ကြက်သွန်ကြိုက်လွန်းတဲ့ အမျိုးသားကို ဘွဲ့ယူတဲ့နေ့မှာ ချစ်သူက ကြက်သွန်ဖြူပန်းစည်းကြီး လက်ဆောင်ပေး

ဘွဲ့နှင်းသဘင် အခမ်းအနားတွေမှာ ဘွဲ့ယူမယ့် ချစ်ခင်ရသူကို ပန်းစည်းတွေ၊ အရုပ်တွေ ပေးလေ့ ရှိကြပါတယ်။ မလေးရှားနိုင်ငံက မိန်းကလေး တစ်ယောက်က သူမချစ်သူ ဘွဲ့ယူတဲ့ အခမ်းအနားမှာ ထူးခြားတဲ့ လက်ဆောင်ပေးခဲ့ပါတယ်။

အချက်အပြုတ်ဆိုင်ရာ စီမံဘွဲ့ကို Muhamad Adam Razali က Uitm ကနေ ရရှိခဲ့ပါတယ် ။ Adam ရဲ့ ချစ်သူ မိန်းကလေးက ကြက်သွန်ဖြူနဲ့ ပြုလုပ်ထားတဲ့ ပန်းစည်းကို ပေးခဲ့ပါတယ် ။ Adam က စိတ်ဝင်စားစရာ ကောင်းတဲ့ ကြက်သွန်ဖြူ ပန်းစည်းလေးကို ရတဲ့အချိန်မှာ သိပ်ကို အံ့ဩပျော်ရွှင်သွားတယ်လို့ ပြောပါတယ်။

Adam က သူ့ရဲ့ကောင်မလေးကို ဘွဲ့ယူတဲ့နေ့မှာ ပန်းတွေ၊ ချောကလက်တွေအစား ထူးခြားတဲ့ လက်ဆောင် တစ်ခု လိုချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုကြက်သွန်ဖြူပန်းစည်း ပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးလို့ ပြောပါတယ်။ Adam က ကြက်သွန်ကို အလွန်ကြိုက်လို့ သူ့ရဲ့ချစ်သူက ကြက်သွန်ဖြူပန်းစည်း ပေးတာဖြစ်ပါတယ်။ ကြက်သွန်ဖြူ ပန်းစည်းကြီးကို ကိုင်ထားတဲ့အချိန်မှာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေက အံ့အားသင့်ပြီး ကြည့်နေပါတယ်။

“ကြက်သွန်ဖြူ ပန်းစည်းရတာ ကျွန်တော် တစ်ယောက်တည်းပဲ ဖြစ်ပါလိမ့်မယ်။ တခြားသူတွေက ချောကလက်တွေ၊ ပန်းစည်းတွေ ရကြတယ်”လို့ Adam ကပြောပါတယ်။ ဘွဲ့နှင်းသဘင်ထဲမှာ ကြက်သွန်ဖြူပန်းစည်းရတဲ့ အကြောင်းရင်းကို လူတော်တော်များများက မေးခဲ့ကြပါတယ်။ Adam နဲ့ သူရဲ့ကောင်မလေး Hasnul Hisham Hasamuddin က တက္ကသိုလ် ဝင်တန်းကတည်းက ဆုံတွေ့ခဲ့ကြတာပါ။

Adam က ကြက်သွန်ကို အရမ်းကြိုက်ပြီး သူတို့နှစ်ယောက်တွေ့တိုင်း ကြက်သွန်အကြောင်းပဲ အများဆုံး ပြောဆိုတတ်ကြတယ်လို့ Hasnul က ပြောပါတယ်။ Adam က အခန်းထဲမှာလည်း စာကြိုးစားပြီး စည်းကမ်းလည်း ရှိပါတယ်။ Adam က ဘွဲ့နှင်းသဘင်မှာရတဲ့ သူ့ရဲ့ကြက်သွန်ဖြူ ပန်းစည်းကို မြတ်မြတ်နိုးနိုး သိမ်းထားပါတယ်။ သင်ကော ဘယ်သူ့ကို ကြက်သွန်ဖြူပန်းစည်း ပေးချင်ပါသလဲ?? ။

Zombie (Lovemedia)

Ref - hitz

for zawgyi

ၾကက္သြန္ႀကိဳက္လြန္းတဲ့ အမ်ိဳးသားကို ဘြဲ႕ယူတဲ့ေန႔မွာ ခ်စ္သူက ၾကက္သြန္ျဖဴပန္းစည္းႀကီး လက္ေဆာင္ေပး

ဘြဲ႕ႏွင္းသဘင္ အခမ္းအနားေတြမွာ ဘြဲ႕ယူမယ့္ ခ်စ္ခင္ရသူကို ပန္းစည္းေတြ၊ အ႐ုပ္ေတြ ေပးေလ့ ရွိၾကပါတယ္။ မေလးရွားႏိုင္ငံက မိန္းကေလး တစ္ေယာက္က သူမခ်စ္သူ ဘြဲ႕ယူတဲ့ အခမ္းအနားမွာ ထူးျခားတဲ့ လက္ေဆာင္ေပးခဲ့ပါတယ္။

အခ်က္အျပဳတ္ဆိုင္ရာ စီမံဘြဲ႕ကို Muhamad Adam Razali က Uitm ကေန ရရွိခဲ့ပါတယ္ ။ Adam ရဲ႕ ခ်စ္သူ မိန္းကေလးက ၾကက္သြန္ျဖဴနဲ႔ ျပဳလုပ္ထားတဲ့ ပန္းစည္းကို ေပးခဲ့ပါတယ္ ။ Adam က စိတ္ဝင္စားစရာ ေကာင္းတဲ့ ၾကက္သြန္ျဖဴပန္းစည္းေလးကို ရတဲ့အခ်ိန္မွာ သိပ္ကို အံ့ဩေပ်ာ္႐ႊင္သြားတယ္လို႔ ေျပာပါတယ္။

Adam က သူ႔ရဲ႕ေကာင္မေလးကို ဘြဲ႕ယူတဲ့ေန႔မွာ ပန္းေတြ၊ ေခ်ာကလက္ေတြအစား ထူးျခားတဲ့ လက္ေဆာင္ တစ္ခု လိုခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။ ဒီလိုၾကက္သြန္ျဖဴပန္းစည္း ေပးလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေမွ်ာ္လင့္ခဲ့ဘူးလို႔ ေျပာပါတယ္။ Adam က ၾကက္သြန္ကို အလြန္ႀကိဳက္လို႔ သူ႔ရဲ႕ခ်စ္သူက ၾကက္သြန္ျဖဴပန္းစည္း ေပးတာျဖစ္ပါတယ္။ ၾကက္သြန္ျဖဴ ပန္းစည္းႀကီးကို ကိုင္ထားတဲ့အခ်ိန္မွာ သူငယ္ခ်င္းေတြ၊ မိသားစုဝင္ေတြက အံ့အားသင့္ၿပီး ၾကည့္ေနပါတယ္။

“ၾကက္သြန္ျဖဴ ပန္းစည္းရတာ ကြၽန္ေတာ္တစ္ေယာက္တည္းပဲ ျဖစ္ပါလိမ့္မယ္။ တျခားသူေတြက ေခ်ာကလက္ေတြ၊ ပန္းစည္းေတြ ရၾကတယ္”လို႔ Adam ကေျပာပါတယ္။ ဘြဲ႕ႏွင္းသဘင္ထဲမွာ ၾကက္သြန္ျဖဴပန္းစည္းရတဲ့ အေၾကာင္းရင္းကို လူေတာ္ေတာ္မ်ားမ်ားက ေမးခဲ့ၾကပါတယ္။ Adam နဲ႔ သူရဲ႕ေကာင္မေလး Hasnul Hisham Hasamuddin က တကၠသိုလ္ ဝင္တန္းကတည္းက ဆုံေတြ႕ခဲ့ၾကတာပါ။

Adam က ၾကက္သြန္ကို အရမ္းႀကိဳက္ၿပီး သူတို႔ႏွစ္ေယာက္ေတြ႕တိုင္း ၾကက္သြန္အေၾကာင္းပဲ အမ်ားဆုံး ေျပာဆိုတတ္ၾကတယ္လို႔ Hasnul က ေျပာပါတယ္။ Adam က အခန္းထဲမွာလည္း စာႀကိဳးစားၿပီး စည္းကမ္းလည္း ရွိပါတယ္။ Adam က ဘြဲ႕ႏွင္းသဘင္မွာရတဲ့ သူ႔ရဲ႕ၾကက္သြန္ျဖဴပန္းစည္းကို ျမတ္ျမတ္ႏိုးႏိုး သိမ္းထားပါတယ္။ သင္ေကာ ဘယ္သူ႔ကို ၾကက္သြန္ျဖဴပန္းစည္း ေပးခ်င္ပါသလဲ?? ။

Zombie (Lovemedia)

Ref - hitz

Post a Comment

0 Comments