သိပ္ပွံပညာနဲ့တောင် အဖြေမရှာနိုင်တဲ့ ကမ္ဘာပေါ်က ထူးဆန်းတဲ့အရာ (၇) ခု
လူတို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ အရမ်းကို ထူးဆန်းလွန်းပြီးတော့ တချို့အရာတွေကိုတောင် အဖြေမရှာ နိုင်သေးပါဘူး။ ဒါပေမယ့်လည်း ဒါတွေဟာ လူတွေကို ဆွဲဆောင်နေပြီးတော့ လူအများကလည်း တော်တော် စိတ်ဝင်စားကြပါတယ်။ အထူးသဖြင့် ကမ္ဘာလှည့် ခရီးသွားတွေပါပဲ။ ဟိုးအရင် ရှေးခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ အဆောက်အဦတွေ၊ နေရာတွေဟာ အရမ်းကို ခမ်းနားလွန်းပြီးတော့ အဖြေလည်း ရှာရခက်စေပါတယ်။
ခုခေတ်လို နည်းပညာတွေ မထွန်းကားသေးပဲနဲ့ ဆောက်နိုင်ခဲ့တာက အံ့ဩစရာပါပဲ။ ဒီနေ့မှာတော့ ရှေးခေတ်တွေကတည်းက တည်ရှိနေခဲ့တဲ့ ထူးထူးဆန်းဆန်း နေရာတွေကို love media နဲ့အတူ သွားလည်ကြည့်ရအောင်။
၁။ Saudi Arabia မှာရှိတဲ့ Al Naslaa ကျောက်တုံးရဲ့ ပုံစံ
ဆော်ဒီအာရေးဗျမှာရှိတဲ့ ကျောက်တုံးကြီးက ခရီးသွားတွေကို အလွန်အမင်း ဆွဲဆောင်ပါတယ်။ ဒီသဲကျောက်တုံးကြီးဟာ မြေပြင်ပေါ်မှာ အလုံးလိုက်ကြီးတည်ရှိနေတာ မဟုတ်သလို ဘာနဲ့မှ မထောက်ထားပါဘူး။ ပြီးတော့ အလယ်တည့်တည့်မှာလည်း လေဆာနဲ့ ပိုင်းဖြတ်ထားသလို ဖြတ်ရာလည်း ရှိနေပါတယ်။ အက်ကွဲရာက မကောက်မဖြောင့်ပဲနဲ့ တစ်တန်းထဲ ဖြစ်နေတာပါ။ ပြီးတော့ ဒါက ဘယ်လိုဖြစ်သွားတာလဲ ဆိုတာကို ဘယ်သူကမှ အဖြေမရှာ နိုင်သေးပါဘူး။
၂။ Mexico မှာရှိတဲ့ Teotihuacan Teotihuacan
Mexico မှာရှိတဲ့ Teotihuacan Teotihuacan (သို့) “ နတ်ဘုရားမွေးရပ်မြေ” လို့ခေါ်တဲ့ နေရာဟာ မက္ကဆီကိုရဲ့ မြို့တော်နှင့်လည်း အတော်နီးပါတယ်။ အခုအချိန်မှာတော့ Teotihuacan ရှေးဟောင်းမြို့ရဲ့ အပျက်အစီးတွေ ကြားမှာ ခရီးသွားတွေကို မြင်တွေ့နိုင်ပါပြီ။ ဒီ Teotihuacan မြို့မှာ ဟိုးအရင်က လူပေါင်း ၁၀၀၀၀၀ ကျော် နေထိုင်ခဲ့တယ် လို့လည်း သိရပါတယ်။
၃။ နတ်သမီးအိမ်
အီတလီကတော့ Colosseum နှင့် Pisa မျှော်စင်လိုမျိုး လှပတဲ့ နေရာတွေ ရှိတဲ့အပြင် အခြား ဗိသုကာလက်ရာတွေကြောင့်လည်း နာမည်ကြီးပါတယ်။ ဗိသုကာ လက်ရာတွေကလည်း များလွန်းတာကြောင့် မရေမတွက် နိုင်အောင်ပါပဲ။ ဒါပေမယ့် နာမည်ကျော်ကြားမှု မရှိပဲနဲ့ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့နေရာတစ်မျိုးကလည်း ရှိနေပါသေးတယ်။ Sardinia မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အိမ်လေးတွေဟာ အလွန်သေးပြီးတော့ နတ်သမီးလေးတွေရဲ့ အိမ်လို့တောင် တင်စားခေါ်ဝေါ် ကြပါသေးတယ်။ ပညာရှင်တွေရဲ့ ပြောဆိုချက်အရကတော့ ဒီအိမ်လေးတွေဟာ နှစ်ပေါင်း ၆၀၀၀ လောက်ရှိပြီ လို့လဲ ပြောကြပါသေးတယ်။
၄။ Russia မှာရှိတဲ့ Volkonsky သင်္ချိုင်းမှတ်တိုင်
ဆိုချီတောင်တန်းမှာ ရှိတဲ့ နာမည်ကျော် Volkonsky သင်္ချိုင်းမှတ်တိုင်ဟာ နှစ်ပေါင်းထောင်ကျော်ပြီး တည်ရှိနေတာ ကြာပါပြီ။ ပညာရှင်တွေနဲ့ လူတွေကတော့ ဒီဟာကို ဘာလို့ ဆောက်လုပ်ခဲ့လဲ ဆိုတဲ့အဖြေကို ရှာနေဆဲပါပဲ။ လူအချို့ကတော့ သင်္ချိုင်းမှတ်တိုင်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းတွေရှိတယ်လို့ ယုံကြည်ကြပြီးတော့ တချို့ကလည်း ကိုးကွယ်စရာ နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ အခုချိန်ထိ အဖြေရှာမရပဲ ခေါင်းပိုစားစေတာကတော့ ကျောက်တုံးကြီး အတွင်းပိုင်းကို ဘယ်လိုထွင်းထုပြီး နေစရာတစ်ခုဖြစ်အောင် လုပ်ထားလဲ ဆိုတာပါပဲ။
၅။ India မှာရှိတဲ့ Ellora
Ellora လိုဏ်ဂူတွေမှာရှိတဲ့ Kailasa ဘုရားကျောင်းဟာ ကမ္ဘာပေါ်မှာ အဆန်းကြယ်ဆုံးနဲ့ အကြီးမားဆုံးကျောင်းလည်း ဖြစ်ပါတယ်။ ပြီးတော့ တစ်ကျောင်းလုံးကိုလည်း monolithic ကျောက်တွေနဲ့ ထွင်းထုထားတာလည်း ဖြစ်ပါတယ်။ ရှေးဟောင်းသုတေသန ပညာရှင်တွေကတော့ အရင်ခေတ်က လူမျိုးတွေက ဒီလို ခမ်းနားကြီးကျယ်လှတဲ့ ဘုရားကျောင်းကို ဘယ်လို တည်ဆောက်ခဲ့လဲ ဆိုတာကို အဖြေရှာနေဆဲပါပဲ။
၆။ Baalbek မှာရှိတဲ့ Bacchus ဘုရားကျောင်း
Baalbek မှာရှိတဲ့ Bacchus ဘုရားကျောင်းကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။ တည်ဆောက်ခဲ့ချိန်ဟာ အရမ်းကို ကြာပြီးတော့ အခုထိလည်း ခမ်းနားထည်ဝါ နေတုန်းပါပဲ။ ဗိမ္မာန်တော်ကြီးဟာ ဘယ်လောက် ကြီးမားလဲဆိုရင် အေသင်မှာရှိတဲ့ Parthenon ဘုရားကျောင်းနဲ့ ယှဉ်ရင်တောင် Parthenon ဟာ သေးငယ်နေတာကို တွေ့ရပါတယ်။
၇။ Japan မှာရှိတဲ့ Masuda no iwafune
ဂျပန်နိုင်ငံက Asuka ဒေသမှာရှိတဲ့ ကျောက်တုံးတွေဟာလည်း ထူးဆန်းလွန်း နေပါသေးတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ ထွင်းထုထားမှန်း မသိတဲ့ စတုရန်းအကွက်ပုံစံ အပေါက်တွေ ကျောက်တုံးပေါ်မှာ များစွာရှိနေလို့ပါ။
Bonus
အမေရိကန်ပြည်ထောင်စု Racetrack Playa မှာရှိတဲ့ ကျောက်တုံးများ
ကယ်လီဖိုးနီယားမှာ Death Valley National Park လို့ခေါ်တဲ့ ထူးဆန်းတဲ့ နေရာတစ်ခု ရှိပါတယ်။ အမျိုးသားဥယျာဉ် တစ်ခုလည်းရှိပြီးတော့ အလွန်ကိုလှပတဲ့ ရေကန်ကြောင့် နာမည်ကြီးပါတယ်။ ရေကန်က ခမ်းသွားတဲ့အခါမှာတော့ ပေါင် (၆၀) လောက်ရှိတဲ့ ကျောက်တုံးတွေ ပေါ်လာခဲ့ပါတယ်။ ထူးဆန်းတာတစ်ခုက ကျောက်တုံးတွေက အငြိမ်မနေဘဲ သူတို့ဟာသူတို့ရွေ့လျားနေတာပါ။ ပြီးတော့ သူတို့သွားခဲ့တဲ့ လမ်းတစ်လျှောက်မှာလည်း အရာတွေကျန်ခဲ့ပါသေးတယ်။
အချိန်တော်တော်ကြာကြာထိ ဒီလျှောကြောက်တွေရဲ့ အကြောင်းကို ဘယ်သူမှ နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၄ ခုနှစ်မှာတော့ ပညာရှင်တွေဟာ အဖြေရှာတွေ့ခဲ့ပါတယ်။ ကျောက်ခဲတွေ ဒီလိုလျှောသွားရတဲ့ အကြောင်းအရင်းကတော့ အေးစိမ့်တဲ့ညတွေမှာ ကျောက်ခဲရဲ့ အောက်ခြေမှာရှိတဲ့ အစိုဓာတ်တွေက အေးခဲသွားပါတယ်။ မနက်ပိုင်းရောက်လို့ နေထွက်လာတဲ့အခါ ရေခဲတွေက အရည်ပျော်ပြီးတော့ ဒီလိုရွေ့လျားမှုတွေ ဖြစ်လာတာလို့ ပြောပါတယ်။
Zombie (Lovemedia)
for zawgyi
၃။ နတ်သမီးအိမ်
Bonus
Zombie (Lovemedia)
Post a Comment
0 Comments