မြွေဟောက် တစ်ကောင်က ကျွန်တော့်ကို ပြောတယ်...
" ငါဟာ လျှင်မြန်တယ် ၊ အဆိပ်ရှိတယ် ၊ ငါ့ကို လူတွေ ကြောက်ကြတယ် " တဲ့ ။
ကျွန်တော် သူ့ကို အရမ်း အားကျမိတယ်။ သူ့လို လျှင်မြန်ပြီး အဆိပ်ရှိတဲ့ မြွေ ဖြစ်ချင်ခဲ့တယ် ။ နောက်တနေ့မှာ ကျွန်တော် မြွေပွေး တစ်ကောင်နဲ့ တွေ့တယ် ။ မြွေပွေးက ကျွန်တော့်ကို ပြောတယ် ။
" ငါက တည်ငြိမ်တယ် ၊ ငါ့ဟာငါ အေးဆေးနေတယ် ၊ ငါ ဘယ်သူ့ကို မှ ရန်မရှာဘူး ၊ ဒါပေမယ့် ငါ့ကို တော့ လာမထိနဲ့ ၊ ယင်ကောင်တောင် အလွတ်မပေးဘူး " တဲ့..
ကျွန်တော် သူ့ကို အရမ်း လေးစားမိတယ် ။ ကျွန်တော် သူ့လို တည်တည် ငြိမ်ငြိမ်နဲ့ အဆိပ်ရှိတဲ့သူ ဖြစ်ချင်ခဲ့တယ် ။ နောက်တစ်ရက်မှာ ကျွန်တော် ရေမြွေ တစ်ကောင်နဲ့ တွေ့တယ် ။ ရေမြွေက ကျွန်တော့ကို ပြောတယ် ။
" ငါက အဆိပ်မရှိဘူး ၊ ပျော်ပျော်ပဲ နေတတ်တယ် ။ ငါ့ကို လာရန်စ ရင်လည်း ငါ ဘာမှ မတုန့်ပြန်ဘူး ။ ငါ့မှာ အဆိပ် မရှိမှန်းသိတော့ ဘယ်သူမှ ငါ့ကို မလေးစားကြဘူး ။ ငါ့ကို ဟာသ တစ်ကောင် အဖြစ်ပဲ လူတွေ သဘောထားကြတယ် " တဲ့ ။
ကျွန်တော် သူ့ကို စိတ်အရမ်း ပျက်မိတယ် ။ အဆိပ်မရှိတဲ့ မြွေတစ်ကောင်က ဘယ်နေရာမှာ သွားပြီး အသုံး ကျပါ့မလဲ ။ ကျွန်တော် သူ့ကို အထင် သေးတယ် ။ အတု မယူထိုက်တဲ့ သူမို့ ဝေးဝေးက ရှောင်ဖို့ ဆုံးဖြတ်လိုက်တယ် ။
ဒီအဖြစ်အပျက်တွေ ဖြစ်ပြီး ဆယ်ရက်လောက် ကြာတော့ ကျွန်တော် လယ်သမား ကြီး တစ်ဦးနဲ့ တွေ့တယ် ။ သူ့ရဲ့ ပလိုင်းထဲမှာ မြွေအသေ နှစ်ကောင်ကို တွေ့လို့ သေချာ ကြည့်လိုက်တော့ ကျွန်တော် လေးစားရတဲ့ မြွေပွေး နဲ့ မြွေဟောက် ဖြစ်နေတယ် ။ ကျွန်တော် ဘာမှ မမေးခင်မှာပဲ လယ်သမားကြီးက ကျွန်တော့်ကို ပြောတယ် ။
" ငါ့လယ်တောထဲမှာ တွေ့တာတော့ မြွေက သုံးကောင်ကွ ။ ငါသူတို့ကို မသတ်ချင် ပါဘူး ။ ဒါပေမယ့်ကွာ ဒီနှစ်ကောင်က အဆိပ်ရှိတဲ့ သတ္တဝါတွေ ဆိုတော့ လူတွေအတွက် အန္တရာယ် ရှိလာ နိုင်တယ် ။ ဒါကြောင့်ပဲ သူတို့ကို သတ်လိုက်ရတာ ။ ကျန်တဲ့ တစ်ကောင်ကတော့ ဘာအဆိပ်မှ ရှိတဲ့ အကောင်မလို့ သတ်စရာ မလိုဘူး ပေါ့ကွာ.. " တဲ့ ။
ကျွန်တော် နောင်တ တစ်ခု ရလိုက်သလို အသိတရား တစ်ခုလည်း ရလိုက်တယ် ။
" လောကကြီးမှာ အဆိပ် မရှိတဲ့ သူက အန္တရာယ် အကင်းဆုံး " ဆိုတာကို ။ အဲ့ နေ့က စပြီး ကျွန်တော့်ရဲ့ လွဲမှားနေတဲ့ အတွေး အခေါ်တွေကို ပြုပြင်ဖို့ ဆုံးဖြတ်လိုက်တယ် ။
" ကိုယ့်ခန္တာမှာ ရှိတဲ့ အဆိပ် ဆိုတဲ့ အရာကို ဖယ်ထုတ်ပြီး ငြိမ်းချမ်းတဲ့ဘဝ လွတ်လပ်တဲ့ ဘဝတစ်ခုကို ရှာဖွေဖို့နဲ့ ကြုံလာသမျှ အတိုက်အခိုက်ကို အပြုံးနဲ့ပဲ တုန့်ပြန် ဖို့ပါ " ။
Crd
for zawgyi
အဆိပ္ ရွိေသာသူ
ေျမြေဟာက္ တစ္ေကာင္က ကြၽန္ေတာ့္ကို ေျပာတယ္...
" ငါဟာ လွ်င္ျမန္တယ္ ၊ အဆိပ္ရွိတယ္ ၊ ငါ့ကို လူေတြ ေၾကာက္ၾကတယ္ " တဲ့ ။
ကြၽန္ေတာ္ သူ႔ကို အရမ္း အားက်မိတယ္။ သူ႔လို လွ်င္ျမန္ၿပီး အဆိပ္ရွိတဲ့ ေႁမြ ျဖစ္ခ်င္ခဲ့တယ္ ။ ေနာက္ေန႔မွာ ကြၽန္ေတာ္ ေႁမြေပြး တစ္ေကာင္နဲ႔ ေတြ႕တယ္ ။ ေႁမြေပြးက ကြၽန္ေတာ့္ကို ေျပာတယ္ ။
" ငါက တည္ၿငိမ္တယ္ ၊ ငါ့ဟာငါ ေအးေဆးေနတယ္ ၊ ငါ ဘယ္သူ႔ကို မွ ရန္မရွာဘူး ၊ ဒါေပမယ့္ ငါ့ကို ေတာ့ လာမထိနဲ႔ ၊ ယင္ေကာင္ေတာင္ အလြတ္မေပးဘူး " တဲ့..
ကြၽန္ေတာ္ သူ႔ကို အရမ္း ေလးစားမိတယ္ ။ ကြၽန္ေတာ္ သူ႔လို တည္တည္ ၿငိမ္ၿငိမ္နဲ႔ အဆိပ္ရွိတဲ့သူ ျဖစ္ခ်င္ခဲ့တယ္ ။ ေနာက္တစ္ရက္မွာ ကြၽန္ေတာ္ ေရေႁမြ တစ္ေကာင္နဲ႔ ေတြ႕တယ္ ။ ေရေႁမြက ကြၽန္ေတာ့ကို ေျပာတယ္ ။
" ငါက အဆိပ္မရွိဘူး ၊ ေပ်ာ္ေပ်ာ္ပဲ ေနတတ္တယ္ ။ ငါ့ကို လာရန္စ ရင္လည္း ငါ ဘာမွ မတုန႔္ျပန္ဘူး ။ ငါ့မွာ အဆိပ္ မရွိမွန္းသိေတာ့ ဘယ္သူမွ ငါ့ကို မေလးစားၾကဘူး ။ ငါ့ကို ဟာသ တစ္ေကာင္ အျဖစ္ပဲ လူေတြ သေဘာထားၾကတယ္ " တဲ့ ။
ကြၽန္ေတာ္ သူ႔ကို စိတ္အရမ္း ပ်က္မိတယ္ ။ အဆိပ္မရွိတဲ့ ေႁမြတစ္ေကာင္က ဘယ္ေနရာမွာ သြားၿပီး အသုံး က်ပါ့မလဲ ။ ကြၽန္ေတာ္ သူ႔ကို အထင္ ေသးတယ္ ။ အတု မယူထိုက္တဲ့ သူမို႔ ေဝးေဝးက ေရွာင္ဖို႔ ဆုံးျဖတ္လိုက္တယ္ ။
ဒီအျဖစ္အပ်က္ေတြ ျဖစ္ၿပီး ဆယ္ရက္ေလာက္ ၾကာေတာ့ ကြၽန္ေတာ္ လယ္သမား ႀကီး တစ္ဦးနဲ႔ ေတြ႕တယ္ ။ သူ႔ရဲ႕ ပလိုင္းထဲမွာ ေႁမြအေသ ႏွစ္ေကာင္ကို ေတြ႕လို႔ ေသခ်ာ ၾကည့္လိုက္ေတာ့ ကြၽန္ေတာ္ ေလးစားရတဲ့ ေႁမြေပြး နဲ႔ ေႁမြေဟာက္ ျဖစ္ေနတယ္ ။ ကြၽန္ေတာ္ ဘာမွ မေမးခင္မွာပဲ လယ္သမားႀကီးက ကြၽန္ေတာ့္ကို ေျပာတယ္ ။
" ငါ့လယ္ေတာထဲမွာ ေတြ႕တာေတာ့ ေႁမြက သုံးေကာင္ကြ ။ ငါသူတို႔ကို မသတ္ခ်င္ ပါဘူး ။ ဒါေပမယ့္ကြာ ဒီႏွစ္ေကာင္က အဆိပ္ရွိတဲ့ သတၱဝါေတြ ဆိုေတာ့ လူေတြအတြက္ အႏၲရာယ္ ရွိလာ ႏိုင္တယ္ ။ ဒါေၾကာင့္ပဲ သူတို႔ကို သတ္လိုက္ရတာ ။ က်န္တဲ့ တစ္ေကာင္ကေတာ့ ဘာအဆိပ္မွ ရွိတဲ့ အေကာင္မလို႔ သတ္စရာ မလိုဘူး ေပါ့ကြာ.. " တဲ့ ။
ကြၽန္ေတာ္ ေနာင္တ တစ္ခု ရလိုက္သလို အသိတရား တစ္ခုလည္း ရလိုက္တယ္ ။
" ေလာကၾကီးမွာ အဆိပ္ မရွိတဲ့ သူက အႏၲရာယ္ အကင္းဆုံး " ဆိုတာကို ။ အဲ့ ေန႔က စၿပီး ကြၽန္ေတာ့္ရဲ႕ လြဲမွားေနတဲ့ အေတြး အေခၚေတြကို ျပဳျပင္ဖို႔ ဆုံးျဖတ္လိုက္တယ္ ။
" ကိုယ့္ခႏၲာမွာ ရွိတဲ့ အဆိပ္ ဆိုတဲ့ အရာကို ဖယ္ထုတ္ၿပီး ၿငိမ္းခ်မ္းတဲ့ဘဝ လြတ္လပ္တဲ့ ဘဝတစ္ခုကို ရွာေဖြဖို႔နဲ႔ ႀကဳံလာသမွ် အတိုက္အခိုက္ကို အၿပဳံးနဲ႔ပဲ တုန႔္ျပန္ ဖို႔ပါ " ။
Crd
0 Comments