ကွယ်လွန်သွားတဲ့ အမေရဲ့ကိုယ်စား အမေ့ပုံစံတူအရုပ်နဲ့ ဘွဲ့ယူခဲ့တဲ့ အမျိုးသား

ဖိလစ်ပိုင်လူမျိုး Paulo John က ဘွဲ့ယူတဲ့နေ့က ဓာတ်ပုံလေးတွေကို Twitter မှာ တင်လိုက်တဲ့အခါ retweet 4600 ရရှိခဲ့ ပါတယ်။ Paulo က ဘွဲ့ဝတ်စုံကို ဝတ်ထားပြီး ဘေးမှာက သူ့အမေ ကိုယ်စား ပုံစံတူ စက္ကူရုပ်ကြီးနဲ့ အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

" ဘုရားသခင်ရဲ့ ကျေးဇူးနဲ့ မေမေ့သား အကြီးဆုံးဘွဲ့ယူနိုင်ခဲ့တာ မေမေ ပျော်မယ်လို့ မျှော်လင့်ပါတယ်။ မေမေ့ဆန္ဒ အတိုင်း သားဘွဲ့ရသွား ပါပြီ။ မေမေ့ကို အများကြီး ချစ်တယ် " လို့လည်း ရေးထားပါတယ်။ Twitter သုံးသူတွေက Paulo ရဲ့ အမေ့ကျေးဇူး သိတတ်ပုံကို ချီးကျူးနေကြ ပါတယ်။

Paulo က စီးပွားရေး စီမံဘွဲ့ကို ရရှိခဲ့ပါတယ်။ ဘွဲ့ယူတဲ့နေ့မှာ အမေကို ဘေးမှာ ရှိစေချင် တာက သူ့ရဲ့ အိပ်မက်ပါပဲ။ ဒါပေမယ့် Paulo ရဲ့အမေက 2016 ခုနှစ်က နမိုးနီးယား ရောဂါကြောင့် ကွယ်လွန်သွားခဲ့ ပါတယ်။

ကောလိပ်ကနေ ဘွဲ့ရဖို့ဆိုတာ သူတို့ မိသားစုရဲ့ အိပ်မက်ဖြစ်ကြောင်း၊ အမေ ကွယ်လွန်သွားခဲ့ပေမယ့် အမေ့ပုံစံတူ အရုပ် ရှိနေခြင်းက အနည်းဆုံးတော့ အမေ ရှိနေသလို ခံစားရကြောင်း Paulo က ပြောပြ ပါတယ်။

Paulo က အလွန် တိကျ သေချာသူဖြစ်ပြီး အမေရဲ့ ပုံစံတူ အရုပ်ကို စက္ကူရုပ်တွေ ပြုလုပ်တဲ့ company ကနေ မှာယူခဲ့ ပါတယ်။ သူ့အမေရဲ့ အရပ်အတိုင်း အတာဖြစ်တဲ့ 5 ပေ 2 လက်မ (157cm) ရှိအောင် မှာယူခဲ့ ပါတယ်။ အမေရဲ့ကျေးဇူးကို ချီးကျုးဂုဏ်ပြုဖို့ အတွက် အမေရဲ့ ပုံစံတူအရုပ်ကြီးကို ဘွဲ့နှင်းသဘင်ကို ယူသွားခဲ့ပါတယ်။

" အမေက နှစ်အနည်းငယ် ကြာအောင် မိသားစုအတွက် တစ်ယောက်တည်း ရုန်းကန်ခဲ့ပါတယ်။ အမေက ကျွန်တော့်ကို ကိုယ်ပိုင်ကျောင်းတွေကို ပို့ပေးခဲ့ပါတယ်။ အမေနဲ့ ကျွန်တော်က သိပ်ရင်းနှီးပါတယ်။ ကျွန်တော့်ကို ကောလိပ်ပို့ဖို့ အတွက် ကျွန်တော့် ပထွေးကိုတောင် မတောင်းဆိုခဲ့ ပါဘူး။

ငွေတွေ အားလုံးကို အမေတစ်ယောက်တည်း ရှာခဲ့ပြီး အဒေါ်တွေကလည်း ကူညီပေးခဲ့ ပါတယ်။ ဘွဲ့ယူ အခမ်းအနားကို အမေ့ပုံစံတူ အရုပ်ကြီး ယူသွားတဲ့ အခါ ဘေးမှာ အမေရှိနေသလို ခံစားရတဲ့အတွက် အလွန်ဝမ်းသာတယ်" လို့ Paulo က ပြောပြပါတယ်။

Zombie (Lovemedia)

for zawgyi

ကြယ္လြန္သြားတဲ့ အေမရဲ႕ကိုယ္စား အေမ့ပုံစံတူအ႐ုပ္နဲ႔ ဘြဲ႕ယူခဲ့တဲ့ အမ်ိဳးသား

ဖိလစ္ပိုင္လူမ်ိဳး Paulo John က ဘြဲ႕ယူတဲ့ေန႔က ဓာတ္ပုံေလးေတြကို Twitter မွာ တင္လိုက္တဲ့အခါ retweet 4600 ရရွိခဲ့ ပါတယ္။ Paulo က ဘြဲ႕ဝတ္စုံကို ဝတ္ထားၿပီး ေဘးမွာက သူ႔အေမ ကိုယ္စား ပုံစံတူ စကၠဴ႐ုပ္ႀကီးနဲ႔ အတူ တြဲ႐ိုက္ထားတဲ့ ဓာတ္ပုံျဖစ္ပါတယ္။

" ဘုရားသခင္ရဲ႕ ေက်းဇူးနဲ႔ ေမေမ့သား အႀကီးဆုံးဘြဲ႕ယူႏိုင္ခဲ့တာ ေမေမ ေပ်ာ္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ေမေမ့ဆႏၵ အတိုင္း သားဘြဲ႕ရသြား ပါၿပီ။ ေမေမ့ကို အမ်ားႀကီး ခ်စ္တယ္ " လို႔လည္း ေရးထားပါတယ္။ Twitter သုံးသူေတြက Paulo ရဲ႕ အေမ့ေက်းဇူး သိတတ္ပုံကို ခ်ီးက်ဴးေနၾက ပါတယ္။

Paulo က စီးပြားေရး စီမံဘြဲ႕ကို ရရွိခဲ့ပါတယ္။ ဘြဲ႕ယူတဲ့ေန႔မွာ အေမကို ေဘးမွာ ရွိေစခ်င္ တာက သူ႔ရဲ႕ အိပ္မက္ပါပဲ။ ဒါေပမယ့္ Paulo ရဲ႕အေမက 2016 ခုႏွစ္က နမိုးနီးယား ေရာဂါေၾကာင့္ ကြယ္လြန္သြားခဲ့ ပါတယ္။

ေကာလိပ္ကေန ဘြဲ႕ရဖို႔ဆိုတာ သူတို႔ မိသားစုရဲ႕ အိပ္မက္ျဖစ္ေၾကာင္း၊ အေမ ကြယ္လြန္သြားခဲ့ေပမယ့္ အေမ့ပုံစံတူ အ႐ုပ္ ရွိေနျခင္းက အနည္းဆုံးေတာ့ အေမ ရွိေနသလို ခံစားရေၾကာင္း Paulo က ေျပာျပ ပါတယ္။

Paulo က အလြန္ တိက် ေသခ်ာသူျဖစ္ၿပီး အေမရဲ႕ ပုံစံတူ အ႐ုပ္ကို စကၠဴ႐ုပ္ေတြ ျပဳလုပ္တဲ့ company ကေန မွာယူခဲ့ ပါတယ္။ သူ႔အေမရဲ႕ အရပ္အတိုင္း အတာျဖစ္တဲ့ 5 ေပ 2 လက္မ (157cm) ရွိေအာင္ မွာယူခဲ့ ပါတယ္။ အေမရဲ႕ေက်းဇူးကို ခ်ီးက်ဳးဂုဏ္ျပဳဖို႔ အတြက္ အေမရဲ႕ ပုံစံတူအ႐ုပ္ႀကီးကို ဘြဲ႕ႏွင္းသဘင္ကို ယူသြားခဲ့ပါတယ္။

" အေမက ႏွစ္အနည္းငယ္ ၾကာေအာင္ မိသားစုအတြက္ တစ္ေယာက္တည္း ႐ုန္းကန္ခဲ့ပါတယ္။ အေမက ကြၽန္ေတာ့္ကို ကိုယ္ပိုင္ေက်ာင္းေတြကို ပို႔ေပးခဲ့ပါတယ္။ အေမနဲ႔ ကြၽန္ေတာ္က သိပ္ရင္းႏွီးပါတယ္။ ကြၽန္ေတာ့္ကို ေကာလိပ္ပို႔ဖို႔ အတြက္ ကြၽန္ေတာ့္ ပေထြးကိုေတာင္ မေတာင္းဆိုခဲ့ ပါဘူး။

ေငြေတြ အားလုံးကို အေမတစ္ေယာက္တည္း ရွာခဲ့ၿပီး အေဒၚေတြကလည္း ကူညီေပးခဲ့ ပါတယ္။ ဘြဲ႕ယူ အခမ္းအနားကို အေမ့ပုံစံတူ အ႐ုပ္ႀကီး ယူသြားတဲ့ အခါ ေဘးမွာ အေမရွိေနသလို ခံစားရတဲ့အတြက္ အလြန္ဝမ္းသာတယ္" လို႔ Paulo က ေျပာျပပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments