ကားဖြတ်သွားရင်း မတော်တဆ ရေစင်မိသွားရာကနေ ငွေအမြောက်အများရရှိခဲ့တဲ့ အမျိုးသမီး

တစ်ခါတရံမှာ မထင်ထားတဲ့ အဆိုးကိစ္စတွေက အကောင်းကိစ္စဘက်ကို ပြောင်းလဲသွား တတ်ပါတယ်။ နိုင်ဂျီးရီးယား စီးပွားရေးသမား တစ်ယောက်က ကားမောင်းရင်းနဲ့ အမျိုးသမီးတစ်ယောက်ကို ရေစင်သွားလို့ နိုင်ဂျီးရီးယားငွေ ၅ သိန်း (၁၂၅၀ ဒေါ်လာ) လျော်လိုက်ရပါတယ်။

စီးပွားရေးသမား တစ်ယောက်ဖြစ်တဲ့ Marksman Chinedu Ijiomah ဟာ အလုပ်များတဲ့နေ့မှာ အိမ်ကို အလောတကြီး ပြန်လာခဲ့ပါတယ်။ သူ့ရဲ့ကားတန်းကြီးနဲ့ ပြန်လာတာပါ။ သူ့ကားတွေထဲက တစ်စီးက ရေအိုင်ထဲ ဖြတ်မိတာကြောင့် လမ်းဘေးမှာ လမ်းလျှောက်နေတဲ့ အမျိူးသမီးကို ရေစင်သွားပါတယ်။

အမျိုးသမီးဟာ Marksman ကို မအော်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ကိုယ်သူ သန့်ရှင်းအောင် လုပ်နေပါတယ်။ အဲဒါကို Marksman က မြင်သွားပြီး အံ့ဩသွားတာကြောင့် အဲဒီ အမျိုးသမီးကို စကားပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Marksman က သူ့ရဲ့ကားတွေကို ချက်ချင်း ရပ်လိုက်ပြီး အဲဒီအမျိုးသမီးကို စကားပြောဖို့ လှမ်းခေါ်လိုက်ပါတယ်။ ပြီးတော့ သူ့လူတွေကို ကိုယ်စား သူပဲတောင်းပန်လိုက်ပါတယ်။ အဲဒီအမျိုးသမီးက ဖက်ရှင်ဒီဇိုင်နာအဖြစ် အလုပ်လုပ်တာကြောင့် သူ့ရဲ့ဘဝအတွက် နိုင်ဂျီးရီးငွေ သန်းတစ်ဝက်ရှိတဲ့ ချက်လက်မှတ်ကို ထုတ်ပေးလိုက်ပါတယ်။

သူက ဒီလိုပေးတာက အမျိုးသမီးရဲ့တည်ငြိမ်တဲ့ ကိုယ်နှုတ်အမူအရာ ကြောင့်ပါ။ သူ့ရဲ့ငွေတွေနဲ့ သူမရဲ့အိပ်မက်ကို ဆက်လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

Marksman Chinedu Ijiomah က နိုင်ဂျီးရီးယားမှာ အိမ်ခြံမြေ ထိပ်သီးစီးပွားရေးသမားဖြစ်ပြီး Chimark အိမ်ခြံမြေကုမ္ပဏီရဲ့ CEO ပါ။ သူ့ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၅ သန်း တန်ဖိုးရှိပါတယ်။

Zombie (Lovemedia)

for zawgyi

ကားျဖတ္သြားရင္း မေတာ္တဆ ေရစင္မိသြားရာကေန ေငြအေျမာက္အမ်ားရရွိခဲ့တဲ့ အမ်ိဳးသမီး

တစ္ခါတရံမွာ မထင္ထားတဲ့ အဆိုးကိစၥေတြက အေကာင္းကိစၥဘက္ကို ေျပာင္းလဲသြား တတ္ပါတယ္။ ႏိုင္ဂ်ီးရီးယား စီးပြားေရးသမား တစ္ေယာက္က ကားေမာင္းရင္းနဲ႔ အမ်ိဳးသမီးတစ္ေယာက္ကို ေရစင္သြားလို႔ ႏိုင္ဂ်ီးရီးယားေငြ ၅ သိန္း (၁၂၅၀ ေဒၚလာ) ေလ်ာ္လိုက္ရပါတယ္။

စီးပြားေရးသမား တစ္ေယာက္ျဖစ္တဲ့ Marksman Chinedu Ijiomah ဟာ အလုပ္မ်ားတဲ့ေန႔မွာ အိမ္ကို အေလာတႀကီး ျပန္လာခဲ့ပါတယ္။ သူ႔ရဲ႕ကားတန္းႀကီးနဲ႔ ျပန္လာတာပါ။ သူ႔ကားေတြထဲက တစ္စီးက ေရအိုင္ထဲ ျဖတ္မိတာေၾကာင့္ လမ္းေဘးမွာ လမ္းေလွ်ာက္ေနတဲ့ အမ်ိဴးသမီးကို ေရစင္သြားပါတယ္။

အမ်ိဳးသမီးဟာ Marksman ကို မေအာ္ဘဲ တည္တည္ၿငိမ္ၿငိမ္နဲ႔ သူ႔ကိုယ္သူ သန႔္ရွင္းေအာင္ လုပ္ေနပါတယ္။ အဲဒါကို Marksman က ျမင္သြားၿပီး အံ့ဩသြားတာေၾကာင့္ အဲဒီ အမ်ိဳးသမီးကို စကားေျပာဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

Marksman က သူ႔ရဲ႕ကားေတြကို ခ်က္ခ်င္း ရပ္လိုက္ၿပီး အဲဒီအမ်ိဳးသမီးကို စကားေျပာဖို႔ လွမ္းေခၚလိုက္ပါတယ္။ ၿပီးေတာ့ သူ႔လူေတြကို ကိုယ္စား သူပဲေတာင္းပန္လိုက္ပါတယ္။ အဲဒီအမ်ိဳးသမီးက ဖက္ရွင္ဒီဇိုင္နာအျဖစ္ အလုပ္လုပ္တာေၾကာင့္ သူ႔ရဲ႕ဘဝအတြက္ ႏိုင္ဂ်ီးရီးေငြ သန္းတစ္ဝက္ရွိတဲ့ ခ်က္လက္မွတ္ကို ထုတ္ေပးလိုက္ပါတယ္။

သူက ဒီလိုေပးတာက အမ်ိဳးသမီးရဲ႕တည္ၿငိမ္တဲ့ ကိုယ္ႏႈတ္အမူအရာ ေၾကာင့္ပါ။ သူ႔ရဲ႕ေငြေတြနဲ႔ သူမရဲ႕အိပ္မက္ကို ဆက္လုပ္ႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။

Marksman Chinedu Ijiomah က ႏိုင္ဂ်ီးရီးယားမွာ အိမ္ၿခံေျမ ထိပ္သီးစီးပြားေရးသမားျဖစ္ၿပီး Chimark အိမ္ၿခံေျမကုမၸဏီရဲ႕ CEO ပါ။ သူ႔ကုမၸဏီက အေမရိကန္ေဒၚလာ ၅ သန္း တန္ဖိုးရွိပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments