသာ ဝတ်အိပ်သင့်ပါတယ်။

၇။ အိပ်ခန်းထဲမှာ ကော်ဇောထားခြင်း

အခန်းထဲမှာ ကော်ဇောထားတာက သက်တောင့်သက်သာ ရှိစေတဲ့အပြင် အိပ်ခန်းကိုလည်း လှပစေပါတယ်။ ဒါပေမယ့် ဒီလိုထားတာက ညအိပ်တာကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဘာလို့လဲ ဆိုတော့ ကော်ဇောမှာပါတဲ့ အမျှင်လေးတွေက ဘတ်တီးရီးယားတွေကို မွေးမြူသလို ဖြစ်နေလို့ပါ။ လေ့လာချက်တွေအရကတော့ သန့်ရှင်းတဲ့ လေထုက ညအိပ်စက်ချိန်ကို အကူအညီ ဖြစ်စေပါတယ်။ ဒါကြောင့် အခန်းထဲမှာ ထားမယ် ဆိုရင်လည်း သေချာလေးသန့်ရှင်းပြီးမှ ထားသင့်ပါတယ်။

Zombie (Lovemedia)

for zawgyi

ဒီအခ်က္ (၇) ခုေၾကာင့္ သင္ ညဘက္ေတြမွာ အိပ္မေပ်ာ္ျဖစ္တာပါ

အိပ္ခ်ိန္မမွန္တာေတြက သင့္ကို က်န္းမာေရး ထိခိုက္ေစတဲ့အျပင္ သင့္ရဲ႕ ႐ုပ္ရည္ကိုပါ ထိခိုက္လာႏိုင္ေစပါတယ္။ ဒါေပမယ့္လည္း အ႐ြယ္ေရာက္သူေတြရဲ႕ (၃၅%) ကေတာ့ အိပ္ခ်ိန္ (၇) နာရီသာသာပဲ ရွိပါတယ္။ စိုးရိမ္ပူပန္မႈေတြနဲ႔ စိတ္ဖိစီးမႈေတြက သင့္ဦးေႏွာက္ကို ရႉပ္ပြေစၿပီးေတာ့ အက်ိဳးဆက္ကေတာ့ သင့္ကိုအိပ္ေရးပ်က္ေစပါတယ္။ ဒါေၾကာင့္ ညဘက္ေတြ ေကာင္းေကာင္း အိပ္ေပ်ာ္ႏိုင္ေအာင္ ဘာေတြေဆာင္ရ ေရွာင္ရမလဲ ဆိုတာကို love media ကေန ေျပာျပသြားခ်င္ပါတယ္။

၁။ မအိပ္ခင္ အေတြးမ်ားျခင္း

မအားလပ္တဲ့ရက္ေတြရဲ႕ ညအခ်ိန္မွာ သင္အလုပ္ခ်င္ဆုံးက အိပ္ယာေပၚကို တက္ၿပီးေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ခ်င္တာပါပဲ။ ဒါေပမယ့္ အိပ္ခါနီးမွာ ဘာမွမေတြးပဲ ခံစားခ်က္ ေပါ့ေပါ့ပါးပါးနဲ႔ အိပ္တာက ဦးေႏွာက္ကို အနားေပးလိုက္တာလည္း ျဖစ္သလို သင့္ကို ပိုအိပ္ေပ်ာ္ေစမွာပါ။ မအိပ္ခင္အခ်ိန္ေလးမွာ စာေလးဖတ္၊ ေရေလးနည္းနည္းေသာက္၊ ဘာမွမေတြးပဲနဲ႔ စိတ္ေအးေအးခ်မ္းခ်မ္းျဖစ္မယ့္ အရာေလးေတြကို ေတြးလိုက္ပါ။ ေကာင္းေကာင္း အိပ္ေပ်ာ္ပါလိမ့္မယ္။

၂။ အိပ္ယာမဝင္ခင္ လက္ဖက္ရည္ေသာက္ျခင္း

လက္ဖက္ရည္ ေသာက္ထားရင္ အိပ္ေပ်ာ္ဖို႔ ခက္ပါတယ္။ လက္ဖက္ရည္ထက္ ေဆးဖက္ဝင္အပင္ေတြ၊ အ႐ြက္ေတြကို ေသာက္သုံးေစခ်င္တာပါ။ ေဆးဖက္ဝင္အပင္ေတြက လူကို အိပ္ေပ်ာ္ႏိုင္ေသၿပီးေတာ့ ဟိုးအရင္ ေခတ္ေတြကတည္းက အသုံးျပဳခဲ့ၾကတာ ခုခ်ိန္ထိပါပဲ။ Chamomile နဲ႔ Lavender လိုမ်ိဳး ေဆးဖက္ဝင္ လက္ဖက္ရည္ေတြက သင့္ကိုေကာင္းေကာင္း အိပ္ေပ်ာ္ေစပါလိမ့္မယ္။ တခ်ိဳ႕ လက္ဖက္ရည္ေတြက ကဖိန္းဓာတ္ ျမင့္လြန္းတာေၾကာင့္ သင့္ကိုတစ္ညလုံး အိပ္မရေစေတာင္ ျဖစ္သြားပါလိမ့္မယ္။

၃။ သက္ေတာင့္သက္သာ ေစာင္

ေစာင္မပါပဲ အိပ္လို႔ရတယ္ ဆိုေပမယ့္ ေစာင္ၿခဳံၿပီး အိပ္တာက သင့္ကို ျခင္ေတြရန္ကေန ကာကြယ္ေပးၿပီး အေအးမပတ္ေစပါဘူး။ ဒီလို အိပ္တဲ့ေနရာမွာ ေစာင္ကို ေ႐ြးခ်ယ္သင့္ပါတယ္။ polyester နဲ႔ျပဳလုပ္ထားတဲ့ ေစာင္က ေဆးေၾကာဖို႔ လြယ္ကူေစပါတယ္။ ဒါေပမယ့္လည္း အိပ္တဲ့အခါမွာေတာ့ အေထာက္အကူ မျဖစ္ေစျပန္ပါဘူး။ polyester ဟာ ဓာတုပစၥည္းတစ္ခု ျဖစ္တာေၾကာင့္ အသက္ရႉမဝတာေတြ၊ ခႏၵာကိုယ္ အပူခ်ိန္တို႔ကို ထိန္းညႇိေပးႏိုင္မွာ မဟုတ္ပါဘူး။ ပူၿပီးေတာ့ ေခြၽးေတြပဲ ထြက္လာပါလိမ့္မယ္။ အဲ့ဒါေၾကာင့္ polyester ေစာင္အစား သိုးေမႊးေစာင္ကို ေ႐ြးခ်ယ္သင့္ပါတယ္။

၄။ ညအိပ္ခါနီးမွ ေလ့က်င့္ခန္းလုပ္ျခင္း

ေလ့က်င့္ခန္း လုပ္တာက သင့္ကို စိတ္ေပ်ာ္႐ႊင္ေစၿပီး စိတ္ဖိစီးမႈေတြကိုလည္း ေလ်ာ့က်ေစပါတယ္။ ညအိပ္ယာဝင္ခါနီး ေလ့က်င့္ခန္း လုပ္တာက သင့္ကို ခႏၵာကိုယ္အပူခ်ိန္ က်ေစၿပီးေတာ့ ညအိပ္ရင္ တစ္ေရးႏိုး လာေစတတ္ပါတယ္။ တကယ္လို႔ သင္က ေလ့က်င့္ခန္း လုပ္ခ်င္တယ္ဆိုရင္ေတာ့ အိပ္ယာမဝင္ခင္ (၄) နာရီေလာက္ကတည္းက ေလ့က်င့္ခန္းကို ျပင္းျပင္းထန္ထန္ လုပ္သင့္ပါတယ္။

၅။ နံနက္စာ မစားျခင္း

ေန႔တစ္ေန႔လုံးရဲ႕ အစားအေသာက္ေတြထဲမွာ အေရးအပါဆုံးကေတာ့ မနက္စာပါပဲ။ အေၾကာင္းတစ္ခုခုေၾကာင့္ မနက္စာမစားပဲ အလုပ္ကို သြားျခင္းဟာ သင့္ရဲ႕ ကိုယ္အေလးခ်ိန္နဲ႔ အာ႐ုံစူးစိုက္ႏိုင္စြမ္းကို က်ေစၿပီးေတာ့ ညဘက္လည္း အိပ္မေပ်ာ္ေစပါဘူး။ အိပ္ေရးမဝ ေစတာေၾကာင့္လည္း မူးေဝတာေတြလည္း ျဖစ္လာေစႏိုင္ပါတယ္။

၆။ အဆင္မေျပေသာ ညအိပ္ဝတ္စုံ

ညအိပ္တဲ့အခ်ိန္မွာ တခ်ိဳ႕ေတြက ဝတ္စုံလွလွေလးေတြ ဝတ္ၿပီး အိပ္တတ္ၾကပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ဝတ္စုံေတြက ပူေစၿပီးေတာ့ ေခြၽးလဲထြက္ေစပါတယ္။ အဲ့လိုျဖစ္လာၿပီ ဆိုရင္ေတာ့ ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ပဲ ညနက္ထိ အိပ္မရပဲ ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ ညအိပ္တဲ့အခါ ေပါ့ေပါ့ပါးပါးနဲ႔ ေလဝင္ေလထြက္ေကာင္းတဲ့ အဝတ္အစားမ်ိဳးကိုသာ ဝတ္အိပ္သင့္ပါတယ္။

၇။ အိပ္ခန္းထဲမွာ ေကာ္ေဇာထားျခင္း

အခန္းထဲမွာ ေကာ္ေဇာထားတာက သက္ေတာင့္သက္သာ ရွိေစတဲ့အျပင္ အိပ္ခန္းကိုလည္း လွပေစပါတယ္။ ဒါေပမယ့္ ဒီလိုထားတာက ညအိပ္တာကို အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ ဘာလို႔လဲဆိုေတာ့ ေကာ္ေဇာမွာပါတဲ့ အမွ်င္ေလးေတြက ဘတ္တီးရီးယားေတြကို ေမြးျမဴသလို ျဖစ္ေနလို႔ပါ။ ေလ့လာခ်က္ေတြအရကေတာ့ သန႔္ရွင္းတဲ့ ေလထုက ညအိပ္စက္ခ်ိန္ကို အကူအညီ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ အခန္းထဲမွာ ထားမယ္ ဆိုရင္လည္း ေသခ်ာေလးသန႔္ရွင္းၿပီးမွ ထားသင့္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments