ကိုယ့်ချစ်သူ မိန်းကလေးနဲ့ အပြင်သွားတဲ့အခါ လိုက်ဖက်ညီစေဖို့ ဒီ (၄) ချက်ကို လိုက်နာပါ
ကိုယ့်ချစ်သူ ကောင်မလေးနဲ့ အပြင်ကိုသွားတဲ့ အခါ ဖြစ်ဖြစ် ၊ Shopping ထွက်တဲ့ အခါမှာပဲ ဖြစ်ဖြစ် ချစ်သူနှစ်ဦး လိုက်ဖက်ညီဖို့ လိုအပ်ပါတယ် ။ ဒါဆိုရင် သာမန် ချစ်သူ ဆိုတာထက် ပိုပြီးတော့ လူအများက စိတ်ဝင်စား ကြပါတယ် ။ ဒါ့ပြင် သင်တို့ အချစ်ခရီးလမ်း အတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ် ။
အဲ့ဒါ့ကြောင့် ကိုယ်ချစ်သူ ကောင်မလေးနဲ့အတူ အပြင်သွားတဲ့အခါ ဖက်ရှင်ကျပြီး ဘယ်လို လိုက်ဖက်ညီအောင် ဝတ်ဆင် နေထိုင်ရမလဲဆိုတာ ဖတ်ရှုကြည့်ပါ ။
၁။ အရောင်လေးတွေ တူတာလေးတွေ ဝတ်ပါ
သူမနဲ့ လိုက်ဖက်ညီတဲ့ အရောင်လေးတွေကို shopping ထွက်တိုင်း ရှာဝယ်ဖို့ မမေ့ပါနဲ့ ။ အမှတ်တရ လက်ဆောင်ပေးတဲ့ အခါမှာလည်း အရောင် တူတာလေးတွေ ရွေးချယ်ပြီး ပေးသင့်ပါတယ် ။ ဒါကို အပေါ်ယံ အလုပ်လို့ ထင်ကောင်း ထင်နိုင်ပေမယ့် သူမရဲ့ စိတ်ထဲမှာတော့ သင့်ကို အစွဲလန်းကြီး စွဲလန်းသွားစေ မှာပါ ။
၂။ သူမကို ချီးကျုးစကားဆိုဖို့ မမေ့ပါနဲ့
ဒီနေ့ အရမ်း လှတယ်နော် ၊ ကိုယ်ထင်တာထက် ပိုလှတယ် ၊ တနေ့ထက် တနေ့ ပိုပိုလှ လာတယ် ၊ ကိုယ်တို့နှစ်ယောက်က သူမတူအောင် လိုက်ဖက် ညီတယ် သိလား ၊ အခြားသူတွေ ငေးတော့မှာပဲ မနာလိုဘူး.. စသဖြင့် ချစ်သူ ကျေနပ်လောက်တဲ့ ချီးကျူးမှုကို ပြောဆိုတတ်ဖို့ လိုပါတယ် ။ သူမရဲ့ အလှအပ ချယ်သ ထားတယ်ဆိုတာ ဦးဆုံး ပထမ သင့်ဆီက လှတယ်လို့ ပြောဆိုမှုမျိုး လိုအပ်လို့ပါ ။ ဒါ့ကြောင့် သူမကို ချီးကျုးဖို့ကို မမေ့ပါနဲ့ ။
၃။ လက်ကို တွဲထားပါ
ကိုယ့်ချစ်သူနဲ့ အပြင်သွားရင် လက်တွဲထားတတ်တဲ့ အကျင့်ကို မွေးမြူပါ ။ ပိုမို ရင်းနှီးမှု ရရှိစေပါတယ် ။ ဒါ့အပြင် အများအမြင်မှာလည်း ကြည့်ရတာ လိုက်ဖက်မှု ရှိတယ် ။ အထူးသဖြင့်တော့ ကိုယ့်ချစ်သူ မိန်းခလေးအတွက် အကာအကွယ် များစွာ ဖြစ်ပါတယ် ။ လက်တွဲပြီး ကြွားကြွားဝင့်ဝင့် လမ်းလျှောက်ကြည့်ပါ ။ တနေ့ထက် တနေ့ ပိုပြီး ချစ်လာကြမှာပါ ။
၄။ ဘာကိုပဲလုပ်လုပ် အတူတူ လုပ်ပါ
အအေး သောက်မှာလား ၊ ရေခဲမုန့် စားမှာလား ၊ ကော်ဖီလား သောက်မလား.. နှစ်ယောက် အတူတူ လုပ်ပါ ။ သီးခြား ခွဲထွက်တာမျိုး မလုပ်ပါနဲ့ ။ ကော်ဖီ မကြိုက်လည်း ချစ်သူ ကျေနပ်အောင် သောက်ပြပါ ။ အရေးကြီးတာ သူမနဲ့ အရာအားလုံး ထပ်တူကျအောင် နေနိုင်တယ် ဆိုတဲ့ စိတ်ခံစားမှု ပေးနိုင်ဖို့ပါ ။
မေးစရာ မလိုအောင် သူ့အကြိုက် သိနေရင်တော့ သင့်အတွက် အမှတ်အပြည့်ပေါ့ ။ ဒီအချက်လေးတွေကို သတိထားပြီး ချစ်သူတွေ အပြင်သွားရင် ဖက်ရှင် ကျကျ၊ ဆွဲဆောင်မှု ရှိရှိ လျှောက်လှမ်းကြည့် ကြပါ ။ စကားလုံးတွေထက် အပြုအမူတွေက တခါတလေ ပို အရေးကြီးပါတယ် ။
LinMoeSet
for zawgyi
၃။ လက်ကို တွဲထားပါ
LinMoeSet
Post a Comment
0 Comments