ရသေ့ကြီးနဲ့ ခွေးမိဖုရား

တခါက တောတွင်း တနေရာမှာ သစ်ခက်တဲလေး ထိုးပြီး တရားအားထုတ် နေတဲ့ ရသေ့ကြီး တစ်ပါး ရှိတယ် ။ ဒီသစ်ခက် ကျောင်းသင်္ခမ်းလေးရဲ့အနားကို ခွေးပိန်မလေး တကောင်က လာပြီးတော့ ရသေ့ကြီး ဆွမ်းစားပြီး ကျန်တဲ့ ဆွမ်းကျန် ဟင်းကျန်လေးတွေကို စားလေ့ ရှိပါတယ် ။

ဒီထမလေစား ( ထမင်းလုံး အလေအလွင့်ကို စားသော ) ခွေးမလေးဟာ နေ့စဉ်နဲ့အမျှ ဆွမ်းကျန်လေးတွေ လာလာ စားနေတာ ကြာလာတော့ ရသေ့ကြီးဟာ ခွေးမလေးကို သနားတဲ့အပြင် သံယောဇဉ် ဖြစ်ပေါ်လာပြီး လူအဖြစ်ကို ဖန်ဆင်းပေးလိုက် ပါတော့တယ် ။ ဒီလိုနဲ့ ခွေးမလေးဟာ အရှင်လတ်လတ် လူမိန်းခလေး ဘဝကို ပြောင်းသွားတာပေါ့ ။

ရသေ့ကြီး ဖန်ဆင်းထားတဲ့ မိန်းခလေး ဆိုတော့လဲ ရုပ်ရည် ရူပကာဟာ အလွန်အင်မတန် လှပချောမွေ့နေ ပါတော့တယ် ။ ဒီလိုနဲ့ ခွေးမလေး တဖြစ်လည်း မိန်းခလေးဟာ ရသေ့ကြီးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရင်း တောထဲမှာ နေလာလိုက်တာ တနေ့တော့ တောကစား ထွက်လာတဲ့ ဘုရင်ကြီး တပါးက မတော်တဆ တွေ့သွားပါလေရော ။

ဘုရင်ကြီးဟာ ဘုရင်တွေရဲ့ ထုံးစံအတိုင်း နှစ်သက် သဘောကျတော် မူတာပေါ့ ။ သူတို့ နှစ်သက်ပြီ ဆိုမှဖြင့် ( သိတယ်မလား ) ပိုင်ရှင် ရှိမရှိ မေးမြန်းပြီး ( မေးလို့ တော်သေးတာပေါ့ ) ဖခင် ဖြစ်သူ ရသေ့ကြီးထံမှာ တောင်းရမ်းပါတော့တယ် ။ ဘုရင်မင်းမြတ် ကိုယ်တိုင်က တော်ကောက်တာ ဆိုတော့ ရသေ့ကြီး ကလည်း ရုတ်တရက် ဒီမိန်းခလေးဟာ ခွေးမလေးပါ လို့ ပြောမထွက် ဘူးပေါ့ ။

ဒါပေမဲ့ ရသေ့ကြီးက အခုလို မင်းကြီးကို လျှောက်တင်မှာ ကြားပါတယ်။

" မြတ်သောမင်းကြီး.. အကျွန်ုပ်၏ သမီးဖြစ်သူ ဒီမိန်းခလေးဟာဖြင့် တောတွင်းသူ အရိုင်းအစိုင်းကလေး ဖြစ်ပါတယ် ။ ဒါကြောင့် အရှင်မင်းကြီးတို့ နန်းတွင်း ရောက်တဲ့အခါ တစုံတရာ အပြစ်ကျူးလွန်မိခဲ့ပါလျှင် သနားသောအားဖြင့် အပြစ်မှ ခွင့်လွှတ်တော်မူပါ "

ဘုရင်ကြီးကလည်း နောင်ခါလာ နောင်ခါဈေး ၊ အခု လောလောဆယ် ဒီမိန်းခလေးကို ရရင် ပြီးရော ဆိုပြီး ၊ ခွင့်လွှတ်မှာ ဖြစ်ကြောင်း ပြောကာ ခွေးမိန်းခလေးကို ခေါ်သွားပါလေရော ။ ရသေ့ကြီးက ဘုရင်ကြီးကို မှာကြားပြီးတဲ့နောက် ခွေးမိန်းခလေးကို..

" ချစ်သမီး.. မြင့်မြတ်တဲ့နေရာ ရောက်ရင် မြင့်မြတ်တဲ့စိတ် မွေးပါ " ဆိုပြီး မှာကြားရပြန် ပါတယ် ။

ခွေးမိန်းခလေး ကလည်း ကောင်းပါပြီ အဘရသေ့ကြီး ဆိုပြီး ဘုရင်ကြီး ခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားပါသတဲ့ ။ နန်းတော်ထဲ ရောက်သွားတဲ့ ခွေးမိန်းကလေးဟာ အရာရာ အထူးအဆန်းတွေ ချည်းမို့ အံ့ဘနန်း ဖြစ်နေတာပေါ့ ။ ဘုရင်ကြီးကလည်း သူ့ကို သင်ကြားစရာ ရှိတာ သင်ကြားစေပြီးနောက် အခမ်းအနားနဲ့ မိဖုရားမြှောက်လိုက် သတဲ့ ။ ကုသိုလ်ကံများ အကျိုးပေးချင်တော့ နေရင်းထိုင်ရင်း ခွေးမိဖုရားကြီး ဖြစ်သွားတာပေါ့ ။

ခွေးမိဖုရားကြီးဟာ နန်းတော်ထဲမှာ နေရထိုင်ရ အားလုံး အဆင်ပြေပေမဲ့ တစုံတခုကြောင့် စိတ်ထဲနေမထိ ထိုင်မသာ ဖြစ်နေ ပါတယ် ။ ဘာလို့လဲ ဆိုတော့ သူဟာ ခွေးဘဝက လာသူ ဖြစ်တဲ့အတွက် နန်းတော်ထဲမှာ ချွတ်ထားတဲ့ ခြေနင်း ဖိနပ်တွေကို မြင်တဲ့အခါ ဒီဖိနပ်တွေရဲ့ သားရေနံ့က သူ့ကို ဆွဲဆောင် နေပြီး ဖိနပ် သားရေတွေကို ကိုက်ချင်စိတ်ကို မနည်းအောင့်အီး ထားရလို့ ပါပဲ ။

ဒီလိုနဲ့ လူခြေတိတ်တဲ့ ညအချိန်ရောက်တော့ သူ့စိတ်ကို မထိမ်းနိုင်တော့တာနဲ့ ခြေနင်း ဖိနပ်တွေ ချွတ်ထားတဲ့ နေရာကို အမြန်သွားပြီး အာသာပြေအောင် ဖိနပ်တွေ တရံပြီး တရံ ကိုက်ဝါး ပါလေရော ။ မနက်မိုးလင်းတော့ ဖိနပ်မြီးတိုတွေ မြင်တဲ့အခါ နန်းတော်ထဲမှာ ကြွက်စီကြွက်စီနဲ့ပေါ့ ။ ဘယ်က ခွေးလေခွေလွင့်က ဝင်ပြီး ငါတို့ဖိနပ်တွေ ကိုက်သွားသလဲ ဆိုပြီး နန်းတော် တခုလုံး အုံးအုံး ကျက်ကျက်နဲ့ ဖြစ်နေတယ် ။

နန်းတော်ထဲမှာ ရှိသမျှ ခွေးလေခွေးလွင့်တွေ ဖယ်ရှားပြစ်ပေမဲ့ နောက်တညမှာလည်း ဖိနပ်တွေ ကိုက်ခံရပြန်တာပဲ ။ ဒီတော့ မဖြစ်ချေဘူး မှူးကြီးမတ်ရာတွေက ဖိနပ်စားတဲ့ ခွေးကို ညဘက် စောင့်ဖမ်းဖို့ စီစဉ်ကြတာပေါ့ ။ ဒါကိုသိတဲ့ ခွေးမိဖုရားကြီးဟာ ဖိနပ်မစားမိအောင် စိတ်ထိန်းတာပါပဲ ။

ဒါပေမဲ့ ဗီဇဆိုတာ တော်ရုံနဲ့ ဖျောက်လို့ ရတာမှ မဟုတ်တာ ။ ဆန္ဒ ဆိုတာလည်း ထိမ်းချုပ်ဖို့ ခက်သားလား ။ ညရောက်တော့ သူ့စိတ်ကို သူ မလွန်ဆန်နိုင် ပြန်ဘူး ။ သွားရေ တမြားမြား ပါးစပ် တပြင်ပြင်နဲ့ ဖိနပ်တွေဆီ ရောက်သွားပြန်တာပဲ ။

ခွေးအလာကိုသာ စောင့်နေတဲ့ မှူးမတ်တွေဟာ ခွေးမိဖုရားကြီးကိုတော့ ဘယ်သတိထားမိ မှာတုန်း ။ ဒီလိုနဲ့ နောက်တည ဖိနပ်တွေ ကိုက်ခံလိုက်ရပြန်ပါရော ။ ဒီလို ခဏခဏ ဖြစ်လာတော့ ဘုရင်ကြီးနားကို ဒီသတင်း ပေါက်ကြားသွားတော ဘုရင်ကြီးက ဖိနပ်ကိုက်သော ခွေးနှိမ်နင်းရေး ကော်မတီကို ဖွဲ့စည်းစေပြီး ဒီခွေးကို မိအောင် ဖမ်းနိုင်ရင်ဖမ်း ၊ မဖမ်းနိုင်ရင် မင်းတို့ကို ပြစ်ဒဏ်ပေးမယ် လို့ အမိန့်ချမှတ် လိုက်ပါတယ် ။

နန်းတော်ထဲမှာ ခွေးနှိမ်နင်းရေး ကော်မတီက နေ့ဆိုင်း ညဆိုင်းနဲ့ ချောင်းဖမ်းဖို့ ကင်းစောင့်ကြတဲ့အခါ သန်းခေါင်ကျော် လောက်လည်း ရာက်ချိန် ခွေးမိဖုရားကြီးက ကုပ်ကုပ် ကုပ်ကုပ်နဲ့ ထွက်လာပြီး ဖိနပ်တွေ ကိုက်ဝါးနေတာကို ချောင်းနေတဲ့ မှူးမတ်တွေက တွေ့သွားတော့ တယောက် မျက်နှာ တယောက်ကြည့်ပြီး ခေါင်းယမ်း ကြတယ် ။

ဘယ်လို လုပ်ရပါ့မလဲ ၊ တကယ့် မီးခဲပဲ ၊ ဘုရင်ကြီးကို ဘယ်လို လျှောက်တင်မလဲ ၊ ဖိနပ်တွေ ကိုက်နေတဲ့ ခွေးကို မမိရင်လည်း ငါတို့မှာ ပြစ်ဒဏ် ခံရပေအုံးမည် ။ ဖိနပ်စားတာ မိဖုရားကြီးပါ လို့ ပြောရင်လည်း..

မနက် မိုးလင်းတော့ ညီလာခံမှာ ဘုရင်ကြီးက မေးပါတယ် ။ ကဲ.. ဘယ်လိုလဲ.. ဖိနပ်ကိုက်တဲ့ ခွေးကို မိပြီလား ပေါ့ ။ ခွေးမိဖုရားကလည်း နဘေးနားမှာ ခစားရင်း မှူးမတ်တွေ ဘယ်လိုများ ဖြေမလဲလို့ ရင်တထိတ်ထိတ် နဲ့ပေါ့ ။ မှူးမတ် တယောက်က ပြားပြားဝပ် ခစားနေရင်းက..

မှန်လှပါ.. ဖိနပ်စားတဲ့ခွေးဟာ ကျွန်တော်မျိုးတို့ထက် ဘုန်းကံမြင့်မားတဲ့သူ ဖြစ်နေတာကြောင့် ကျွန်တော်မျိုးတို့ တွေ့သော်လည်း ဖမ်းလို့ မမိပါ ဘုရား.. လို့ လျှောက်တင်တော့.. ဘုရင်ကြီးလည်း ဒါဖြင့် ငါကိုယ်တော်မြတ် ကိုယ်တိုင် ဖမ်းမယ်လို့ မိန့်တော်မူလိုက် ပါသတဲ့ ။

အဲဒီညမှာတော့ ခွေးမိဖုရားကြီးဟာ ဘုရင်ကြီးနဲ့ အတူ အိပ်ရာ ညောင်စောင်းထက်မှာ လဲလျောင်း နေရပေမဲ့ အိပ်မပျော်နိုင်ဘူးတဲ့ ။ ဒီညအဖို့ ဖိနပ်မစားဘဲ နေရ ကောင်းမလားတော့ တွေးမိပါရဲ့ သို့သော်လည်း ရသတဏှာရဲ့ အလိုကို မလွန်ဆန်နိုင်ပေဘူး ။

ခဏနေတော့ ဘုရင်ကြီး အိပ်ပျော်သွားပြီ အထင်နဲ့ တိတ်တိတ်လေး အိပ်ရာကထပြီး ဖိနပ်တွေ ရှိရာဆီကို သွားတယ် ။ တကယ်တော့ ဘုရင်ကြီးက အိပ်ချင်ယောင် ဆောင်နေတာပါ ။ ခွေးမိဖုရားကြီး ထသွားတာနဲ့ သူက နောက်က အသာလေးလိုက်သွားပြီး ချောင်းကြည့်တဲ့အခါ..

ခွေးမိဖုရားကြီးဟာ ဖိနပ်တွေကို အားရ ပါးရ ကိုက်ဝါးနေတာ မျက်ဝါး ထင်ထင် မြင်လိုက်ရတယ် ။ ဒီမြင်ကွင်းကြောင့် အံ့အားသင့်ပြီး " ဟင် " ခနဲ အာမေဋိတ် ထွက်သွားတော့ ဘုရင်ကြီး လိုက်ချောင်းတာကို ခွေးမိဖုရားကြီးလည်း သိသွားတော့တာပေါ့ ။ ဒါပေမဲ့ ဘုရင်ကြီးဟာ အသာလေး လှည့်ထွက်ပြီး အိပ်ရာထဲ ပြန်သွားခွေ နေပြီး သက်မကြီးတွေ တချချနဲ့ တညလုံး မအိပ်နိုင်တော့ဘူး ။

ဒီမိန်းခလေးရဲ့ အကျင့်ဟာ ဆိုးလှချည့် ။ ဒါကြောင့် ရသေ့ကြီးက ငါ့ကို မှာတာနေမှာ ။ ဘယ်လို လုပ်ရမလဲ ဆက်ထားပြန်ရင်လည်း ရှိရှိသမျှ ဖိနပ်တွေ မြီးတိုတွေချည်း ဖြစ်ကုန်မဲ့အပြင် အကြောင်း သိနေတဲ့ မှူးမတ်တွေရဲ့ ကဲ့ရဲ့စရာဖြစ်အုံးမယ် ၊ ပြစ်ဒဏ် ပေးပြန်ရင်လည်း ရသေ့ကြီးကို ကတိဖျက်ရာ ကျမယ်.. စသဖြင့် တောင်တွေး မြောက်တွေး စိတ်မအေးနိုင် ဖြစ်နေပါတော့တယ် ။

ခွေးမိဖုရားကြီးမှာ ဘုရင်ကြီးတော့ ငါဖိနပ်ကိုက်တာ သိသွားပြီ ၊ ငါ့အကြောင်း ရသေ့ကြီးကို သွားမေးပြီး ငါဟာ ခွေးမှန်း သိရင် ငါ့ကို သတ်မှာဘဲ ။ ဒီတော့ ငါက အရင် ရသေ့ကြီး ဆီသွားပြီး ငါ့အကြောင်း မဖော်နိုင်အောင် သတ်ပစ်ရမယ် လို့ မိုက်မဲစွာတွေးပြီး မိုးမလင်းခင်ဘဲ နန်းတော်ထဲက ထွက်ပြီး ရသေ့ကြီးရဲ့ ကျောင်းသင်္ခမ်းဆီ အပြေးအလွှား သွားပါတော့တယ် ။

ရသေ့ကြီးဟာ ဈာန်အဘိဉာဉ် ရထားတဲ့သူဆိုတော့ ခွေးမိဖုရားကြီး သူ့ကို သတ်ဖို့ လာနေတာကို သွားမြင်တယ်။

ဒါနဲ့ပဲ..

" သြော်.. ငါသနားပြီး ကယ်ထားတဲ့သူက ငါ့ကို သတ်ဖို့ လာနေပြီ.. မိုက်မဲလေစွ.. အင်း.. သတ္တဝါတခု ကံတခုပေပဲ.. "

လို့ စိတ်ထဲ တွေးလိုက်မိတာနဲ့ ဗြုန်းဆို မိဖုရား အသွင်ကနေ နဂိုမူလအတိုင်း ခွေးဘဝကို ကူးပြောင်းသွားပြီး ဘဝနှစ်ခုအကူး လမ်းခရီး ချောက်ကမ်းပါးထဲ လိမ့်ကျ သေဆုံးသွား ပါတော့တယ် ။

မြင့်မြတ်တဲ့နေရာ ရောက်ရင် မြင့်မြတ်တဲ့ စိတ်ထားတတ်ရမယ် ဆိုတဲ့ ရသေ့ကြီးရဲ့ မိန့်ကြားချက်ကို နားမထောင်တဲ့အတွက် ခွေးမလေးဟာ ခုလို ဒုက္ခရောက်ရတယ် ။ အတွေးအခေါ် အမြော်အမြင် ဆင်ခြင်ဉာဏ် နည်းပါးတဲ့ သူမျိုးကို ဘယ်လိုပဲ ကြီးမားတဲ့ ကရုဏာနဲ့ မြှင့်တင်ပေးလို့မှ မရဘူး ။

အဲဒီလို မြှင့်တင်ပေးရင် ကိုယ်သာ ဒုက္ခတွေ့ရနိုင်တယ် ဆိုတာ မှတ်သားပါ ။ ကိုယ်က အမြင့်ရောက်နေရင် မြင့်မြတ်စိတ် ထားရှိကြပါ လို့ ပုံပြင်လေးဖတ်လို့ မှတ်သားနိုင်ကြပါစေ ။

KoSoe

for zawgyi

ရေသ့ႀကီးနဲ႔ ေခြးမိဖုရား

တခါက ေတာတြင္း တေနရာမွာ သစ္ခက္တဲေလး ထိုးၿပီး တရားအားထုတ္ ေနတဲ့ ရေသ့ႀကီး တစ္ပါး ရွိတယ္ ။ ဒီသစ္ခက္ ေက်ာင္းသခၤမ္းေလးရဲ႕အနားကို ေခြးပိန္မေလး တေကာင္က လာၿပီးေတာ့ ရေသ့ႀကီး ဆြမ္းစားၿပီး က်န္တဲ့ ဆြမ္းက်န္ ဟင္းက်န္ေလးေတြကို စားေလ့ ရွိပါတယ္ ။

ဒီထမေလစား ( ထမင္းလုံး အေလအလြင့္ကို စားေသာ ) ေခြးမေလးဟာ ေန႔စဥ္နဲ႔အမွ် ဆြမ္းက်န္ေလးေတြ လာလာ စားေနတာ ၾကာလာေတာ့ ရေသ့ႀကီးဟာ ေခြးမေလးကို သနားတဲ့အျပင္ သံေယာဇဥ္ ျဖစ္ေပၚလာၿပီး လူအျဖစ္ကို ဖန္ဆင္းေပးလိုက္ ပါေတာ့တယ္ ။ ဒီလိုနဲ႔ ေခြးမေလးဟာ အရွင္ လတ္လတ္ လူမိန္းခေလး ဘဝကို ေျပာင္းသြားတာေပါ့ ။

ရေသ့ႀကီး ဖန္ဆင္းထားတဲ့ မိန္းခေလး ဆိုေတာ့လဲ ႐ုပ္ရည္ ႐ူပကာဟာ အလြန္အင္မတန္ လွပေခ်ာေမြ႕ေန ပါေတာ့တယ္ ။ ဒီလိုနဲ႔ ေခြးမေလး တျဖစ္လည္း မိန္းခေလးဟာ ရေသ့ႀကီးရဲ႕ ေဝယ်ာဝစၥေတြ လုပ္ေပးရင္း ေတာထဲမွာ ေနလာလိုက္တာ တေန႔ေတာ့ ေတာကစား ထြက္လာတဲ့ ဘုရင္ႀကီး တပါးက မေတာ္တဆ ေတြ႕သြားပါေလေရာ ။

ဘုရင္ႀကီးဟာ ဘုရင္ေတြရဲ႕ ထုံးစံအတိုင္း ႏွစ္သက္ သေဘာက်ေတာ္ မူတာေပါ့ ။ သူတို႔ ႏွစ္သက္ၿပီ ဆိုမွျဖင့္ ( သိတယ္မလား ) ပိုင္ရွင္ ရွိမရွိ ေမးျမန္းၿပီး ( ေမးလို႔ ေတာ္ေသးတာေပါ့ ) ဖခင္ ျဖစ္သူ ရေသ့ႀကီးထံမွာ ေတာင္းရမ္းပါေတာ့တယ္ ။ ဘုရင္မင္းျမတ္ ကိုယ္တိုင္က ေတာ္ေကာက္တာ ဆိုေတာ့ ရေသ့ႀကီး ကလည္း ႐ုတ္တရက္ ဒီမိန္းခေလးဟာ ေခြးမေလးပါ လို႔ ေျပာမထြက္ ဘူးေပါ့ ။

ဒါေပမဲ့ ရေသ့ႀကီးက အခုလို မင္းႀကီးကို ေလွ်ာက္တင္မွာ ၾကားပါတယ္။

" ျမတ္ေသာမင္းႀကီး.. အကြၽႏ္ုပ္၏ သမီးျဖစ္သူ ဒီမိန္းခေလးဟာျဖင့္ ေတာတြင္းသူ အ႐ိုင္းအစိုင္းကေလး ျဖစ္ပါတယ္ ။ ဒါေၾကာင့္ အရွင္မင္းႀကီးတို႔ နန္းတြင္း ေရာက္တဲ့အခါ တစုံတရာ အျပစ္က်ဴးလြန္မိခဲ့ပါလွ်င္ သနားေသာအားျဖင့္ အျပစ္မွ ခြင့္လႊတ္ေတာ္မူပါ "

ဘုရင္ႀကီးကလည္း ေနာင္ခါလာ ေနာင္ခါေဈး ၊ အခု ေလာေလာဆယ္ ဒီမိန္းခေလးကို ရရင္ ၿပီးေရာ ဆိုၿပီး ၊ ခြင့္လႊတ္မွာ ျဖစ္ေၾကာင္း ေျပာကာ ေခြးမိန္းခေလးကို ေခၚသြားပါေလေရာ ။ ရေသ့ႀကီးက ဘုရင္ႀကီးကို မွာၾကားၿပီးတဲ့ေနာက္ ေခြးမိန္းခေလးကို..

" ခ်စ္သမီး.. ျမင့္ျမတ္တဲ့ေနရာ ေရာက္ရင္ ျမင့္ျမတ္တဲ့စိတ္ ေမြးပါ " ဆိုၿပီး မွာၾကားရျပန္ ပါတယ္ ။

ေခြးမိန္းခေလး ကလည္း ေကာင္းပါၿပီ အဘရေသ့ႀကီး ဆိုၿပီး ဘုရင္ႀကီး ေခၚရာေနာက္ ေကာက္ေကာက္ပါေအာင္ လိုက္သြားပါသတဲ့ ။ နန္းေတာ္ထဲ ေရာက္သြားတဲ့ ေခြးမိန္းကေလးဟာ အရာရာ အထူးအဆန္းေတြ ခ်ည္းမို႔ အံ့ဘနန္း ျဖစ္ေနတာေပါ့ ။ ဘုရင္ႀကီးကလည္း သူ႔ကို သင္ၾကားစရာ ရွိတာ သင္ၾကားေစၿပီးေနာက္ အခမ္းအနားနဲ႔ မိဖုရားေျမႇာက္လိုက္ သတဲ့ ။ ကုသိုလ္ကံမ်ား အက်ိဳးေပးခ်င္ေတာ့ ေနရင္းထိုင္ရင္း ေခြးမိဖုရားႀကီး ျဖစ္သြားတာေပါ့ ။

ေခြးမိဖုရားႀကီးဟာ နန္းေတာ္ထဲမွာ ေနရထိုင္ရ အားလုံး အဆင္ေျပေပမဲ့ တစုံတခုေၾကာင့္ စိတ္ထဲေနမထိ ထိုင္မသာ ျဖစ္ေန ပါတယ္ ။ ဘာလို႔လဲ ဆိုေတာ့ သူဟာ ေခြးဘဝက လာသူ ျဖစ္တဲ့အတြက္ နန္းေတာ္ထဲမွာ ခြၽတ္ထားတဲ့ ေျခနင္း ဖိနပ္ေတြကို ျမင္တဲ့အခါ ဒီဖိနပ္ေတြရဲ႕ သားေရနံ႔က သူ႔ကို ဆြဲေဆာင္ ေနၿပီး ဖိနပ္ သားေရေတြကို ကိုက္ခ်င္စိတ္ကို မနည္းေအာင့္အီး ထားရလို႔ ပါပဲ ။

ဒီလိုနဲ႔ လူေျခတိတ္တဲ့ ညအခ်ိန္ေရာက္ေတာ့ သူ႔စိတ္ကို မထိမ္းႏိုင္ေတာ့တာနဲ႔ ေျခနင္း ဖိနပ္ေတြ ခြၽတ္ထားတဲ့ ေနရာကို အျမန္သြားၿပီး အာသာေျပေအာင္ ဖိနပ္ေတြ တရံၿပီး တရံ ကိုက္ဝါး ပါေလေရာ ။ မနက္မိုးလင္းေတာ့ ဖိနပ္ၿမီးတိုေတြ ျမင္တဲ့အခါ နန္းေတာ္ထဲမွာ ႂကြက္စီႂကြက္စီနဲ႔ေပါ့ ။ ဘယ္က ေခြးေလေခြလြင့္က ဝင္ၿပီး ငါတို႔ဖိနပ္ေတြ ကိုက္သြားသလဲ ဆိုၿပီး နန္းေတာ္ တခုလုံး အုံးအုံး က်က္က်က္နဲ႔ ျဖစ္ေနတယ္ ။

နန္းေတာ္ထဲမွာ ရွိသမွ် ေခြးေလေခြးလြင့္ေတြ ဖယ္ရွားျပစ္ေပမဲ့ ေနာက္တညမွာလည္း ဖိနပ္ေတြ ကိုက္ခံရျပန္တာပဲ ။ ဒီေတာ့ မျဖစ္ေခ်ဘူး မႉးႀကီးမတ္ရာေတြက ဖိနပ္စားတဲ့ ေခြးကို ညဘက္ ေစာင့္ဖမ္းဖို႔ စီစဥ္ၾကတာေပါ့ ။ ဒါကိုသိတဲ့ ေခြးမိဖုရားႀကီးဟာ ဖိနပ္မစားမိေအာင္ စိတ္ထိန္းတာပါပဲ ။

ဒါေပမဲ့ ဗီဇဆိုတာ ေတာ္႐ုံနဲ႔ ေဖ်ာက္လို႔ ရတာမွ မဟုတ္တာ ။ ဆႏၵ ဆိုတာလည္း ထိမ္းခ်ဳပ္ဖို႔ ခက္သားလား ။ ညေရာက္ေတာ့ သူ႔စိတ္ကို သူ မလြန္ဆန္ႏိုင္ ျပန္ဘူး ။ သြားေရ တျမားျမား ပါးစပ္ တျပင္ျပင္နဲ႔ ဖိနပ္ေတြဆီ ေရာက္သြားျပန္တာပဲ ။

ေခြးအလာကိုသာ ေစာင့္ေနတဲ့ မႉးမတ္ေတြဟာ ေခြးမိဖုရားႀကီးကိုေတာ့ ဘယ္သတိထားမိ မွာတုန္း ။ ဒီလိုနဲ႔ ေနာက္တည ဖိနပ္ေတြ ကိုက္ခံလိုက္ရျပန္ပါေရာ ။ ဒီလို ခဏခဏ ျဖစ္လာေတာ့ ဘုရင္ႀကီးနားကို ဒီသတင္း ေပါက္ၾကားသြားေတာ ဘုရင္ႀကီးက ဖိနပ္ကိုက္ေသာ ေခြးႏွိမ္နင္းေရး ေကာ္မတီကို ဖြဲ႕စည္းေစၿပီး ဒီေခြးကို မိေအာင္ ဖမ္းႏိုင္ရင္ဖမ္း ၊ မဖမ္းႏိုင္ရင္ မင္းတို႔ကို ျပစ္ဒဏ္ေပးမယ္ လို႔ အမိန႔္ခ်မွတ္ လိုက္ပါတယ္ ။

နန္းေတာ္ထဲမွာ ေခြးႏွိမ္နင္းေရး ေကာ္မတီက ေန႔ဆိုင္း ညဆိုင္းနဲ႔ ေခ်ာင္းဖမ္းဖို႔ ကင္းေစာင့္ၾကတဲ့အခါ သန္းေခါင္ေက်ာ္ ေလာက္လည္း ရာက္ခ်ိန္ ေခြးမိဖုရားႀကီးက ကုပ္ကုပ္ ကုပ္ကုပ္နဲ႔ ထြက္လာၿပီး ဖိနပ္ေတြ ကိုက္ဝါးေနတာကို ေခ်ာင္းေနတဲ့ မႉးမတ္ေတြက ေတြ႕သြားေတာ့ တေယာက္ မ်က္ႏွာ တေယာက္ၾကည့္ၿပီး ေခါင္းယမ္း ၾကတယ္ ။

ဘယ္လို လုပ္ရပါ့မလဲ ၊ တကယ့္ မီးခဲပဲ ၊ ဘုရင္ႀကီးကို ဘယ္လို ေလွ်ာက္တင္မလဲ ၊ ဖိနပ္ေတြ ကိုက္ေနတဲ့ ေခြးကို မမိရင္လည္း ငါတို႔မွာ ျပစ္ဒဏ္ ခံရေပအုံးမည္ ။ ဖိနပ္စားတာ မိဖုရားႀကီးပါ လို႔ ေျပာရင္လည္း..

မနက္ မိုးလင္းေတာ့ ညီလာခံမွာ ဘုရင္ႀကီးက ေမးပါတယ္ ။ ကဲ.. ဘယ္လိုလဲ.. ဖိနပ္ကိုက္တဲ့ ေခြးကို မိၿပီလား ေပါ့ ။ ေခြးမိဖုရားကလည္း နေဘးနားမွာ ခစားရင္း မႉးမတ္ေတြ ဘယ္လိုမ်ား ေျဖမလဲလို႔ ရင္တထိတ္ထိတ္ နဲ႔ေပါ့ ။ မႉးမတ္ တေယာက္က ျပားျပားဝပ္ ခစားေနရင္းက..

မွန္လွပါ.. ဖိနပ္စားတဲ့ေခြးဟာ ကြၽန္ေတာ္မ်ိဳးတို႔ထက္ ဘုန္းကံျမင့္မားတဲ့သူ ျဖစ္ေနတာေၾကာင့္ ကြၽန္ေတာ္မ်ိဳးတို႔ ေတြ႕ေသာ္လည္း ဖမ္းလို႔ မမိပါ ဘုရား.. လို႔ ေလွ်ာက္တင္ေတာ့.. ဘုရင္ႀကီးလည္း ဒါျဖင့္ ငါကိုယ္ေတာ္ျမတ္ ကိုယ္တိုင္ ဖမ္းမယ္လို႔ မိန႔္ေတာ္မူလိုက္ ပါသတဲ့ ။

အဲဒီညမွာေတာ့ ေခြးမိဖုရားႀကီးဟာ ဘုရင္ႀကီးနဲ႔ အတူ အိပ္ရာ ေညာင္ေစာင္းထက္မွာ လဲေလ်ာင္း ေနရေပမဲ့ အိပ္မေပ်ာ္ႏိုင္ဘူးတဲ့ ။ ဒီညအဖို႔ ဖိနပ္မစားဘဲ ေနရ ေကာင္းမလားေတာ့ ေတြးမိပါရဲ႕ သို႔ေသာ္လည္း ရသတဏွာရဲ႕ အလိုကို မလြန္ဆန္ႏိုင္ေပဘူး ။

ခဏေနေတာ့ ဘုရင္ႀကီး အိပ္ေပ်ာ္သြားၿပီ အထင္နဲ႔ တိတ္တိတ္ေလး အိပ္ရာကထၿပီး ဖိနပ္ေတြ ရွိရာဆီကို သြားတယ္ ။ တကယ္ေတာ့ ဘုရင္ႀကီးက အိပ္ခ်င္ေယာင္ ေဆာင္ေနတာပါ ။ ေခြးမိဖုရားႀကီး ထသြားတာနဲ႔ သူက ေနာက္က အသာေလးလိုက္သြားၿပီး ေခ်ာင္းၾကည့္တဲ့အခါ..

ေခြးမိဖုရားႀကီးဟာ ဖိနပ္ေတြကို အားရ ပါးရ ကိုက္ဝါးေနတာ မ်က္ဝါး ထင္ထင္ ျမင္လိုက္ရတယ္ ။ ဒီျမင္ကြင္းေၾကာင့္ အံ့အားသင့္ၿပီး " ဟင္ " ခနဲ အာေမဋိတ္ ထြက္သြားေတာ့ ဘုရင္ႀကီး လိုက္ေခ်ာင္းတာကို ေခြးမိဖုရားႀကီးလည္း သိသြားေတာ့တာေပါ့ ။ ဒါေပမဲ့ ဘုရင္ႀကီးဟာ အသာေလး လွည့္ထြက္ၿပီး အိပ္ရာထဲ ျပန္သြားေခြ ေနၿပီး သက္မႀကီးေတြ တခ်ခ်နဲ႔ တညလုံး မအိပ္ႏိုင္ေတာ့ဘူး ။

ဒီမိန္းခေလးရဲ႕ အက်င့္ဟာ ဆိုးလွခ်ည့္ ။ ဒါေၾကာင့္ ရေသ့ႀကီးက ငါ့ကို မွာတာေနမွာ ။ ဘယ္လို လုပ္ရမလဲ ဆက္ထားျပန္ရင္လည္း ရွိရွိသမွ် ဖိနပ္ေတြ ၿမီးတိုေတြခ်ည္း ျဖစ္ကုန္မဲ့အျပင္ အေၾကာင္း သိေနတဲ့ မႉးမတ္ေတြရဲ႕ ကဲ့ရဲ႕စရာျဖစ္အုံးမယ္ ၊ ျပစ္ဒဏ္ ေပးျပန္ရင္လည္း ရေသ့ႀကီးကို ကတိဖ်က္ရာ က်မယ္.. စသျဖင့္ ေတာင္ေတြး ေျမာက္ေတြး စိတ္မေအးႏိုင္ ျဖစ္ေနပါေတာ့တယ္ ။

ေခြးမိဖုရားႀကီးမွာ ဘုရင္ႀကီးေတာ့ ငါဖိနပ္ကိုက္တာ သိသြားၿပီ ၊ ငါ့အေၾကာင္း ရေသ့ႀကီးကို သြားေမးၿပီး ငါဟာ ေခြးမွန္း သိရင္ ငါ့ကို သတ္မွာဘဲ ။ ဒီေတာ့ ငါက အရင္ ရေသ့ႀကီး ဆီသြားၿပီး ငါ့အေၾကာင္း မေဖာ္ႏိုင္ေအာင္ သတ္ပစ္ရမယ္ လို႔ မိုက္မဲစြာေတြးၿပီး မိုးမလင္းခင္ဘဲ နန္းေတာ္ထဲက ထြက္ၿပီး ရေသ့ႀကီးရဲ႕ ေက်ာင္းသခၤမ္းဆီ အေျပးအလႊား သြားပါေတာ့တယ္ ။

ရေသ့ႀကီးဟာ ဈာန္အဘိဉာဥ္ ရထားတဲ့သူဆိုေတာ့ ေခြးမိဖုရားႀကီး သူ႔ကို သတ္ဖို႔ လာေနတာကို သြားျမင္တယ္။

ဒါနဲ႔ပဲ..

" ေၾသာ္.. ငါသနားၿပီး ကယ္ထားတဲ့သူက ငါ့ကို သတ္ဖို႔ လာေနၿပီ.. မိုက္မဲေလစြ.. အင္း.. သတၱဝါတခု ကံတခုေပပဲ.. "

လို႔ စိတ္ထဲ ေတြးလိုက္မိတာနဲ႔ ျဗဳန္းဆို မိဖုရား အသြင္ကေန နဂိုမူလအတိုင္း ေခြးဘဝကို ကူးေျပာင္းသြားၿပီး ဘဝႏွစ္ခုအကူး လမ္းခရီး ေခ်ာက္ကမ္းပါးထဲ လိမ့္က် ေသဆုံးသြား ပါေတာ့တယ္ ။

ျမင့္ျမတ္တဲ့ေနရာ ေရာက္ရင္ ျမင့္ျမတ္တဲ့ စိတ္ထားတတ္ရမယ္ ဆိုတဲ့ ရေသ့ႀကီးရဲ႕ မိန႔္ၾကားခ်က္ကို နားမေထာင္တဲ့အတြက္ ေခြးမေလးဟာ ခုလို ဒုကၡေရာက္ရတယ္ ။ အေတြးအေခၚ အေျမာ္အျမင္ ဆင္ျခင္ဉာဏ္ နည္းပါးတဲ့ သူမ်ိဳးကို ဘယ္လိုပဲ ႀကီးမားတဲ့ က႐ုဏာနဲ႔ ျမႇင့္တင္ေပးလို႔မွ မရဘူး ။

အဲဒီလို ျမႇင့္တင္ေပးရင္ ကိုယ္သာ ဒုကၡေတြ႕ရႏိုင္တယ္ ဆိုတာ မွတ္သားပါ ။ ကိုယ္က အျမင့္ေရာက္ေနရင္ ျမင့္ျမတ္စိတ္ ထားရွိၾကပါ လို႔ ပုံျပင္ေလးဖတ္လို႔ မွတ္သားႏိုင္ၾကပါေစ ။

KoSoe

Post a Comment

0 Comments