မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျောင်းကိုသွားဖို့ အန္တရာယ်များတဲ့ ပိုက်လိုင်းကို နေ့စဉ်ဖြတ်နေရတဲ့ကလေးများ

တချို့တွေက ကျောင်းသွားရဖို့ လမ်းပန်းဆက်သွယ်ရေး လွယ်ကူပေမယ့် တချို့တွေမှာတော့ ကျောင်းတက်ရဖို့ကို သက်စွန့်ဆံဖျား သွားလာရပါတယ်။ မလေးရှားနိုင်ငံက ကျေးလက်ဒေသမှာနေတဲ့ တချို့ကျောင်းသူကျောင်းသားတွေမှာ ကျောင်းသွားဖို့ လမ်းလည်းမရှိသလို ပို့ပေးမယ့် ယာဉ်လည်း မရှိပါဘူး။

ကျောင်းကိုရောက်ဖို့ တောတွေကို ကြံ့ကြံ့ခံ ဖြတ်သန်းလာရပြီး တံတားမရှိတဲ့ မြစ်တွေကိုလည်း ကျော်ဖြတ်လာ ရသေးပါတယ်။ မလေးရှားနိုင်ငံ၊ Kota Merudu မြို့က ကလေးတွေက ကျောင်းရောက်ဖို့အတွက် မြစ်ပေါ်မှာ သွယ်တန်းထားတဲ့ ပိုက်လိုင်းပေါ်ကို ဖြတ်ပြီး လာရပါတယ်။

ပိုက်လိုင်းပေါ်ကနေ အောက်ကို ငုံ့ကြည့်လိုက်ရင်တော့ မြစ်ရှိနေတဲ့အတွက် အလွန်ကို အန္တရာယ် များပါတယ်။ ကလေးတွေအတွက် ကံကောင်းတာကတော့ တချို့ လူရွယ်လူကြီးတွေက ပိုက်ပေါ်က ဖြတ်လာတဲ့ ကလေးတွေ အန္တရာယ် မဖြစ်ရအောင် ကူညီပေးတာပါ။ တချို့ကလေးတွေက ငယ်သေးတာကြောင့် ပိုက်လိုင်းပေါ် ဖြတ်လာရမှာ အကူအညီ လိုအပ်ပါတယ်။

တချို့ကလေးတွေက ကျောင်းဝတ်စုံတွေ ဝတ်ထားပေမယ့် လမ်းက ခက်ခဲတာကြောင့် တချို့ကလေးတွေက သူတို့ရဲ့ ကျောင်းဝတ်စုံတွေ ပေသွားမှာစိုးလို့ အားကစားဝတ်စုံတွေ၊ အိမ်နေရင်း အဝတ်အစားတွေ ဝတ်ထားကြပါတယ်။ ကျောင်းဝတ်စုံနဲ့ စာအုပ်တွေကိုတော့ ပလက်စတစ်အိတ် အကြီးကြီးနဲ့ ထုတ်ပိုးပြီး ယူလာကြပါတယ်။

ကျောင်းက အပြန်ကိုလည်း ဒီပိုက်လိုင်းပေါ်ကနေ ဖြတ်ပြန်ရပြန်ပါတယ်။ ဒေသခံတွေက ကလေးတွေ ကျောင်းကို နေ့စဉ် အန္တရာယ်ကင်းကင်း သွားနိုင်ဖို့ တံတားတစ်စင်းကို မျှော်လင့်နေကြပါတယ်။ အရွယ်ငယ်သေးတဲ့ ကလေးလေးတွေ ဖြစ်ပေမယ့် အခက်အခဲတွေကို ဂရုမစိုက်နိုင်ဘဲ ပညာကို လိုလိုလားလား သင်ယူလိုကြတဲ့ ကလေးတွေရဲ့ စိတ်ဓါတ်က လေးစားစရာပါပဲ။

Zombie (Lovemedia)

for zawgyi

ျမစ္တစ္ဖက္ကမ္းမွာရွိတဲ့ ေက်ာင္းကိုသြားဖို႔ အႏၲရာယ္မ်ားတဲ့ ပိုက္လိုင္းကို ေန႔စဥ္ျဖတ္ေနရတဲ့ကေလးမ်ား

တခ်ိဳ႕ေတြက ေက်ာင္းသြားရဖို႔ လမ္းပန္းဆက္သြယ္ေရး လြယ္ကူေပမယ့္ တခ်ိဳ႕ေတြမွာေတာ့ ေက်ာင္းတက္ရဖို႔ကို သက္စြန႔္ဆံဖ်ား သြားလာရပါတယ္။ မေလးရွားႏိုင္ငံက ေက်းလက္ေဒသမွာေနတဲ့ တခ်ိဳ႕ေက်ာင္းသူေက်ာင္းသားေတြမွာ ေက်ာင္းသြားဖို႔ လမ္းလည္းမရွိသလို ပို႔ေပးမယ့္ ယာဥ္လည္းမရွိပါဘူး။

ေက်ာင္းကိုေရာက္ဖို႔ ေတာေတြကို ႀကံ့ႀကံ့ခံျဖတ္သန္းလာရၿပီး တံတားမရွိတဲ့ ျမစ္ေတြကိုလည္း ေက်ာ္ျဖတ္လာရေသးပါတယ္။ မေလးရွားႏိုင္ငံ၊ Kota Merudu ၿမိဳ႕က ကေလးေတြက ေက်ာင္းေရာက္ဖို႔အတြက္ ျမစ္ေပၚမွာ သြယ္တန္းထားတဲ့ ပိုက္လိုင္းေပၚကို ျဖတ္ၿပီး လာရပါတယ္။

ပိုက္လိုင္းေပၚကေန ေအာက္ကို ငုံ႔ၾကည့္လိုက္ရင္ေတာ့ ျမစ္ရွိေနတဲ့အတြက္ အလြန္ကို အႏၲရာယ္ မ်ားပါတယ္။ ကေလးေတြအတြက္ ကံေကာင္းတာကေတာ့ တခ်ိဳ႕လူ႐ြယ္လူႀကီးေတြက ပိုက္ေပၚက ျဖတ္လာတဲ့ကေလးေတြ အႏၲရာယ္ မျဖစ္ရေအာင္ ကူညီေပးတာပါ။ တခ်ိဳ႕ကေလးေတြက ငယ္ေသးတာေၾကာင့္ ပိုက္လိုင္းေပၚ ျဖတ္လာရမွာ အကူအညီ လိုအပ္ပါတယ္။

တခ်ိဳ႕ကေလးေတြက ေက်ာင္းဝတ္စုံေတြ ဝတ္ထားေပမယ့္ လမ္းက ခက္ခဲတာေၾကာင့္ တခ်ိဳ႕ကေလးေတြက သူတို႔ရဲ႕ေက်ာင္းဝတ္စုံေတြ ေပသြားမွာစိုးလို႔ အားကစားဝတ္စုံေတြ၊ အိမ္ေနရင္း အဝတ္အစားေတြ ဝတ္ထားၾကပါတယ္။ ေက်ာင္းဝတ္စုံနဲ႔ စာအုပ္ေတြကိုေတာ့ ပလက္စတစ္အိတ္ အႀကီးႀကီးနဲ႔ ထုတ္ပိုးၿပီး ယူလာၾကပါတယ္။

ေက်ာင္းကအျပန္ကိုလည္း ဒီပိုက္လိုင္းေပၚကေန ျဖတ္ျပန္ရျပန္ပါတယ္။ ေဒသခံေတြက ကေလးေတြ ေက်ာင္းကို ေန႔စဥ္ အႏၲရာယ္ကင္းကင္း သြားႏိုင္ဖို႔ တံတားတစ္စင္းကို ေမွ်ာ္လင့္ေနၾကပါတယ္။ အ႐ြယ္ငယ္ေသးတဲ့ ကေလးေလးေတြ ျဖစ္ေပမယ့္ အခက္အခဲေတြကို ဂ႐ုမစိုက္ႏိုင္ဘဲ ပညာကို လိုလိုလားလား သင္ယူလိုၾကတဲ့ ကေလးေတြရဲ႕ စိတ္ဓါတ္က ေလးစားစရာပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments