9.Sep.2021 မှ 15.Sep.2021 အထိ တစ်ပတ်စာ ၇ရက် သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ဒီကာလအတွင်း မိသားစုအတွင်းရေးကိစ္စများ၊ မိသားစုအလုပ်ကိစ္စများ အရှုပ်အထွေးတွေရှိရင် ဖြေရှင်းနိုင် ပါလိမ့်မယ်။ ပျောက်ဆုံးနေတဲ့ပစ္စည်းများ အထားမှားနေတဲ့ ပစ္စည်းများ မထင်မှတ်ဘဲ ပြန်တွေ့တတ်ပါတယ်။ အသိမ်း လွန်နေတဲ့ပစ္စည်းတွေ ပြန်တွေ့တတ်ပါတယ်။ အကြီးအကဲ မိဘတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။ အထူးသဖြင့်ဖခင်ရဲ့ ကျန်းမာရေး အားနည်းနေတတ်ပါတယ်။
ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေ လုပ်ကိုင်နေသူများ သတိထားပါ။ အမှား အယွင်းလေးတွေဖြစ်ပြီး အဖမ်းအစီး ခံရတတ်ပါတယ်။ အများနဲ့ တွဲပြီးလုပ်ကိုင်ခြင်းက ပိုမိုအကျိုး ဖြစ်ထွန်းတတ်ပါ တယ်။ မိမိအကြံအစည် စိတ်ကူးထက် အခြားသူရဲ့အကြံဉာဏ်ကို ယူပြီးလုပ်တာက ပိုမိုအောင်မြင်တတ်ပါတယ်။ အိမ်ခြံတခါး မလုံခြုံသူများ သတိထားပါ။ သူခိုးခိုးခံ ရတတ်ပါတယ်။ လူထူထပ်တဲ့ နေရာတွေကို သွားလာခြင်းတွေ ရှောင်လိုက်ပါ။
မိသားစုအတွက် စိုးရိမ်မကင်း ဖြစ်ရတတ်ပါတယ်။ သားသမီး ကျန်းမာရေးကို ဂရုစိုက်ပါ။ အချစ်ရေး ကိစ္စတွေမှာ အချို့က အရမ်းအဆင်ပြေပြီး အချို့က အဆိုးဆုံးအနေအထား ဖြစ်တတ်ပါတယ်။ ကောင်းအား ဆိုးအား နှစ်မျိုးစလုံး ကြုံရတတ်တယ်။ အိမ်ထောင်ရေး အဆင်ပြေမယ်။ မိမိအတွက်များစွာ အိမ်ထောင်ဘက် အကူအညီရ တတ်ပါတယ်။ ကျန်းမာရေးကတော့ အာရုံကြော၊ နှလုံးရောဂါတွေ ဂရုစိုက်လိုက်ပါ။
အကျိုးပေးဂဏန်း 2 3 6
အထူးဟော အညံ့အဆိုးတွေ များနေတတ်ပါတယ်။
ယတြာ အရမ်းမွှေးသော ပန်းများကို ဘုရား ပူဇော်လိုက်ပါ။
တနင်္လာ
စိတ်ကူးအယူအဆများက လွတ်မြောက်ရာကို အားပြုလုပ်နေမိ တတ်ပါတယ်။ တစ်ခုခုကို စိတ်တိုင်းမကျဘဲ ဒီသောကတွေကြားက ပြေးထွက်ချင်နေတတ်ပါတယ်။ မထင်မှတ်ဘဲ အလုပ်က နယ်ပြောင်းရွှေ့ခံရတာ၊ အလုပ်ပြုတ် တာ ဌာနပြောင်းတာတွေ ဖြစ်လေ့ရှိတဲ့ ကာလပါပဲ။ မိတ်ဆွေကောင်းတွေ ရှိနေပေမဲ့ မိမိကို အစစအရာရာ ကူညီပေးနိုင် သူကတစ်ယောက်စ နှစ်ယောက်စပဲ ရှိပါတယ်။ မိတ်ဆွေရင်းတွေရဲ့နာရေးသတင်းတွေ ကြားနေရတတ်ပါတယ်။
ကျန်းမာရေးကတော့ သိပ်အဆိုးကြီး မဖြစ်ပေမဲ့ အသွားအလာ အလှုပ်အရှား များလွန်းတာကြောင့် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ် နေတတ်ပါတယ်။ အလုပ်သစ်တွေ၊ စီးပွားသစ်တွေ ရှိတဲ့အခါ အနှောက်အယှက် အတားအဆီးတွေ ရှိနေတတ်တာ တွေ့ရတယ်။ မိမိအဆင်ပြေသွားမှာကို မနာလိုတဲ့သူတွေ ရှိနေတာကို မမေ့ပါနဲ့။ အခက်အခဲတွေရှိရင် သစ္စာတရားပြု ဆုတောင်းခြင်းဖြင့် ပြေလည်တတ်ပါတယ်။ မိမိကို အထင်သေးသူများတောင် လေးစားချစ်ခင်ခြင်း ခံရတတ်ပါ တယ်။ တစ်ခုသတိထားရမှာကတော့ အမွေမှုတွေ စတင်ဖြစ်ပွားတတ်ပါတယ်။
လုပ်ငန်းခွင်အတွင်း ကောင်းစွာစည်းရုံး သိမ်းသွင်း နိုင်ပါလိမ့်မယ်။ မိမိကိုအကျိုးတူ ပူးပေါင်းရန် လာရောက်ကမ်းလှမ်းခြင်းတွေ ကြုံရတတ်ပါတယ်။ စည်းစိမ်း ချမ်းသာနှင့် ဓနဥစ္စာတွေ ရရှိတတ်ပါတယ်။ အချစ်ရေး ကိစ္စတွေမှာတော့ မိမိကိုယ်တိုင်က သံယောဇဉ်တွေကို ဖြတ်ချင် နေမိတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နဲ့ သဘောစိတ်ကူး မတူတာတွေ များနေတတ်ပါတယ်။
အကျိုးပေးဂဏန်း 3 4 0
အထူးဟော ကံသင့်ပါတယ်။
ယတြာ နွားနို့ဘုရားကပ်လှူလိုက်ပါ။
အင်္ဂါ
ဒီကာလမှာတော့ အလုပ်စီးပွားကံ ကောင်းနေတတ်ပါတယ်။ လုပ်သမျှ စီးပွားရေးတွေက မိမိအမြင်ကျယ်လေ တိုးတတ်လေပါပဲ။ ဒီကာလမှာ ပါးပါးနပ်နပ်တွေးတော လုပ်ကိုင်တတ်ဖို့ လိုပါတယ်။ အိုင်တီနဲ့ ဆက်နွယ်သော အလုပ် များ၊ မီးနဲ့ချက်ပြုတ်ရသော အလုပ်များ၊ စက်ပြင်အလုပ်များ အဆင်ပြေတတ်ပါတယ်။ မိတ်ဆွေကောင်းတွေနဲ့ တိုင်ပင် လုပ်လေ အဆင်ပြေလေပါပဲ။ တပည့်တွေ၊ ကျေးဇူးရှိဖူးသူတွေ လာရောက်ကန်တော့တာ ထောက်ပံ့တာမျိုး ကြုံရ တတ်ပါတယ်။
ရပ်ဝေးက ချိတ်ဆက်ထားသော အလုပ်တွေက ပိုမိုအားကောင်း လာတတ်ပါတယ်။ အွန်လိုင်းအလုပ်များ အဆင်ပြေတတ်ပါတယ်။ကျန်းမာရေးကတော့ ဒီကာလ အညောင်းမိတာများပြီး ဝမ်းချုပ်တာ၊ ဇက်ကြောတတ်တာတွေ ဖြစ်ရတတ်ပါတယ်။ ရွှေနှင့် သတ္တုတူးဖော်ခြင်းများ အဆင်ပြေ တိုးတတ်နိုင်ပါတယ်။ မိတ်ဆွေကောင်း တွေရဲ့အကူအညီ ရနိုင်သလို ဆရာသမားတွေဆီက အကြံကောင်းတွေ ရလာတတ်ပါတယ်။
အလုပ်သစ်၊ဆိုင် သစ် စီးပွား သစ်စတင်လို့ ကောင်းပါတယ်။ စန်းအားနည်းနေချိန်မို့ အချစ်ရေးကိစ္စတွေမှာတော့ တတ်နိုင်သမျှကိုယ်က လျှော့ပါ။ တစ်ယောက်တစ်ခွန်းစကားများရာကနေ အပြီးပြတ်သည်အထိ ဖြစ်သွားနိုင်ပါတယ်။ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အနည်းငယ် အားနည်းပါတယ်။ အိမ်ထောင်ဘက်ကအလုပ်များပြီး ဂရုမစိုက်နိုင်တာကို မိမိကခွင့်လွှတ် ပေးဖို့ လိုပါ တယ်။
အကျိုးပေးဂဏန်း 1 5 8
အထူးဟော အလုပ်စီးပွား ထင်ရှားစွာ တိုးတတ်မည်။
ယတြာ အသက်ကြီးသူများကို လိုအပ်တဲ့ အားဆေးလှူလိုက်ပါ။
ဗုဒ္ဓဟူး ရာဟု
ဒီအပတ်ထဲမှာ လုပ်သင့်တာတွေကိုပဲ ဦးစားပေးလုပ်ပါ။ မိမိစိတ်တိုင်းကျ ဘာမှ လုပ်မရပါဘူး၊ မိမိကံအားနည်း နေချိန်မို့ မိမိအတွေးအခေါ်ကလဲ ချွတ်ချော်နေတတ်တာကို တွေ့ရပါတယ်။ အလုပ်တွေနဲ့ ပတ်သက်ပြီး ထင်သလို မဖြစ်နိုင်သေးဘူး။ တတ်နိုင်သမျှ အလုပ်အတွက် ရင်းနှီးမြုပ်နှံမှုတွေ မလုပ်နဲ့အုံး။ အိမ်တွင်းရေးကိစ္စ၊ အမွေ ကိစ္စတွေမှာတော့ မိမိက ဦးဆောင်ပြီးတော့ မဆောင်ရွက်ပါနဲ့။ ကျန်းမာရေး ကောင်းနေနိုင်ပါတယ်။ ကျန်းမာရေးအတွက် စိတ်ပူ ဖို့သိပ်မလိုသေးတဲ့ ကာလပါပဲ။
စကားအပြောအဆိုတော့ ထိန်းပါ။ စကားနဲ့ပတ်သက်ပြီး နှုတ်ကျွံတော့ နှုတ်မရဆိုတာ မျိုးတွေ ဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်သော ခရီးတွေရက် ရွှေ့ပြီးမှ အဆင်ပြေရတတ်ပါတယ်။ မိမိရဲ့ အကြွေး ဟောင်းတွေ ပြန်ဆပ်နိုင်ပါလိမ့်မယ်။ စက်ကားဝယ်ယူမယ်ဆို အနာအဆာပါလာတတ်ပါတယ်။ သတိနဲ့ယှဉ် ပါ။ အောက်လက်ငယ်သားတွေကို ငွေကြေးနဲ့ပတ်သက်ပြီး ခိုင်းစေခြင်းကို သတိရှိပါ။
မိမိပိုင်ကားတွေ၊ ဆိုင်ကယ် တွေသူများကို ရင်းနှီးတယ်ဆိုပြီး မငှားလိုက်ပါနဲ့။ အချစ်ရေး ကိစ္စတွေမှာတော့ သင့်တော်ရုံ ကောင်းပါတယ်။ ချစ်သူ အခက်အခဲတွေ ရှိရင်တော့ မိမိက ကူညီပေးလိုက်ပါ။ အိမ်ထောင်ရေးမှာတော့ အနည်းငယ် စိတ်တိုင်းမကျစရာတွေ ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ဘက်က အရာရာ ပျင်းရိနေလို့ မိမိအတွက်စိတ်ညစ်ရတတ်ပါတယ်။
အကျိုးပေးဂဏန်း 2 5 6
အထူးဟော စိတ်နဲ့လူနဲ့မကပ် ဖြစ်ရမည်။
ယတြာ မိမိပတ်ဝန်းကျင်းက သူတွေကို အိတ်ဆောင် တရားစာအုပ်လေးတွေ လှူလိုက်ပါ။
ကြာသပတေး
စိတ်ကူးကောင်း အယူအဆကောင်းတွေ ရှိပေမဲ့ လက်တွေ့ အကောင်အထည်ဖော်လို့ မရနိုင်သေးပါဘူး။ မိသားစုအရေး၊ လူမှုရေးတွေမှာ တာဝန်တွေ ပိနေတတ်ပါတယ်။ မိမိစီးပွားအတွက် ကောင်းကောင်းလုပ်ဖို့ အချိန်မရတဲ့ ကာလပါပဲ။ အောက်ခြေလူတန်းစားတွေအတွက် တတ်နိုင်သ၍ အကူအညီတွေ ပေးခွင့်ရလာတတ်ပါတယ်။ ငွေက အဝင်များ အထွက်များ ဖြစ်နေတတ်ပါတယ်။ ကြွေးမြီးကိစ္စတွေ တက်နိုင်သလောက် ရှောင်ပါ။ မလိုအပ်ဘဲ အဖိုးတန် ပစ္စည်းများ မဝယ်သင့်တဲ့ ကာလပါ။
မထင်မှတ်ဘဲ ခရီးတိုတွေ သွားနေရတတ်ပါတယ်။ စုတ်ကိစ် စမရှုပ်ပါနဲ့။ ဒီကာလမှာ ပြဿနာ ဖြစ်ရတတ်လို့ပါပဲ။ သတင်းအလုပ်၊ ကိုယ်စားလှယ် အလုပ်များနှင့် အကျိုးဆောင်အလုပ်များ အခွင့်အလမ်း သစ်တွေ ရလာတတ်ပါတယ်။ စပ်တူကိစ္စ အဆင်မပြေ ဖြစ်ရ တတ်ပါတယ်။ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် အနေ အထားမျိုး ဖြစ်နေတတ်ပါတယ်။
ကျန်းမာရေး အညံ့များနေတာကို သိသင့်ပါတယ်။ တစ်ခုခု အနေအထိုင်အစား အသောက် မဆင်ခြင်တာနဲ့ ရောဂါဝင်လာနိုင်မဲ့ ကာလပါပဲ။ အိမ်ထောင်ရေးကတော့ အဆိုးမရှိပါ။ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေမဲ့ ကာလတွေပါပဲ။ အချစ်ရေးကတော့ ကိုယ့်ထက်ငယ်သူနဲ့ ချစ်ကြိုက်နေသူဆို အနည်းငယ် စိတ်ညစ်ရတတ်ပါ တယ်။ အသွားအလာ ကန့်သတ်ထားပေမဲ့ ဟိုလိုက်ပို့ခိုင်း ဒီလိုက်ပို့ ခိုင်းလုပ်နေပါလိမ့်မယ်။
အကျိုးပေးဂဏန်း 0 3 6
အထူးဟော စိတ်ညစ်စရာတွေ များနေတတ်ပါတယ်။
ယတြာ ဘုရားရှင်အား အလင်းတိုင် ၃ တိုင် ကပ်လှူပြီး သမ္ဗုဒ္ဓေဂါထာတော်ကို သက်စေ့ရွတ်ပွားပါ။
သောကြာ
ကံကြမ္မာက အလင်းရောင်ပေးမဲ့ ကာလပါပဲ။ မိမိက အခွင့်အရေးတွေ ရလာရင် အသုံးချတတ်ဖို့ပဲ လိုပါတယ်။ မိမိလိုချင်နေတဲ့ အလှအပ လက်ဆောင်တွေ ရလာတတ်ပါတယ်။ ငွေကံကောင်းပေမဲ့ ပေးရကမ်းရ ကိစ္စလေးတွေလဲ ရှိနေတတ်ပါတယ်။ မိမိကျွမ်းကျင်ရာ လိမ္မာရာကိစ္စတွေမှာ အားကုန်ထည့်ပြီးဆောင်ရွက်လိုက်ပါ။ အိမ်ထောင် ပရိဘောဂဝယ်ချင်တယ် ဆိုရင် ဒီကာလ ဝယ်ပါ။ ခရမ်းရောင် ဝတ်ဆင်ထားတဲ့ မိတ်ဆွေတစ်ဦး အိမ်လာလည်ရင်တော့ ကံကောင်းတတ်တာမို့ ထီ ကံစမ်းလိုက်ပါ။
စပ်တူအလုပ်များ ကောင်းစွာ လည်ပတ်နိုင်ပါလိမ့်မယ်။ ငွေကြေးရပိုင်ခွင့် တွေကြန့်ကြာနေတာမျိုး ရှိရင်ရလာတတ်ပါတယ်။ အလှူအတန်းကိစ္စလေးတွေ ကြုံလာတတ်ပါတယ်။ ရောင်းချင်၊ ဝယ်ချင်တာ တွေရှိနေရင်တော့ မြန်မြန်ဝယ်၊ မြန်မြန်ရောင်းတာ အကောင်းဆုံးပါပဲ။ ကုန် ပစ္စည်းအသစ်များကို စတင် ဖြန့်ချီခြင်းတွေ၊ အွန်လိုင်းကနေ ကြေငြာခြင်းတွေ စတင်သင့်တဲ့ ကာလပါပဲ။
အလှူအတန်း အလုပ်များ၊ ဘာသာရေး အလုပ် များလုပ်ခွင့် ကြုံရတတ်ပါတတ်ပါတယ်။ သားသမီးနဲ့ပက်သက်ပြီး စိတ်ချမ်းမြေ့ရတတ် ပါတယ်။တန်ဖိုးရှိတဲ့ လက်ဆောင်တွေရလာတတ်ပါတယ်။ အချစ်ရေးကိစ္စ တွေမှာ ထင်သလောက် အဆင်မပြေနိုင်သေးပါ။ ချစ်သူနဲ့ စကားများ ပြဿနာ တတ်ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ ကျန်းမာရေး၊ စီးပွားရေး အားနည်းမှုတွေကြောင့် စိတ်ညစ်ရတတ်ပါတယ်။
အကျိုးပေးဂဏန်း 1 4 7
အထူးဟော ကံမြင့်မားနေမည်။
ယတြာ အိမ်ရှေ့လာသော အလှူခံတွေမှာ တတ်နိုင်သလောက် လှူဒါန်း ထည့်ဝင်လိုက်ပါ။
စနေ
ကံအဆိုးထက် အကောင်းများတဲ့ ကာလပါပဲ။ ကျန်းမာရေးအတွက် စိတ်ရှုပ်စရာလေးတွေ ရှိနေတတ်ပါတယ်။ ငွေကံပွင့်နေတာတော့ တွေ့ရပါတယ်။ ကုန်ကြွေးတွေ၊ လုပ်အားခ အကြွေးတွေ ရှိရင် ရလာ တတ်ပါတယ်။ စိတ်ထဲ တစ်ခုခု ကြံစည်လုပ်ကိုင်ချင်တာမျိုး ပေါ်လာရင် ထလုပ်ကြည့်ပါ။ အောင်မြင်တတ်ပါတယ်။ စန်းအားကောင်း နေနိုင်ပါတယ်။ ချစ်သူသစ် ရတတ်ပါတယ်။ လူသိမခံတဲ့ တိတ်တိတ်ပုန်း အချစ်ရေးမျိုး ကြုံလာရတတ်ပါတယ်။
အိမ်ထောင် ရေးကိစ္စတွေမှာ အိမ်ထောင်ဘက်က အဝေးသွားတာ၊ အလုပ်ကိစ္စနဲ့ ခရီးသွားတာမျိုး ကြုံရတတ်ပါတယ်။ လိင်မတူ သူတွေရဲ့အကူအညီတွေ ရလာတတ်ပါတယ်။ ကျန်းမာရေးအတွက် ရလဒ်ကောင်းတွေ ရလာတတ်ပါတယ်။ အနာ ရောဂါ တွေ ရှိရင် ပျောက်ကင်းသွားတတ်ပါတယ်။ ချောပို့အလုပ်များ အော်ဒါများများရလိမ့်မယ်။ ဝန်ထမ်းများ ရာထူးတတ်၊ လစားတိုးခြင်းတွေ အထူးကြုံရတတ်ပါတယ် ။
သူတစ်ပါးရဲ့အပြစ်အနာအဆာတွေကို ခွင့်လွှတ်ပေးနေမိ တတ်ပါတယ်။ မိမိစိတ်ထဲ စိတ်ကောင်း ဝင်နေတတ်ပါ တယ်။ ပျော်စရာတွေများများ ကြုံရလိမ့်မယ်။ ဆရာဟောင်းတွေနဲ့ ပြန်လည်ဆုံဆည်းခွင့် ရလာတတ်ပါတယ်။ ဖခင် အတွက် စိတ်ပူပန် ရတတ်ပါတယ်။ လုပ်ငန်းနေရာအပြောင်း အရွှေ့တွေ မထင်မှတ်ဘဲ ကြုံရမည်။
အကျိုးပေးဂဏန်း 1 5 9
အထူးဟော စိတ်ကြည်နူးချမ်းမြေ့ ရတတ်ပါတယ်။
ယတြာ ရှေ့ဟောင်းဘုရား တစ်ဆူဆူတွင် အဓိဋ္ဌာန် ပုတီးစိပ်ခြင်းတွေ စတင်လိုက်ပါ။
၇ ရက်သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)
for zawgyi
ဆရာၿငိမ္း၏ 9.Sep.2021 မွ 15.Sep.2021 ထိ ၇ရက္ သားသမီး ေဟာစာတမ္း
တနဂၤေႏြ
ဒီကာလအတြင္း မိသားစုအတြင္းေရးကိစၥမ်ား၊ မိသားစုအလုပ္ကိစၥမ်ား အရႈပ္အေထြးေတြရွိရင္ ေျဖရွင္းႏိုင္ ပါလိမ့္မယ္။ ေပ်ာက္ဆုံးေနတဲ့ပစၥည္းမ်ား အထားမွားေနတဲ့ ပစၥည္းမ်ား မထင္မွတ္ဘဲ ျပန္ေတြ႕တတ္ပါတယ္။ အသိမ္း လြန္ေနတဲ့ပစၥည္းေတြ ျပန္ေတြ႕တတ္ပါတယ္။ အႀကီးအကဲ မိဘေတြရဲ႕ က်န္းမာေရးကို ဂ႐ုစိုက္ပါ။ အထူးသျဖင့္ဖခင္ရဲ႕ က်န္းမာေရး အားနည္းေနတတ္ပါတယ္။
ဥပေဒနဲ႔ မလြတ္ကင္းတဲ့ အလုပ္ေတြ လုပ္ကိုင္ေနသူမ်ား သတိထားပါ။ အမွား အယြင္းေလးေတြျဖစ္ၿပီး အဖမ္းအစီး ခံရတတ္ပါတယ္။ အမ်ားနဲ႔ တြဲၿပီးလုပ္ကိုင္ျခင္းက ပိုမိုအက်ိဳး ျဖစ္ထြန္းတတ္ပါ တယ္။ မိမိအႀကံအစည္ စိတ္ကူးထက္ အျခားသူရဲ႕အႀကံဉာဏ္ကို ယူၿပီးလုပ္တာက ပိုမိုေအာင္ျမင္တတ္ပါတယ္။ အိမ္ၿခံတခါး မလုံၿခဳံသူမ်ား သတိထားပါ။ သူခိုးခိုးခံ ရတတ္ပါတယ္။ လူထူထပ္တဲ့ ေနရာေတြကို သြားလာျခင္းေတြ ေရွာင္လိုက္ပါ။
မိသားစုအတြက္ စိုးရိမ္မကင္း ျဖစ္ရတတ္ပါတယ္။ သားသမီး က်န္းမာေရးကို ဂ႐ုစိုက္ပါ။ အခ်စ္ေရး ကိစၥေတြမွာ အခ်ိဳ႕က အရမ္းအဆင္ေျပၿပီး အခ်ိဳ႕က အဆိုးဆုံးအေနအထား ျဖစ္တတ္ပါတယ္။ ေကာင္းအား ဆိုးအား ႏွစ္မ်ိဳးစလုံး ႀကဳံရတတ္တယ္။ အိမ္ေထာင္ေရး အဆင္ေျပမယ္။ မိမိအတြက္မ်ားစြာ အိမ္ေထာင္ဘက္ အကူအညီရ တတ္ပါတယ္။ က်န္းမာေရးကေတာ့ အာ႐ုံေၾကာ၊ ႏွလုံးေရာဂါေတြ ဂ႐ုစိုက္လိုက္ပါ။
အက်ိဳးေပးဂဏန္း 2 3 6
အထူးေဟာ အညံ့အဆိုးေတြ မ်ားေနတတ္ပါတယ္။
ယၾတာ အရမ္းေမႊးေသာ ပန္းမ်ားကို ဘုရား ပူေဇာ္လိုက္ပါ။
တနလၤာ
စိတ္ကူးအယူအဆမ်ားက လြတ္ေျမာက္ရာကို အားျပဳလုပ္ေနမိ တတ္ပါတယ္။ တစ္ခုခုကို စိတ္တိုင္းမက်ဘဲ ဒီေသာကေတြၾကားက ေျပးထြက္ခ်င္ေနတတ္ပါတယ္။ မထင္မွတ္ဘဲ အလုပ္က နယ္ေျပာင္းေ႐ႊ႕ခံရတာ၊ အလုပ္ျပဳတ္ တာ ဌာနေျပာင္းတာေတြ ျဖစ္ေလ့ရွိတဲ့ ကာလပါပဲ။ မိတ္ေဆြေကာင္းေတြ ရွိေနေပမဲ့ မိမိကို အစစအရာရာ ကူညီေပးႏိုင္ သူကတစ္ေယာက္စ ႏွစ္ေယာက္စပဲ ရွိပါတယ္။ မိတ္ေဆြရင္းေတြရဲ႕နာေရးသတင္းေတြ ၾကားေနရတတ္ပါတယ္။
က်န္းမာေရးကေတာ့ သိပ္အဆိုးႀကီး မျဖစ္ေပမဲ့ အသြားအလာ အလႈပ္အရွား မ်ားလြန္းတာေၾကာင့္ ခႏၶာကိုယ္ ပင္ပန္းႏြမ္းနယ္ ေနတတ္ပါတယ္။ အလုပ္သစ္ေတြ၊ စီးပြားသစ္ေတြ ရွိတဲ့အခါ အေႏွာက္အယွက္ အတားအဆီးေတြ ရွိေနတတ္တာ ေတြ႕ရတယ္။ မိမိအဆင္ေျပသြားမွာကို မနာလိုတဲ့သူေတြ ရွိေနတာကို မေမ့ပါနဲ႔။ အခက္အခဲေတြရွိရင္ သစၥာတရားျပဳ ဆုေတာင္းျခင္းျဖင့္ ေျပလည္တတ္ပါတယ္။ မိမိကို အထင္ေသးသူမ်ားေတာင္ ေလးစားခ်စ္ခင္ျခင္း ခံရတတ္ပါ တယ္။ တစ္ခုသတိထားရမွာကေတာ့ အေမြမႈေတြ စတင္ျဖစ္ပြားတတ္ပါတယ္။
လုပ္ငန္းခြင္အတြင္း ေကာင္းစြာစည္း႐ုံး သိမ္းသြင္း ႏိုင္ပါလိမ့္မယ္။ မိမိကိုအက်ိဳးတူ ပူးေပါင္းရန္ လာေရာက္ကမ္းလွမ္းျခင္းေတြ ႀကဳံရတတ္ပါတယ္။ စည္းစိမ္း ခ်မ္းသာႏွင့္ ဓနဥစၥာေတြ ရရွိတတ္ပါတယ္။ အခ်စ္ေရး ကိစၥေတြမွာေတာ့ မိမိကိုယ္တိုင္က သံေယာဇဥ္ေတြကို ျဖတ္ခ်င္ ေနမိတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္နဲ႔ သေဘာစိတ္ကူး မတူတာေတြ မ်ားေနတတ္ပါတယ္။
အက်ိဳးေပးဂဏန္း 3 4 0
အထူးေဟာ ကံသင့္ပါတယ္။
ယၾတာ ႏြားႏို႔ဘုရားကပ္လႉလိုက္ပါ။
အဂၤါ
ဒီကာလမွာေတာ့ အလုပ္စီးပြားကံ ေကာင္းေနတတ္ပါတယ္။ လုပ္သမွ် စီးပြားေရးေတြက မိမိအျမင္က်ယ္ေလ တိုးတတ္ေလပါပဲ။ ဒီကာလမွာ ပါးပါးနပ္နပ္ေတြးေတာ လုပ္ကိုင္တတ္ဖို႔ လိုပါတယ္။ အိုင္တီနဲ႔ ဆက္ႏြယ္ေသာ အလုပ္ မ်ား၊ မီးနဲ႔ခ်က္ျပဳတ္ရေသာ အလုပ္မ်ား၊ စက္ျပင္အလုပ္မ်ား အဆင္ေျပတတ္ပါတယ္။ မိတ္ေဆြေကာင္းေတြနဲ႔ တိုင္ပင္ လုပ္ေလ အဆင္ေျပေလပါပဲ။ တပည့္ေတြ၊ ေက်းဇူးရွိဖူးသူေတြ လာေရာက္ကန္ေတာ့တာ ေထာက္ပံ့တာမ်ိဳး ႀကဳံရ တတ္ပါတယ္။
ရပ္ေဝးက ခ်ိတ္ဆက္ထားေသာ အလုပ္ေတြက ပိုမိုအားေကာင္း လာတတ္ပါတယ္။ အြန္လိုင္းအလုပ္မ်ား အဆင္ေျပတတ္ပါတယ္။က်န္းမာေရးကေတာ့ ဒီကာလ အေညာင္းမိတာမ်ားၿပီး ဝမ္းခ်ဳပ္တာ၊ ဇက္ေၾကာတတ္တာေတြ ျဖစ္ရတတ္ပါတယ္။ ေ႐ႊႏွင့္ သတၱဳတူးေဖာ္ျခင္းမ်ား အဆင္ေျပ တိုးတတ္ႏိုင္ပါတယ္။ မိတ္ေဆြေကာင္း ေတြရဲ႕အကူအညီ ရႏိုင္သလို ဆရာသမားေတြဆီက အႀကံေကာင္းေတြ ရလာတတ္ပါတယ္။
အလုပ္သစ္၊ဆိုင္ သစ္ စီးပြား သစ္စတင္လို႔ ေကာင္းပါတယ္။ စန္းအားနည္းေနခ်ိန္မို႔ အခ်စ္ေရးကိစၥေတြမွာေတာ့ တတ္ႏိုင္သမွ်ကိုယ္က ေလွ်ာ့ပါ။ တစ္ေယာက္တစ္ခြန္းစကားမ်ားရာကေန အၿပီးျပတ္သည္အထိ ျဖစ္သြားႏိုင္ပါတယ္။ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး အနည္းငယ္ အားနည္းပါတယ္။ အိမ္ေထာင္ဘက္ကအလုပ္မ်ားၿပီး ဂ႐ုမစိုက္ႏိုင္တာကို မိမိကခြင့္လႊတ္ ေပးဖို႔ လိုပါ တယ္။
အက်ိဳးေပးဂဏန္း 1 5 8
အထူးေဟာ အလုပ္စီးပြား ထင္ရွားစြာ တိုးတတ္မည္။
ယၾတာ အသက္ႀကီးသူမ်ားကို လိုအပ္တဲ့ အားေဆးလႉလိုက္ပါ။
ဗုဒၶဟူး ရာဟု
ဒီအပတ္ထဲမွာ လုပ္သင့္တာေတြကိုပဲ ဦးစားေပးလုပ္ပါ။ မိမိစိတ္တိုင္းက် ဘာမွ လုပ္မရပါဘူး၊ မိမိကံအားနည္း ေနခ်ိန္မို႔ မိမိအေတြးအေခၚကလဲ ခြၽတ္ေခ်ာ္ေနတတ္တာကို ေတြ႕ရပါတယ္။ အလုပ္ေတြနဲ႔ ပတ္သက္ၿပီး ထင္သလို မျဖစ္ႏိုင္ေသးဘူး။ တတ္ႏိုင္သမွ် အလုပ္အတြက္ ရင္းႏွီးျမဳပ္ႏွံမႈေတြ မလုပ္နဲ႔အုံး။ အိမ္တြင္းေရးကိစၥ၊ အေမြ ကိစၥေတြမွာေတာ့ မိမိက ဦးေဆာင္ၿပီးေတာ့ မေဆာင္႐ြက္ပါနဲ႔။ က်န္းမာေရး ေကာင္းေနႏိုင္ပါတယ္။ က်န္းမာေရးအတြက္ စိတ္ပူ ဖို႔သိပ္မလိုေသးတဲ့ ကာလပါပဲ။
စကားအေျပာအဆိုေတာ့ ထိန္းပါ။ စကားနဲ႔ပတ္သက္ၿပီး ႏႈတ္ကြၽံေတာ့ ႏႈတ္မရဆိုတာ မ်ိဳးေတြ ျဖစ္ရတတ္ပါတယ္။ အလုပ္နဲ႔ပတ္သက္ေသာ ခရီးေတြရက္ ေ႐ႊ႕ၿပီးမွ အဆင္ေျပရတတ္ပါတယ္။ မိမိရဲ႕ အေႂကြး ေဟာင္းေတြ ျပန္ဆပ္ႏိုင္ပါလိမ့္မယ္။ စက္ကားဝယ္ယူမယ္ဆို အနာအဆာပါလာတတ္ပါတယ္။ သတိနဲ႔ယွဥ္ ပါ။ ေအာက္လက္ငယ္သားေတြကို ေငြေၾကးနဲ႔ပတ္သက္ၿပီး ခိုင္းေစျခင္းကို သတိရွိပါ။
မိမိပိုင္ကားေတြ၊ ဆိုင္ကယ္ ေတြသူမ်ားကို ရင္းႏွီးတယ္ဆိုၿပီး မငွားလိုက္ပါနဲ႔။ အခ်စ္ေရး ကိစၥေတြမွာေတာ့ သင့္ေတာ္႐ုံ ေကာင္းပါတယ္။ ခ်စ္သူ အခက္အခဲေတြ ရွိရင္ေတာ့ မိမိက ကူညီေပးလိုက္ပါ။ အိမ္ေထာင္ေရးမွာေတာ့ အနည္းငယ္ စိတ္တိုင္းမက်စရာေတြ ျဖစ္ရတတ္ပါတယ္။ အိမ္ေထာင္ဘက္က အရာရာ ပ်င္းရိေနလို႔ မိမိအတြက္စိတ္ညစ္ရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း 2 5 6
အထူးေဟာ စိတ္နဲ႔လူနဲ႔မကပ္ ျဖစ္ရမည္။
ယၾတာ မိမိပတ္ဝန္းက်င္းက သူေတြကို အိတ္ေဆာင္ တရားစာအုပ္ေလးေတြ လႉလိုက္ပါ။
ၾကာသပေတး
စိတ္ကူးေကာင္း အယူအဆေကာင္းေတြ ရွိေပမဲ့ လက္ေတြ႕ အေကာင္အထည္ေဖာ္လို႔ မရႏိုင္ေသးပါဘူး။ မိသားစုအေရး၊ လူမႈေရးေတြမွာ တာဝန္ေတြ ပိေနတတ္ပါတယ္။ မိမိစီးပြားအတြက္ ေကာင္းေကာင္းလုပ္ဖို႔ အခ်ိန္မရတဲ့ ကာလပါပဲ။ ေအာက္ေျခလူတန္းစားေတြအတြက္ တတ္ႏိုင္သ၍ အကူအညီေတြ ေပးခြင့္ရလာတတ္ပါတယ္။ ေငြက အဝင္မ်ား အထြက္မ်ား ျဖစ္ေနတတ္ပါတယ္။ ေႂကြးၿမီးကိစၥေတြ တက္ႏိုင္သေလာက္ ေရွာင္ပါ။ မလိုအပ္ဘဲ အဖိုးတန္ ပစၥည္းမ်ား မဝယ္သင့္တဲ့ ကာလပါ။
မထင္မွတ္ဘဲ ခရီးတိုေတြ သြားေနရတတ္ပါတယ္။ စုတ္ကိစ္ စမရႈပ္ပါနဲ႔။ ဒီကာလမွာ ျပႆနာ ျဖစ္ရတတ္လို႔ပါပဲ။ သတင္းအလုပ္၊ ကိုယ္စားလွယ္ အလုပ္မ်ားႏွင့္ အက်ိဳးေဆာင္အလုပ္မ်ား အခြင့္အလမ္း သစ္ေတြ ရလာတတ္ပါတယ္။ စပ္တူကိစၥ အဆင္မေျပ ျဖစ္ရ တတ္ပါတယ္။ ေရွ႕တိုးရခက္၊ ေနာက္ဆုတ္ရခက္ အေန အထားမ်ိဳး ျဖစ္ေနတတ္ပါတယ္။
က်န္းမာေရး အညံ့မ်ားေနတာကို သိသင့္ပါတယ္။ တစ္ခုခု အေနအထိုင္အစား အေသာက္ မဆင္ျခင္တာနဲ႔ ေရာဂါဝင္လာႏိုင္မဲ့ ကာလပါပဲ။ အိမ္ေထာင္ေရးကေတာ့ အဆိုးမရွိပါ။ ကိုယ့္အလုပ္နဲ႔ကိုယ္ ရႈပ္ေနမဲ့ ကာလေတြပါပဲ။ အခ်စ္ေရးကေတာ့ ကိုယ့္ထက္ငယ္သူနဲ႔ ခ်စ္ႀကိဳက္ေနသူဆို အနည္းငယ္ စိတ္ညစ္ရတတ္ပါ တယ္။ အသြားအလာ ကန႔္သတ္ထားေပမဲ့ ဟိုလိုက္ပို႔ခိုင္း ဒီလိုက္ပို႔ ခိုင္းလုပ္ေနပါလိမ့္မယ္။
အက်ိဳးေပးဂဏန္း 0 3 6
အထူးေဟာ စိတ္ညစ္စရာေတြ မ်ားေနတတ္ပါတယ္။
ယၾတာ ဘုရားရွင္အား အလင္းတိုင္ ၃ တိုင္ ကပ္လႉၿပီး သမၺဳေဒၶဂါထာေတာ္ကို သက္ေစ့႐ြတ္ပြားပါ။
ေသာၾကာ
ကံၾကမၼာက အလင္းေရာင္ေပးမဲ့ ကာလပါပဲ။ မိမိက အခြင့္အေရးေတြ ရလာရင္ အသုံးခ်တတ္ဖို႔ပဲ လိုပါတယ္။ မိမိလိုခ်င္ေနတဲ့ အလွအပ လက္ေဆာင္ေတြ ရလာတတ္ပါတယ္။ ေငြကံေကာင္းေပမဲ့ ေပးရကမ္းရ ကိစၥေလးေတြလဲ ရွိေနတတ္ပါတယ္။ မိမိကြၽမ္းက်င္ရာ လိမၼာရာကိစၥေတြမွာ အားကုန္ထည့္ၿပီးေဆာင္႐ြက္လိုက္ပါ။ အိမ္ေထာင္ ပရိေဘာဂဝယ္ခ်င္တယ္ ဆိုရင္ ဒီကာလ ဝယ္ပါ။ ခရမ္းေရာင္ ဝတ္ဆင္ထားတဲ့ မိတ္ေဆြတစ္ဦး အိမ္လာလည္ရင္ေတာ့ ကံေကာင္းတတ္တာမို႔ ထီ ကံစမ္းလိုက္ပါ။
စပ္တူအလုပ္မ်ား ေကာင္းစြာ လည္ပတ္ႏိုင္ပါလိမ့္မယ္။ ေငြေၾကးရပိုင္ခြင့္ ေတြၾကန႔္ၾကာေနတာမ်ိဳး ရွိရင္ရလာတတ္ပါတယ္။ အလႉအတန္းကိစၥေလးေတြ ႀကဳံလာတတ္ပါတယ္။ ေရာင္းခ်င္၊ ဝယ္ခ်င္တာ ေတြရွိေနရင္ေတာ့ ျမန္ျမန္ဝယ္၊ ျမန္ျမန္ေရာင္းတာ အေကာင္းဆုံးပါပဲ။ ကုန္ ပစၥည္းအသစ္မ်ားကို စတင္ ျဖန႔္ခ်ီျခင္းေတြ၊ အြန္လိုင္းကေန ေၾကျငာျခင္းေတြ စတင္သင့္တဲ့ ကာလပါပဲ။
အလႉအတန္း အလုပ္မ်ား၊ ဘာသာေရး အလုပ္ မ်ားလုပ္ခြင့္ ႀကဳံရတတ္ပါတတ္ပါတယ္။ သားသမီးနဲ႔ပက္သက္ၿပီး စိတ္ခ်မ္းေျမ့ရတတ္ ပါတယ္။တန္ဖိုးရွိတဲ့ လက္ေဆာင္ေတြရလာတတ္ပါတယ္။ အခ်စ္ေရးကိစၥ ေတြမွာ ထင္သေလာက္ အဆင္မေျပႏိုင္ေသးပါ။ ခ်စ္သူနဲ႔ စကားမ်ား ျပႆနာ တတ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ရဲ႕ က်န္းမာေရး၊ စီးပြားေရး အားနည္းမႈေတြေၾကာင့္ စိတ္ညစ္ရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း 1 4 7
အထူးေဟာ ကံျမင့္မားေနမည္။
ယၾတာ အိမ္ေရွ႕လာေသာ အလႉခံေတြမွာ တတ္ႏိုင္သေလာက္ လႉဒါန္း ထည့္ဝင္လိုက္ပါ။
စေန
ကံအဆိုးထက္ အေကာင္းမ်ားတဲ့ ကာလပါပဲ။ က်န္းမာေရးအတြက္ စိတ္ရႈပ္စရာေလးေတြ ရွိေနတတ္ပါတယ္။ ေငြကံပြင့္ေနတာေတာ့ ေတြ႕ရပါတယ္။ ကုန္ေႂကြးေတြ၊ လုပ္အားခ အေႂကြးေတြ ရွိရင္ ရလာ တတ္ပါတယ္။ စိတ္ထဲ တစ္ခုခု ႀကံစည္လုပ္ကိုင္ခ်င္တာမ်ိဳး ေပၚလာရင္ ထလုပ္ၾကည့္ပါ။ ေအာင္ျမင္တတ္ပါတယ္။ စန္းအားေကာင္း ေနႏိုင္ပါတယ္။ ခ်စ္သူသစ္ ရတတ္ပါတယ္။ လူသိမခံတဲ့ တိတ္တိတ္ပုန္း အခ်စ္ေရးမ်ိဳး ႀကဳံလာရတတ္ပါတယ္။
အိမ္ေထာင္ ေရးကိစၥေတြမွာ အိမ္ေထာင္ဘက္က အေဝးသြားတာ၊ အလုပ္ကိစၥနဲ႔ ခရီးသြားတာမ်ိဳး ႀကဳံရတတ္ပါတယ္။ လိင္မတူ သူေတြရဲ႕အကူအညီေတြ ရလာတတ္ပါတယ္။ က်န္းမာေရးအတြက္ ရလဒ္ေကာင္းေတြ ရလာတတ္ပါတယ္။ အနာ ေရာဂါ ေတြ ရွိရင္ ေပ်ာက္ကင္းသြားတတ္ပါတယ္။ ေခ်ာပို႔အလုပ္မ်ား ေအာ္ဒါမ်ားမ်ားရလိမ့္မယ္။ ဝန္ထမ္းမ်ား ရာထူးတတ္၊ လစားတိုးျခင္းေတြ အထူးႀကဳံရတတ္ပါတယ္ ။
သူတစ္ပါးရဲ႕အျပစ္အနာအဆာေတြကို ခြင့္လႊတ္ေပးေနမိ တတ္ပါတယ္။ မိမိစိတ္ထဲ စိတ္ေကာင္း ဝင္ေနတတ္ပါ တယ္။ ေပ်ာ္စရာေတြမ်ားမ်ား ႀကဳံရလိမ့္မယ္။ ဆရာေဟာင္းေတြနဲ႔ ျပန္လည္ဆုံဆည္းခြင့္ ရလာတတ္ပါတယ္။ ဖခင္ အတြက္ စိတ္ပူပန္ ရတတ္ပါတယ္။ လုပ္ငန္းေနရာအေျပာင္း အေ႐ႊ႕ေတြ မထင္မွတ္ဘဲ ႀကဳံရမည္။
အက်ိဳးေပးဂဏန္း 1 5 9
အထူးေဟာ စိတ္ၾကည္ႏူးခ်မ္းေျမ့ ရတတ္ပါတယ္။
ယၾတာ ေရွ႕ေဟာင္းဘုရား တစ္ဆူဆူတြင္ အဓိ႒ာန္ ပုတီးစိပ္ျခင္းေတြ စတင္လိုက္ပါ။
၇ ရက္သားသမီးအေပါင္း ေကာင္းေသာ လိုအင္ဆႏၵေတြ ျပည့္ဝပါေစ
ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)
0 Comments