လေးစားမှု

တစ်ခါတုန်းက ကျနော့်မှာ သူရဲ့အိမ်က ဒရိုင်ဘာကို အင်မတန်မှ နိုင်စားတဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ် ။ ဒရိုင်ဘာက သူ့ထက် အသက် ငါးနှစ်လောက် ကြီးတယ် ဒီတော့ ကျနော်တို့က " ကို " တပ်ပြီး ခေါ်ပေမယ့် သူငယ်ချင်းကတော့ နာမည်ပဲ ခေါ်ပါတယ် ။

စကားပြောလည်း သူငယ်ချင်းက မင်းနဲ့ ငါပဲ ။ ဒရိုင်ဘာ အကိုကြီးကတော့ သူ့အလုပ်ရှင် ဆိုတော့ ရိုရိုသေသေ ဆက်ဆံရတာ ပေါ့လေ။ ဒီကောင်က ပြောစရာရှိလည်း ပြော ၊ ဆဲစရာရှိလည်း ဆဲ ။ သဘောကောင်းပေမယ့် အထက်စီးတော့ ဆန်ပါတယ် ။ တခါတလေ ကိုယ်ကတောင် ကြားထဲကနေ ဝင်အားနာရတယ် ။

ဒရိုင်ဘာအပေါ် သူရဲ့ပြောပုံ ဆိုပုံတွေက ရင့်သီး ပါတယ် ။ ဟိုကတော့ သည်းခံ ရှာပါတယ် ။ အလုပ်ရှင်မလား ။ ဒီလိုနဲ့ တနေ့.. သူငယ်ချင်းက ဒေါကန်နေပါတယ် ။ ဘာဖြစ်တာလဲ မေးလိုက်တော့ သူ့ဒရိုင်ဘာ ဘာမပြော ညာမပြောနဲ့ မလာလို့တဲ့ ။ ဒါနဲ့ ဘာများဖြစ်တာလဲ ဆိုပြီး အိမ်ကို လိုက်သွားကြတယ် ။ တွေ့လို့ကတော့ ဆဲဆိုပြီး ဟောက်ထည့် လိုက်မယ်ပေါ့ ။

ဒီလိုနဲ့ ဒရိုင်ဘာအိမ် ရောက်သွားတယ် ။ သူ့အမေလို့ ထင်ရတဲ့ အန်တီကြီး တယောက် ထွက်လာတယ် ၊ မေးလိုက်တယ် ၊ ရှိလားပေါ့ ။ ရှိပါတယ်၊ ဖျားပြီး အိပ်နေတယ် ဆိုပြီး ပြောတယ် ၊ နောက်တော့ အနားကို ရောက်လာတဲ့ ကောင်မလေး တယောက်ကို အန်တီကြီးက လှမ်းပြောလိုက်တယ် ။

ဟဲ့ သွားနှိုးလိုက်စမ်းပေါ့ ၊ ဒီမှာ သူ့အလုပ်ရှင်အိမ်က လိုက်လာတယ်ပေါ့ စသဖြင့် ၊ အဲ့ဒီမှာ ကောင်မလေးက ဘာပြောလိုက်လဲ ဆိုတော့..

" ကိုကြီး အိပ်နေတာ မနှိုးရဲဘူး " တဲ့...

ကျတော့် သူငယ်ချင်းကို ကြည့်လိုက်တော့ ဒီကောင် တချက် တွေသွားတယ် စက္ကန့်ပိုင်းလောက်ပေါ့ ။ နောက်တော့ ကောင်မလေးကို ပြောလိုက်တယ် ။

" မနှိုးရဲရင် သွားမနှိုးနဲ့တော့၊ ထားလိုက်ပါ သူအိပ်ပါစေ " တဲ့ ပြီးတော့ ပြန်လှည့်လာခဲ့ လိုက်ကြတယ် ။

အပြန်လမ်းမှာ ကျနော် သူ့ကို မေးကြည့်တယ် ။

" မင်းဘာဖြစ်သွားတာလဲ " လို့...

သူငယ်ချင်းက ပြန်ဖြေတယ် ။

" ငါ သူ့အပေါ် လေးစားမှု ရှိရမယ်လေကွာ " တဲ့

" သူက ဘယ်လိုပဲ ဒရိုင်ဘာပဲ ဖြစ်ဖြစ် ၊ ငါဘယ်လိုပဲ ဆဲဆဲ ဆိုဆို၊ အနိုင် ကျင့်ကျင့် သူ့ပတ်ဝန်းကျင် မှာတော့ သူဟာ မိသားစုရဲ့ အားကိုးရာ ၊ လေးစားရာ ၊ ရိုသေရာ လူသား တယောက်ပဲကွ " တဲ့ ။

" ဟိုကလေးမလေး ပြောတဲ့စကားကို ကြားတယ် မလား၊ ကိုကြီး အိပ်နေတာ သွားမနှိုးရဲဘူးတဲ့ "

" သူ့ပတ်ဝန်းကျင် ၊ သူ့မိသားစု မှာတော့ တော်တော့ကို အရှိန်အဝါ ကြီးပုံရတယ် ၊ ငါက ဒါကို ထည့်မတွက်ဘဲ ခါတိုင်းလို သွားဆက်ဆံ လိုက်ရင် သူ့အားကိုးနေတဲ့ သူ့မိသားစု ခင်ဗျာ ဘယ်လို ခံစားသွားရ မလဲ ၊ သူကိုယ်တိုင်ရော.. "

လူတစ်ယောက်ဟာ တနေရာရာမှာ ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ၊ ဘယ်ဘဝပဲ ရောက်နေ ရောက်နေ ၊ အောက်ခြေသိမ်းပဲ ဖြစ်ဖြစ် ၊ အနှိမ်ခံပဲ ဖြစ်ဖြစ်၊ ဘယ်သူမှ ဆေးဖော် ကြောဖက် မလုပ်ချင်တဲ့ သူပဲ ဖြစ်ဖြစ်၊ အဲ့ဒီလူဟာ တခြားသော တနေရာရာ မှာတော့ အရှင်သခင် တပါး၊ မှီခို အားကိုးရာ တဖြစ်နဲ့ ရိုသေလေးစားစရာ ပြယုဂ် တခုခုတော့ ဖြစ်နေတတ် ပါတယ် ။

တစ်ရက်ကလိုပေါ့.. ဖြတ်သွားသူတိုင်း နှာခေါင်းပိတ် ဖြတ်လေ့ရှိတဲ့ အမှိုက်ပုံမှာ အလုပ် လုပ်နေရတဲ့ စည်ပင်က ဝန်ထမ်းလေးကို ဘယ်သူက ခေါင်းထဲ ထည့်မလဲ.. ဘယ်သူက အဖက်လုပ်ပြီး စိတ်ပူပေးမလဲ ။ ဒါပေမဲ့ ကျနော်လည်း အမှိုက်သွားပစ်ရော အဲ့ဒီ ဝန်ထမ်းလေးရဲ့ ဇနီးဖြစ်ပုံရတဲ့ ကောင်မလေး ရောက်လာပြီး ဘာပြောသွားတယ် မှတ်လဲ ။

" မနက်က ဆေးသောက်ပါဆို သောက်မသွားဘူး ၊ လူကို အမြဲတမ်း စိတ်မောရအောင် လုပ်တယ် ၊ ရော့ ဒီမှာဆေး အခုသောက် " တဲ့ ။

အဲ့ဒီ စကားလေး ကြားမိတော့ ကျနော့ ဖြင့် အဲ့ဒီ စည်ပင်ဝန်ထမ်းလေး အပေါ် လေးစား သွားလိုက်တာ ဪ.. တလောကလုံးက သူ့အပေါ် ဘယ်လိုပဲ သဘောထားထား သူ့အပေါ် မင်းသား တပါးလို ဆက်ဆံတဲ့သူ ဆိုတာတော့ ရှိနေတာပါပဲလား လို့ ။

တဖက်က ပြန်စဉ်းစားပြန် ရင်လည်း ဒီလိုပါပဲ.. တလောကလုံးက ကိုယ့်အပေါ် ဘယ်လိုနှိမ်နှိမ် ၊ ဘယ်လိုဆက်ဆံ ဆက်ဆံ အရေးမကြီးဘူး ။ အရေးကြီးတာက ငါချစ်ရတဲ့သူတွေ ၊ ငါ့ကိုချစ်တဲ့သူ တွေနဲ့ ငါ့ပတ်ဝန်းကျင် ၊ ငါ့မိသားစုလေးမှာ ငါဟာ တန်ဖိုးရှိတဲ့၊ လေးစားခံ ထိုက်တဲ့ လူသားတယောက် ဖြစ်နေရင် ရပြီ ဆိုတာမျိုး ။

ဆိုလိုတာကတော့ လူတယောက်ကို ဘယ်တော့မှ အထင်မသေးပါနဲ့ ၊ မနှိမ့်ချပါနဲ့ ၊ မစော်ကားပါနဲ့ သူ့အတွက် ကမ္ဘာဆိုတာ ဒီတနေရာတည်း မှာပဲ ရှိနေတာ မဟုတ်လို့ပါ ။

လေစားစွာဖြင့်

Crd

for zawgyi

ေလးစားမႈ

တစ္ခါတုန္းက က်ေနာ့္မွာ သူရဲ႕႔အိမ္က ဒ႐ိုင္ဘာကို အင္မတန္မွ ႏိုင္စားတဲ့ သူငယ္ခ်င္း တစ္ေယာက္ ရွိတယ္ ။ ဒ႐ိုင္ဘာက သူ႔ထက္ အသက္ ငါးႏွစ္ေလာက္ ႀကီးတယ္ ဒီေတာ့ က်ေနာ္တို႔က " ကို " တပ္ၿပီး ေခၚေပမယ့္ သူငယ္ခ်င္းကေတာ့ နာမည္ပဲ ေခၚပါတယ္ ။

စကားေျပာလည္း သူငယ္ခ်င္းက မင္းနဲ႔ ငါပဲ ။ ဒ႐ိုင္ဘာ အကိုႀကီးကေတာ့ သူ႔အလုပ္ရွင္ ဆိုေတာ့ ႐ို႐ိုေသေသ ဆက္ဆံရတာ ေပါ့ေလ ။ ဒီေကာင္က ေျပာစရာရွိလည္း ေျပာ ၊ ဆဲစရာရွိလည္း ဆဲ ။ သေဘာေကာင္းေပမယ့္ အထက္စီးေတာ့ ဆန္ပါတယ္ ။ တခါတေလ ကိုယ္ကေတာင္ ၾကားထဲကေန ဝင္အားနာရတယ္ ။

ဒ႐ိုင္ဘာအေပၚ သူရဲ႕ေျပာပုံ ဆိုပုံေတြက ရင့္သီး ပါတယ္ ။ ဟိုကေတာ့ သည္းခံ ရွာပါတယ္ ။ အလုပ္ရွင္မလား ။ ဒီလိုနဲ႔ တေန႔.. သူငယ္ခ်င္းက ေဒါကန္ေနပါတယ္ ။ ဘာျဖစ္တာလဲ ေမးလိုက္ေတာ့ သူ႔ဒ႐ိုင္ဘာ ဘာမေျပာ ညာမေျပာနဲ႔ မလာလို႔တဲ့ ။ ဒါနဲ႔ ဘာမ်ားျဖစ္တာလဲ ဆိုၿပီး အိမ္ကို လိုက္သြားၾကတယ္ ။ ေတြ႕လို႔ကေတာ့ ဆဲဆိုၿပီး ေဟာက္ထည့္ လိုက္မယ္ေပါ့ ။

ဒီလိုနဲ႔ ဒ႐ိုင္ဘာအိမ္ ေရာက္သြားတယ္ ။ သူ႔အေမလို႔ ထင္ရတဲ့ အန္တီႀကီး တေယာက္ ထြက္လာတယ္ ၊ ေမးလိုက္တယ္ ၊ ရွိလားေပါ့ ။ ရွိပါတယ္၊ ဖ်ားၿပီး အိပ္ေနတယ္ ဆိုၿပီး ေျပာတယ္ ၊ ေနာက္ေတာ့ အနားကို ေရာက္လာတဲ့ ေကာင္မေလး တေယာက္ကို အန္တီႀကီးက လွမ္းေျပာလိုက္တယ္ ။

ဟဲ့ သြားႏႈိးလိုက္စမ္းေပါ့ ၊ ဒီမွာ သူ႔အလုပ္ရွင္အိမ္က လိုက္လာတယ္ေပါ့ စသျဖင့္ ၊ အဲ့ဒီမွာ ေကာင္မေလးက ဘာေျပာလိုက္လဲ ဆိုေတာ့..

" ကိုႀကီး အိပ္ေနတာ မႏႈိးရဲဘူး " တဲ့...

က်ေတာ့္ သူငယ္ခ်င္းကို ၾကည့္လိုက္ေတာ့ ဒီေကာင္ တခ်က္ ေတြသြားတယ္ စကၠန႔္ပိုင္းေလာက္ေပါ့ ။ ေနာက္ေတာ့ ေကာင္မေလးကို ေျပာလိုက္တယ္ ။

" မႏႈိးရဲရင္ သြားမႏႈိးနဲ႔ေတာ့၊ ထားလိုက္ပါ သူအိပ္ပါေစ " တဲ့ ၿပီးေတာ့ ျပန္လွည့္လာခဲ့ လိုက္ၾကတယ္ ။

အျပန္လမ္းမွာ က်ေနာ္ သူ႔ကို ေမးၾကည့္တယ္ ။

" မင္းဘာျဖစ္သြားတာလဲ " လို႔...

သူငယ္ခ်င္းက ျပန္ေျဖတယ္ ။

" ငါ သူ႔အေပၚ ေလးစားမႈ ရွိရမယ္ေလကြာ " တဲ့

" သူက ဘယ္လိုပဲ ဒ႐ိုင္ဘာပဲ ျဖစ္ျဖစ္ ၊ ငါဘယ္လိုပဲ ဆဲဆဲ ဆိုဆို၊ အႏိုင္ က်င့္က်င့္ သူ႔ပတ္ဝန္းက်င္ မွာေတာ့ သူဟာ မိသားစုရဲ႕ အားကိုးရာ ၊ ေလးစားရာ ၊ ႐ိုေသရာ လူသား တေယာက္ပဲကြ " တဲ့ ။

" ဟိုကေလးမေလး ေျပာတဲ့စကားကို ၾကားတယ္ မလား၊ ကိုႀကီး အိပ္ေနတာ သြားမႏႈိးရဲဘူးတဲ့ "

" သူ႔ပတ္ဝန္းက်င္ ၊ သူ႔မိသားစု မွာေတာ့ ေတာ္ေတာ့ကို အရွိန္အဝါ ႀကီးပုံရတယ္ ၊ ငါက ဒါကို ထည့္မတြက္ဘဲ ခါတိုင္းလို သြားဆက္ဆံ လိုက္ရင္ သူ႔အားကိုးေနတဲ့ သူ႔မိသားစု ခင္ဗ်ာ ဘယ္လို ခံစားသြားရ မလဲ ၊ သူကိုယ္တိုင္ေရာ.. "

လူတစ္ေယာက္ဟာ တေနရာရာမွာ ဘယ္လိုပဲ ျဖစ္ေန ျဖစ္ေန၊ ဘယ္ဘဝပဲ ေရာက္ေန ေရာက္ေန ၊ ေအာက္ေျခသိမ္းပဲ ျဖစ္ျဖစ္ ၊ အႏွိမ္ခံပဲ ျဖစ္ျဖစ္၊ ဘယ္သူမွ ေဆးေဖာ္ ေၾကာဖက္ မလုပ္ခ်င္တဲ့ သူပဲ ျဖစ္ျဖစ္၊ အဲ့ဒီလူဟာ တျခားေသာ တေနရာရာ မွာေတာ့ အရွင္သခင္ တပါး၊ မွီခို အားကိုးရာ တျဖစ္နဲ႔ ႐ိုေသေလးစားစရာ ျပယုဂ္ တခုခုေတာ့ ျဖစ္ေနတတ္ ပါတယ္ ။

တစ္ရက္ကလိုေပါ့.. ျဖတ္သြားသူတိုင္း ႏွာေခါင္းပိတ္ ျဖတ္ေလ့ရွိတဲ့ အမႈိက္ပုံမွာ အလုပ္ လုပ္ေနရတဲ့ စည္ပင္က ဝန္ထမ္းေလးကို ဘယ္သူက ေခါင္းထဲ ထည့္မလဲ.. ဘယ္သူက အဖက္လုပ္ၿပီး စိတ္ပူေပးမလဲ ။ ဒါေပမဲ့ က်ေနာ္လည္း အမႈိက္သြားပစ္ေရာ အဲ့ဒီ ဝန္ထမ္းေလးရဲ႕ ဇနီးျဖစ္ပုံရတဲ့ ေကာင္မေလး ေရာက္လာၿပီး ဘာေျပာသြားတယ္ မွတ္လဲ ။

" မနက္က ေဆးေသာက္ပါဆို ေသာက္မသြားဘူး ၊ လူကို အၿမဲတမ္း စိတ္ေမာရေအာင္ လုပ္တယ္ ၊ ေရာ့ ဒီမွာေဆး အခုေသာက္ " တဲ့ ။

အဲ့ဒီ စကားေလး ၾကားမိေတာ့ က်ေနာ့ ျဖင့္ အဲ့ဒီ စည္ပင္ဝန္ထမ္းေလး အေပၚ ေလးစား သြားလိုက္တာ ဪ.. တေလာကလုံးက သူ႔အေပၚ ဘယ္လိုပဲ သေဘာထားထား သူ႔အေပၚ မင္းသား တပါးလို ဆက္ဆံတဲ့သူ ဆိုတာေတာ့ ရွိေနတာပါပဲလား လို႔ ။

တဖက္က ျပန္စဥ္းစားျပန္ ရင္လည္း ဒီလိုပါပဲ.. တေလာကလုံးက ကိုယ့္အေပၚ ဘယ္လိုႏွိမ္ႏွိမ္ ၊ ဘယ္လိုဆက္ဆံ ဆက္ဆံ အေရးမႀကီးဘူး ။ အေရးႀကီးတာက ငါခ်စ္ရတဲ့သူေတြ ၊ ငါ့ကိုခ်စ္တဲ့သူ ေတြနဲ႔ ငါ့ပတ္ဝန္းက်င္ ၊ ငါ့မိသားစုေလးမွာ ငါဟာ တန္ဖိုးရွိတဲ့၊ ေလးစားခံ ထိုက္တဲ့ လူသားတေယာက္ ျဖစ္ေနရင္ ရၿပီ ဆိုတာမ်ိဳး ။

ဆိုလိုတာကေတာ့ လူတေယာက္ကို ဘယ္ေတာ့မွ အထင္မေသးပါနဲ႔ ၊ မႏွိမ့္ခ်ပါနဲ႔ ၊ မေစာ္ကားပါနဲ႔ သူ႔အတြက္ ကမာၻဆိုတာ ဒီတေနရာတည္း မွာပဲ ရွိေနတာ မဟုတ္လို႔ပါ ။

ေလစားစြာျဖင့္

Crd

Post a Comment

0 Comments