ကမ္ဘာကြီးဟာ မှန်ချပ်ကြီး တစ်ချပ်ပါ

တစ်ခါတုန်းက ဘုရင်ကြီး တစ်ပါးဟာ နန်းတော်ကြီး တစ်ခုကို တည်ဆောက်ခိုင်း လိုက်ပါတယ်။ နန်တော်ကြီးဟာ လှပ ခမ်းနား ကြီးကျယ်လွန်း လှပါတယ်။ နန်းတော်ကြီးရဲ့ တနေရာမှာ ခန်းမကျယ်ကြီး တစ်ခုကိုလည်း ထူးဆန်းအောင် လုပ်ထားတယ်။ အဲဒါက ခန်းမကြီးရဲ့ နံရံ လေးဘက်၊ မျက်နှာကြက်၊ တံခါးပေါက်တွေ၊ ကြမ်းပြင် အားလုံးကို အင်မတန် ကြည်လင်တဲ့ မှန်ချပ်တွေနဲ့ ကာရံထားတယ်။

မှန်တွေဟာ ကြည်တောက်လွန်းလို့ ခန်းမထဲကို ရောက်လာသူဟာ မှန်တွေနဲ့ ကာထား မှန်းတောင် မသိကြဘူး။ နောက်ပြီး ခန်းမထဲမှာ စကားပြောလိုက်ရင် အော်လိုက်ရင် ကျယ်လောင်တဲ့ ပဲ့တင်သံတွေ ပေါ်ထွက် အောင်လည်း လုပ်ထား ပါသေးတယ်။

တစ်ရက်မှာ နန်းတော်ထဲမှာ မွေးထားတဲ့ ခွေးတစ်ကောင်ဟာ ခန်းမကြီးရဲ့ ဟနေတဲ့ တံခါးပေါက်ကနေ တိုးဝင်ပြီး အထဲကို ရောက်လာတယ်။ ခွေးဟာ အထဲရောက်တာနဲ့ တံခါးဟာ ပြန်ပိတ်သွားလို့ အပြင်ကို ပြန်ထွက်လို့ မရတော့ဘူး။ ခွေးဟာ မှန်ခန်းကြီးရဲ့ အလယ်ခေါင်ကို ရောက်လာတဲ့ အခါ သူ့ကို အပေါ် အောက် ဘေးပတ်ပတ်လည် တွေမှာ ခွေးတွေ အများကြီး ဝိုင်းနေတာကို တွေ့လိုက်ရတယ်။

အမှန်တကယ်က မှန်တွေမှာ ပေါ်နေတဲ့ သူ့ရုပ်ပုံတွေ ဆိုတာကို ခွေးက နားမလည်ရှာဘူး။ ခွေးက သွားတွေ ဖြဲပြီး မာန်ဖီလိုက် တယ်။ ပတ်ပတ်လည်က ခွေးတွေကလည်း သူ့ကို ပြန်မာန်ဖီ ကြပြန်တယ်။ ခွေးဟာ ကြောက်လာလို့ ဟောင်လိုက်တယ်။ ပတ်ပတ်လည်က ခွေးတွေကလည်း သူ့ကို ပြန်ဟောင်ကြတယ်။ သူက ပိုပြီး ကျယ်လောင်တဲ့ အသံနဲ့ ဟောင်ပြန်တယ်။ ခွေးတွေက အဲဒီထက် ပိုကျယ်တဲ့ အသံတွေနဲ့ ပြန်ဟောင်ကြ ပြန်တယ်။

ခွေးဟာ ပဲ့တင်သံ ဆိုတာကို နားမလည် ရှာဘူးလေ။ ဒါနဲ့ ခွေးဟာ ပတ်ပတ်လည်က ခွေးတွေထဲက တစ်တစ်ကောင်ကို ကိုက်ဖို့ အနား ကပ်လိုက်တဲ့ အခါ ခွေးတွေ အားလုံးလည်း သူ့ကို ကိုက်ဖို့ ပြေးလာကြတယ်။

နောက်တနေ့ မနက်မှာ ခွေးပျောက်လို့ လိုက်ရှာနေကြတဲ့ အစောင့်တွေဟာ သူတို့ရှာနေတဲ့ ခွေးကို ခန်းမကြီးထဲမှာ တွေ့လိုက်ရတယ်။ ခွေးဟာ အသက် မရှိတော့ဘဲ ကြမ်းပြင်ပေါ်မှာ လဲကျ သေဆုံးနေပါတယ်။ သူ့ဘေး ပတ်ပတ်လည် မှာလည်း သေဆုံးနေတဲ့ ခွေးတွေရဲ့ ပုံရိပ်တွေကို မြင်ကြရတယ်။

ဒါဟာ ဘာကို ပြသလဲ ဆိုတော့ ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးဟာ သက်မဲ့ပါ။ ကောင်းတာလည်း မလုပ်တတ်သလို ဆိုးတာလည်း မလုပ်တတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေ အားလုံးဟာ ကျွန်တော်တို့ရဲ့ အတွေး စိတ်ကူးတွေ၊ ခံစားချက်တွေ၊ ဆန္ဒတွေ၊ ပြုမူပုံတွေရဲ့ ရောင်ပြန်ဟပ်နေတာပါ။ သင့် အဆိုးအကောင်းပေါ် မူတည်ပြီး ကမ္ဘာကြီး ပြောင်းလဲနေ ပါတယ်။ ကမ္ဘာကြီးဟာ မှန်ချပ်ကြီး တစ်ခုပါ။

Crd

for zawgyi

ကမာၻႀကီးဟာ မွန္ခ်ပ္ႀကီး တစ္ခ်ပ္ပါ

တစ္ခါတုန္းက ဘုရင္ႀကီး တစ္ပါးဟာ နန္းေတာ္ႀကီး တစ္ခုကို တည္ေဆာက္ခိုင္း လိုက္ပါတယ္။ နန္ေတာ္ႀကီးဟာ လွပ ခမ္းနား ႀကီးက်ယ္လြန္း လွပါတယ္။ နန္းေတာ္ႀကီးရဲ႕ တေနရာမွာ ခန္းမက်ယ္ႀကီး တစ္ခုကိုလည္း ထူးဆန္းေအာင္ လုပ္ထားတယ္။ အဲဒါက ခန္းမႀကီးရဲ႕ နံရံ ေလးဘက္၊ မ်က္ႏွာၾကက္၊ တံခါးေပါက္ေတြ၊ ၾကမ္းျပင္ အားလုံးကို အင္မတန္ ၾကည္လင္တဲ့ မွန္ခ်ပ္ေတြနဲ႔ ကာရံထားတယ္။

မွန္ေတြဟာ ၾကည္ေတာက္လြန္းလို႔ ခန္းမထဲကို ေရာက္လာသူဟာ မွန္ေတြနဲ႔ ကာထား မွန္းေတာင္ မသိၾကဘူး။ ေနာက္ၿပီး ခန္းမထဲမွာ စကားေျပာလိုက္ရင္ ေအာ္လိုက္ရင္ က်ယ္ေလာင္တဲ့ ပဲ့တင္သံေတြ ေပၚထြက္ ေအာင္လည္း လုပ္ထား ပါေသးတယ္။

တစ္ရက္မွာ နန္းေတာ္ထဲမွာ ေမြးထားတဲ့ ေခြးတစ္ေကာင္ဟာ ခန္းမႀကီးရဲ႕ ဟေနတဲ့ တံခါးေပါက္ကေန တိုးဝင္ၿပီး အထဲကို ေရာက္လာတယ္။ ေခြးဟာ အထဲေရာက္တာနဲ႔ တံခါးဟာ ျပန္ပိတ္သြားလို႔ အျပင္ကို ျပန္ထြက္လို႔ မရေတာ့ဘူး။ ေခြးဟာ မွန္ခန္းႀကီးရဲ႕ အလယ္ေခါင္ကို ေရာက္လာတဲ့ အခါ သူ႔ကို အေပၚ ေအာက္ ေဘးပတ္ပတ္လည္ ေတြမွာ ေခြးေတြ အမ်ားႀကီး ဝိုင္းေနတာကို ေတြ႕လိုက္ရတယ္။

အမွန္တကယ္က မွန္ေတြမွာ ေပၚေနတဲ့ သူ႔႐ုပ္ပုံေတြ ဆိုတာကို ေခြးက နားမလည္ရွာဘူး။ ေခြးက သြားေတြ ၿဖဲၿပီး မာန္ဖီလိုက္ တယ္။ ပတ္ပတ္လည္က ေခြးေတြကလည္း သူ႔ကို ျပန္မာန္ဖီ ၾကျပန္တယ္။ ေခြးဟာ ေၾကာက္လာလို႔ ေဟာင္လိုက္တယ္။ ပတ္ပတ္လည္က ေခြးေတြကလည္း သူ႔ကို ျပန္ေဟာင္ၾကတယ္။ သူက ပိုၿပီး က်ယ္ေလာင္တဲ့ အသံနဲ႔ ေဟာင္ျပန္တယ္။ ေခြးေတြက အဲဒီထက္ ပိုက်ယ္တဲ့ အသံေတြနဲ႔ ျပန္ေဟာင္ၾက ျပန္တယ္။

ေခြးဟာ ပဲ့တင္သံ ဆိုတာကို နားမလည္ ရွာဘူးေလ။ ဒါနဲ႔ ေခြးဟာ ပတ္ပတ္လည္က ေခြးေတြထဲက တစ္တစ္ေကာင္ကို ကိုက္ဖို႔ အနား ကပ္လိုက္တဲ့ အခါ ေခြးေတြ အားလုံးလည္း သူ႔ကို ကိုက္ဖို႔ ေျပးလာၾကတယ္။

ေနာက္တေန႔ မနက္မွာ ေခြးေပ်ာက္လို႔ လိုက္ရွာေနၾကတဲ့ အေစာင့္ေတြဟာ သူတို႔ရွာေနတဲ့ ေခြးကို ခန္းမႀကီးထဲမွာ ေတြ႕လိုက္ရတယ္။ ေခြးဟာ အသက္ မရွိေတာ့ဘဲ ၾကမ္းျပင္ေပၚမွာ လဲက် ေသဆုံးေနပါတယ္။ သူ႔ေဘး ပတ္ပတ္လည္ မွာလည္း ေသဆုံးေနတဲ့ ေခြးေတြရဲ႕ ပုံရိပ္ေတြကို ျမင္ၾကရတယ္။

ဒါဟာ ဘာကို ျပသလဲ ဆိုေတာ့ ကြၽန္ေတာ္တို႔ေနတဲ့ ကမာၻႀကီးဟာ သက္မဲ့ပါ။ ေကာင္းတာလည္း မလုပ္တတ္သလို ဆိုးတာလည္း မလုပ္တတ္ပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ ျဖစ္ပ်က္ေနတာေတြ အားလုံးဟာ ကြၽန္ေတာ္တို႔ရဲ႕ အေတြး စိတ္ကူးေတြ၊ ခံစားခ်က္ေတြ၊ ဆႏၵေတြ၊ ျပဳမူပုံေတြရဲ႕ ေရာင္ျပန္ဟပ္ေနတာပါ။ သင့္ အဆိုးအေကာင္းေပၚ မူတည္ၿပီး ကမာၻႀကီး ေျပာင္းလဲေန ပါတယ္။ ကမာၻႀကီးဟာ မွန္ခ်ပ္ႀကီး တစ္ခုပါ။

Crd

Post a Comment

0 Comments