ဂတိတစ်ခု၏ တန်ဖိုး

တခါတုန်းက အရမ်းအေးတဲ့ ညတစ်ညမှာ ဘုရင်ကြီးသည် မိမိရဲ့ နန်းတော်ကို ပြန်လာခဲ့စဉ်တွင် အဝတ်ပါးပါးလေး ဝတ်ပြီး မတ်တတ်ရပ်နေတဲ့ အဖိုအို ကင်းသမားကို တွေ့ရလေသည်။

ထိုအခါ ဘုရင်ကြီးသည် အဖိုးအိုနား ကပ်ကာ မေးလေသည်။

" အဘ အအေးဒဏ် မခံစားရဘူးလား ? မအေးဘူးလား ? "

အဖိုးအိုလည်း ပြန်ဖြေလေသည်။

" အရှင်မင်းကြီး.. အရမ်းအေးပေမဲ့လည်း ကျန်ုပ်မှာ ဝတ်စရာ အနွေးထည် မရှိတဲ့အတွက်ကြောင့် ကျွန်ုပ်အဖို့ အအေးဒဏ်ကို ခံနေယုံမှအပ တခြားလွတ်မြောက်စရာ နည်းလမ်းမရှိပါ "

ထိုအခါ ဘုရင်ကြီးက မိန့်လေသည်။

" ကယ်.. ဒါဆိုလည်း ကျွန်ုပ် ယခုနန်းတော်ထဲသွားပြီး အစေခံတစ်ယောက်ကို အဘအတွက် အနွေးထည်ပေး၍ လွတ်ပေးလိုက်ပါမည် "

ကင်းသမား အဖိုးအိုသည် ဘုရင်၏ ဂတိစကားကြား၍ အတိုင်းမသိ ဝမ်းသာသွားလေသည်။ သို့ပေမယ့်လည်း ဘုရင်ကြီးသည် နန်းတွင်းသို့ ရောက်ပြီးသည်နှင့် မိမိ၏ ကတိစကားကို မေ့လျော့သွားလေးသည်။

မနက်မိုးလင်းသော် ကင်းသမားအဖိုးအို သေဆုံးနေပြီး သူ၏အနားမှာ တုန်ရီနေသော လက်ရေးဖြင့် စာလေးတစ်စောင် ရေးထားခဲ့လေသည်။ ထိုစာထဲတွင် ရေးထားသည်မှာ..

" အကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း အအေးဒဏ်ကို ခံရင်း ကျော်ဖြတ်ခဲ့ပါတယ်။ သို့သော် ဘုရင်ကြီးက ကျွန်ုပ်ကို အနွေထည်ပေးမည် ဆိုသော ကတိစကားသည် ကျွန်ုပ်၏ အအေးဒဏ် ခံနိုင်စွမ်းကို ရုတ်သိမ်း၍ နောက်ဆုံး ကျွန်ုပ်ကို သေစေခဲ့ပါသည်။ "

မှတ်ချက် - ရံဖန်ရံခါ မိမိ၏ ပေ့ါပျက်ပျက် ကတိစကားသည် မိမိထင်ထားသည်ထက် ပို၍ သူတစ်ပါးကို ဒုက္ခရောက်စေ နိုင်သည်။ ဒါကြောင့် လွယ်လွယ်နှင့် ကတိမပေးလေနှင့်။ ပေးပြီးသား ကတိကိုလည်း မဖျက်လေနှင့်။

သင်၏ ကတိစကားသည် မည်သို့မည်ပုံ ထိခိုက်နစ်နာစေသည်ကို သင်မသိနိုင်ပါ။ အားနွဲ့သူများကို စာနာပေးပါ။

(ပညာဟူသည် အလင်းရောင်)

Crd

for zawgyi

ဂတိတစ္ခု၏ တန္ဖိုး

တခါတုန္းက အရမ္းေအးတဲ့ ညတစ္ညမွာ ဘုရင္ႀကီးသည္ မိမိရဲ႕ နန္းေတာ္ကို ျပန္လာခဲ့စဥ္တြင္ အဝတ္ပါးပါးေလး ဝတ္ၿပီး မတ္တတ္ရပ္ေနတဲ့ အဖိုအိုကင္းသမားကို ေတြ႕ရေလသည္။

ထိုအခါ ဘုရင္ႀကီးသည္ အဖိုးအိုနား ကပ္ကာ ေမးေလသည္။

" အဘ အေအးဒဏ္ မခံစားရဘူးလား ? မေအးဘူးလား ? "

အဖိုးအိုလည္း ျပန္ေျဖေလသည္။

" အရွင္မင္းႀကီး.. အရမ္းေအးေပမဲ့လည္း က်ႏ္ုပ္မွာ ဝတ္စရာ အေႏြးထည္ မရွိတဲ့အတြက္ေၾကာင့္ ကြၽႏ္ုပ္အဖို႔ အေအးဒဏ္ကို ခံေနယုံမွအပ တျခားလြတ္ေျမာက္စရာ နည္းလမ္းမရွိပါ "

ထိုအခါ ဘုရင္ႀကီးက မိန႔္ေလသည္။

" ကယ္.. ဒါဆိုလည္း ကြၽႏ္ုပ္ ယခုနန္းေတာ္ထဲသြားၿပီး အေစခံတစ္ေယာက္ကို အဘအတြက္ အေႏြးထည္ေပး၍ လြတ္ေပးလိုက္ပါမည္ "

ကင္းသမား အဖိုးအိုသည္ ဘုရင္၏ ဂတိစကားၾကား၍ အတိုင္းမသိ ဝမ္းသာသြားေလသည္။ သို႔ေပမယ့္လည္း ဘုရင္ႀကီးသည္ နန္းတြင္းသို႔ ေရာက္ၿပီးသည္ႏွင့္ မိမိ၏ ကတိစကားကို ေမ့ေလ်ာ့သြားေလးသည္။

မနက္မိုးလင္းေသာ္ ကင္းသမားအဖိုးအို ေသဆုံးေနၿပီး သူ၏အနားမွာ တုန္ရီေနေသာ လက္ေရးျဖင့္ စာေလးတစ္ေစာင္ ေရးထားခဲ့ေလသည္။ ထိုစာထဲတြင္ ေရးထားသည္မွာ..

" အကြၽႏ္ုပ္သည္ ေန႔စဥ္ေန႔တိုင္း အေအးဒဏ္ကို ခံရင္း ေက်ာ္ျဖတ္ခဲ့ပါတယ္။ သို႔ေသာ္ ဘုရင္ႀကီးက ကြၽႏ္ုပ္ကို အေႏြထည္ေပးမည္ ဆိုေသာ ကတိစကားသည္ ကြၽႏ္ုပ္၏ အေအးဒဏ္ ခံႏိုင္စြမ္းကို ႐ုတ္သိမ္း၍ ေနာက္ဆုံး ကြၽႏ္ုပ္ကို ေသေစခဲ့ပါသည္။ "

မွတ္ခ်က္ - ရံဖန္ရံခါ မိမိ၏ ေပ့ါပ်က္ပ်က္ ကတိစကားသည္ မိမိထင္ထားသည္ထက္ ပို၍ သူတစ္ပါးကို ဒုကၡေရာက္ေစ ႏိုင္သည္။ ဒါေၾကာင့္ လြယ္လြယ္ႏွင့္ ကတိမေပးေလႏွင့္။ ေပးၿပီးသား ကတိကိုလည္း မဖ်က္ေလႏွင့္။

သင္၏ ကတိစကားသည္ မည္သို႔မည္ပုံ ထိခိုက္နစ္နာေစသည္ကို သင္မသိႏိုင္ပါ။ အားႏြဲ႕သူမ်ားကို စာနာေပးပါ။

(ပညာဟူသည္ အလင္းေရာင္)

Crd

Post a Comment

0 Comments