အနုပညာရှင်တွေက လူအများ အာရုံစိုက်ခံရအောင် နည်းမျိုးစုံနဲ့ ကြိုးစားကြပညတယ်။ မျက်နှာမှာ တက်တူးထိုးတာ၊ စိန်နားကပ် အကြီးကြီးပန်တာ၊ ဆံပင်ကို အရောင်ပေါင်းစုံ ဆိုးတာ စသဖြင့် ထူးထူးဆန်းဆန်းတွေ လုပ်တတ်ကြပါတယ်။
မက္ကဆီကို လူငယ် rapper Dan Sur ဟာ ဂီတမှာသာမက သူ့ရဲ့ ခန္ဓာကိုယ်ကိုပါ လူအများ အာရုံစိုက်ခံရအောင် လုပ်ခဲ့ပါတယ်။ သူ့ခေါင်းမှာ ဆံပင်တွေကို နှုတ်ပြီး ရွှေကြိုးတွေကို စိုက်ခဲ့ပါတယ်။
လူ့သမိုင်းမှာ ဆံပင်တွေကို နှုတ်ပြီး ရွှေကြိုးတွေကို ဦးခေါင်းခွံမှာစိုက်ခဲ့တဲ့ ပထမဆုံး rapper လည်း ဖြစ်ပါတယ်။ သူ့မှာ Tik tok follower ပေါင်း ၂ သန်းရှိပါတယ်။
" ကျွန်တော်က လူတိုင်းနဲ့ မတူတာကို လုပ်ချင်တယ်။ လူတိုင်းက ဆံပင်ဆေးဆိုးတာကို တွေ့ရတယ်။ အခုတော့ ကျွန်တော့်ကို ဘယ်သူမှ လိုက်တုတော့မှာ မဟုတ်ဘူး" လို့ ဆိုပါတယ်။
အသက် ၂၃ နှစ် အရွယ် Rapper က ရွှေကြိုးပေါင်းများစွာကို အရေပြားအောက် ဦးခေါင်းခွံမှာ တကယ်ကို စိုက်ခဲ့တာပါ။ ရွှေချောင်းတွေကို ဦးခေါင်းမှာ ဧပြီလကတည်းက စိုက်ခဲ့တာပါ။ ရွှေကြိုးတွေအပြင် တန်ဖိုးရှိတဲ့ ကျောက်တွေကိုပါ ကြိုးဆွဲပြီး စိုက်ထားတာပါ။ တစ်ယောက်ယောက်ကတော့ သူ့ခေါင်းကို ဆောင့်ဆွဲချင် နေမှာပါ။
Dan Sur က အာရုံစိုက်ခံချင်လို့ လုပ်တာဖြစ်ပေမယ့် ကျန်းမာရေး ရှုထောင့်ကနေ ကြည့်ရင်တော့ မကောင်းပါဘူး။ ဦးခေါင်းကို ပိုးဝင်ပြီး ဦးရေပြား ရောင်ရမ်းတာ၊ အမာရွတ်ဖြစ်တာတွေ ကြုံရနိုင်ကြောင်း ဆရာဝန်တွေက ပြောပါတယ်။
" ဒီလို ရွှေကြိုးတွေ စိုက်တာ စိတ်မချရပါဘူး။ ပြင်ပက ဘက်တီးရီးယားတွေက ဦးခေါင်းထဲကို အလွယ်တကူ ဝင်လာနိုင်ပါတယ်။ ရွှေကြိုးတွေက မတော်တဆ ဆောင့်ဆွဲ ခံရတာပဲဖြစ်ဖြစ်၊ ကျွတ်ထွက်သွားတာပဲ ဖြစ်ဖြစ် ဖြစ်လာခဲ့ရင် ဦးခေါင်းခွံ အက်သွားမှာပါ" လို့ ပလက်စတစ်ဆာဂျရီ ဆရာဝန် Dr Frank Agullo က သတိပေးပါတယ်။
ရွှေကြိုးတွေကို ဆံပင်မှာ စိုက်တာက ဆံပင်တွေ ပြန်မပေါက် နိုင်တာကြောင့် Dan Sur ကို အတုမယူသင့်ကြောင်း အရေပြားဆရာဝန် Dr Mona Gohara က အကြံပေးပါတယ်။
နဖူးပေါ်မှာ ပန်းရောင် စိန်ထည့်ထားတဲ့ rapper Lil Uzi Vert ကို Dan Sur က အတုယူပြီး လိုက်လုပ်တာ ဖြစ်ပါတယ်။ အခုတော့ Dan Sur ကို လူအများက အံ့ဩနေကြပါတယ်။
ရုပ်သံ
Zombie (Lovemedia)
for zawgyi
ဆံပင္ေတြကို ႏႈတ္ၿပီး ဦးေခါင္းမွာ ေ႐ႊႀကိဳးေတြ စိုက္ခဲ့တဲ့ Rapper
အႏုပညာရွင္ေတြက လူအမ်ား အာ႐ုံစိုက္ခံရေအာင္ နည္းမ်ိဳးစုံနဲ႔ ႀကိဳးစားၾကပညတယ္။ မ်က္ႏွာမွာ တက္တူးထိုးတာ၊ စိန္နားကပ္ အႀကီးႀကီးပန္တာ၊ ဆံပင္ကို အေရာင္ေပါင္းစုံ ဆိုးတာ စသျဖင့္ ထူးထူးဆန္းဆန္းေတြ လုပ္တတ္ၾကပါတယ္။ မကၠဆီကို လူငယ္ rapper Dan Sur ဟာ ဂီတမွာသာမက သူ႔ရဲ႕ ခႏၶာကိုယ္ကိုပါ လူအမ်ား အာ႐ုံစိုက္ခံရေအာင္ လုပ္ခဲ့ပါတယ္။ သူ႔ေခါင္းမွာ ဆံပင္ေတြကို ႏႈတ္ၿပီး ေ႐ႊႀကိဳးေတြကို စိုက္ခဲ့ပါတယ္။
လူ႔သမိုင္းမွာ ဆံပင္ေတြကို ႏႈတ္ၿပီး ေ႐ႊႀကိဳးေတြကို ဦးေခါင္းခြံမွာစိုက္ခဲ့တဲ့ ပထမဆုံး rapper လည္း ျဖစ္ပါတယ္။ သူ႔မွာ Tik tok follower ေပါင္း ၂ သန္းရွိပါတယ္။
" ကြၽန္ေတာ္က လူတိုင္းနဲ႔ မတူတာကို လုပ္ခ်င္တယ္။ လူတိုင္းက ဆံပင္ေဆးဆိုးတာကို ေတြ႕ရတယ္။ အခုေတာ့ ကြၽန္ေတာ့္ကို ဘယ္သူမွ လိုက္တုေတာ့မွာ မဟုတ္ဘူး" လို႔ ဆိုပါတယ္။
အသက္ ၂၃ ႏွစ္ အ႐ြယ္ Rapper က ေ႐ႊႀကိဳးေပါင္းမ်ားစြာကို အေရျပားေအာက္ ဦးေခါင္းခြံမွာ တကယ္ကို စိုက္ခဲ့တာပါ။ ေ႐ႊေခ်ာင္းေတြကို ဦးေခါင္းမွာ ဧၿပီလကတည္းက စိုက္ခဲ့တာပါ။ ေ႐ႊႀကိဳးေတြအျပင္ တန္ဖိုးရွိတဲ့ ေက်ာက္ေတြကိုပါ ႀကိဳးဆြဲၿပီး စိုက္ထားတာပါ။ တစ္ေယာက္ေယာက္ကေတာ့ သူ႔ေခါင္းကို ေဆာင့္ဆြဲခ်င္ ေနမွာပါ။
Dan Sur က အာ႐ုံစိုက္ခံခ်င္လို႔ လုပ္တာျဖစ္ေပမယ့္ က်န္းမာေရး ရႈေထာင့္ကေန ၾကည့္ရင္ေတာ့ မေကာင္းပါဘူး။ ဦးေခါင္းကို ပိုးဝင္ၿပီး ဦးေရျပားေရာင္ရမ္းတာ၊ အမာ႐ြတ္ျဖစ္တာေတြ ႀကဳံရႏိုင္ေၾကာင္း ဆရာဝန္ေတြက ေျပာပါတယ္။
" ဒီလို ေ႐ႊႀကိဳးေတြ စိုက္တာ စိတ္မခ်ရပါဘူး။ ျပင္ပက ဘက္တီးရီးယားေတြက ဦးေခါင္းထဲကို အလြယ္တကူ ဝင္လာႏိုင္ပါတယ္။ ေ႐ႊႀကိဳးေတြက မေတာ္တဆ ေဆာင့္ဆြဲ ခံရတာပဲျဖစ္ျဖစ္၊ ကြၽတ္ထြက္သြားတာပဲ ျဖစ္ျဖစ္ ျဖစ္လာခဲ့ရင္ ဦးေခါင္းခြံ အက္သြားမွာပါ" လို႔ ပလက္စတစ္ဆာဂ်ရီ ဆရာဝန္ Dr Frank Agullo က သတိေပးပါတယ္။
ေ႐ႊႀကိဳးေတြကို ဆံပင္မွာ စိုက္တာက ဆံပင္ေတြ ျပန္မေပါက္ ႏိုင္တာေၾကာင့္ Dan Sur ကို အတုမယူသင့္ေၾကာင္း အေရျပားဆရာဝန္ Dr Mona Gohara က အႀကံေပးပါတယ္။
နဖူးေပၚမွာ ပန္းေရာင္ စိန္ထည့္ထားတဲ့ rapper Lil Uzi Vert ကို Dan Sur က အတုယူၿပီး လိုက္လုပ္တာ ျဖစ္ပါတယ္။ အခုေတာ့ Dan Sur ကို လူအမ်ားက အံ့ဩေနၾကပါတယ္။
Zombie (Lovemedia)
0 Comments