၇ ယောက်မြောက် မျက်မမြင်ပုဏ္ဏား

တခါတုန်းက ရွာအပြင်ရှိ ဇရပ်အိုကြီး တခုထဲမှာ မျက်မမြင် ပုဏ္ဏား ခြောက်ယောက်ဟာ ကြေကြေ ကွဲကွဲ စကား ဆိုနေကြပါတယ် ။ သူတို့ဟာ အဲ့ဒီရွာရဲ့ အနီးမှာပဲ တောင်းရမ်းစားသောက် နေကြတဲ့ မျက်မမြင်တွေပါ ။ မွေးကတည်းက အမြင်အာရုံ ပါမလာသူ တွေပေါ့ ။

တနေ့မှာတော့ ရွာသူကြီးရဲ့ အိမ်မှာ ဆင်တကောင် ရောက်တယ်လု့ိ သူတို့ ကြားကြပါတယ် ။ ရွာသူ ရွာသားတွေ ကလည်း အထူးအဆန်းဖြစ် ပြောဆို နေကြတော့ သူတို့လည်း စိတ်ဝင်စား ကြတာပေါ့ ။ အဲ့တာနဲ့ သူတို့ခြောက်ယောက်က ညဉ့်ဦးပိုင်း လူသူရှင်းတဲ့အချိန်မှာ ဖြောင့်ဖြူးတဲ့ ရွာအဝင် လမ်းအတိုင်း တယောက်လက်ကို တယောက်ချိတ်ပြီး သူကြီးအိမ်ဆီ သွားကြလေတယ် ။

သူကြီးအိမ် ရောက်တဲ့အခါ ဆင်ကြီးကို သူတို့စမ်းသပ် ကိုင်တွယ် ကြည့်ချင်ကြောင်း သူကြီးကို ခွင့်တောင်းတယ် တဲ့ ။ သူကြီးကလည်း သဘောကောင်းသူ ဆိုတော့ ကိုင်ကြည့်ဖို့ အခွင့်ပေးလိုက်တယ်။ အဲ့ဒါနဲ့ သူတို့လည်း ဝမ်းသာအားရ ဆင်ကြီးကို ကိုင်တွယ် စမ်းသပ် ကြည့်ကြတယ် ။ နောက်တော့ သူတို့ နေထိုင်တဲ့ ဇရပ်ဆီကို ပီတိ ကိုယ်စီနဲ့ ပြန်လာကြ တယ်တဲ့ ။

ပြဿနာက အဲ့မှာ စတော့တာပါပဲ ။ ဆင်ကြီးရဲ့ ခန္ဓာကိုယ်ကို စမ်းမိတဲ့သူက ဆင်ဆိုတာ " အုတ်တံတိုင်း " နဲ့ တူတယ်လို့ ပြောတယ် ။ နှာမောင်းကို စမ်းမိတဲ့သူက " မြွေ " နဲ့ တူတယ်လို့ ပြောပြန်တယ် ။

အမြီးကို စမ်းမိတဲ့သူ ကတော့ " ကြိုး " နဲ့ တူတယ် ။ နားရွက်ကို စမ်းမိတဲ့သူက ဆင်ဆိုတာ ယပ်တောင်နဲ့ တူတယ် ။ အစွယ်ကို စမ်းမိတဲ့သူက ဆင်က လံှလု့ိ ဆိုပြန်ရော ။ ခြေထောက်ကို စမ်းမိတဲ့သူက ပင်စည်နဲ့ တူတယ် ဆိုပီး အယူအဆ ကွဲနေကြ ပါတယ် ။

ပထမတော့ ငြင်းခုန်နေကြ တာပေါ့ ။ နောက်တော့ အမြော်အမြင်ရှိတဲ့ ပုဏ္ဏးတစ်ယောက်က..

" ကဲ.. ငြင်းမနေကြပါနဲ့ကွာ .. ကိုယ်နဲ့ နီးတဲ့နေရာ ကိုယ်စမ်းလာပြီး အခုတော့ ဆင်ဆိုတာ ဘာပုံ ပေါက်နေသလည်း ဆိုတာတောင် မသိတော့ဘူး ဘယ်သူမှလည်း အပိုင်အနိုင် မပြောနိုင်ဘူး တိတ်ကြတော့ "

သူ့ရဲ့စကားအဆုံးမှာ အားလုံး ငြိမ်ကျသွားတယ် ။ သူတို့တွေ စိတ်ကူးနဲ့ ဆင်ပုံကို ဖော်နေကြတယ် တဲ့ ။ ( ဆင်= မြွေ+ ယပ်တောင်+ ပင်စည်+ အုတ်တံတိုင်း+ ကြိုး) ဖြစ်သွားကြတယ် ။ နောက်တော့ သူတို့တွေ အစကလို ကြေကွဲ ဝမ်းနည်းစကား ပြန်ဆိုနေကြတယ် ။

အဲ့ဒီအချိန်မှာပဲ..

" ကျွန်တော့်ကိုလည်း ဒီဇရပ်မှာ တညတာ တည်းခိုခွင့် ပြုပါခင်ဗျာ.. ကျွန်တော်ဟာ လှည့်လည် တောင်းစားနေကတဲ့ မျက်မမြင် ပုဏ္ဏား တယောက်ပါခင်မျ "

" ဟာ.. လာပါဗျာ.. လာပါ ကျုပ်တို့ကလည်း ခင်ဗျားနဲ့ ဘဝတူတွေ ပါပဲ "

" ကျွန်တော်တို့တွေ ဘာမှ အားငယ်စရာ မရှိပါဘူးဗျာ။ ` ဆာ ´ ဘွဲ့ ရခဲ့တဲ့ ` ဖရန်စစ် ဂျိုးဇက်ကင်းဘဲလ် ´ ဆိုတဲ့ တောင်တက်သမားဟာ မျက်မမြင်ဆိုပီး ကျုပ်ကြားဖူးတယ်ဗျ " ဆိုပြီး နောက်မှ ရောက်လာတဲ့ ပုဏ္ဏားက ပြောလိုက်တယ်တဲ့ ။

" သူက အရမ်းတော်လို့ ဖြစ်မှာပါဗျာ။ ကျုပ်တို့တွေကတော့ သာမန်လူတွေပါ ။ ဆင်ကြီး တကောင်လုံး သွားစမ်းတာတောင် ဘာပုံပေါက်မှန်း မသဲကွဲဘူး "

" ဘယ်က ဆင်ကြီးလဲ ရွာသူကြီး အိမ်က ဆင်လား "

" ဟုတ်တယ်တယ်၊ ခင်ဗျားက သိလု့ိလား "

" သိတာပေါ့ဗျ ၊ ကျုပ်တောင် စမ်းကြည့်ခဲ့သေး "

သူ့ရဲ့စကားကြောင့် ကျန်တဲ့ ပုဏ္ဏားခြောက်ယောက် နားရွက် ထောင်သွားကြတယ် ။ ဗဟုသုတ များပုံ ရတဲ့ ၇ ယောက်မြောက် ပုဏ္ဏားကို ဝိုင်းကြည့်ပြီး မေးလိုက်ကြတယ် ။

" ဒါဆို ပြောစမ်းပါအုံး.. ဆင်ဆိုတာ ဘာနဲ့ တူလဲ "

" ဆင် ဆိုတာ ငှက်ပျောသီးနဲ့ တူတယ်ဗျ "

" ဗျာ "

" ဆင် ဆိုတာ ငှက်ပျောသီးနဲ့ တူတယ်လု့ိ "

အဲ့ဒါနဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက် ခေါင်းတဆတ်ဆတ် ငြိမ့်ပြီး သတ်ပြင်းကြီး မှုတ်ထုတ်ကာ မှတ်ချက်တခု ပြိုင်တူ ချလိုက်ကြတယ် တဲ့ ။

" အော်.. လတ်စသတ်တော့ အဲ့ဒီဆင်က ` အထီး ´ ကြီးပဲကို "

တာရာမင်းဝေ

for zawgyi

၇ ေယာက္ေျမာက္ မ်က္မျမင္ပုဏၰား

တခါတုန္းက ႐ြာအျပင္ရွိ ဇရပ္အိုႀကီး တခုထဲမွာ မ်က္မျမင္ ပုဏၰား ေျခာက္ေယာက္ဟာ ေၾကေၾက ကြဲကြဲ စကား ဆိုေနၾကပါတယ္ ။ သူတို႔ဟာ အဲ့ဒီ႐ြာရဲ႕ အနီးမွာပဲ ေတာင္းရမ္းစားေသာက္ ေနၾကတဲ့ မ်က္မျမင္ေတြပါ ။ ေမြးကတည္းက အျမင္အာ႐ုံ ပါမလာသူ ေတြေပါ့ ။

တေန႔မွာေတာ့ ႐ြာသူႀကီးရဲ႕ အိမ္မွာ ဆင္တေကာင္ ေရာက္တယ္လု႔ိ သူတို႔ ၾကားၾကပါတယ္ ။ ႐ြာသူ ႐ြာသားေတြ ကလည္း အထူးအဆန္းျဖစ္ ေျပာဆို ေနၾကေတာ့ သူတို႔လည္း စိတ္ဝင္စား ၾကတာေပါ့ ။ အဲ့တာနဲ႔ သူတို႔ေျခာက္ေယာက္က ညဥ့္ဦးပိုင္း လူသူရွင္းတဲ့အခ်ိန္မွာ ေျဖာင့္ျဖဴးတဲ့ ႐ြာအဝင္ လမ္းအတိုင္း တေယာက္လက္ကို တေယာက္ခ်ိတ္ၿပီး သူႀကီးအိမ္ဆီ သြားၾကေလတယ္ ။

သူႀကီးအိမ္ ေရာက္တဲ့အခါ ဆင္ႀကီးကို သူတို႔စမ္းသပ္ ကိုင္တြယ္ ၾကည့္ခ်င္ေၾကာင္း သူႀကီးကို ခြင့္ေတာင္းတယ္ တဲ့ ။ သူႀကီးကလည္း သေဘာေကာင္းသူ ဆိုေတာ့ ကိုင္ၾကည့္ဖို႔ အခြင့္ေပးလိုက္တယ္။ အဲ့ဒါနဲ႔ သူတို႔လည္း ဝမ္းသာအားရ ဆင္ႀကီးကို ကိုင္တြယ္ စမ္းသပ္ ၾကည့္ၾကတယ္ ။ ေနာက္ေတာ့ သူတို႔ ေနထိုင္တဲ့ ဇရပ္ဆီကို ပီတိ ကိုယ္စီနဲ႔ ျပန္လာၾက တယ္တဲ့ ။

ျပႆနာက အဲ့မွာ စေတာ့တာပါပဲ ။ ဆင္ႀကီးရဲ႕ ခႏၶာကိုယ္ကို စမ္းမိတဲ့သူက ဆင္ဆိုတာ " အုတ္တံတိုင္း " နဲ႔ တူတယ္လို႔ ေျပာတယ္ ။ ႏွာေမာင္းကို စမ္းမိတဲ့သူက " ေႁမြ " နဲ႔ တူတယ္လို႔ ေျပာျပန္တယ္ ။

အၿမီးကို စမ္းမိတဲ့သူ ကေတာ့ " ႀကိဳး " နဲ႔ တူတယ္ ။ နား႐ြက္ကို စမ္းမိတဲ့သူက ဆင္ဆိုတာ ယပ္ေတာင္နဲ႔ တူတယ္ ။ အစြယ္ကို စမ္းမိတဲ့သူက ဆင္က လံွလု႔ိ ဆိုျပန္ေရာ ။ ေျခေထာက္ကို စမ္းမိတဲ့သူက ပင္စည္နဲ႔ တူတယ္ ဆိုပီး အယူအဆ ကြဲေနၾက ပါတယ္ ။

ပထမေတာ့ ျငင္းခုန္ေနၾက တာေပါ့ ။ ေနာက္ေတာ့ အေျမာ္အျမင္ရွိတဲ့ ပုဏၰးတစ္ေယာက္က..

" ကဲ.. ျငင္းမေနၾကပါနဲ႔ကြာ .. ကိုယ္နဲ႔ နီးတဲ့ေနရာ ကိုယ္စမ္းလာၿပီး အခုေတာ့ ဆင္ဆိုတာ ဘာပုံ ေပါက္ေနသလည္း ဆိုတာေတာင္ မသိေတာ့ဘူး ဘယ္သူမွလည္း အပိုင္အႏိုင္ မေျပာႏိုင္ဘူး တိတ္ၾကေတာ့ "

သူ႔ရဲ႕စကားအဆုံးမွာ အားလုံး ၿငိမ္က်သြားတယ္ ။ သူတို႔ေတြ စိတ္ကူးနဲ႔ ဆင္ပုံကို ေဖာ္ေနၾကတယ္ တဲ့ ။ ( ဆင္= ေႁမြ+ ယပ္ေတာင္+ ပင္စည္+ အုတ္တံတိုင္း+ ႀကိဳး) ျဖစ္သြားၾကတယ္ ။ ေနာက္ေတာ့ သူတို႔ေတြ အစကလို ေၾကကြဲ ဝမ္းနည္းစကား ျပန္ဆိုေနၾကတယ္ ။

အဲ့ဒီအခ်ိန္မွာပဲ..

" ကြၽန္ေတာ့္ကိုလည္း ဒီဇရပ္မွာ တညတာ တည္းခိုခြင့္ ျပဳပါခင္ဗ်ာ.. ကြၽန္ေတာ္ဟာ လွည့္လည္ ေတာင္းစားေနကတဲ့ မ်က္မျမင္ ပုဏၰား တေယာက္ပါခင္မ် "

" ဟာ.. လာပါဗ်ာ.. လာပါ က်ဳပ္တို႔ကလည္း ခင္ဗ်ားနဲ႔ ဘဝတူေတြ ပါပဲ "

" ကြၽန္ေတာ္တို႔ေတြ ဘာမွ အားငယ္စရာ မရွိပါဘူးဗ်ာ။ ` ဆာ ´ ဘြဲ႕ ရခဲ့တဲ့ ` ဖရန္စစ္ ဂ်ိဳးဇက္ကင္းဘဲလ္ ´ ဆိုတဲ့ ေတာင္တက္သမားဟာ မ်က္မျမင္ဆိုပီး က်ဳပ္ၾကားဖူးတယ္ဗ် " ဆိုၿပီး ေနာက္မွ ေရာက္လာတဲ့ ပုဏၰားက ေျပာလိုက္တယ္တဲ့ ။

" သူက အရမ္းေတာ္လုိ႔ ျဖစ္မွာပါဗ်ာ။ က်ဳပ္တို႔ေတြကေတာ့ သာမန္လူေတြပါ ။ ဆင္ႀကီး တေကာင္လုံး သြားစမ္းတာေတာင္ ဘာပုံေပါက္မွန္း မသဲကြဲဘူး "

" ဘယ္က ဆင္ႀကီးလဲ ႐ြာသူႀကီး အိမ္က ဆင္လား "

" ဟုတ္တယ္တယ္၊ ခင္ဗ်ားက သိလု႔ိလား "

" သိတာေပါ့ဗ် ၊ က်ဳပ္ေတာင္ စမ္းၾကည့္ခဲ့ေသး "

သူ႔ရဲ႕စကားေၾကာင့္ က်န္တဲ့ ပုဏၰားေျခာက္ေယာက္ နား႐ြက္ ေထာင္သြားၾကတယ္ ။ ဗဟုသုတ မ်ားပုံ ရတဲ့ ၇ ေယာက္ေျမာက္ ပုဏၰားကို ဝိုင္းၾကည့္ၿပီး ေမးလိုက္ၾကတယ္ ။

" ဒါဆို ေျပာစမ္းပါအုံး.. ဆင္ဆိုတာ ဘာနဲ႔ တူလဲ "

" ဆင္ ဆိုတာ ငွက္ေပ်ာသီးနဲ႔ တူတယ္ဗ် "

" ဗ်ာ "

" ဆင္ ဆိုတာ ငွက္ေပ်ာသီးနဲ႔ တူတယ္လု႔ိ "

အဲ့ဒါနဲ႔ မ်က္မျမင္ ပုဏၰားေျခာက္ေယာက္ ေခါင္းတဆတ္ဆတ္ ၿငိမ့္ၿပီး သတ္ျပင္းႀကီး မႈတ္ထုတ္ကာ မွတ္ခ်က္တခု ၿပိဳင္တူ ခ်လိုက္ၾကတယ္ တဲ့ ။

" ေအာ္.. လတ္စသတ္ေတာ့ အဲ့ဒီဆင္က ` အထီး ´ ႀကီးပဲကို "

တာရာမင္းေဝ

Post a Comment

0 Comments