ထူးထူးခြားခြား နှစ်ပေါင်း (၄၀) လောက် မအိပ်ဘဲနေခဲ့တဲ့ အမျိုးသမီး

တရုတ်နိုင်ငံက မီဒီယာတွေက မကြာသေးခင် အချိန်တုန်းက ထူးထူးခြားခြား သတင်းတစ်ခုကို ကြေငြာခဲ့ပါတယ်။ အကြောင်းအရာကတော့ နှစ်ပေါင်း (၄၀) လောက်ထိ မအိပ်ဘဲနေတဲ့ အမျိုးသမီးတစ်ယောက် အကြောင်းပါ။

လူအများစု မအိပ်ဘဲနေနိုင်တဲ့ အချိန်ကတော့ အလွန်ဆုံးကြာချိန် (၂၄) နာရီပါပဲ။ တရုတ်နိုင်ငံ၊ Henanက Li Zhanying လို့ခေါ်တဲ့ အမျိုးသမီးကတော့ အိပ်မပျော်တာ နှစ်ပေါင်း (၄၀) လောက် ရှိသွားပါပြီ။ သူမကို စမ်းသပ်ကြည့်တဲ့ အခါမှာလည်း တကယ် အိပ်မပျော်ပဲ အိပ်ငိုက်ခြင်းသာ ဖြစ်နေပါတယ်။

သူမ (၅) နှစ် (၆) နှစ်သမီး အရွယ်လောက်တုန်းက ကောင်းကောင်း အိပ်ပျော်ခဲ့တဲ့ အချိန်တွေကိုပဲ ပြန်လိုချင်တယ်လို့ ပြောပါတယ်။ အခုဆိုရင် ကောင်းသောအိပ်စက်ခြင်းနှင့် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရတာ နှစ်ပေါင်း (၄၀) လောက် ရှိနေပါပြီ။

သူမရဲ့ အဲ့လို အိပ်မပျော်တဲ့ရောဂါကြောင့် Henan ပြည်နယ် တစ်ဝိုက်မှာတော့ နာမည်ကြီးနေပါတယ်။ လူတချို့ကလည်း မယုံတာကြောင့် နည်းအမျိုးမျိုးနဲ့ စိန်ခေါ်ခဲ့ကြပါတယ်။ ဘယ်လို စိန်ခေါ်ခဲ့ကြလဲဆိုတော့ လမ်းမီးတိုင်အောက်မှာ တစ်ညလုံး ဖဲရိုက်ကြတာပါ။ Liကတော့ တစ်ညလုံး အေးအေးဆေးဆေးရိုက်နိုင်ပေမယ့် စိန်ခေါ်တဲ့လူတွေကတော့ ညနည်းနည်း နက်လာတာနဲ့ အရမ်းကို အိပ်ချင်လာပြီး အိမ်ပြန်တဲ့သူကပြန်၊ အိပ်ပျော်တဲ့သူကအိပ်ပျော်နဲ့ ဖြစ်ကုန်ကြပါတယ်။

Li ရဲ့အမျိုးသားဖြစ်တဲ့ Liu Suoquin ဟာလည်း သူမက လုံးဝမအိပ်ကြောင်း ပြောပါတယ်။ သူတို့ လက်ထပ်ပြီးကတည်းက Li ဟာ ညဘက်တွေ အိပ်မပျော်တာကြောင့် တစ်ညလုံး အိမ်အလုပ်လုပ်တွေ လုပ်နေခဲ့တာလို့ ပြောပါတယ်။ ဒီလို ညလုံးပေါက်အိမ်အလုပ်တွေ လုပ်နေတာကြောင့် အမျိုးသားဖြစ်တဲ့ Liu Suoquin တောင် တစ်ညလုံး အိပ်မရတဲ့ ညတွေတောင် ရှိခဲ့ဖူးတယ်လို့ ပြောပါတယ်။

သူမ ညတိုင်း အိပ်မပျော်တာကို ကြည့်ပြီးတော့လည်း စိတ်မကောင်းဘူးလို့ ပြောပါတယ်။ Li ဟာ အိပ်ဆေးတွေ၊ တိုင်းရင်းဆေးတွေ စတဲ့ ဆေးမျိုးစုံကို သုံးပေမယ့်လည်း အိပ်မပျော်ပါဘူး။

Bastille Post ရဲ့အဆိုအရ Li Zhanying ဟာ ဆရာဝန်တွေဆီမှာ အိပ်ပျော်ဖို့ ဆေးနည်း အမျိုးမျိုးကို တောင်းခဲ့ပေမယ့်လည်း အလုပ် မဖြစ်ခဲ့ပါဘူး။ အဖြေကို ရှာကြည့်တော့လည်း မတွေ့လို့ နောက်ဆုံးမှာတော့ ဆရာဝန်တွေတောင် လက်လျှော့လိုက် ရပါတယ်။

ဒါပေမယ့်လည်း ပေကျင်းမှာရှိတဲ့ ဆေးဘက်ဆိုင်ရာဌာန တစ်ခုကိုသွားပြီး စစ်ဆေးဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ဆယ်စုနှစ်များစွာ အိပ်မပျော်ခြင်းရဲ့ လျှို့ဝှက်ချက်ကို နောက်ဆုံးမှာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဆရာဝန်တွေကလည်း အဆင့်မြင့် အာရုံခံကိရိယာတွေနဲ့ စမ်းသပ်တဲ့အခါမှာလည်း သူမဟာ တကယ်ကို အိပ်မပျော်တာဆိုတဲ့ အချက်ကိုတွေ့ခဲ့ပါတယ်။

(၄၈) နာရီလုံး စမ်းသပ်ကြည့်တဲ့အခါမှာ အဖြေကို တွေ့ခဲ့ပါတယ်။ စမ်းသပ်ချက်တွေအရကတော့ Li ဟာ သာမန်လူတွေထက် ပိုပြီး ထူးခြားနေပြီး သူ့ခင်ပွန်းနဲ့ စကားပြောတဲ့အချိန်မှာ မျက်လုံးလေး ခဏမှိတ်လိုက်တာနဲ့ သာမန်လူတွေလိုမျိုး အိပ်စက်ခြင်းကို ရရှိတယ်လို့ ဆိုပါတယ်။ သူမရဲ့ အာရုံကြောနဲ့ ကိုယ်တွင်းအင်္ဂါ တစ်ချို့က အိပ်ပျော်နေတဲ့အချိန် နိုးထလာတာမျိုး ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို " နိုးနေတဲ့အချိန်မှာ အိပ်ပျော်ခြင်း" လို့ ဆရာဝန်တွေက ခေါ်ဆိုခဲ့ကြပါတယ်။

ဆရာဝန်တွေကတော့ Li ရဲ့ဦးနှောက်ဟာ မနားဘဲ အလုပ်လုပ်နေတာကို တွေ့ခဲ့ပါတယ်။ သူမ အနားယူနေတဲ့အချိန်မှာ ခန္ဓာကိုယ်တစ်ခြမ်းသာ အနားယူနေပြီး နောက်တစ်ခြမ်းကတော့ ပုံမှန်အတိုင်း အလုပ်တွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။

ဥပမာပြောရရင် သူမရဲ့ခင်ပွန်းဖြစ်တဲ့ Li Zhanying နှင့် စကားပြောတဲ့အခါ Li မှာ မျက်ဆန်ပြူးလာတာတွေ၊ မျက်တောင်ခတ်နှေးလာတာတွေဖြစ်လာတာကို တွေ့ရပါတယ်။ အဲ့လို ဖြစ်သွားတဲ့ အခိုက်အတန့်ဟာ Li အတွက် အနားယူ အိပ်စက်ခြင်းမျိုးပါပဲလို့ ဖော်ပြထားပါတယ်။

သူမရဲ့ သာမန်မဟုတ်ပဲ အလုပ်လုပ်နေတဲ့ ဦးနှောက်နဲ့ ခန္ဒာကိုယ်ကြောင့် Li ဟာ အိပ်မပျော်ခဲ့တာ နှစ်ပေါင်း (၄၀) လောက် ကြာခဲ့ပါပြီ။ ပြီးတော့ မျက်လုံးမှိတ်ပြီး အိပ်ရင်လည်း (၁၀) မိနစ်ထက် ပိုကြာပြီး အိပ်မပျော်ပါဘူး။

Zombie (Lovemedia)

for zawgyi

ထူးထူးျခားျခား ႏွစ္ေပါင္း (၄၀) ေလာက္ မအိပ္ဘဲေနခဲ့တဲ့ အမ်ိဳးသမီး

တ႐ုတ္ႏိုင္ငံက မီဒီယာေတြက မၾကာေသးခင္ အခ်ိန္တုန္းက ထူးထူးျခားျခား သတင္းတစ္ခုကို ေၾကျငာခဲ့ပါတယ္။ အေၾကာင္းအရာကေတာ့ ႏွစ္ေပါင္း (၄၀) ေလာက္ထိ မအိပ္ဘဲေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ အေၾကာင္းပါ။

လူအမ်ားစု မအိပ္ဘဲေနႏိုင္တဲ့ အခ်ိန္ကေတာ့ အလြန္ဆုံးၾကာခ်ိန္ (၂၄) နာရီပါပဲ။ တ႐ုတ္ႏိုင္ငံ၊ Henanက Li Zhanying လို႔ေခၚတဲ့ အမ်ိဳးသမီးကေတာ့ အိပ္မေပ်ာ္တာ ႏွစ္ေပါင္း (၄၀) ေလာက္ ရွိသြားပါၿပီ။ သူမကို စမ္းသပ္ၾကည့္တဲ့ အခါမွာလည္း တကယ္ အိပ္မေပ်ာ္ပဲ အိပ္ငိုက္ျခင္းသာ ျဖစ္ေနပါတယ္။

သူမ (၅) ႏွစ္ (၆) ႏွစ္သမီး အ႐ြယ္ေလာက္တုန္းက ေကာင္းေကာင္း အိပ္ေပ်ာ္ခဲ့တဲ့ အခ်ိန္ေတြကိုပဲ ျပန္လိုခ်င္တယ္လို႔ ေျပာပါတယ္။ အခုဆိုရင္ ေကာင္းေသာအိပ္စက္ျခင္းႏွင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ မအိပ္ရတာ ႏွစ္ေပါင္း (၄၀) ေလာက္ ရွိေနပါၿပီ။

သူမရဲ႕ အဲ့လို အိပ္မေပ်ာ္တဲ့ေရာဂါေၾကာင့္ Henan ျပည္နယ္ တစ္ဝိုက္မွာေတာ့ နာမည္ႀကီးေနပါတယ္။ လူတခ်ိဳ႕ကလည္း မယုံတာေၾကာင့္ နည္းအမ်ိဳးမ်ိဳးနဲ႔ စိန္ေခၚခဲ့ၾကပါတယ္။ ဘယ္လို စိန္ေခၚခဲ့ၾကလဲဆိုေတာ့ လမ္းမီးတိုင္ေအာက္မွာ တစ္ညလုံး ဖဲ႐ိုက္ၾကတာပါ။ Liကေတာ့ တစ္ညလုံး ေအးေအးေဆးေဆး႐ိုက္ႏိုင္ေပမယ့္ စိန္ေခၚတဲ့လူေတြကေတာ့ ညနည္းနည္း နက္လာတာနဲ႔ အရမ္းကို အိပ္ခ်င္လာၿပီး အိမ္ျပန္တဲ့သူကျပန္၊ အိပ္ေပ်ာ္တဲ့သူကအိပ္ေပ်ာ္နဲ႔ ျဖစ္ကုန္ၾကပါတယ္။

Li ရဲ႕အမ်ိဳးသားျဖစ္တဲ့ Liu Suoquin ဟာလည္း သူမက လုံးဝမအိပ္ေၾကာင္း ေျပာပါတယ္။ သူတို႔ လက္ထပ္ၿပီးကတည္းက Li ဟာ ညဘက္ေတြ အိပ္မေပ်ာ္တာေၾကာင့္ တစ္ညလုံး အိမ္အလုပ္လုပ္ေတြ လုပ္ေနခဲ့တာလို႔ ေျပာပါတယ္။ ဒီလို ညလုံးေပါက္အိမ္အလုပ္ေတြ လုပ္ေနတာေၾကာင့္ အမ်ိဳးသားျဖစ္တဲ့ Liu Suoquin ေတာင္ တစ္ညလုံး အိပ္မရတဲ့ ညေတြေတာင္ ရွိခဲ့ဖူးတယ္လို႔ ေျပာပါတယ္။

သူမ ညတိုင္း အိပ္မေပ်ာ္တာကို ၾကည့္ၿပီးေတာ့လည္း စိတ္မေကာင္းဘူးလို႔ ေျပာပါတယ္။ Li ဟာ အိပ္ေဆးေတြ၊ တိုင္းရင္းေဆးေတြ စတဲ့ ေဆးမ်ိဳးစုံကို သုံးေပမယ့္လည္း အိပ္မေပ်ာ္ပါဘူး။

Bastille Post ရဲ႕အဆိုအရ Li Zhanying ဟာ ဆရာဝန္ေတြဆီမွာ အိပ္ေပ်ာ္ဖို႔ ေဆးနည္း အမ်ိဳးမ်ိဳးကို ေတာင္းခဲ့ေပမယ့္လည္း အလုပ္ မျဖစ္ခဲ့ပါဘူး။ အေျဖကို ရွာၾကည့္ေတာ့လည္း မေတြ႕လို႔ ေနာက္ဆုံးမွာေတာ့ ဆရာဝန္ေတြေတာင္ လက္ေလွ်ာ့လိုက္ ရပါတယ္။ ဒါေပမယ့္လည္း ေပက်င္းမွာရွိတဲ့ ေဆးဘက္ဆိုင္ရာဌာန တစ္ခုကိုသြားၿပီး စစ္ေဆးဖို႔ ဆုံးျဖတ္လိုက္တဲ့အခါ ဆယ္စုႏွစ္မ်ားစြာ အိပ္မေပ်ာ္ျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ေနာက္ဆုံးမွာ ေျဖရွင္းႏိုင္ခဲ့ပါတယ္။ ဆရာဝန္ေတြကလည္း အဆင့္ျမင့္ အာ႐ုံခံကိရိယာေတြနဲ႔ စမ္းသပ္တဲ့အခါမွာလည္း သူမဟာ တကယ္ကို အိပ္မေပ်ာ္တာဆိုတဲ့ အခ်က္ကိုေတြ႕ခဲ့ပါတယ္။

(၄၈) နာရီလုံး စမ္းသပ္ၾကည့္တဲ့အခါမွာ အေျဖကို ေတြ႕ခဲ့ပါတယ္။ စမ္းသပ္ခ်က္ေတြအရကေတာ့ Li ဟာ သာမန္လူေတြထက္ ပိုၿပီး ထူးျခားေနၿပီး သူ႔ခင္ပြန္းနဲ႔ စကားေျပာတဲ့အခ်ိန္မွာ မ်က္လုံးေလး ခဏမွိတ္လိုက္တာနဲ႔ သာမန္လူေတြလိုမ်ိဳး အိပ္စက္ျခင္းကို ရရွိတယ္လို႔ ဆိုပါတယ္။ သူမရဲ႕ အာ႐ုံေၾကာနဲ႔ ကိုယ္တြင္းအဂၤါ တစ္ခ်ိဳ႕က အိပ္ေပ်ာ္ေနတဲ့အခ်ိန္ ႏိုးထလာတာမ်ိဳး ျဖစ္ပါတယ္။ ဒီျဖစ္စဥ္ကို " ႏိုးေနတဲ့အခ်ိန္မွာ အိပ္ေပ်ာ္ျခင္း" လို႔ ဆရာဝန္ေတြက ေခၚဆိုခဲ့ၾကပါတယ္။

ဆရာဝန္ေတြကေတာ့ Li ရဲ႕ဦးေႏွာက္ဟာ မနားဘဲ အလုပ္လုပ္ေနတာကို ေတြ႕ခဲ့ပါတယ္။ သူမ အနားယူေနတဲ့အခ်ိန္မွာ ခႏၶာကိုယ္တစ္ျခမ္းသာ အနားယူေနၿပီး ေနာက္တစ္ျခမ္းကေတာ့ ပုံမွန္အတိုင္း အလုပ္ေတြ ဆက္လုပ္ေနတယ္လို႔ ေျပာပါတယ္။

ဥပမာေျပာရရင္ သူမရဲ႕ခင္ပြန္းျဖစ္တဲ့ Li Zhanying ႏွင့္ စကားေျပာတဲ့အခါ Li မွာ မ်က္ဆန္ျပဴးလာတာေတြ၊ မ်က္ေတာင္ခတ္ေႏွးလာတာေတြျဖစ္လာတာကို ေတြ႕ရပါတယ္။ အဲ့လို ျဖစ္သြားတဲ့ အခိုက္အတန႔္ဟာ Li အတြက္ အနားယူ အိပ္စက္ျခင္းမ်ိဳးပါပဲလို႔ ေဖာ္ျပထားပါတယ္။

သူမရဲ႕ သာမန္မဟုတ္ပဲ အလုပ္လုပ္ေနတဲ့ ဦးေႏွာက္နဲ႔ ခႏၵာကိုယ္ေၾကာင့္ Li ဟာ အိပ္မေပ်ာ္ခဲ့တာ ႏွစ္ေပါင္း (၄၀) ေလာက္ ၾကာခဲ့ပါၿပီ။ ၿပီးေတာ့ မ်က္လုံးမွိတ္ၿပီး အိပ္ရင္လည္း (၁၀) မိနစ္ထက္ ပိုၾကာၿပီး အိပ္မေပ်ာ္ပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments