စာမေးပွဲမဖြေချင်လို့ ကျောင်း Wifi စနစ်ကို ဝင် hack ခဲ့တဲ့ ကျောင်းသားနှစ်ယောက်

ကျောင်းတက်ခဲ့ရတဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်ရင် စာမေးပွဲဆိုတာ အလွန်ပျင်းစရာ ကောင်းတဲ့အရာပါပဲ။ စာတွေ ကျက်ထားပေမယ့်လည်း စာမေးပွဲနီးလာလေလေ စိုးရိမ်ပူပန် လာလေလေ ပါပဲ။ စာမေးပွဲကိုတော့ ဖြေချင်တဲ့သူ နည်းပါလိမ့်မယ်နော်။ ဒီကျောင်းသားလေး နှစ်ယောက်ကလည်း စာမေးပွဲမဖြေချင်လို့ အကြံအကြီးကြီး ထုတ်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ Secaucus အထက်တန်းကျောင်းက ကျောင်းသားနှစ်ယောက်ဟာ စာမေးပွဲမဖြေချင်လို့ ကျောင်းရဲ့ Wifi စနစ်ကို ဝင် Hack ခဲ့ ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖြစ်ပွားခဲ့ပြီး ကျောင်းသား နှစ်ယောက်ဟာလည်း အဖမ်း ခံခဲ့ရပါတယ် ။

ကျောင်းရဲ့သင်ရိုးညွှန်းတမ်းဟာ အင်တာနက်နဲ့ ချိတ်ဆက် သိမ်းဆည်းထားပါတယ်။ အဲဒါကြောင့် ကျောင်းသားတွေရဲ့နေ့စဉ် Assigmment တွေ ပျောက်သွားပါတယ်။ တခြားကျောင်းသားတွေ ဆီကို ဒီ ၁၄ နှစ်အရွယ် ကျောင်းသားလေးတွေက ကျောင်းရဲ့ အထူးနေ့တွေမှာ Wifi ကျသွားအောင် အတူတူလုပ်ကြဖို့ အဖော်ညှိခဲ့ကြ ပါသေးတယ်။

ကျောင်းသားနှစ်ယောက်ဟာ ကျောင်းရဲ့ ပုံမှန်လည်ပတ်နေတဲ့ Wifi စနစ်ကြီးကို ကမောက်ကမ ဖြစ်အောင် ဝင် Hack ခဲ့ ပါတယ်။ ကျောင်းသားနှစ်ယောက်ဟာ Wifi ကို Hack နိုင်ဖို့ app တစ်ခုကို သုံးခဲ့ပါတယ် ။ ဒါပေမယ့် တစ်ယောက်ယောက်ကို ပိုက်ဆံပေးပြီး wifi ကို hack ပေးဖို့ အကူအညီတောင်းတာ ဖြစ်နိုင်ကြောင်း ရဲတွေက ပြောပါတယ်။

၁၄ နှစ်ကျောင်းသား နှစ်ယောက်ဟာ ကွန်ပြူတာ ရာဇဝတ်မှု၊ ကွန်ပြူတာ ရာဇဝတ်မှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှု တို့နှင့် တရားစွဲ ခံရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မိဘတွေဆီပဲ ပြန်လည်လွှတ်ပေးလိုက်ပါတယ်။ ကျောင်းရဲ့ Wifi စနစ် ကြန့်ကြာမှုကို ဖြေရှင်းပြီး စာမေးပွဲကို ပုံမှန်အတိုင်း ဆက်ဖြေသွားပါတယ်။

“ ဒီလို ဝင် hack တာကတော့ မကောင်းပါဘူး။ ဒါပေမယ့် တစ်ချိန်မှာတော့ သူတို့နှစ်ယောက်ဟာ IT ပညာရှင်၊ ကွန်ပြူတာ ပညာရှင်၊ သိပ္ပံပညာရှင်တွေ ဖြစ်လာနိုင်တယ် ” လို့ ကျောင်းသား တစ်ယောက်က ပြောပါတယ်။

Zombie (Lovemedia)

Ref - Worldofbuzz

for zawgyi

စာေမးပြဲမေျဖခ်င္လို႔ ေက်ာင္း Wifi စနစ္ကို ဝင္ hack ခဲ့တဲ့ ေက်ာင္းသားႏွစ္ေယာက္

ေက်ာင္းတက္ခဲ့ရတဲ့ အခ်ိန္ေတြကို ျပန္စဥ္းစားၾကည့္ရင္ စာေမးပြဲဆိုတာ အလြန္ပ်င္းစရာ ေကာင္းတဲ့အရာပါပဲ။ စာေတြ က်က္ထားေပမယ့္လည္း စာေမးပြဲနီးလာေလေလ စိုးရိမ္ပူပန္ လာေလေလ ပါပဲ။ စာေမးပြဲကိုေတာ့ ေျဖခ်င္တဲ့သူ နည္းပါလိမ့္မယ္ေနာ္။ ဒီေက်ာင္းသားေလး ႏွစ္ေယာက္ကလည္း စာေမးပြဲမေျဖခ်င္လို႔ အႀကံအႀကီးႀကီး ထုတ္ခဲ့ၾကပါတယ္။

အေမရိကန္ႏိုင္ငံ၊ နယူးဂ်ာစီျပည္နယ္၊ Secaucus အထက္တန္းေက်ာင္းက ေက်ာင္းသားႏွစ္ေယာက္ဟာ စာေမးပြဲမေျဖခ်င္လို႔ ေက်ာင္းရဲ႕ Wifi စနစ္ကို ဝင္ Hack ခဲ့ ၾကပါတယ္။ ဒီအျဖစ္အပ်က္ဟာ ျဖစ္ပြားခဲ့ၿပီး ေက်ာင္းသား ႏွစ္ေယာက္ဟာလည္း အဖမ္း ခံခဲ့ရပါတယ္ ။

ေက်ာင္းရဲ႕သင္႐ိုးၫႊန္းတမ္းဟာ အင္တာနက္နဲ႔ ခ်ိတ္ဆက္ သိမ္းဆည္းထားပါတယ္။ အဲဒါေၾကာင့္ ေက်ာင္းသားေတြရဲ႕ေန႔စဥ္ Assigmment ေတြ ေပ်ာက္သြားပါတယ္။ တျခားေက်ာင္းသားေတြ ဆီကို ဒီ ၁၄ ႏွစ္အ႐ြယ္ ေက်ာင္းသားေလးေတြက ေက်ာင္းရဲ႕ အထူးေန႔ေတြမွာ Wifi က်သြားေအာင္ အတူတူလုပ္ၾကဖို႔ အေဖာ္ညႇိခဲ့ၾက ပါေသးတယ္။

ေက်ာင္းသားႏွစ္ေယာက္ဟာ ေက်ာင္းရဲ႕ ပုံမွန္လည္ပတ္ေနတဲ့ Wifi စနစ္ႀကီးကို ကေမာက္ကမ ျဖစ္ေအာင္ ဝင္ Hack ခဲ့ ပါတယ္။ ေက်ာင္းသားႏွစ္ေယာက္ဟာ Wifi ကို Hack ႏိုင္ဖို႔ app တစ္ခုကို သုံးခဲ့ပါတယ္ ။ ဒါေပမယ့္ တစ္ေယာက္ေယာက္ကို ပိုက္ဆံေပးၿပီး wifi ကို hack ေပးဖို႔ အကူအညီေတာင္းတာ ျဖစ္ႏိုင္ေၾကာင္း ရဲေတြက ေျပာပါတယ္။

၁၄ ႏွစ္ေက်ာင္းသား ႏွစ္ေယာက္ဟာ ကြန္ျပဴတာ ရာဇဝတ္မႈ၊ ကြန္ျပဴတာ ရာဇဝတ္မႈ က်ဴးလြန္ရန္ ပူးေပါင္းႀကံစည္မႈ တို႔ႏွင့္ တရားစြဲ ခံရပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ မိဘေတြဆီပဲ ျပန္လည္လႊတ္ေပးလိုက္ပါတယ္။ ေက်ာင္းရဲ႕ Wifi စနစ္ ၾကန႔္ၾကာမႈကို ေျဖရွင္းၿပီး စာေမးပြဲကို ပုံမွန္အတိုင္း ဆက္ေျဖသြားပါတယ္။

“ ဒီလို ဝင္ hack တာကေတာ့ မေကာင္းပါဘူး။ ဒါေပမယ့္ တစ္ခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ IT ပညာရွင္၊ ကြန္ျပဴတာ ပညာရွင္၊ သိပၸံပညာရွင္ေတြ ျဖစ္လာႏိုင္တယ္ ” လို႔ ေက်ာင္းသား တစ္ေယာက္က ေျပာပါတယ္။

Zombie (Lovemedia)

Ref - Worldofbuzz

Post a Comment

0 Comments