လူဖြစ်ပေါ်လာပုံ

ဟိုး.. ရှေးရှေးတုန်း ကပေါ့ ။ ဖန်ဆင်းရှင်ကြီး တစ်ဦးဟာ တစ်နေ့မှာ နွားတစ်ကောင်ကို ဖန်ဆင်းလိုက် သတဲ့ ။ ပြီးတော့ နွားကို ပြောတယ်..

" မင်းက လယ်ထဲမှာ လယ်သမားတွေ အတွက် တစ်နေကုန် လယ်ထွန် ပေးရမယ်..။ မြက်ပဲ စားရမယ်..။ မင်းကို သက်တမ်း နှစ် ၅၀ ပေးမယ် "

အဲ့ဒါကို နွားက ကန့်ကွက်တယ် ။

" ကျွန်တော် ဒီလောက် ပင်ပင်ပန်းပန်း လုပ်ရပီးမှ၊ မြက်ပဲ စားရမယ် ဆိုတော့ သက်တမ် နှစ် ၅၀ မယူချင်ဘူး ။ နှစ် ၂၀ ပဲ ယူမယ် "

ဖန်ဆင်းရှင်က သဘောတူ လိုက်တယ်။ နောက်တစ်ရက်မှာတော့ မျောက်တစ်ကောင် ထပ်မံ ဖန်ဆင်း ပြန်သတဲ့။ ပြီးတော့ ပြောတယ်..

" မင်းက လူတွေကို ပျော်တော်ဆက် ရမယ်၊ သူတို့ ရယ်မောအောင် မင်း လုပ်ပေးရမယ် ။ ကျွမ်းထိုးပြ ရမယ် ။ ငှက်ပျောသီး စားရမယ်၊ သက်တမ်း နှစ် ၂၀ ပေးမယ် "

မျောက်ကလည်း ကန့်ကွက် ပြန်တယ် ။

" ပျော်တော်ဆက် ရမယ်၊ ကျွမ်းလည်း ထိုးပြ ရမယ်၊ ငှက်ပျောသီးပဲ စားရမယ် ဆိုတော့ ပင်ပန်းလွန်း ပါတယ်။ သက်တမ်း ၁၀ နှစ် ဆို ရပါပြီ "

ဖန်ဆင်းရှင်က သဘော တူလိုက် ပြန်တယ်..။ တတိယရက်မှာ ခွေးတစ်ယောက် ဖန်ဆင်းပြန်သတဲ့။ ပြီးတော့ ပြောတယ်..

"မင်းက အိမ်ပေါက်ဝမှာ ဟောင်ပေး ရမယ်၊ အိမ်ရှင်တွေ ပိုတဲ့ စားကြွင်း စားကျန်တွေကို စားရမယ် ။ မင်းကို ၂၅ နှစ် သက်တမ်း ပေးမယ် "

ခွေးကလည်း ကန့်ကွက်သတဲ့ ။

" တစ်နေကုန် အိမ်ရှေ့ပေါက်မှာ ထိုင်ဟောင် ပေးရမယ် ၊ ဟုတ်လား၊ ၁၅ နှစ်ဆိုရင် လုံလောက် ပါပြီဗျာ၊ ပိုတာ ပြန်သိမ်းထား လိုက်ပါ.."

ဖန်ဆင်းရှင်က သဘောတူလိုက် ပြန်တယ်။ စတုတ္ထရက် အရောက်မှာ လူတစ်ယောက်ကို ဖန်ဆင်း လိုက်သတဲ့..။ ပြီးတော့ ပြောတယ် ။

" မင်းကတော့ တစ်နေကုန် ဘာအလုပ်မှ လုပ်စရာ မလိုဘဲ ၊ အိပ်လိုက် စားလိုက်၊ ပျော်လိုက် ပါးလိုက်နဲ့ ဘဝကို အရသာခံ နေရုံပဲ၊ မင်းကို သက်တမ်း နှစ် ၂၀ ပေးမယ် "

လူက ထကန့်ကွက် တယ်။

" ဒီလောက် ကောင်းတဲ့ ဘဝမှာ နေရတာ နှစ် ၂၀ ဆိုတာ တိုလွန်းပါတယ် "

ဖန်ဆင်းရှင် နှုတ်ဆိတ် နေတယ်..။ လူက ဖန်ဆင်းရှင် ကို ပြောတယ်...

" ဒီလို လုပ်ပေးပါလား..၊ နွားဆီက အနှစ် ၃၀ ရယ် ၊ မျောက်ဆီက ၁၀ နှစ်၊ ခွေးက ၁၀ နှစ် ပြန်ပေးသွားတယ်။ အဲနှစ်တွေ အကုန်လုံး ကျွန်တော့ကို ပေးလိုက်လို့ ရမလား။ အာ့ဆိုရင် ကျွန်တော် နှစ် ၇၀ လောက် နေလို့ ရသွားပြီ "

ဖန်ဆင်းရှင်ကလည်း သဘောတူ လိုက်တယ် ။ အဲဒါတွေဟာ ဘာကြောင့်.. ကျွန်တော်တို့ ဘဝအစရဲ့ နှစ် ၂၀ မှာ စားလိုက် သောက်လိုက်၊ ပျော်လိုက် ပါးလိုက်နဲ့ နေရပြီး။ နောက် နှစ် ၃၀ လုံးလုံး နွားလို ရုန်းကန်ပြီး မိသားစုကို လုပ်ကျွေးရ။

နောက်ထပ် ၁၀ နှစ်မှာ ပင်စင်ယူသွား ပြီးနောက် မျောက်လိုမျိုး မြေးတွေကို ရယ်မောအောင် ပျော်တော်ဆက် ထိန်းကျောင်းရ၊။ နောက်ထပ် ၁၀ နှစ်မှာ တစ်နေကုန် အိမ်မှာပဲ နေပြီး အိမ်စောင့်နေရလဲ ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေ ပါပဲ ။

crd

for zawgyi

လူျဖစ္ေပၚလာပုံ

ဟိုး.. ေရွးေရွးတုန္း ကေပါ့ ။ ဖန္ဆင္းရွင္ႀကီး တစ္ဦးဟာ တစ္ေန႔မွာ ႏြားတစ္ေကာင္ကို ဖန္ဆင္းလိုက္ သတဲ့ ။ ၿပီးေတာ့ ႏြားကို ေျပာတယ္..

" မင္းက လယ္ထဲမွာ လယ္သမားေတြ အတြက္ တစ္ေနကုန္ လယ္ထြန္ ေပးရမယ္..။ ျမက္ပဲ စားရမယ္..။ မင္းကို သက္တမ္း ႏွစ္ ၅၀ ေပးမယ္ "

အဲ့ဒါကို ႏြားက ကန႔္ကြက္တယ္ ။

" ကြၽန္ေတာ္ ဒီေလာက္ ပင္ပင္ပန္းပန္း လုပ္ရပီးမွ၊ ျမက္ပဲ စားရမယ္ ဆိုေတာ့ သက္တမ္ ႏွစ္ ၅၀ မယူခ်င္ဘူး ။ ႏွစ္ ၂၀ ပဲ ယူမယ္ "

ဖန္ဆင္းရွင္က သေဘာတူ လိုက္တယ္။ ေနာက္တစ္ရက္မွာေတာ့ ေမ်ာက္တစ္ေကာင္ ထပ္မံ ဖန္ဆင္း ျပန္သတဲ့။ ၿပီးေတာ့ ေျပာတယ္..

" မင္းက လူေတြကို ေပ်ာ္ေတာ္ဆက္ ရမယ္၊ သူတို႔ ရယ္ေမာေအာင္ မင္း လုပ္ေပးရမယ္ ။ ကြၽမ္းထိုးျပ ရမယ္ ။ ငွက္ေပ်ာသီး စားရမယ္၊ သက္တမ္း ႏွစ္ ၂၀ ေပးမယ္ "

ေမ်ာက္ကလည္း ကန႔္ကြက္ ျပန္တယ္ ။

" ေပ်ာ္ေတာ္ဆက္ ရမယ္၊ ကြၽမ္းလည္း ထိုးျပ ရမယ္၊ ငွက္ေပ်ာသီးပဲ စားရမယ္ ဆိုေတာ့ ပင္ပန္းလြန္း ပါတယ္။ သက္တမ္း ၁၀ ႏွစ္ ဆို ရပါၿပီ "

ဖန္ဆင္းရွင္က သေဘာ တူလိုက္ ျပန္တယ္..။ တတိယရက္မွာ ေခြးတစ္ေယာက္ ဖန္ဆင္းျပန္သတဲ့။ ၿပီးေတာ့ ေျပာတယ္..

"မင္းက အိမ္ေပါက္ဝမွာ ေဟာင္ေပး ရမယ္၊ အိမ္ရွင္ေတြ ပိုတဲ့ စားႂကြင္း စားက်န္ေတြကို စားရမယ္ ။ မင္းကို ၂၅ ႏွစ္ သက္တမ္း ေပးမယ္ "

ေခြးကလည္း ကန႔္ကြက္သတဲ့ ။

" တစ္ေနကုန္ အိမ္ေရွ႕ေပါက္မွာ ထိုင္ေဟာင္ ေပးရမယ္ ၊ ဟုတ္လား၊ ၁၅ ႏွစ္ဆိုရင္ လုံေလာက္ ပါၿပီဗ်ာ၊ ပိုတာ ျပန္သိမ္းထား လိုက္ပါ.."

ဖန္ဆင္းရွင္က သေဘာတူလိုက္ ျပန္တယ္။ စတုတၳရက္ အေရာက္မွာ လူတစ္ေယာက္ကို ဖန္ဆင္း လိုက္သတဲ့..။ ၿပီးေတာ့ ေျပာတယ္ ။

" မင္းကေတာ့ တစ္ေနကုန္ ဘာအလုပ္မွ လုပ္စရာ မလိုဘဲ ၊ အိပ္လိုက္ စားလိုက္၊ ေပ်ာ္လိုက္ ပါးလိုက္နဲ႔ ဘဝကို အရသာခံ ေန႐ုံပဲ၊ မင္းကို သက္တမ္း ႏွစ္ ၂၀ ေပးမယ္ "

လူက ထကန႔္ကြက္ တယ္။

" ဒီေလာက္ ေကာင္းတဲ့ ဘ၀မွာ ေနရတာ ႏွစ္ ၂၀ ဆိုတာ တိုလြန္းပါတယ္ "

ဖန္ဆင္းရွင္ ႏႈတ္ဆိတ္ ေနတယ္..။ လူက ဖန္ဆင္းရွင္ ကို ေျပာတယ္...

" ဒီလို လုပ္ေပးပါလား..၊ ႏြားဆီက အႏွစ္ ၃၀ ရယ္ ၊ ေမ်ာက္ဆီက ၁၀ ႏွစ္၊ ေခြးက ၁၀ ႏွစ္ ျပန္ေပးသြားတယ္။ အဲႏွစ္ေတြ အကုန္လုံး ကြၽန္ေတာ့ကို ေပးလိုက္လို႔ ရမလား။ အာ့ဆိုရင္ ကြၽန္ေတာ္ ႏွစ္ ၇၀ ေလာက္ ေနလို႔ ရသြားၿပီ "

ဖန္ဆင္းရွင္ကလည္း သေဘာတူ လိုက္တယ္ ။ အဲဒါေတြဟာ ဘာေၾကာင့္.. ကြၽန္ေတာ္တို႔ ဘ၀အစရဲ႕ ႏွစ္ ၂၀ မွာ စားလိုက္ ေသာက္လိုက္၊ ေပ်ာ္လိုက္ ပါးလိုက္နဲ႔ ေနရၿပီး။ ေနာက္ ႏွစ္ ၃၀ လုံးလုံး ႏြားလို ႐ုန္းကန္ၿပီး မိသားစုကို လုပ္ေကြၽးရ။

ေနာက္ထပ္ ၁၀ ႏွစ္မွာ ပင္စင္ယူသြား ၿပီးေနာက္ ေမ်ာက္လိုမ်ိဳး ေျမးေတြကို ရယ္ေမာေအာင္ ေပ်ာ္ေတာ္ဆက္ ထိန္းေက်ာင္းရ၊။ ေနာက္ထပ္ ၁၀ ႏွစ္မွာ တစ္ေနကုန္ အိမ္မွာပဲ ေနၿပီး အိမ္ေစာင့္ေနရလဲ ဆိုတဲ့ ေမးခြန္းေတြရဲ႕ အေျဖ ပါပဲ ။

crd

Post a Comment

0 Comments