စကားတစ်ခွန်းကြောင့် အသတ်ခံလိုက်ရသူ

တခါတုန်းက နွားတကောင်ဟာ သူ့သခင်နဲ့ လယ်ထွန်ပြီးတဲ့အခါ အိမ်ပြန်လာ နားတယ် ။ အဲ့အချိန်မှာ သူငယ်ချင်း ခွေးက နွားဆီ လာလည် ပါတယ် ။ နွားက ခွေးကို တွေ့တော့..

" သူငယ်ချင်းရေ ၊ ကျနော်တော့ ဒီနေ့ တော်တော် မောသွားလို့ မနက်ဖြန် တရက်လောက် အနားယူချင် လိုက်တာဗျာ "

ခွေးက နွားရဲ့အိမ်ကနေ ထွက်လာတော့ ကြောင်နဲ့ သွားတိုးတယ် ၊ ဒါနဲ့ ခွေးက ကြောင်ကို..

" ဟဲ့ရောင် ၊ ငါ ခုနက နွားဆီ ရောက်ခဲ့တယ် ၊ သူလယ်ထွန်ရတာ တအားမောလို့ တရက်လောက်တော့ နားချင်တာတဲ့ ၊ အေးဗျာ သခင်ကြီး ကလည်း သူ့ကို အလုပ်ကြမ်း ခိုင်းတာကိုးနော့ "

ဒါနဲ့ ကြောင်ကလည်း ဒီအကြောင်းကို ဆိတ်ဆီ သွားပြောပြပြန် သတဲ့..

" ကိုကြီးဆိတ်ရေ ၊ နွားကတော့ သခင်က အလုပ်ကြမ်းတွေ တအားခိုင်းလို့ ဆိုပြီး ငြီးငြူ နေတယ်တဲ့ ၊ သူအလုပ် ခဏ နားပြီးရင် မနက်ဖြန် အလုပ် မလုပ်တော့ဘူး ပြောနေတယ် "

ကိုကြီးဆိတ် ကလည်း ကြက်ဆီ ရောက်တော့ ပြောပြတာပေါ့..

" ကိုကြက်ရေ.. နွားကတော့ သခင်ပေးတဲ့ အလုပ်က တအားကြမ်းလို့ သူမလုပ်တော့ဘူး ပြောနေတယ် ၊ အေးလေ ၊ နောက်တွေ့မဲ့ သခင်အသစ်က သူ့အပေါ် ကောင်းမလားတော့ မသိဘူး "

ကိုကြက်ကလည်း ဝက်ကို သွားပြောပြန်တယ်။

" နွားကတော့ သခင့်အတွက် အလုပ် မလုပ်ပေးနိုင်တော့ဘူးတဲ့ ဗျို့ ၊ တခြား သခင်ဆီ သွားရှာတော့မယ် ပြောတယ် ၊ ပြောလည်း ပြောစရာဘဲကို ၊ ဒီသခင်က နွားကို အလုပ်ကြမ်း ပေးလုပ်ခိုင်းပြီး ၊ ကြာပွတ်နဲ့ လည်း ရိုက်သေးတယ်တယ် "

ညနေစောင်း တော့ သခင်မကြီး ကနေ ဝက်စာ သွားကျွေးတဲ့ အခါ ၊ ဝက်ကလည်း..

" သခင်မကြီးရေ ၊ သခင်မကြီးကို တခုတော့ ပြောပြချင်တယ် ၊ ကျနော် ခုတလော ကြည့်ရတာ ကိုနွားက သိပ်မဟန်ဘူးဗျ ၊ သူ့ကို သေချာ ပြောပြ ထားအုံး ၊ ကျနော် ကြားတာကတော့ သူ အလုပ် မလုပ်ချင်တော့ ဘူးတဲ့ ၊ သခင်ကြီးက သူ့ကို အလုပ်ကြမ်း ခိုင်းပြီး တအားလည်း ရိုက်လို့တဲ့ ၊ မနက်ဖြန် သူ တခြားသခင်ဆီ သွားလုပ်တော့မယ် တဲ့လေ "

ဝက်ပြောပြတဲ့ သတင်းကို ကြားတဲ့ သခင်မက ၊ ညနေစာ စားတဲ့ စားပွဲဝိုင်းမှာ သခင်ကြီးကို ပြန်ပြောပြလိုက်တယ်..

" အဘိုးကြီးရေ ၊ ရှင့်ရဲ့နွားက ပုန်ကန်ချင် နေပြီနော် ၊ ဘာတဲ့ သခင်ပြောင်းတော့မယ် တဲ့ ၊ ပုန်ကန်တယ် ဆိုတာ ခွင့်မလွှတ်သင့်ဘူး ၊ တခြား သူတွေကိုလည်း နမူနာ ပြထားပေးမှ ရမယ် ၊ ရှင်ဒီနွားကို ဘယ်လို ဒဏ်ခက်ဖို့ စီစဉ်ထားလဲ "

သခင်ကြီး ကြားတော့ ဒေါသ အကြီးအကျယ်ထွက်ပြီး..

" ဒီလိုမျိုး ပုန်ကန်သူတွေကို သေဒဏ်က လွဲပြီး တခြား ဘာမှ မရှိဘူး " ဆိုပြီး ၊ ပြောပြောဆိုဆိုနဲ့ လှံကိုင် ထွက်သွားပီး နွားကို သတ်ပစ်လိုက်တယ် ။

လူတယောက်ရဲ့ စကား တခွန်းကြောင့် လူတယောက်ကို ရှင်စေနိုင်သလို သေစေနိုင် ပါတယ် ၊ နွားဟာ တဆင့်စကား ဖောင်းကြွမှုကြောင့် သေခဲ့ရတယ် ။

ဒီဥပမာလေး ကို ကြည့်ခြင်း အားဖြင့်..

၁။ လူတိုင်းကို သွားပီး ငြီးငြူ ပြမနေပါနဲ့။

၂။ လူတွေ ပြောတဲ့စကားတိုင်း မယုံပါနဲ့ ၊ စဉ်းစား ချင့်ချိန်ပီးမှ ယုံပါ။

၃။ အရေးကြီးဆုံးက တဆင့်စကား ကိုယ့်ဆီ ရောက်လာရင် မဖောင်းကြွပါစေနဲ့။

၄။ တဆင့်ကြားတဲ့ စကားကို ပိုသေချာစေချင်ရင် ကိုယ်ကိုယ်တိုင် ကာယကံရှင်ကို မေးသင့်ပါတယ်။

Crd

for zawgyi

စကားတစ္ခြန္းေၾကာင့္ အသတ္ခံလိုက္ရသူ

တခါတုန္းက ႏြားတေကာင္ဟာ သူ႔သခင္နဲ႔ လယ္ထြန္ၿပီးတဲ့အခါ အိမ္ျပန္လာ နားတယ္ ။ အဲ့အခ်ိန္မွာ သူငယ္ခ်င္း ေခြးက ႏြားဆီ လာလည္ ပါတယ္ ။ ႏြားက ေခြးကို ေတြ႕ေတာ့..

" သူငယ္ခ်င္းေရ ၊ က်ေနာ္ေတာ့ ဒီေန႔ ေတာ္ေတာ္ ေမာသြားလို႔ မနက္ျဖန္ တရက္ေလာက္ အနားယူခ်င္ လိုက္တာဗ်ာ "

ေခြးက ႏြားရဲ႕အိမ္ကေန ထြက္လာေတာ့ ေၾကာင္နဲ႔ သြားတိုးတယ္ ၊ ဒါနဲ႔ ေခြးက ေၾကာင္ကို..

" ဟဲ့ေရာင္ ၊ ငါ ခုနက ႏြားဆီ ေရာက္ခဲ့တယ္ ၊ သူလယ္ထြန္ရတာ တအားေမာလို႔ တရက္ေလာက္ေတာ့ နားခ်င္တာတဲ့ ၊ ေအးဗ်ာ သခင္ႀကီး ကလည္း သူ႔ကို အလုပ္ၾကမ္း ခိုင္းတာကိုးေနာ့ "

ဒါနဲ႔ ေၾကာင္ကလည္း ဒီအေၾကာင္းကို ဆိတ္ဆီ သြားေျပာျပျပန္ သတဲ့..

" ကိုႀကီးဆိတ္ေရ ၊ ႏြားကေတာ့ သခင္က အလုပ္ၾကမ္းေတြ တအားခိုင္းလို႔ဆိုၿပီး ၿငီးျငဴ ေနတယ္တဲ့ ၊ သူအလုပ္ ခဏ နားၿပီးရင္ မနက္ျဖန္ အလုပ္ မလုပ္ေတာ့ဘူး ေျပာေနတယ္ "

ကိုႀကီးဆိတ္ ကလည္း ၾကက္ဆီ ေရာက္ေတာ့ ေျပာျပတာေပါ့..

" ကိုၾကက္ေရ.. ႏြားကေတာ့ သခင္ေပးတဲ့ အလုပ္က တအားၾကမ္းလို႔ သူမလုပ္ေတာ့ဘူး ေျပာေနတယ္ ၊ ေအးေလ ၊ ေနာက္ေတြ႕မဲ့ သခင္အသစ္က သူ႔အေပၚ ေကာင္းမလားေတာ့ မသိဘူး "

ကိုၾကက္ကလည္း ဝက္ကို သြားေျပာျပန္တယ္။

" ႏြားကေတာ့ သခင့္အတြက္ အလုပ္ မလုပ္ေပးႏိုင္ေတာ့ဘူးတဲ့ ဗ်ိဳ႕ ၊ တျခား သခင္ဆီ သြားရွာေတာ့မယ္ ေျပာတယ္ ၊ ေျပာလည္း ေျပာစရာဘဲကို ၊ ဒီသခင္က ႏြားကို အလုပ္ၾကမ္း ေပးလုပ္ခိုင္းၿပီး ၊ ၾကာပြတ္နဲ႔ လည္း ႐ိုက္ေသးတယ္တယ္ "

ညေနေစာင္း ေတာ့ သခင္မႀကီး ကေန ဝက္စာ သြားေကြၽးတဲ့ အခါ ၊ ဝက္ကလည္း..

" သခင္မႀကီးေရ ၊ သခင္မႀကီးကို တခုေတာ့ ေျပာျပခ်င္တယ္ ၊ က်ေနာ္ ခုတေလာ ၾကည့္ရတာ ကိုႏြားက သိပ္မဟန္ဘူးဗ် ၊ သူ႔ကို ေသခ်ာ ေျပာျပ ထားအုံး ၊ က်ေနာ္ ၾကားတာကေတာ့ သူ အလုပ္ မလုပ္ခ်င္ေတာ့ ဘူးတဲ့ ၊ သခင္ႀကီးက သူ႔ကို အလုပ္ၾကမ္း ခိုင္းၿပီး တအားလည္း ႐ိုက္လို႔တဲ့ ၊ မနက္ျဖန္ သူ တျခားသခင္ဆီ သြားလုပ္ေတာ့မယ္ တဲ့ေလ "

ဝက္ေျပာျပတဲ့ သတင္းကို ၾကားတဲ့ သခင္မက ၊ ညေနစာ စားတဲ့ စားပြဲဝိုင္းမွာ သခင္ႀကီးကို ျပန္ေျပာျပလိုက္တယ္..

" အဘိုးႀကီးေရ ၊ ရွင့္ရဲ႕ႏြားက ပုန္ကန္ခ်င္ ေနၿပီေနာ္ ၊ ဘာတဲ့ သခင္ေျပာင္းေတာ့မယ္ တဲ့ ၊ ပုန္ကန္တယ္ ဆိုတာ ခြင့္မလႊတ္သင့္ဘူး ၊ တျခား သူေတြကိုလည္း နမူနာ ျပထားေပးမွ ရမယ္ ၊ ရွင္ဒီႏြားကို ဘယ္လို ဒဏ္ခက္ဖို႔ စီစဥ္ထားလဲ "

သခင္ႀကီး ၾကားေတာ့ ေဒါသ အႀကီးအက်ယ္ထြက္ၿပီး..

" ဒီလိုမ်ိဳး ပုန္ကန္သူေတြကို ေသဒဏ္က လြဲၿပီး တျခား ဘာမွ မရွိဘူး " ဆိုၿပီး ၊ ေျပာေျပာဆိုဆိုနဲ႔ လွံကိုင္ ထြက္သြားပီး ႏြားကို သတ္ပစ္လိုက္တယ္ ။

လူတေယာက္ရဲ႕ စကား တခြန္းေၾကာင့္ လူတေယာက္ကို ရွင္ေစႏိုင္သလို ေသေစႏိုင္ ပါတယ္ ၊ ႏြားဟာ တဆင့္စကား ေဖာင္းႂကြမႈေၾကာင့္ ေသခဲ့ရတယ္ ။

ဒီဥပမာေလး ကို ၾကည့္ျခင္း အားျဖင့္..

၁။ လူတိုင္းကို သြားပီး ၿငီးျငဴ ျပမေနပါနဲ႔။

၂။ လူေတြ ေျပာတဲ့စကားတိုင္း မယုံပါနဲ႔ ၊ စဥ္းစား ခ်င့္ခ်ိန္ပီးမွ ယုံပါ။

၃။ အေရးႀကီးဆုံးက တဆင့္စကား ကိုယ့္ဆီ ေရာက္လာရင္ မေဖာင္းႂကြပါေစနဲ႔။

၄။ တဆင့္ၾကားတဲ့ စကားကို ပိုေသခ်ာေစခ်င္ရင္ ကိုယ္ကိုယ္တိုင္ ကာယကံရွင္ကို ေမးသင့္ပါတယ္။

Crd

Post a Comment

0 Comments