မျောက်ပြဿနာ (၁) နဲ့ (၂)

မျောက်ပြသနာ (၁)

တစ်ခါက ဥယာဉ်မှူးတစ်ယောက်က သူ့ရွာကို အလည်ခဏ ပြန်သွားခဲ့တယ်။ သူမပြန်ခင်မှာ သူ့ဥယာဉ်ကို ဂရုစိုက်ဖို့ ဥယာဉ်ထဲမှာရှိတဲ့ မျောက်တွေကို မှာကြားခဲ့တယ်။

ဘယ်လိုမှာခဲ့လဲ ဆိုတော့ အမြစ်တိုတဲ့ အပင်ကို ရေနည်းနည်းလောင်း ၊ အမြစ်ရှည်တဲ့ အပင်ကို ရေများများ လောင်းပါ လို့ မှာခဲ့တယ်။

မျောက်တွေက ဥယာဉ်မှူး မှာသွားခဲ့တဲ့အတိုင်း ရေလောင်းမယ်အလုပ် ဘယ်အပင်က အမြစ်တိုတယ် ၊ ဘယ်အပင်က အမြစ်ရှည်တယ် ဆိုတာ မခွဲခြားတတ်တော့ အပင်တွေ အားလုံးကို နုတ်ယူပီး အမြစ်ကိုကြည့် ရေလောင်းတယ်။

အဲ့တော့ ဥယာဉ်တစ်ခုလုံးလည်း ရစရာမရှိအောင် ပျက်စီးသွားပါလေရော ။

မျောက်အနေနဲ့ ဥယာဉ်မှူးရှိတုန်းကလို သစ်သီးပန်းမန်တွေနဲ့ ဝေဝေဆာဆာ ဖြစ်အောင် ဘယ်လိုလုပ်မလဲ ?

--

မျောက်ပြသနာ (၂)

ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ကျောင်းထိုင် ဆရာတော်ကြီးက မျောက်တစ်ကောင် မွေးထားတယ်။ အဲ့ဒီကျောင်းထိုင် ဆရာတော်ကြီးက မျောက်ကလေးကို အစာကျွေးတိုင်း ခေါင်းကို တစ်ချက်ပုတ်ပီးမှ အစာကျွေးလေ့ ရှိတယ်။

အဲ့လို ခေါင်းပုတ် အစာကျွေးရမလား ဆိုပီး မျောက်က ကျောင်းထိုင် ဆရာတော်ကြီးကို ကျိန်ဆဲပါလေရော။

'' ငါ့ခေါင်းကို ပုတ်ပီးမှ အစာကျွေးတဲ့ဘုန်းကြီး နေမကောင်းဖြစ်ပါစေ မြန်မြန်သေပါစေ '' ဆိုပီး ဆုတောင်းတယ်။

မျောက်ရဲ့ ကျိန်စာကြောင့်လား ကျောင်းထိုင်ဘုန်းကြီးရဲ့ ကံကြောင့်လားတော့ မသိဘူး၊ ကျောင်းထိုင်ဘုန်းကြီးက ပျံလွန်တော် မူသွားတယ်။

နောက်ကျောင်းထိုင် တက်လာတော့ မွေးထားတဲ့ မျောက်ကို အစာကျွေးခါနီးမှာ ခေါင်း၂ ချက်ပုတ်ပီး အစာကျွေးတယ်။ အဲ့လို အစာကျွေးတော့ မျောက်က အခု ကျောင်းထိုင်ဘုန်းကြီး ''ကျမ်းမာပါစေ ချမ်းသာပါစေ'' လို့ဆုတောင်းတယ်။

အဲ့လို ဆုတောင်းတာကို တခြားမျောက်တွေက ကြားပီး မေးတော့ ဘုန်းကြီးကျောင်းက မျောက်က ပြောတယ်။

'' ရှေ့ဘုန်းကြီးက တစ်ချက်ခေါက်တယ် ၊ နောက်ဘုန်းကြီးက ၂ ချက်ခေါက်တယ်။ ငါ ကျိန်ဆဲလို့ အခုဘုန်းကြီး သေသွားခဲ့ရင် နောက်တတ်မယ့် ဘုန်းကြီးက ငါ့ကို ၃ ချက်ခေါက်မှာ ကြောက်လို့ '' ပါတဲ့ ။

အဲ့ဒီ မျောက်လိုမျိုးတွေ ဘယ်လောက် ရှိမလဲ?

Ahmo

for zawgyi

ေမ်ာက္ျပႆနာ (၁) နဲ႔ (၂)

ေမ်ာက္ျပသနာ (၁)

တစ္ခါက ဥယာဥ္မႉးတစ္ေယာက္က သူ႔႐ြာကို အလည္ခဏ ျပန္သြားခဲ့တယ္။ သူမျပန္ခင္မွာ သူ႔ဥယာဥ္ကို ဂ႐ုစိုက္ဖို႔ ဥယာဥ္ထဲမွာရွိတဲ့ ေမ်ာက္ေတြကို မွာၾကားခဲ့တယ္။

ဘယ္လိုမွာခဲ့လဲ ဆိုေတာ့ အျမစ္တိုတဲ့ အပင္ကို ေရနည္းနည္းေလာင္း ၊ အျမစ္ရွည္တဲ့ အပင္ကို ေရမ်ားမ်ား ေလာင္းပါ လို႔ မွာခဲ့တယ္။

ေမ်ာက္ေတြက ဥယာဥ္မႉး မွာသြားခဲ့တဲ့အတိုင္း ေရေလာင္းမယ္အလုပ္ ဘယ္အပင္က အျမစ္တိုတယ္ ၊ ဘယ္အပင္က အျမစ္ရွည္တယ္ ဆိုတာ မခြဲျခားတတ္ေတာ့ အပင္ေတြ အားလုံးကို ႏုတ္ယူပီး အျမစ္ကိုၾကည့္ ေရေလာင္းတယ္။

အဲ့ေတာ့ ဥယာဥ္တစ္ခုလုံးလည္း ရစရာမရွိေအာင္ ပ်က္စီးသြားပါေလေရာ ။

ေမ်ာက္အေနနဲ႔ ဥယာဥ္မႉးရွိတုန္းကလို သစ္သီးပန္းမန္ေတြနဲ႔ ေဝေဝဆာဆာ ျဖစ္ေအာင္ ဘယ္လိုလုပ္မလဲ ?

--

ေမ်ာက္ျပသနာ (၂)

ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္းမွာ ေက်ာင္းထိုင္ ဆရာေတာ္ႀကီးက ေမ်ာက္တစ္ေကာင္ ေမြးထားတယ္။ အဲ့ဒီေက်ာင္းထိုင္ ဆရာေတာ္ႀကီးက ေမ်ာက္ကေလးကို အစာေကြၽးတိုင္း ေခါင္းကို တစ္ခ်က္ပုတ္ပီးမွ အစာေကြၽးေလ့ ရွိတယ္။

အဲ့လို ေခါင္းပုတ္ အစာေကြၽးရမလား ဆိုပီး ေမ်ာက္က ေက်ာင္းထိုင္ ဆရာေတာ္ႀကီးကို က်ိန္ဆဲပါေလေရာ။

'' ငါ့ေခါင္းကို ပုတ္ပီးမွ အစာေကြၽးတဲ့ဘုန္းႀကီး ေနမေကာင္းျဖစ္ပါေစ ျမန္ျမန္ေသပါေစ '' ဆိုပီး ဆုေတာင္းတယ္။

ေမ်ာက္ရဲ႕ က်ိန္စာေၾကာင့္လား ေက်ာင္းထိုင္ဘုန္းႀကီးရဲ႕ ကံေၾကာင့္လားေတာ့ မသိဘူး၊ ေက်ာင္းထိုင္ဘုန္းႀကီးက ပ်ံလြန္ေတာ္ မူသြားတယ္။

ေနာက္ေက်ာင္းထိုင္ တက္လာေတာ့ ေမြးထားတဲ့ ေမ်ာက္ကို အစာေကြၽးခါနီးမွာ ေခါင္း၂ ခ်က္ပုတ္ပီး အစာေကြၽးတယ္။ အဲ့လို အစာေကြၽးေတာ့ ေမ်ာက္က အခု ေက်ာင္းထိုင္ဘုန္းႀကီး ''က်မ္းမာပါေစ ခ်မ္းသာပါေစ'' လို႔ဆုေတာင္းတယ္။

အဲ့လို ဆုေတာင္းတာကို တျခားေမ်ာက္ေတြက ၾကားပီး ေမးေတာ့ ဘုန္းႀကီးေက်ာင္းက ေမ်ာက္က ေျပာတယ္။

'' ေရွ႕ဘုန္းႀကီးက တစ္ခ်က္ေခါက္တယ္ ၊ ေနာက္ဘုန္းႀကီးက ၂ ခ်က္ေခါက္တယ္။ ငါ က်ိန္ဆဲလို႔ အခုဘုန္းႀကီး ေသသြားခဲ့ရင္ ေနာက္တတ္မယ့္ ဘုန္းႀကီးက ငါ့ကို ၃ ခ်က္ေခါက္မွာ ေၾကာက္လို႔ '' ပါတဲ့ ။

အဲ့ဒီ ေမ်ာက္လိုမ်ိဳးေတြ ဘယ္ေလာက္ ရွိမလဲ?

Ahmo

Post a Comment

0 Comments