မျောက်ကုန်သည်

တစ်ရံရော အခါတုန်းက ရွာတစ်ရွာတွင် ထူးဆန်းသော လူတစ်ယောက် ရောက်လာပြီး မျောက်တစ်ကောင် ငွေ ၅၀၀၀ နှင့် ဝယ်မည်ဟု ကြေငြာသည်။ ရွာသားများလည်း မျောက်ပေါသည့်နယ် ဖြစ်သဖြင့် တောထဲသွားပြီး မျောက်ဖမ်းကြသည်။

ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး တစ်ကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်သည်။ မျောက်များကို အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း ဆက်ပီး မဖမ်းတော့ပေ။

ထို့နောက် ထိုလူပင် ထပ်မံ ကြေငြာသည်။ မျောက်တစ်ကောင် ၁၀,၀၀၀ ဖြင့် ဝယ်မည်ဟု။ ရွာသားများလည်း မျောက်များကို ခဲရာခဲဆစ် ဖမ်းရောင်း ကြပြန်သည်။

မျောက်တွေ တော်တော်ကြီး ရှားသွားတော့မှ ရွာသားများ လက်လျှော့လိုက်ကြသည်။ ထိုလူကလည်း ဆက်ဝယ်မည် ဆို၏။

ဈေးက တစ်ကောင် ၁၅,၀၀၀ ပေးမည်။ မျောက်များ ရှားသွားလိုက်သည်မှာ ဖမ်းဖို့ မပြောနှင့် မြင်ရဖို့တောင် အနိုင်နိုင် ဖြစ်သွားသည်။ နောက်ဆုံး ထိုလူ ထပ်ကြေငြာသည်။ မျောက်တစ်ကောင် ၅၀,၀၀၀ ပေးမည်တဲ့။

သို့သော် သူ ခရီးသွားစရာ ရှိသဖြင့် အရောင်းအဝယ် ကိစ္စကို သူ့လက်ထောက်နှင့် ပြုလုပ်ရန် မှာသွားသည်။ ထိုလူသွားသော် လက်ထောက်က ရွာသားများကို ပြောသည်။

" ဒီလိုလုပ်ပါလား.. ခင်ဗျားတို့ မျောက်လည်း ရှာမတွေ့တော့ဘူး ဆိုတော့ ကျွန်တော် ဂွင်တစ်ခု ပေးမယ်။ ကျွန်တော့် ဆရာဝယ်ထားတဲ့ မျောက်တွေ တွေ့တယ် မဟုတ်လား။ ကျွန်တော် ခင်ဗျားတို့ကို တစ်ကောင် ၃၀,၀၀၀ နဲ့ ပြန်ရောင်းပေးမယ်။ ဆရာပြန်လာမှ သူ့ကို ခင်ဗျားတို့ ၅၀,၀၀၀ နဲ့ရောင်းပေါ့။ ၂၀,၀၀၀ တောင်မှ မြတ်မှာနော်။ ခင်ဗျားတို့ကို စေတနာရှိလို့ အကြံပေးတာပါ။ "

ရွာသားများလည်း ရှိသမျှ ပိုက်ဆံထုတ်ပြီး တိုးဝှေ့ဝယ်ကြရာ မျောက်တစ်ကောင်တောင် မကျန်ချေ။

ထိုနေ့မှစ၍ ရွာသားများလည်း ဆရာနှင့် လက်ထောက်ကို ထပ်မတွေ့ရတော့ပဲ ဘယ်နေရာကြည့်ကြည့် တွေ့ရသည်မှာ မျောက်များသာ ဖြစ်လေသည်။

(Chilly Chan - Chilly's Joke Corner)

“ လူတစ်ယောက်ဟာ မရသင့်တဲ့ ပစ္စည်းကို လောဘကပ် နေပြီဆိုရင် ထိုသူ အလိမ်ခံရဖို့ နီးစပ်နေပါပြီ ။ သတိသာ ထားဖို့ပြင်ပေတော့။ ဘာလို့လဲဆိုရင် လူလိမ်တွေက လောဘနဲ့မျှားပြီး ကတုံးပေါ် ထိပ်ကွက် တတ်လို့ပါပဲ ။”

crd

for zawgyi

ေမ်ာက္ကုန္သည္

တစ္ရံေရာ အခါတုန္းက ႐ြာတစ္႐ြာတြင္ ထူးဆန္းေသာ လူတစ္ေယာက္ ေရာက္လာၿပီး ေမ်ာက္တစ္ေကာင္ ေငြ ၅၀၀၀ ႏွင့္ ဝယ္မည္ဟု ေၾကျငာသည္။ ႐ြာသားမ်ားလည္း ေမ်ာက္ေပါသည့္နယ္ ျဖစ္သျဖင့္ ေတာထဲသြားၿပီး ေမ်ာက္ဖမ္းၾကသည္။

ထိုလူလည္း ေမ်ာက္ေကာင္ေရ ေထာင္ခ်ီၿပီး တစ္ေကာင္ ၅၀၀၀ ႏႈန္းျဖင့္ ဝယ္လိုက္သည္။ ေမ်ာက္မ်ားကို အလြယ္တကူ ဖမ္းမရေတာ့ခ်ိန္တြင္ ႐ြာသားမ်ားလည္း ဆက္ပီး မဖမ္းေတာ့ေပ။

ထို႔ေနာက္ ထိုလူပင္ ထပ္မံ ေၾကျငာသည္။ ေမ်ာက္တစ္ေကာင္ ၁၀,၀၀၀ ျဖင့္ ဝယ္မည္ဟု။ ႐ြာသားမ်ားလည္း ေမ်ာက္မ်ားကို ခဲရာခဲဆစ္ ဖမ္းေရာင္း ၾကျပန္သည္။

ေမ်ာက္ေတြ ေတာ္ေတာ္ႀကီး ရွားသြားေတာ့မွ ႐ြာသားမ်ား လက္ေလွ်ာ့လိုက္ၾကသည္။ ထိုလူကလည္း ဆက္ဝယ္မည္ ဆို၏။

ေဈးက တစ္ေကာင္ ၁၅,၀၀၀ ေပးမည္။ ေမ်ာက္မ်ား ရွားသြားလိုက္သည္မွာ ဖမ္းဖို႔ မေျပာႏွင့္ ျမင္ရဖို႔ေတာင္ အႏိုင္ႏိုင္ ျဖစ္သြားသည္။

ေနာက္ဆုံး ထိုလူ ထပ္ေၾကျငာသည္။ ေမ်ာက္တစ္ေကာင္ ၅၀,၀၀၀ ေပးမည္တဲ့။

သို႔ေသာ္ သူ ခရီးသြားစရာ ရွိသျဖင့္ အေရာင္းအဝယ္ ကိစၥကို သူ႔လက္ေထာက္ႏွင့္ ျပဳလုပ္ရန္ မွာသြားသည္။ ထိုလူသြားေသာ္ လက္ေထာက္က ႐ြာသားမ်ားကို ေျပာသည္။

" ဒီလိုလုပ္ပါလား.. ခင္ဗ်ားတို႔ ေမ်ာက္လည္း ရွာမေတြ႕ေတာ့ဘူး ဆိုေတာ့ ကြၽန္ေတာ္ ဂြင္တစ္ခု ေပးမယ္။ ကြၽန္ေတာ့္ ဆရာဝယ္ထားတဲ့ ေမ်ာက္ေတြ ေတြ႕တယ္ မဟုတ္လား။ ကြၽန္ေတာ္ ခင္ဗ်ားတို႔ကို တစ္ေကာင္ ၃၀,၀၀၀ နဲ႔ ျပန္ေရာင္းေပးမယ္။ ဆရာျပန္လာမွ သူ႔ကို ခင္ဗ်ားတို႔ ၅၀,၀၀၀ နဲ႔ေရာင္းေပါ့။ ၂၀,၀၀၀ ေတာင္မွ ျမတ္မွာေနာ္။ ခင္ဗ်ားတို႔ကို ေစတနာရွိလို႔ အႀကံေပးတာပါ။ "

႐ြာသားမ်ားလည္း ရွိသမွ် ပိုက္ဆံထုတ္ၿပီး တိုးေဝွ႔ဝယ္ၾကရာ ေမ်ာက္တစ္ေကာင္ေတာင္ မက်န္ေခ်။

ထိုေန႔မွစ၍ ႐ြာသားမ်ားလည္း ဆရာႏွင့္ လက္ေထာက္ကို ထပ္မေတြ႕ရေတာ့ပဲ ဘယ္ေနရာၾကည့္ၾကည့္ ေတြ႕ရသည္မွာ ေမ်ာက္မ်ားသာ ျဖစ္ေလသည္။

(Chilly Chan - Chilly's Joke Corner)

“ လူတစ္ေယာက္ဟာ မရသင့္တဲ့ ပစၥည္းကို ေလာဘကပ္ ေနၿပီဆိုရင္ ထိုသူ အလိမ္ခံရဖို႔ နီးစပ္ေနပါၿပီ ။ သတိသာ ထားဖို႔ျပင္ေပေတာ့။ ဘာလို႔လဲဆိုရင္ လူလိမ္ေတြက ေလာဘနဲ႔မွ်ားၿပီး ကတုံးေပၚ ထိပ္ကြက္ တတ္လို႔ပါပဲ ။”

crd

Post a Comment

0 Comments