ဘဝမေ့နေသောသူ

တစ်ခါတုန်းက ရွာတစ်ရွာတွင် အလွန်အင်မတန် ချောမော လှပသော မဗျိုင်း ဆိုသည့် သူဆင်းရဲ မိန်းမပျိုကလေး တစ်ယောက် ရှိလေ၏ ။ မဗျိုင်းကား ရုပ်ရည် ချောမော သော်ငြား ဘဝကံ အကျိုးပေးက မကောင်းရှာ ။ ဝမ်းရေး အတွက် ဆီးသီး ရောင်းစား နေရရှာ သဖြင့် သူ့ကို ဆီးသီးသည် မဗျိုင်းဟု ခေါ်ကြ လေ၏ ။

တစ်နေ့တော့ တိုင်းခန်း လှည့်လည်လာသည့် ဘုရင်ကြီးက ဆီးသီး လည်ရောင်းနေသော မဗျိုင်းကို တွေ့မြင်သွားပြီး " အကာလိကော ကာလိကော " လင် ရှိမရှိ မေး၏ ။

လင်မရှိသူ ၊ အပျိုမှန်း သိလေသော အခါ မဗျိုင်းကို မိဖုရား မြှောက်လိုက်လေ၏ ။ သူဆင်းရဲမကလေး မဗျိုင်း ကံဇာတာ တက်လေပြီ ။ အချိန် ကြာလာတော့ ရရှိထားသည့် ရာထူး စည်းစိမ်အပါ်မှာ မဗျိုင်း သာယာ လာသည် ။ ယစ်မူး လာသည်။

နန်းတော်ရောက်စက နန်းတွင်းသူ နန်းတွင်းသားများကို ရင်းနှီး ချစ်ခင်စွာ ဆက်ဆံခဲ့ သော်လည်း တဖြည်းဖြည်းနှင့် မဗျိုင်း မောက်မာလာသည် ။ " ငါလိုလူ ဇမ္ဗူမှာ ရှိသေးလား " ဟု စိတ်ကြီး ဝင်လာလေသည် ။

ဘုရင်ကြီးမှာ မဗျိုင်းကို ချစ်ရှာလွန်း၍ ဘာမှ မပြောရက် ။ တစ်နေ့နေ့တော့ ပြုပြင်တန် ကောင်းရဲ့ ဟုသာ ဖြေသိမ့်ပြီး တွေးနေရ ရှာလေ၏ ။

တစ်နေ့တော့ နန်းတော်အနီးမှ ဆီးသီးသည် တစ်ယောက်က " ဆီးသီးဗျို့ ဆီးသီး " ဟု ဟစ်အော်ရင်း ဖြတ်သွားလေသည်။ ထိုအသံကို ကြားမိသော အခါ ဘုရင်ကြီးမှာ ဆီးသီး ပွဲတော်တည်လိုစိတ်များ ဖြစ်ပေါ်လာ သဖြင့် မင်းချင်းများအား အဆိုပါ ဆီးသီးသည်ကို ခေါ်ခိုင်းလိုက် လေ၏ ။

မင်းချင်းများက ဆီးသီးများကို ရေစင်အောင် ဆေးပြီး ဆက်သကြသော အခါ သူတစ်ပါးတည်း ပွဲတော် မတည်ရက် ရှာသော မင်းကြီးက သူ့ချစ်သည်း မဗျိုင်းကလေး ကိုပါ ဆင့်ခေါ်စေပြီး အတူတူ ပွဲတော် တည်ရန် ပြင်ဆင်လေ၏။

ရွှေရောင် ငွေရောင် စိန်ရောင်များ တပြောင်ပြောင် တလက်လက် ထနေသည့် မိဖုရားကလေး မဗျိုင်းက မင်းကြီး၏ ရှေ့တော်မှောက် သို့ ရောက်ရှိလာသော အခါ.. " အရှင်မင်းကြီး .. ဒါ ဘာသီးတွေတုန်း ဖျာ့ " ဟု မခို့တရို့ဟန်ဖြင့် မေးလေ၏ ။ ထိုအခါ ဘုရင်ကြီးမှာ ပြင်းစွာ အမျက်ထွက်ပြီး..

" သယ်.. ဘဝမေ့တဲ့ အမိုက်မ ။ ဒီအသီးတွေဟာ နင် တစ်သက်လုံး ရောင်းလာခဲ့တဲ့ အသီးတွေ ဆိုတာတောင် မသိလေရော့ သလား ။ ငါ့နန်းတော်နဲ့ နင်လို ဘဝမေ့ ဘဝင်လေဟပ်သူ မတန် ။ ဒီတော့ ကျောတစ်ရာ ရင်တစ်ရာ ကြိမ်ဒဏ်ခတ်ပြီး မြိုင်ရပ်နှင်စေ " ဟု တစ်ချက်လွှတ် အမိန့်တော် ချလိုက်လေ၏။

ကြိမ်ဒဏ်များကို ဆွေမေ့ မျိုးမေ့ ခံစားလိုက် ရသော အနှီ မဗျိုင်းလည်း များမကြာမီတွင် မူလဘဝဟောင်း ဆီးသီး ပြန်ရောင်းနေရ လေသတတ် ။

ထို့အတူ ယနေ့ခေတ် တွင်လည်း ဘဝင် လေဟပ်ပြီး မိမိ၏ မူလဘဝ အမှန်ကို အမေ့ကြီး မေ့နေကြသော ခေတ်သစ် ဆီးသီးသည် မဗျိုင်းအချို့ကို တွေ့မြင်လိုက်ရသော အခါ ကျောတစ်ရာ ရင်တစ်ရာ ကြိမ်ဒဏ် ခတ်လိုစိတ်များ ဖြစ်ပေါ်လာချေသည် တစ်မုံ့ ။

သန့်ဇင်ဦး

for zawgyi

ဘဝေမ့ေနေသာသူ

တစ္ခါက ႐ြာတစ္႐ြာတြင္ အလြန္အင္မတန္ ေခ်ာေမာ လွပေသာ မဗ်ိဳင္း ဆိုသည့္ သူဆင္းရဲ မိန္းမပ်ိဳကေလး တစ္ေယာက္ ရွိေလ၏ ။ မဗ်ိဳင္းကား ႐ုပ္ရည္ ေခ်ာေမာ ေသာ္ျငား ဘဝကံ အက်ိဳးေပးက မေကာင္းရွာ ။ ဝမ္းေရး အတြက္ ဆီးသီး ေရာင္းစား ေနရရွာ သျဖင့္ သူ႔ကို ဆီးသီးသည္ မဗ်ိဳင္းဟု ေခၚၾက ေလ၏ ။

တစ္ေန႔ေတာ့ တိုင္းခန္း လွည့္လည္လာသည့္ ဘုရင္ႀကီးက ဆီးသီး လည္ေရာင္းေနေသာ မဗ်ိဳင္းကို ေတြ႕ျမင္သြားၿပီး " အကာလိေကာ ကာလိေကာ " လင္ ရွိမရွိ ေမး၏ ။

လင္မရွိသူ အပ်ိဳမွန္း သိေသာ အခါ မဗ်ိဳင္းကို မိဖုရား ေျမႇာက္လိုက္ေလ၏ ။ သူဆင္းရဲမကေလး မဗ်ိဳင္း ကံဇာတာ တက္ေလၿပီ ။ အခ်ိန္ ၾကာလာေတာ့ ရရွိထားသည့္ ရာထူး စည္းစိမ္အပၚမွာ မဗ်ိဳင္း သာယာ လာသည္ ။ ယစ္မူး လာသည္။

နန္းေတာ္ေရာက္စက နန္းတြင္းသူ နန္းတြင္းသားမ်ားကို ရင္းႏွီး ခ်စ္ခင္စြာ ဆက္ဆံခဲ့ ေသာ္လည္း တျဖည္းျဖည္းႏွင့္ မဗ်ိဳင္း ေမာက္မာလာသည္ ။ " ငါလိုလူ ဇမၺဴမွာ ရွိေသးလား " ဟု စိတ္ႀကီး ဝင္လာေလသည္ ။

ဘုရင္ႀကီးမွာ မဗ်ိဳင္းကို ခ်စ္ရွာလြန္း၍ ဘာမွ မေျပာရက္ ။ တစ္ေန႔ေန႔ေတာ့ ျပဳျပင္တန္ေကာင္းရဲ႕ ဟု သာ ေျဖသိမ့္ၿပီး ေတြးေနရ ရွာေလ၏ ။

တစ္ေန႔ေတာ့ နန္းေတာ္အနီးမွ ဆီးသီးသည္ တစ္ေယာက္က " ဆီးသီးဗ်ိဳ႕ ဆီးသီး " ဟု ဟစ္ေအာ္ရင္း ျဖတ္သြားေလသည္။ ထိုအသံကို ၾကားမိေသာ အခါ ဘုရင္ႀကီးမွာ ဆီးသီး ပြဲေတာ္တည္လိုစိတ္မ်ား ျဖစ္ေပၚလာ သျဖင့္ မင္းခ်င္းမ်ားအား အဆိုပါ ဆီးသီးသည္ကို ေခၚခိုင္းလိုက္ ေလ၏ ။

မင္းခ်င္းမ်ားက ဆီးသီးမ်ားကို ေရစင္ေအာင္ ေဆးၿပီး ဆက္သၾကေသာ အခါ သူတစ္ပါးတည္း ပြဲေတာ္ မတည္ရက္ ရွာေသာ မင္းႀကီးက သူ႔ခ်စ္သည္း မဗ်ိဳင္းကေလး ကိုပါ ဆင့္ေခၚေစၿပီး အတူတူ ပြဲေတာ္ တည္ရန္ ျပင္ဆင္ေလ၏။

ေ႐ႊေရာင္ ေငြေရာင္ စိန္ေရာင္မ်ား တေျပာင္ေျပာင္ တလက္လက္ ထေနသည့္ မိဖုရားကေလး မဗ်ိဳင္းက မင္းႀကီး၏ ေရွ႕ေတာ္ေမွာက္ သို႔ ေရာက္ရွိလာေသာ အခါ.. " အရွင္မင္းႀကီး .. ဒါ ဘာသီးေတြတုန္း ဖ်ာ့ " ဟု မခို႔တ႐ို႕ဟန္ျဖင့္ ေမးေလ၏ ။

ထိုအခါ ဘုရင္ႀကီးမွာ ျပင္းစြာ အမ်က္ထြက္ၿပီး..

" သယ္.. ဘဝေမ့တဲ့ အမိုက္မ ။ ဒီအသီးေတြဟာ နင္ တစ္သက္လုံး ေရာင္းလာခဲ့တဲ့ အသီးေတြ ဆိုတာေတာင္ မသိေလေရာ့ သလား ။ ငါ့နန္းေတာ္နဲ႔ နင္လို ဘဝေမ့ ဘဝင္ေလဟပ္သူ မတန္ ။ ဒီေတာ့ ေက်ာတစ္ရာ ရင္တစ္ရာ ႀကိမ္ဒဏ္ခတ္ၿပီး ၿမိဳင္ရပ္ႏွင္ေစ " ဟု တစ္ခ်က္လႊတ္ အမိန႔္ေတာ္ ခ်လိုက္ေလ၏။

ႀကိမ္ဒဏ္မ်ားကို ေဆြေမ့ မ်ိဳးေမ့ ခံစားလိုက္ ရေသာ အႏွီ မဗ်ိဳင္းလည္း မ်ားမၾကာမီတြင္ မူလဘဝေဟာင္း ဆီးသီး ျပန္ေရာင္းေနရ ေလသတတ္ ။

ထို႔အတူ ယေန႔ေခတ္ တြင္လည္း ဘဝင္ ေလဟပ္ၿပီး မိမိ၏ မူလဘဝ အမွန္ကို အေမ့ႀကီး ေမ့ေနၾကေသာ ေခတ္သစ္ ဆီးသီးသည္ မဗ်ိဳင္းအခ်ိဳ႕ကို ေတြ႕ျမင္လိုက္ရေသာ အခါ ေက်ာတစ္ရာ ရင္တစ္ရာ ႀကိမ္ဒဏ္ ခတ္လိုစိတ္မ်ား ျဖစ္ေပၚလာေခ်သည္ တစ္မုံ႔ ။

သန႔္ဇင္ဦး

Post a Comment

0 Comments