ခြင်တွေကို လှတယ်လို့ ပြောရင် နည်းနည်းတော့ ထူးထူးဆန်းဆန်း ဖြစ်နေပါလိမ့်မယ်။ ဒီနေ့ရဲ့ ဇာတ်လိုက်ကတော့ Sabethes cyaneus ဒေသက အပူပိုင်းခြင်မျိုးစိတ် အကြောင်းပါပဲ။
တောင်အမေရိကဒေသရဲ့ အလယ်ပိုင်းမှာ တွေ့ရတဲ့ Sabethes လို့ခေါ်တဲ့ ခြင်မျိုးစိတ်ရဲ့အလယ်ခြေထောက်နှစ်ဖက်ဟာ ထူးဆန်းစွာ အပေါ်ကို ထောင်နေပါတယ်။ ခြေထောက်နှစ်ဖက်လုံးရဲ့ ခြေသလုံးရိုးပေါ်မှာလည်း ရှည်လျားတဲ့ ကြေးခွံတွေနဲ့ ဖွဲ့စည်းထားတဲ့ ရှည်လျားတဲ့ အမွှေးတွေကိုလည်း ပိုင်ဆိုင်ထားပြီး အပြာရောင်ဘက်ကို မဆိုစလောက်လေး သန်းနေပါတယ်။
ခြေထောက် နှစ်ချောင်းလုံး အပေါ်ကို ထောင်နေတာက အရမ်းကို ထူးဆန်းပြီးတော့ ဒါဟာ Sabethes ရဲ့ ဂုဏ်ကိုဖော်ပြနေတဲ့ လက္ခဏာ တစ်ခုပါပဲ။ အဲဒီခြင်တွေဟာ အရမ်းကိုသေးငယ်လို့ ဓာတ်ပုံရိုက်ဖို့လည်း မလွယ်ကူခဲ့ပါဘူး။ ခြင်ကအရမ်းကို သေးငယ်ပြီးတော့ အဖွဲ့လိုက် လှုပ်ရှားနေထိုင်တတ်တဲ့ အမျိုးအစားလို့ တောရိုင်းတိရစ္ဆာန်ဓာတ်ပုံဆရာ Gil Wizen က ပြောပါတယ်။
" တကယ်လို့ မင်းဒီခြင်ကို ဓာတ်ပုံရိုက်မယ်ဆိုရင် အရင်ဆုံး စိတ်ကို အရမ်းရှည်ရပါမယ်။ Flash ကို သုံးပြီး ရိုက်ရတာ ဖြစ်တဲ့အတွက်ကြောင့်လည်း ခြင်ထွက်ပြေးမှာကို ကြိုတွေးပြီး သေချာဂရုစိုက် ရိုက်သင့်တယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ခြင်က တစ်ကောင်တည်း နေတာမဟုတ်တဲ့အတွက် ထွက်ပြေးသွားရင်တောင် ဖမ်းဖို့အတွက် လွယ်မှာပါ။ ဘာလို့လဲ ဆိုတော့ ခေါင်းပေါ်မှာ အုပ်စုလိုက်ကြီး ပျံနေကြလို့ပါပဲ " နည်းလမ်းတွေကို မျှဝေပေးထားပါသေးတယ်။
" Sabethes ရဲ့ အလယ်ခြေထောက်ဟာ အရမ်းကို ထူးဆန်းပါတယ်။ ခြေထောက်ဟာ ခြင်တွေရဲ့ မိတ်လိုက်တဲ့နေရာမှာ အများကြီး အထောက်အကူပြုတယ်လို့ ပြောကြပေမယ့် ဒီ Sabethes ရဲ့ ခြေထောက်ကို ဖယ်ထုတ်လိုက်ပေမယ့်လည်း သူတို့က အောင်အောင်မြင်မြင်နဲ့ ဆက်ပြီးတော့ မိတ်လိုက်နိုင်ပါသေးတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ မသိသေးတာတွေ အများကြီး ရှိနေသေးပေမယ့် သူတို့ကို ကြည့်ရတာ အရမ်းကို လှပါတယ်"လို့ ပြောပါတယ်။
ကမ္ဘာပေါ်မှာ ခြင်မျိုးစိတ်ပေါင်း (၃၃၀၀) ကျော်ရှိပေမယ့်လည်း အများစုမှာ အမတွေကပဲ သွေးစုပ်ကြတာ များပါတယ်။ အထူးသဖြင့် သူတို့ ဥချခါနီးဆိုရင် ပိုလို့တောင် ပြုလုပ်တတ်ကြပါသေးတယ်။ ကျန်တဲ့အချိန်မှာတော့ ပန်းဝတ်ရည်ကို စားသောက်ကြပါတယ်။ နောက်ဘက် ခြေထောက်တွေကလည်း ဟန်ပြသက်သက် မဟုတ်ပဲ အစာရှာတဲ့အခါမှာ အရမ်းကို အသုံးဝင်ပါတယ်။ သူတို့ကို ရန်ပြုမယ်ဆိုရင် ခြေထောက်က အာရုံခံမိပြီးတော့ အန္တရာယ်ရန်ကနေ လွတ်နိုင်ပါတယ်။
သူတို့မှာ မငြင်းဆန်နိုင်လောက်အောင်ကို လှပတဲ့အရာတွေ ရှိနေပေမယ့်လည်း Sabethes ဟာ ခြင်ပါပဲ။ အပူပိုင်းဒေသမှာ သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေတာက သူတို့တွေပါပဲ။ ဒါကြောင့် အရမ်းကို သတိထားသင့်ပါတယ်။
Zombie (Lovemedia)
for zawgyi
ကမာၻေပၚက အလွဆုံးျခင္
ျခင္ေတြကို လွတယ္လို႔ ေျပာရင္ နည္းနည္းေတာ့ ထူးထူးဆန္းဆန္း ျဖစ္ေနပါလိမ့္မယ္။ ဒီေန႔ရဲ႕ ဇာတ္လိုက္ကေတာ့ Sabethes cyaneus ေဒသက အပူပိုင္းျခင္မ်ိဳးစိတ္ အေၾကာင္းပါပဲ။
ေတာင္အေမရိကေဒသရဲ႕ အလယ္ပိုင္းမွာေတြ႕ရတဲ့ Sabethes လို႔ေခၚတဲ့ ျခင္မ်ိဳးစိတ္ရဲ႕အလယ္ေျခေထာက္ႏွစ္ဖက္ဟာ ထူးဆန္းစြာ အေပၚကို ေထာင္ေနပါတယ္။ ေျခေထာက္ႏွစ္ဖက္လုံးရဲ႕ ေျခသလုံး႐ိုးေပၚမွာလည္း ရွည္လ်ားတဲ့ ေၾကးခြံေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ရွည္လ်ားတဲ့အေမႊးေတြကိုလည္း ပိုင္ဆိုင္ထားၿပီး အျပာေရာင္ဘက္ကို မဆိုစေလာက္ေလး သန္းေနပါတယ္။
ေျခေထာက္ ႏွစ္ေခ်ာင္းလုံး အေပၚကို ေထာင္ေနတာက အရမ္းကို ထူးဆန္းၿပီးေတာ့ ဒါဟာ Sabethes ရဲ႕ ဂုဏ္ကိုေဖာ္ျပေနတဲ့ လကၡဏာ တစ္ခုပါပဲ။ အဲဒီျခင္ေတြဟာ အရမ္းကိုေသးငယ္လို႔ ဓာတ္ပုံ႐ိုက္ဖို႔လည္း မလြယ္ကူခဲ့ပါဘူး။ ျခင္ကအရမ္းကို ေသးငယ္ၿပီးေတာ့ အဖြဲ႕လိုက္ လႈပ္ရွားေနထိုင္တတ္တဲ့ အမ်ိဳးအစားလို႔ ေတာ႐ိုင္းတိရစာၦန္ဓာတ္ပုံဆရာ Gil Wizen က ေျပာပါတယ္။
" တကယ္လို႔ မင္းဒီျခင္ကို ဓာတ္ပုံ႐ိုက္မယ္ဆိုရင္ အရင္ဆုံး စိတ္ကို အရမ္းရွည္ရပါမယ္။ Flash ကို သုံးၿပီး ႐ိုက္ရတာ ျဖစ္တဲ့အတြက္ေၾကာင့္လည္း ျခင္ထြက္ေျပးမွာကို ႀကိဳေတြးၿပီး ေသခ်ာဂ႐ုစိုက္ ႐ိုက္သင့္တယ္။ ဒါေပမယ့္ ကံေကာင္းတာတစ္ခုက ျခင္က တစ္ေကာင္တည္း ေနတာမဟုတ္တဲ့အတြက္ ထြက္ေျပးသြားရင္ေတာင္ ဖမ္းဖို႔အတြက္ လြယ္မွာပါ။ ဘာလို႔လဲ ဆိုေတာ့ ေခါင္းေပၚမွာ အုပ္စုလိုက္ႀကီး ပ်ံေနၾကလို႔ပါပဲ " နည္းလမ္းေတြကို မွ်ေဝေပးထားပါေသးတယ္။
" Sabethes ရဲ႕ အလယ္ေျခေထာက္ဟာ အရမ္းကို ထူးဆန္းပါတယ္။ ေျခေထာက္ဟာ ျခင္ေတြရဲ႕ မိတ္လိုက္တဲ့ေနရာမွာ အမ်ားႀကီး အေထာက္အကူျပဳတယ္လို႔ ေျပာၾကေပမယ့္ ဒီ Sabethes ရဲ႕ ေျခေထာက္ကို ဖယ္ထုတ္လိုက္ေပမယ့္လည္း သူတို႔က ေအာင္ေအာင္ျမင္ျမင္နဲ႔ ဆက္ၿပီးေတာ့ မိတ္လိုက္ႏိုင္ပါေသးတယ္။ ေလာေလာဆယ္မွာေတာ့ ကြၽန္ေတာ္တို႔ မသိေသးတာေတြ အမ်ားႀကီး ရွိေနေသးေပမယ့္ သူတို႔ကို ၾကည့္ရတာ အရမ္းကို လွပါတယ္"လို႔ ေျပာပါတယ္။
ကမာၻေပၚမွာ ျခင္မ်ိဳးစိတ္ေပါင္း (၃၃၀၀) ေက်ာ္ရွိေပမယ့္လည္း အမ်ားစုမွာ အမေတြကပဲ ေသြးစုပ္ၾကတာ မ်ားပါတယ္။ အထူးသျဖင့္ သူတို႔ ဥခ်ခါနီးဆိုရင္ ပိုလို႔ေတာင္ ျပဳလုပ္တတ္ၾကပါေသးတယ္။ က်န္တဲ့အခ်ိန္မွာေတာ့ ပန္းဝတ္ရည္ကို စားေသာက္ၾကပါတယ္။ ေနာက္ဘက္ ေျခေထာက္ေတြကလည္း ဟန္ျပသက္သက္မဟုတ္ပဲ အစာရွာတဲ့အခါမွာ အရမ္းကို အသုံးဝင္ပါတယ္။ သူတို႔ကို ရန္ျပဳမယ္ဆိုရင္ ေျခေထာက္က အာ႐ုံခံမိၿပီးေတာ့ အႏၲရာယ္ရန္ကေန လြတ္ႏိုင္ပါတယ္။
သူတို႔မွာ မျငင္းဆန္ႏိုင္ေလာက္ေအာင္ကို လွပတဲ့အရာေတြ ရွိေနေပမယ့္လည္း Sabethes ဟာ ျခင္ပါပဲ။ အပူပိုင္းေဒသမွာ ေသြးလြန္တုပ္ေကြးေရာဂါကို ျဖစ္ေစတာက သူတို႔ေတြပါပဲ။ ဒါေၾကာင့္ အရမ္းကို သတိထားသင့္ပါတယ္။
Zombie (Lovemedia)
0 Comments