ထူးဆန်းသော သစ်ပင်ပုံပြင်

( Zawgyi သမားမ်ား ေအာက္ပိုင္းတြင္ ဖတ္ပါ)

ရှေးအခါတုန်းက တိုင်းပြည် တစ်ခုမှာ ထူးဆန်းသော သစ်ပင်တစ်ပင် ပေါက်နေလေသည် ။ အဲ့ဒီအပင်ဟာ ထူးဆန်းပီးလှပပီး မွှေးကြိုင်တဲ့ အသီးများလည်း သီးနေလေသည်။ အဲ့အသီးရဲ့ ရနံ့မှာလည်း တိုင်းပြည်တစ်ခုလုံးကို ပျံ့နှံ့လျက် ရှိသည်။

တိုင်းပြည်ရှိ ပြည်သူအများကလည်း ထိုအသီး၏ အရသာကို မြည်းစမ်း ကြည့်ချင် နေကြသည်။ ဒါပေမယ့် ထုံးစံအတိုင်း ဤအလေ့ကျ ပေါက်ရောက်နေသော သစ်ပင်သည် အများပိုင် ဖြစ်သော်လည်း ပြည်သူပိုင် အသိမ်းခံ ရလေသည်။ ပြည်သူပိုင် သိမ်းသောအခါ ဘုရင်နှင့် အပေါင်းအပါပိုင် ဖြစ်သွားသည်ပေါ့ ။ ထို့ကြောင့် ပြည်သူပိုင် အသုံးပြုရန်ဆိုပီး ညအချိန်မတော် သစ်ပင်ကို အမြစ်မှ တူးယူ၍ နန်းတော်ဝင်းထဲ သယ်ယူ သွားကြသည်။

နန်းတော်ထဲ ရောက်တဲ့အခါ ပြဿနာ တက်နေကြသည်။ ထူးဆန်းသောအပင်မှ ပုံစံမမှန်ဘဲ ပေါက်နေသော အသီးတို့ကို မည်သူမှ မစားကြည့်ရဲကြ။ တချို့ကလည်း အနံ့က မွှေးကြိုင်လွန်း နေ၍ မြည်းစမ်းချင်သော်လည်း သေစေနိုင်သော အဆိပ်သီးလည်း ဖြစ်နေနိုင်၍ မည်သူကမှ မမြည်းကြည့်ရဲ။ ဘုရင်ကြီးက ပြောရာမှာ..

" ဒီအပင်က အသီးရဲ့ ရနံ့ကတော့ စားချင်စရာပေပဲ ။ ဒါပေမဲ့ အရသာက ဘယ်လို နေမလဲ မသိဘူး "

" ဘုန်းတော်ကြောင့်.. အရှင်မင်းကြီး အရင်ဦးဆုံး မြည်းကြည့်သင့်ပါတယ် ဘုရာ့ " ဝန်ကြီးများက မြှောက်ပေးလေသည်။ ဘုရင်လည်း နပ်သည်။

" ဟန်.. ခွေးကောင်တွေ.. ဒါမျိုးကျတော့ တတ်တယ်။ မင်းတို့ အရင် မြည်းကြည့်ပါလား " ဆိုတော့ ဝန်ကြီးများကလည်း လည်သည်။

" အဟီး.. ဘုန်းတော်ကြီးသော ဘုရင်ကြီး ကိုယ်တိုင် မမြည်းရသေးဘဲ ကျွန်တော်မျိုးတို့ မမြည်းဝံ့ပါ ဘုရား။ တော်ကြာ ဘုန်းတော်ကြောင့် မိုးကြိုး ပစ်နေမှဖြင့် "

" ဒါဆို ဘယ်သူ့ကို မြည်းခိုင်းရမှာ လဲ "

တကယ်တမ်း စမ်းသပ်ခံရမည် ဆိုတော့ မည်သူကမှ တာဝန် မယူရဲကြ။ အားလုံး ခေါင်းခါ၊ ခေါင်းရှောင်ပြီး မသိချင်ယောင်သာ ဆောင်နေကြသည်။

" ကဲ..ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ " အားလုံး ခေါင်းချင်း ဆိုင်ကုန်၏။ အတန်ကြာ ဆွေးနွေးကြသည်။

" ဒီလိုလုပ်ကြရအောင် ။ ပြည်သူတွေ ထဲကတစ်ယောက်ကို အရင်စမ်းသပ် ခိုင်းလိုက်မယ်၊ မကောင်းဘူးလား "

ထိုသူ့စကားကို တခြား ဝန်ကြီးများက..

" အရသာကောင်းနေတဲ့ အသီးကို ပြည်သူက အရင်စားဖူးတယ်ဆိုရင် တို့ဝန်ကြီးတွေ သိက္ခာကျမှာပေါ့ ဝန်မင်းကလည်း "

" အဲ့ဒီအသီးစားပြီး သေတော့ရော "

" ဒါကတော့.. သူ့ထိုက် သူ့ကံနဲ့ သေတာ သေပါစေပေါ့.. ဝန်မင်းကလည်း "

မတော်တဆ အသီးကောင်း ဖြစ်ခဲ့ရင်လည်း သူတို့က အရင်စားချင်၊ သေမယ် ဆိုပြန်တော့ ပြည်သူကို သေစေချင်။ ဘယ်လိုဝေခွဲ ရမှန်းပင်မသိ။ အတန်ကြာမှ ဘုရင်က အတွေးပေါက်ပြီး..

" ကဲ.. ဒီလိုလုပ်။ ခုနက အကြံအတိုင်း ပြည်သူကို အရင်မြည်းခိုင်းမယ် "

" အရသာ ကောင်းနေရင်ကော ဘုရား "

" ခါတိုင်းလိုပဲ အဲဒီကောင်ကို ရှော့ခ်လိုက်ပြီး ဘယ်သူမှ မစားဖူးသလို လုပ်ရုံပေါ့ "

" ဒါဆို သေရင်ရော"

" သေရင်တော့ စေတနာနဲ့ လက်ဆောင်ပြန်ပေးတာ ပေါ့ကွာ၊ ဟုတ်ဘူးလား "

" ဟေး.. "

ဝန်ကြီးများ ဝမ်းသာသွားကြ သည်။ ဟုတ်တယ်။ ပြည်သူပိုင် ဆိုတာ ကောင်းနေရင် ဘုရင့်ဘဏ္ဍာ၊ ဆိုးနေရင် ပုဂ္ဂလိကပိုင်၊ သုံးစားမရရင်တော့ ပြည်သူတွေ တကယ်ပိုင်ပေါ့။ ဟုတ်ဘူးလား။

ဤသို့ဖြင့် ပြည်သူပိုင် သစ်သီးကို ပထမဆုံး စားသုံးရန် ပြည်သူ တစ်ဦးကို ခေါ်လာကြ လေသည်။ ကံဆိုးသူမောင်ရှင်ကား ရောက်ပြီ။

" ကိုင်း.. မောင်မင်း ဒီအသီးကို အရင်ဆုံး မြည်းစမ်းကြည့်စမ်း "

" ကျွန်တော် သေသွားခဲ့ရင်.. "

" ကံပေါ့ မောင်မင်း "

" လျော်ကြေး မရဘူးလား "

" ထုံးစံ မရှိဘူး မောင်မင်း။ ဒါမျိုး မပြောနဲ့၊ ဓာတ်လိုက် သေတောင် မရဘူး "

ဘယ်လိုဖြစ်ဖြစ် နိဗ္ဗာန်မဂ်ဖိုကို ရက်တိုတိုနှင့် ရောက်မည့် အရေးကြောင့် စားမည့်သူမှာ တုန်လှုပ်နေ ရလေသည်။

" ကဲ.. သုံးဆောင်လို့ ရပြီ မောင်မင်း "

သာမန်လူမှာ တုန်လှုပ်နေပီး ဘယ်လိုဖြစ်ဖြစ် အခြေအနေ မကောင်းမှန်းလည်း သိသည်။ သို့သော် မတတ်သာသော အခြေအနေမို့ အသီးတစ်လုံးကို ဖြုတ်စား လိုက်သည်။

" ဟာ.. "

ခံတွင်း၌ ချိုအီပြီး အရသာ အရမ်းကောင်းလှသည်မို့ အံ့အားသင့် သွားသည်။ ဆက်စားချင်စိတ် ဖြစ်မိသော်လည်း မျက်နှာကို ချက်ချင်းပြင်ပြီး..

" ဟာ.. ခါးလိုက်တာ ထွီ.. ထွမ် " ဆိုပြီး စားချင်စိတ်ကို မြိုသိပ်ပြီး ထွေးထုတ် ပစ်လိုက်သည်။ ဘေးနားကကြည့်နေသော ဝန်မင်းအဖွဲ့က..

" ဟဲ့.. မောင်မင်း၊ အရသာ ဘယ်လိုရှိတုံး "

" ထွီ.. ခါးလိုက်တာ ဝန်မင်း ။ စားကြည့်ပါအုံး ၊ အောင်မလေး.. ကျွန်တော်၊ ကျွန်တော် သေတော့မလား မသိဘူး၊ အောင်မလေး.. "

ထိုစကား ကြားသောအခါ ဝန်ကြီးများက..

" ဟေ့.. ဟေ့.. အဲ့ဒါ အဆိပ်ပင် ဟေ့။ အနား မကပ်ကြနဲ့။ သေတတ်တယ်။ အဲဒီ အပင်ကို အခုချက်ချင်း အမြန် ခုတ်စမ်း၊ နုတ်လဲှ လိုက်ကြစမ်း "

သိပ်မကြာပါဘူး။ ဘာကိုမှ ကိုယ်တိုင် မစူးစမ်းဘဲ သူများခါးတယ် ဆိုတိုင်း လိုက်ခါးသော အပေါင်းအပါများ လွန်စွာအရသာ ရှိသော သစ်ပင်ကို ခုတ်လှဲ လိုက်ကြသည်။ ထို့အပြင် နောက်တစ်နေ့ သတင်းထုတ်ပြန်ရာတွင်..

" ဤထူးဆန်းသောအပင်မှာ အဆိပ်ပင်ဖြစ်နေ၍ ပြည်သူအပေါင်း ဘေးမခရလေအောင် အသေအချာ စမ်းသပ်ပြီး ခုတ်ထွင်လိုက်ပြီ ဖြစ်ကြောင်း၊ ဤသည်ကား ဘုရင်နှင့် ဝန်ကြီးများ၏ စေတနာပင် ဖြစ်ကြောင်း.."

ဘာကိုမှ အမှန်တကယ် ကိုယ်တိုင်ကိုယ်ကျ စူးစမ်း လေ့လာခြင်း မရှိသော တိုင်းပြည်တွင် ချိုသောအပင်ဟူ၍ မရှိနိုင်ချေ။

crd

for zawgyi

ထူးဆန္းေသာ သစ္ပင္ပုံျပင္

ေရွးအခါတုန္းက တိုင္းျပည္ တစ္ခုမွာ ထူးဆန္းေသာ သစ္ပင္တစ္ပင္ ေပါက္ေနေလသည္ ။ အဲ့ဒီအပင္ဟာ ထူးဆန္းပီးလွပပီး ေမႊးႀကိဳင္တဲ့ အသီးမ်ားလည္း သီးေနေလသည္။ အဲ့အသီးရဲ႕ ရန့ံမွာလည္း တိုင္းျပည္တစ္ခုလုံးကို ပ်ံ့ႏွံ့လ်က္ ရိွသည္။

တိုင္းျပည္ရွိ ျပည္သူအမ်ားကလည္း ထိုအသီး၏ အရသာကို ျမည္းစမ္း ၾကည့္ခ်င္ ေနၾကသည္။ ဒါေပမယ့္ ထုံးစံအတိုင္း ဤအေလ့က် ေပါက္ေရာက္ေနေသာ သစ္ပင္သည္ အမ်ားပိုင္ ျဖစ္ေသာ္လည္း ျပည္သူပိုင္ အသိမ္းခံ ရေလသည္။ ျပည္သူပိုင္ သိမ္းေသာအခါ ဘုရင္ႏွင့္ အေပါင္းအပါပိုင္ ျဖစ္သြားသည္ေပါ့ ။ ထို႔ေၾကာင့္ ျပည္သူပိုင္ အသုံးျပဳရန္ဆိုပီး ညအခ်ိန္မေတာ္ သစ္ပင္ကို အျမစ္မွ တူးယူ၍ နန္းေတာ္ဝင္းထဲ သယ္ယူ သြားၾကသည္။

နန္းေတာ္ထဲ ေရာက္တဲ့အခါ ျပႆနာ တက္ေနၾကသည္။ ထူးဆန္းေသာအပင္မွ ပုံစံမမွန္ဘဲ ေပါက္ေနေသာ အသီးတို႔ကို မည္သူမွ မစားၾကည့္ရဲၾက။ တခ်ိဳ႕ကလည္း အနံ႔က ေမႊးႀကိဳင္လြန္း ေန၍ ျမည္းစမ္းခ်င္ေသာ္လည္း ေသေစႏိုင္ေသာ အဆိပ္သီးလည္း ျဖစ္ေနႏိုင္၍ မည္သူကမွ မျမည္းၾကည့္ရဲ။ ဘုရင္ႀကီးက ေျပာရာမွာ..

" ဒီအပင္က အသီးရဲ႕ ရနံ႔ကေတာ့ စားခ်င္စရာေပပဲ ။ ဒါေပမဲ့ အရသာက ဘယ္လို ေနမလဲ မသိဘူး "

" ဘုန္းေတာ္ေၾကာင့္.. အရွင္မင္းႀကီး အရင္ဦးဆုံး ျမည္းၾကည့္သင့္ပါတယ္ ဘုရာ့ " ဝန္ႀကီးမ်ားက ေျမႇာက္ေပးေလသည္။ ဘုရင္လည္း နပ္သည္။

" ဟန္.. ေခြးေကာင္ေတြ.. ဒါမ်ိဳးက်ေတာ့ တတ္တယ္။ မင္းတို႔ အရင္ ျမည္းၾကည့္ပါလား " ဆိုေတာ့ ဝန္ႀကီးမ်ားကလည္း လည္သည္။

" အဟီး.. ဘုန္းေတာ္ႀကီးေသာ ဘုရင္ႀကီး ကိုယ္တိုင္ မျမည္းရေသးဘဲ ကြၽန္ေတာ္မ်ိဳးတို႔ မျမည္းဝံ့ပါ ဘုရား။ ေတာ္ၾကာ ဘုန္းေတာ္ေၾကာင့္ မိုးႀကိဳး ပစ္ေနမွျဖင့္ "

" ဒါဆို ဘယ္သူ႔ကို ျမည္းခိုင္းရမွာ လဲ "

တကယ္တမ္း စမ္းသပ္ခံရမည္ ဆိုေတာ့ မည္သူကမွ တာဝန္ မယူရဲၾက။ အားလုံး ေခါင္းခါ၊ ေခါင္းေရွာင္ၿပီး မသိခ်င္ေယာင္သာ ေဆာင္ေနၾကသည္။

" ကဲ..ဒါျဖင့္ ဘယ္လိုလုပ္ၾကမလဲ " အားလုံး ေခါင္းခ်င္း ဆိုင္ကုန္၏။ အတန္ၾကာ ေဆြးေႏြးၾကသည္။

" ဒီလိုလုပ္ၾကရေအာင္ ။ ျပည္သူေတြ ထဲကတစ္ေယာက္ကို အရင္စမ္းသပ္ ခိုင္းလိုက္မယ္၊ မေကာင္းဘူးလား "

ထိုသူ႔စကားကို တျခား ဝန္ႀကီးမ်ားက..

" အရသာေကာင္းေနတဲ့ အသီးကို ျပည္သူက အရင္စားဖူးတယ္ဆိုရင္ တို႔ဝန္ႀကီးေတြ သိကၡာက်မွာေပါ့ ဝန္မင္းကလည္း "

" အဲ့ဒီအသီးစားၿပီး ေသေတာ့ေရာ "

" ဒါကေတာ့.. သူ႔ထိုက္ သူ႔ကံနဲ႔ ေသတာ ေသပါေစေပါ့.. ဝန္မင္းကလည္း "

မေတာ္တဆ အသီးေကာင္း ျဖစ္ခဲ့ရင္လည္း သူတို႔က အရင္စားခ်င္၊ ေသမယ္ ဆိုျပန္ေတာ့ ျပည္သူကို ေသေစခ်င္။ ဘယ္လိုေဝခြဲ ရမွန္းပင္မသိ။ အတန္ၾကာမွ ဘုရင္က အေတြးေပါက္ၿပီး..

" ကဲ.. ဒီလိုလုပ္။ ခုနက အႀကံအတိုင္း ျပည္သူကို အရင္ျမည္းခိုင္းမယ္ "

" အရသာ ေကာင္းေနရင္ေကာ ဘုရား "

" ခါတိုင္းလိုပဲ အဲဒီေကာင္ကို ေရွာ့ခ္လိုက္ၿပီး ဘယ္သူမွ မစားဖူးသလို လုပ္႐ုံေပါ့ "

" ဒါဆို ေသရင္ေရာ"

" ေသရင္ေတာ့ ေစတနာနဲ႔ လက္ေဆာင္ျပန္ေပးတာ ေပါ့ကြာ၊ ဟုတ္ဘူးလား "

" ေဟး.. "

ဝန္ႀကီးမ်ား ဝမ္းသာသြားၾက သည္။ ဟုတ္တယ္။ ျပည္သူပိုင္ ဆိုတာ ေကာင္းေနရင္ ဘုရင့္ဘ႑ာ၊ ဆိုးေနရင္ ပုဂၢလိကပိုင္၊ သုံးစားမရရင္ေတာ့ ျပည္သူေတြ တကယ္ပိုင္ေပါ့။ ဟုတ္ဘူးလား။

ဤသို႔ျဖင့္ ျပည္သူပိုင္ သစ္သီးကို ပထမဆုံး စားသုံးရန္ ျပည္သူ တစ္ဦးကို ေခၚလာၾက ေလသည္။ ကံဆိုးသူေမာင္ရွင္ကား ေရာက္ၿပီ။

" ကိုင္း.. ေမာင္မင္း ဒီအသီးကို အရင္ဆုံး ျမည္းစမ္းၾကည့္စမ္း "

" ကြၽန္ေတာ္ ေသသြားခဲ့ရင္.. "

" ကံေပါ့ ေမာင္မင္း "

" ေလ်ာ္ေၾကး မရဘူးလား "

" ထုံးစံ မရွိဘူး ေမာင္မင္း။ ဒါမ်ိဳး မေျပာနဲ႔၊ ဓာတ္လိုက္ ေသေတာင္ မရဘူး "

ဘယ္လိုျဖစ္ျဖစ္ နိဗၺာန္မဂ္ဖိုကို ရက္တိုတိုႏွင့္ ေရာက္မည့္ အေရးေၾကာင့္ စားမည့္သူမွာ တုန္လႈပ္ေန ရေလသည္။

" ကဲ.. သုံးေဆာင္လို႔ ရၿပီ ေမာင္မင္း "

သာမန္လူမွာ တုန္လႈပ္ေနပီး ဘယ္လိုျဖစ္ျဖစ္ အေျခအေန မေကာင္းမွန္းလည္း သိသည္။ သို႔ေသာ္ မတတ္သာေသာ အေျခအေနမို႔ အသီးတစ္လုံးကို ျဖဳတ္စား လိုက္သည္။

" ဟာ.. "

ခံတြင္း၌ ခ်ိဳအီၿပီး အရသာ အရမ္းေကာင္းလွသည္မို႔ အံ့အားသင့္ သြားသည္။ ဆက္စားခ်င္စိတ္ ျဖစ္မိေသာ္လည္း မ်က္ႏွာကို ခ်က္ခ်င္းျပင္ၿပီး..

" ဟာ.. ခါးလိုက္တာ ထြီ.. ထြမ္ " ဆိုၿပီး စားခ်င္စိတ္ကို ၿမိဳသိပ္ၿပီး ေထြးထုတ္ ပစ္လိုက္သည္။ ေဘးနားကၾကည့္ေနေသာ ဝန္မင္းအဖြဲ႕က..

" ဟဲ့.. ေမာင္မင္း၊ အရသာ ဘယ္လိုရိွတုံး "

" ထြီ.. ခါးလိုက္တာ ဝန္မင္း ။ စားၾကည့္ပါအုံး ၊ ေအာင္မေလး.. ကြၽန္ေတာ္၊ ကြၽန္ေတာ္ ေသေတာ့မလား မသိဘူး၊ ေအာင္မေလး.. "

ထိုစကား ၾကားေသာအခါ ဝန္ႀကီးမ်ားက..

" ေဟ့.. ေဟ့.. အဲ့ဒါ အဆိပ္ပင္ ေဟ့။ အနား မကပ္ၾကနဲ႔။ ေသတတ္တယ္။ အဲဒီ အပင္ကို အခုခ်က္ခ်င္း အျမန္ ခုတ္စမ္း၊ ႏုတ္လဲွ လိုက္ၾကစမ္း "

သိပ္မၾကာပါဘူး။ ဘာကိုမွ ကိုယ္တိုင္ မစူးစမ္းဘဲ သူမ်ားခါးတယ္ ဆိုတိုင္း လိုက္ခါးေသာ အေပါင္းအပါမ်ား လြန္စြာအရသာ ရွိေသာ သစ္ပင္ကို ခုတ္လွဲ လိုက္ၾကသည္။ ထို႔အျပင္ ေနာက္တစ္ေန႔ သတင္းထုတ္ျပန္ရာတြင္..

" ဤထူးဆန္းေသာအပင္မွာ အဆိပ္ပင္ျဖစ္ေန၍ ျပည္သူအေပါင္း ေဘးမခရေလေအာင္ အေသအခ်ာ စမ္းသပ္ၿပီး ခုတ္ထြင္လိုက္ၿပီ ျဖစ္ေၾကာင္း၊ ဤသည္ကား ဘုရင္ႏွင့္ ဝန္ႀကီးမ်ား၏ ေစတနာပင္ ျဖစ္ေၾကာင္း.."

ဘာကိုမွ အမွန္တကယ္ ကိုယ္တိုင္ကိုယ္က် စူးစမ္း ေလ့လာျခင္း မရွိေသာ တိုင္းျပည္တြင္ ခ်ိဳေသာအပင္ဟူ၍ မရွိႏိုင္ေခ်။

crd

Post a Comment

0 Comments