တရုတ်ကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ‘Effeminate Men’ အဖွဲ့ကို ဘမ်း လိုက်ပါပြီ။ အကြောင်းရင်းတွေကတော့ ဈေးကွက်၊ ပညာရေးစနစ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအတွက် စံသစ်များ သတ်မှတ်ဖို့ ရည်ရွယ်တဲ့ အမျိုးသားရေး စီမံချက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ပြောထားပါတယ်။ နိုင်ငံတော်ရဲ့ ယုံကြည်ချက်နှင့် ကိုယ်ကျင့်တရားဆိုင်ရာအရ ထုတ်ပြန်လိုက်ခြင်းလဲ ဖြစ်ပါတယ်။
တရုတ် ရုပ်မြင်သံကြား စည်းမျဉ်းစည်းကမ်းတွေ အရကတော့ ‘Sissy’ အဖွဲ့ဟာ ယောကျာ်းလေးတွေ ဖြစ်ပေမယ့်လည်း မိတ်ကပ်တွေလိမ်း၊ နုယွပြနေတာကြောင့် အတုယူမှားမှာ စိုးတာကြောင့် ဘမ်းခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် Mandopop၊ K-Pop boy bands နှင့် အခြားအနုပညာရှင် များစွာကိုပါ ဘမ်းလိုက်တာပါ။
တာဝန်ရှိသူတွေကလည်း ‘ဒီလို ယောကျာ်းဖြစ်ပြီး အဆင့်အတန်းမရှိ နွဲ့ပြနေတဲ့ နာမည်ကြီးတွေကို အားမပေးသင့်ဘူး’လို့ ပြောထားပါသေးတယ်။ တစ်ဖက်မှာလည်း တရုတ်ရိုးရာယဉ်ကျေးမှု၊ တော်လှန်ရေး ယဉ်ကျေးမှုနှင့် အဆင့်မြင့် ဆိုရှယ်လစ်ယဉ်ကျေးမှု စတဲ့ ရိုးရာယဉ်ကျေးမှု တွေကိုသာ အားပေးအားမြှောက် ပြုသင့်တယ် လို့လည်း ဆိုထားပါသေးတယ်။
တရုတ်အစိုးရကတော့ လူငယ်တွေ နှစ်သက်တဲ့ နာမည်ကြီး အဆိုတော်တွေ၊ သရုပ်ဆောင်တွေကို အချိန်ပြည့် လိုက်စောင့်ကြည့်နေပြီး သူတို့မျက်လုံးထဲမှာ အမြင်မတော်တာနဲ့ ဘမ်းတာပါပဲ။
ပြောကြားချက်တွေ အရကတော့ ဒီလိုမ ဘမ်းဘဲ လွှတ်ထားလိုက်ရင် ကြာလာတဲ့အခါ သူတို့ရဲ့ ဝတ်ပုံစားပုံတွေ၊ မိတ်ကပ်တွေ၊ ဆံပင်အရောင်တွေနဲ့ အမူအကျင့်တွေပါ ကူးလာနိုင်တယ်လို့ ပြောထားပါသေးတယ်။အထူးသဖြင့် မိန်းကလေးတွေက သူတို့ကို သဲသဲလှုပ် ဖြစ်နေပြီး တရုတ်အနုပညာရှင်တွေကို အားပေးတာ လျော့လာမှာ စိုးလို့လဲ ပြောပါသေးတယ်။
နိုင်ငံပိုင် မီဒီယာဖြစ်တဲ့ Guangming Daily တွင် သြဂုတ်လနှောင်းပိုင်းတွင် ထုတ်ဝေခဲ့တဲ့စာထဲမှာ ဖော်ပြထားတာကတော့ သူတို့တွေဟာ အဆင့်အတန်းမရှိပဲ ညစ်ညမ်းတဲ့သူတွေ ဖြစ်ပြီးတော့ တရုတ်ဆယ်ကျော်သက် လူငယ်တွေရဲ့ တန်ဖိုးကို နိမ့်ကျစေတယ်လို့ ညစ်ညစ်ညမ်းညမ်း ဖော်ပြထားပါသေးတယ်။
Zombie (Lovemedia)
for zawgyi
အတုယူမွားမွာစိုးလို႔‘Sissy’ နဲ႔ ‘Effeminate’ ကို ဘမ္းလိုက္တဲ့ တ႐ုတ္အစိုးရ
တ႐ုတ္ကေတာ့ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကပဲ ‘Effeminate Men’ အဖြဲ႕ကို ဘမ္း လိုက္ပါၿပီ။ အေၾကာင္းရင္းေတြကေတာ့ ေဈးကြက္၊ ပညာေရးစနစ္၊ ဘာသာေရးႏွင့္ ယဥ္ေက်းမႈအတြက္ စံသစ္မ်ား သတ္မွတ္ဖို႔ ရည္႐ြယ္တဲ့ အမ်ိဳးသားေရး စီမံခ်က္ရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္တယ္လို႔ ေျပာထားပါတယ္။ ႏိုင္ငံေတာ္ရဲ႕ ယုံၾကည္ခ်က္ႏွင့္ ကိုယ္က်င့္တရားဆိုင္ရာအရ ထုတ္ျပန္လိုက္ျခင္းလဲ ျဖစ္ပါတယ္။
တ႐ုတ္႐ုပ္ျမင္သံၾကား စည္းမ်ဥ္းစည္းကမ္းေတြ အရကေတာ့ ‘Sissy’ အဖြဲ႕ဟာ ေယာက်ာ္းေလးေတြ ျဖစ္ေပမယ့္လည္း မိတ္ကပ္ေတြလိမ္း၊ ႏုယြျပေနတာေၾကာင့္ အတုယူမွားမွာစိုးတာေၾကာင့္ ဘမ္း ျခင္းပဲျဖစ္ပါတယ္။ ဒါ့အျပင္ Mandopop၊ K-Pop boy bands ႏွင့္ အျခားအႏုပညာရွင္ မ်ားစြာကိုပါ ဘမ္း လိုက္တာပါ။
တာဝန္ရွိသူေတြကလည္း ‘ဒီလို ေယာက်ာ္းျဖစ္ၿပီး အဆင့္အတန္းမရွိ ႏြဲ႕ျပေနတဲ့ နာမည္ႀကီးေတြကို အားမေပးသင့္ဘူး’လို႔ ေျပာထားပါေသးတယ္။ တစ္ဖက္မွာလည္း တ႐ုတ္႐ိုးရာယဥ္ေက်းမႈ၊ ေတာ္လွန္ေရး ယဥ္ေက်းမႈႏွင့္ အဆင့္ျမင့္ ဆိုရွယ္လစ္ယဥ္ေက်းမႈ စတဲ့ ႐ိုးရာယဥ္ေက်းမႈေတြကိုသာ အားေပးအားေျမႇာက္ျပဳသင့္တယ္ လို႔လည္း ဆိုထားပါေသးတယ္။
တ႐ုတ္အစိုးရကေတာ့ လူငယ္ေတြ ႏွစ္သက္တဲ့ နာမည္ႀကီး အဆိုေတာ္ေတြ၊ သ႐ုပ္ေဆာင္ေတြကို အခ်ိန္ျပည့္ လိုက္ေစာင့္ၾကည့္ေနၿပီး သူတို႔မ်က္လုံးထဲမွာ အျမင္မေတာ္တာနဲ႔ ဘမ္း တာပါပဲ။
ေျပာၾကားခ်က္ေတြ အရကေတာ့ ဒီလိုမ ဘမ္း ဘဲ လႊတ္ထားလိုက္ရင္ ၾကာလာတဲ့အခါ သူတို႔ရဲ႕ ဝတ္ပုံစားပုံေတြ၊ မိတ္ကပ္ေတြ၊ ဆံပင္အေရာင္ေတြနဲ႔ အမူအက်င့္ေတြပါ ကူးလာႏိုင္တယ္လို႔ ေျပာထားပါေသးတယ္။ အထူးသျဖင့္ မိန္းကေလးေတြက သူတို႔ကို သဲသဲလႈပ္ ျဖစ္ေနၿပီး တ႐ုတ္အႏုပညာရွင္ေတြကို အားေပးတာ ေလ်ာ့လာမွာစိုးလို႔လဲ ေျပာပါေသးတယ္။
ႏိုင္ငံပိုင္ မီဒီယာျဖစ္တဲ့ Guangming Daily တြင္ ၾသဂုတ္လေႏွာင္းပိုင္းတြင္ ထုတ္ေဝခဲ့တဲ့စာထဲမွာ ေဖာ္ျပထားတာကေတာ့ သူတို႔ေတြဟာ အဆင့္အတန္းမရွိပဲ ညစ္ညမ္းတဲ့သူေတြ ျဖစ္ၿပီးေတာ့ တ႐ုတ္ဆယ္ေက်ာ္သက္ လူငယ္ေတြရဲ႕ တန္ဖိုးကို နိမ့္က်ေစတယ္လို႔ ညစ္ညစ္ညမ္းညမ္း ေဖာ္ျပထားပါေသးတယ္။
Zombie (Lovemedia)
0 Comments