စစ်မှန်တဲ့ ခင်မင်မှု ဆိုတာ

အမှန်တကယ် စစ်မှန်တဲ့ ခင်မင်မှုမှာ အသက်အရွယ် မလိုအပ်သလို ရုပ်ရည်လည်း မလိုပါ ။ အတတ်ပညာ ၊ ရာထူး ၊ ဘွဲ့ထူး ဂုဏ်ထူး မလိုသလို ပိုင်ဆိုင်ခြင်း မလိုပါ ။

လူမျိုး ၊ ဘာသာ မလိုသလို အမြင် မတူညီခြင်း ၊ တူခြင်းများလည်း မလိုပါ ။ ယောကျ်ား ၊ မိန်းမ လိင်ကွဲပြားမှု မလိုအပ်သလို အိမ်ထောင် ရှိခြင်း ၊ မရှိခြင်းလည်း မလိုပါ ။

ကိုယ်ဝမ်းနည်း ကြေကွဲချိန်မှာ ခေါင်းလေးတင်ပီး ငိုကြွေးလို့ရမယ့် ပုခုံး တစုံ ရှိနေရင် လောကကြီးက နေပျော်စရာ ပါ ။ ယောကျ်ားလေးက စနှုတ်ဆက်ခြင်းက ဖွန်ကြောင်ခြင်း မဟုတ်သလို မိန်းခလေးက စနှုတ်ဆက်ခြင်းက အထာပေးခြင်း မဟုတ်ပါ ။

တကယ်လို့ ယဉ်ကျေးစွာ ပြန်လည်ပြောဆိုခြင်းကို အခွင့် အရေး ယူသူဖြစ်ပါက ဥပေက္ခာပြု လိုက်ခြင်းက သင် မမှားဘူး ဆိုတာ သေချာပါတယ် ။

စစ်မှန်တဲ့ ခင်မင်မှု မှာ လိုအပ်နေတာက တယောက်ကို တယောက် ကိုယ်ချင်းစာပြီး လေးစားဖို့ ပဲ လိုပါတယ် ။ ခင်မင်မှုကို ရေရှည် တည်တံ့စေချင်ရင်တော့ တယောက်ကို တယောက် " ရိုးသားပွင့်လင်း " ပါ ။

စစ်မှန်တဲ့ ခင်မင်မှု ဖြစ်ခဲ့ ပါက သူငယ်ချင်း အယောက်တရာ ရှိနေခြင်းထက် ပိုပီး အဓိပ္ပါယ် လေးနက် ပြည့်စုံပါလိမ့်မယ် ။

" သူငယ်ချင်း တယောက်က စာအုပ် တအုပ် ဖြစ်ခဲ့ရင် မိတ်ဆွေစစ် တယောက်က စာကြည့် တတိုက်နဲ့ ညီမျှပါလိမ့်မယ် " ။

မိတ်ဆွေစစ်များ ပိုင်ဆိုင်ပီး ပျော်ရွှင်စရာအပေါင်း ခညောင်းကြပါစေ ။

လေးစားစွာဖြင့်..

Zenith (MaGway)

for zawgyi

စစ္မွန္တဲ့ ခင္မင္မႈ ဆိုတာ

အမွန္တကယ္ စစ္မွန္တဲ့ ခင္မင္မႈမွာ အသက္အ႐ြယ္ မလိုအပ္သလို ႐ုပ္ရည္လည္း မလိုပါ ။ အတတ္ပညာ ၊ ရာထူး ၊ ဘြဲ႕ထူး ဂုဏ္ထူး မလိုသလို ပိုင္ဆိုင္ျခင္း မလိုပါ ။

လူမ်ိဳး ၊ ဘာသာ မလိုသလို အျမင္ မတူညီျခင္း ၊ တူျခင္းမ်ားလည္း မလိုပါ ။ ေယာက်္ား ၊ မိန္းမ လိင္ကြဲျပားမႈ မလိုအပ္သလို အိမ္ေထာင္ ရွိျခင္း ၊ မရွိျခင္းလည္း မလိုပါ ။

ကိုယ္ဝမ္းနည္း ေၾကကြဲခ်ိန္မွာ ေခါင္းေလးတင္ပီး ငိုေႂကြးလို႔ရမယ့္ ပုခုံး တစုံ ရွိေနရင္ ေလာကႀကီးက ေနေပ်ာ္စရာ ပါ ။ ေယာက်္ားေလးက စႏႈတ္ဆက္ျခင္းက ဖြန္ေၾကာင္ျခင္း မဟုတ္သလို မိန္းခေလးက စႏႈတ္ဆက္ျခင္းက အထာေပးျခင္း မဟုတ္ပါ ။

တကယ္လို႔ ယဥ္ေက်းစြာ ျပန္လည္ေျပာဆိုျခင္းကို အခြင့္ အေရး ယူသူျဖစ္ပါက ဥေပကၡာျပဳ လိုက္ျခင္းက သင္ မမွားဘူး ဆိုတာ ေသခ်ာပါတယ္ ။

စစ္မွန္တဲ့ ခင္မင္မႈ မွာ လိုအပ္ေနတာက တေယာက္ကို တေယာက္ ကိုယ္ခ်င္းစာၿပီး ေလးစားဖို႔ ပဲ လိုပါတယ္ ။ ခင္မင္မႈကို ေရရွည္ တည္တံ့ေစခ်င္ရင္ေတာ့ တေယာက္ကို တေယာက္ " ႐ိုးသားပြင့္လင္း " ပါ ။

စစ္မွန္တဲ့ ခင္မင္မႈ ျဖစ္ခဲ့ ပါက သူငယ္ခ်င္း အေယာက္တရာ ရွိေနျခင္းထက္ ပိုပီး အဓိပၸါယ္ ေလးနက္ ျပည့္စုံပါလိမ့္မယ္ ။

" သူငယ္ခ်င္း တေယာက္က စာအုပ္ တအုပ္ ျဖစ္ခဲ့ရင္ မိတ္ေဆြစစ္ တေယာက္က စာၾကည့္ တတိုက္နဲ႔ ညီမွ်ပါလိမ့္မယ္ " ။

မိတ္ေဆြစစ္မ်ား ပိုင္ဆိုင္ပီး ေပ်ာ္႐ႊင္စရာအေပါင္း ခေညာင္းၾကပါေစ ။

ေလးစားစြာျဖင့္..

Zenith (MaGway)

Post a Comment

0 Comments