နေ့ဘက်မှာ Delivery အလုပ်လုပ်ရင်း Ph.D ဘွဲ့ရအောင် ကြိုးစားနိုင်ခဲ့သူ

Delivery အလုပ်ကို အလွန်ကို စိတ်ရှည်ရတဲ့ အလုပ်ပါ။ လူမျိုးစုံနဲ့ တွေ့ရတဲ့အပြင် အလွန်လည်း ပင်ပန်းပါတယ်။ ဒါပေမယ့် ကြိုးစားပြီး အရာထင်ကြောင်းကို မလေးရှားနိုင်ငံသား တစ်ယောက်က သက်သေပြသွားခဲ့ပါပြီ။

မလေးရှားနိုင်ငံသား Mohd Akmal ဟာ အစားအစာ ပို့သူအဖြစ်အလုပ်လုပ်ပြီး နောက်မှာတော့ ပါရဂူဘွဲ့ကို ရသွားခဲ့ပါတယ်။ သူဟာ ပါရဂူဘွဲ့ရဖို့ ၄ နှစ်နီးပါး ကြိုးစားခဲ့ရပါတယ်။

Foodpanda က အစားအစာပို့သူ Mohd Akmal က Pahang ပြည်နယ်၊ Bandar မြို့မှာ နေထိုင်သူပါ။ သူက University Malayisa Pahang တက္ကသိုလ်ကနေ ဆေးဝါးနည်းပညာ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ရရှိသွားခဲ့ပါတယ်။ အဲဒီအကြောင်းကို Mohd Akmal က သူ့ရဲ့ facebook မှာ တင်ထားခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် Mohd က MCO မှာ အရင်နှစ်က အချိန်ပြည့်ဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီအလုပ်ကနေ လူတွေနဲ့ဆက်ဆံဖို့၊ စိတ်ရှည်သည်းခံတတ်ဖို့၊ အချိန်ကို စီမံခန့်ခွဲတတ်ဖို့ အရည်အချင်းတွေ သင်ယူနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

Mohd က မနက်ပိုင်းမှာ အလုပ်လုပ်ပြီး ညပိုင်းမှာ သူ့ရဲ့ကျမ်းအတွက် စာလေ့လာပါတယ်။ သူ့ရဲ့ပါရဂူကျမ်းနာမည်ကတော့ "Product Development and Evaluation of Probiotic Tablet From Locally Isolated Yeast Saccharomyces Boulardii For Stomach Acid Tolerance" ဖြစ်ပါတယ်။

Mohd မှာ ကလေးငါးယောက် ရှိပြီး သူ့အလုပ်နဲ့ ကျောင်းစာကို နားလည်ပေးတဲ့ ဇနီးသည်ကို ကျေးဇူးတင်နေပါတယ်။

အစားအစာပို့တဲ့ ရတဲ့ဝင်ငွေက သူ့ရဲ့အဓိကဝင်ငွေ ဖြစ်ပြီးတော့ အချိန်နဲ့ ပညာကို မျှတာတောင် ကြိုးစားရုန်းကန် ခဲ့ရပါတယ်။ မလေးရှား နိုင်ငံသားတွေကတော့ သူ့ရဲ့အောင်မြင်မှုအတွက် ဂုဏ်ယူနေကြပါတယ်။

Mohd ကို Pahang Yang di-Pertaun Agong ဘုရင် က သတိထားမိခဲ့ပြီး Istana Abdulaziz နန်းတော်ကို ဖိတ်ကြားခဲ့ပါတယ်။ နန်းတော်မှာ တော်ဝင်မိသားစုက Mohd ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြု မှတ်တမ်းတင်ထားပြီး ငွေတွေလည်း လှူဒါန်းလိုက်ပါတယ်။ တကယ်တော့ ပြင်းပြတဲ့ဆန္ဒနဲ့ ဝီရိယကို ပေါင်းစပ်လိုက်တဲ့အခါ အောင်မြင်မှု ရနိုင်ကြောင်း Mohd က သက်သေပြ သွားခဲ့တာပါ။

Zombie (Lovemedia)

for zawgyi

ေန႔ဘက္မွာ Delivery အလုပ္လုပ္ရင္း Ph.D ဘြဲ႕ရေအာင္ ႀကိဳးစားႏိုင္ခဲ့သူ

Delivery အလုပ္ကို အလြန္ကို စိတ္ရွည္ရတဲ့ အလုပ္ပါ။ လူမ်ိဳးစုံနဲ႔ ေတြ႕ရတဲ့အျပင္ အလြန္လည္း ပင္ပန္းပါတယ္။ ဒါေပမယ့္ ႀကိဳးစားၿပီး အရာထင္ေၾကာင္းကို မေလးရွားႏိုင္ငံသား တစ္ေယာက္က သက္ေသျပသြားခဲ့ပါၿပီ။

မေလးရွားႏိုင္ငံသား Mohd Akmal ဟာ အစားအစာ ပို႔သူအျဖစ္အလုပ္လုပ္ၿပီး ေနာက္မွာေတာ့ ပါရဂူဘြဲ႕ကို ရသြားခဲ့ပါတယ္။ သူဟာ ပါရဂူဘြဲ႕ရဖို႔ ၄ ႏွစ္နီးပါး ႀကိဳးစားခဲ့ရပါတယ္။

Foodpanda က အစားအစာပို႔သူ Mohd Akmal က Pahang ျပည္နယ္၊ Bandar ၿမိဳ႕မွာ ေနထိုင္သူပါ။ သူက University Malayisa Pahang တကၠသိုလ္ကေန ေဆးဝါးနည္းပညာ ဘာသာရပ္နဲ႔ ပါရဂူဘြဲ႕ ရရွိသြားခဲ့ပါတယ္။ အဲဒီအေၾကာင္းကို Mohd Akmal က သူ႔ရဲ႕ facebook မွာ တင္ထားခဲ့ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ Mohd က MCO မွာ အရင္ႏွစ္က အခ်ိန္ျပည့္ဝန္ထမ္းအျဖစ္ အလုပ္လုပ္ခဲ့ပါတယ္။ အဲဒီအလုပ္ကေန လူေတြနဲ႔ဆက္ဆံဖို႔၊ စိတ္ရွည္သည္းခံတတ္ဖို႔၊ အခ်ိန္ကို စီမံခန႔္ခြဲတတ္ဖို႔ အရည္အခ်င္းေတြ သင္ယူႏိုင္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

Mohd က မနက္ပိုင္းမွာ အလုပ္လုပ္ၿပီး ညပိုင္းမွာ သူ႔ရဲ႕က်မ္းအတြက္ စာေလ့လာပါတယ္။ သူ႔ရဲ႕ပါရဂူက်မ္းနာမည္ကေတာ့ "Product Development and Evaluation of Probiotic Tablet From Locally Isolated Yeast Saccharomyces Boulardii For Stomach Acid Tolerance" ျဖစ္ပါတယ္။

Mohd မွာ ကေလးငါးေယာက္ ရွိၿပီး သူ႔အလုပ္နဲ႔ ေက်ာင္းစာကို နားလည္ေပးတဲ့ ဇနီးသည္ကို ေက်းဇူးတင္ေနပါတယ္။

အစားအစာပို႔တဲ့ ရတဲ့ဝင္ေငြက သူ႔ရဲ႕အဓိကဝင္ေငြ ျဖစ္ၿပီးေတာ့ အခ်ိန္နဲ႔ ပညာကို မွ်တာေတာင္ ႀကိဳးစား႐ုန္းကန္ ခဲ့ရပါတယ္။ မေလးရွား ႏိုင္ငံသားေတြကေတာ့ သူ႔ရဲ႕ေအာင္ျမင္မႈအတြက္ ဂုဏ္ယူေနၾကပါတယ္။

Mohd ကို Pahang Yang di-Pertaun Agong ဘုရင္ က သတိထားမိခဲ့ၿပီး Istana Abdulaziz နန္းေတာ္ကို ဖိတ္ၾကားခဲ့ပါတယ္။ နန္းေတာ္မွာ ေတာ္ဝင္မိသားစုက Mohd ရဲ႕ ႀကိဳးစားမႈကို အသိအမွတ္ျပဳ မွတ္တမ္းတင္ထားၿပီး ေငြေတြလည္း လႉဒါန္းလိုက္ပါတယ္။ တကယ္ေတာ့ ျပင္းျပတဲ့ဆႏၵနဲ႔ ဝီရိယကို ေပါင္းစပ္လိုက္တဲ့အခါ ေအာင္ျမင္မႈ ရႏိုင္ေၾကာင္း Mohd က သက္ေသျပ သြားခဲ့တာပါ။

Zombie (Lovemedia)

Post a Comment

0 Comments