သင့်ချစ်သူ သင့်ကို ပိုပိုချစ်လာစေဖို့ ဒီနည်းလေးတွေကို အသုံးပြုပါ

သင့်ချစ်သူက သင့်ကို ပိုပြီးချစ်လာအောင် လုပ်လို့ရမယ့် နည်းလမ်းတွေက အများကြီး ရှိပါတယ်။ တကယ်ချစ်တဲ့သူတွေက ရိုးအီသွားတယ် ဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် တစ်ခါတရံမှာ သင့်ကို သင့်ချစ်သူက ပိုပြီးချစ်လာစေဖို့၊ သင်က သူ့အပေါ် တန်ဖိုးထားတယ်ဆိုတာ သိစေဖို့ ဒီလို အချက်လေးတွေ လုပ်ကြည့်ပါနော်။

၁။ ကြာကြာ ပွေ့ဖက်ပါ။

သင့်ချစ်သူကို ပွေ့ဖက်လိုက်တဲ့အခါ စိတ်ဖိစီးမှု လျော့သွားပြီး လုံခြုံသလို၊ ပျော်ရွှင်သလို ခံစားလာရပါလိမ့်မယ်။ ပျမ်းမျှအားဖြင့် စုံတွဲတွေက ၃ စက္ကန့်ကြာလောက်သာ ပွေ့ဖက်ကြပါတယ်။ ဒါပေမယ့် အနည်းဆုံး စက္ကန့် ၂၀ ကြာပွေ့ဖက်တဲ့အခါ အချစ်ဟော်မုန်းတွေ ထွက်လာပြီး စိတ်ချင်းပိုမို နီးစပ်သွားပါလိမ့်မယ်။

၂။ သင့်ချစ်သူထံမှ အကြံဉာဏ် တောင်းပါ။

ဘဝမှာ တစ်ခါတရံ ခက်ခဲလာတဲ့အခါ တစ်ယောက်တည်း ဖြေရှင်းတာထက် နှစ်ယောက်ဖြေရှင်းတာက ပိုပြီး လွယ်ကူပါတယ်။ သင့်ချစ်သူထံကနေ အကြံဉာဏ်တောင်းပါ။ အကြံဉာဏ်က အကူအညီ မဖြစ်ရင်တောင် သူ့ကို အားကိုးတယ် ဆိုတဲ့ အသိလေးရသွားပါလိမ့်မယ်။

၃။ သူဝါသနာပါရာကို လိုက်လျောပေးပါ။

တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း ဝါသနာချင်းကတော့ မတူနိုင်ပါဘူး။သင်က သူ့ရဲ့ဝါသနာကို သဘောမကျရင်တောင် သူ့ကို လေးစားမှု ဦးစားပေးမှု ထားတဲ့အနေနဲ့ လိုက်လျောလုပ်ဆောင် ပေးလိုက်ပါ။ အဲဒီအခါ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်း ပိုမိုနီးစပ်သွားပါတယ်။

၄။ နှစ်ယောက်အတူတူ အချိန်ကုန်ဆုံးပါ။

အတူတူ ရှိနေတဲ့အချိန်မှာ စကားများနေတာထက် ပျော်ရွှင်တဲ့အချိန်အဖြစ် ဖန်တီးတာက ပိုအကျိုးရှိပါတယ်။ အတူတူစက်ဘီးစီးတာ၊ ညစာအတူတူပြင်ဆင်တာ၊ စာအုပ်ဖတ်ပြတာ စတဲ့ အမှတ်တရဖြစ်စေမယ့် အချိန်တွေကိုသာ ဖန်တီးပါ၊

၅။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးပါ။

စုံတွဲတွေကြားမှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိရင် ရှေ့ဆက်ဖို့ အဆင်မပြေပါဘူး။ သူရဲ့ ကြောက်စိတ်တွေ၊ အားနည်းချက်ကို နားထောင်ပေးတာ၊ အကြံဉာဏ်ပေးတာ၊ ကတိတည်တာတွေက သင်က ယုံကြည်ရသူဖြစ်ကြောင်း သူ့စိတ်ထဲမှာ မှတ်ယူသွားပါလိမ့်မယ်။

၆။ သေးသေးဖွဲဖွဲ အရာလေးတွေနဲ့ ပျော်ရွှင်အောင်လုပ်ပါ။

Suprise gift တွေ ပေးနေမှချစ်တာ မဟုတ်ပါဘူး။ အသေးအဖွဲ အရာလေးတွေနဲ့လည်း ပျော်အောင် လုပ်လို့ရပါတယ်။ ချစ်စရာကောင်းတဲ့ message လေးတွေပို့တာ၊ ကြိုက်တတ်တဲ့မုန့်ကို ဝယ်လာပေးတာ၊ သူ့အလုပ်ကို ကူလုပ်ပေးတာ စတာတွေက ငွေကြေးကုန်ကျမှု နည်းပြီး သင့်ကို ပိုချစ်လာစေမှာပါ။

၇။ ဦးစားပေးပါ။

သင့်ချစ်သူမှာလည်း အလုပ်တွေ ရှိနေနိုင်ပါတယ်။ အဲဒီအခါ သင့်ဆန္ဒထက် သူ့အလုပ်ကို ဦးစားပေး လိုက်လျောပေးလိုက်ပါ။ သင်ဟာ နားလည်မှု ရှိသူအဖြစ် ပိုပြီး အချစ်တိုးလာပါလိမ့်မယ်။

၈။ ကိုယ်ပိုင်အချိန်ပေးပါ။

ကိုယ်ပိုင်အချိန်က အရေးကြီးပါတယ်။ ရည်းစားတွေ ဖြစ်သွားတိုင်း သူ့အချိန်တိုင်းကို လိုချင်နေရင် ကြာရင် အဆင်မပြေပါဘူး။ သူဝါသနာပါရာ လုပ်ဖို့၊ တစ်ယောက်တည်း အေးအေးဆေးဆေးနေဖို့ အချိန်ပေးတာက သင့်ကို သဘောထားကြီးသူအဖြစ် ထင်ရာရောက်စေပါတယ်။

Zombie (Lovemedia)

for zawgyi

သင့္ခ်စ္သူ သင့္ကို ပိုပိုခ်စ္လာေစဖို႔ ဒီနည္းေလးေတြကို အသုံးျပဳပါ

သင့္ခ်စ္သူက သင့္ကို ပိုၿပီးခ်စ္လာေအာင္ လုပ္လို႔ရမယ့္ နည္းလမ္းေတြက အမ်ားႀကီး ရွိပါတယ္။ တကယ္ခ်စ္တဲ့သူေတြက ႐ိုးအီသြားတယ္ ဆိုတာေတာ့ မရွိပါဘူး။ ဒါေပမယ့္ တစ္ခါတရံမွာ သင့္ကို သင့္ခ်စ္သူက ပိုၿပီးခ်စ္လာေစဖို႔၊ သင္က သူ႔အေပၚ တန္ဖိုးထားတယ္ဆိုတာ သိေစဖို႔ ဒီလို အခ်က္ေလးေတြ လုပ္ၾကည့္ပါေနာ္။

၁။ ၾကာၾကာ ေပြ႕ဖက္ပါ။

သင့္ခ်စ္သူကို ေပြ႕ဖက္လိုက္တဲ့အခါ စိတ္ဖိစီးမႈ ေလ်ာ့သြားၿပီး လုံၿခဳံသလို၊ ေပ်ာ္႐ႊင္သလို ခံစားလာရပါလိမ့္မယ္။ ပ်မ္းမွ်အားျဖင့္ စုံတြဲေတြက ၃ စကၠန႔္ၾကာေလာက္သာ ေပြ႕ဖက္ၾကပါတယ္။ ဒါေပမယ့္ အနည္းဆုံး စကၠန႔္ ၂၀ ၾကာေပြ႕ဖက္တဲ့အခါ အခ်စ္ေဟာ္မုန္းေတြ ထြက္လာၿပီး စိတ္ခ်င္းပိုမို နီးစပ္သြားပါလိမ့္မယ္။

၂။ သင့္ခ်စ္သူထံမွ အႀကံဉာဏ္ ေတာင္းပါ။

ဘဝမွာ တစ္ခါတရံ ခက္ခဲလာတဲ့အခါ တစ္ေယာက္တည္း ေျဖရွင္းတာထက္ ႏွစ္ေယာက္ေျဖရွင္းတာက ပိုၿပီး လြယ္ကူပါတယ္။ သင့္ခ်စ္သူထံကေန အႀကံဉာဏ္ေတာင္းပါ။ အႀကံဉာဏ္က အကူအညီ မျဖစ္ရင္ေတာင္ သူ႔ကို အားကိုးတယ္ ဆိုတဲ့ အသိေလးရသြားပါလိမ့္မယ္။

၃။ သူဝါသနာပါရာကို လိုက္ေလ်ာေပးပါ။

တစ္ေယာက္နဲ႔တစ္ေယာက္ အႀကိဳက္ခ်င္း ဝါသနာခ်င္းကေတာ့ မတူႏိုင္ပါဘူး။သင္က သူ႔ရဲ႕ဝါသနာကို သေဘာမက်ရင္ေတာင္ သူ႔ကို ေလးစားမႈ ဦးစားေပးမႈ ထားတဲ့အေနနဲ႔ လိုက္ေလ်ာလုပ္ေဆာင္ ေပးလိုက္ပါ။ အဲဒီအခါ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ခ်င္း ပိုမိုနီးစပ္သြားပါတယ္။

၄။ ႏွစ္ေယာက္အတူတူ အခ်ိန္ကုန္ဆုံးပါ။

အတူတူ ရွိေနတဲ့အခ်ိန္မွာ စကားမ်ားေနတာထက္ ေပ်ာ္႐ႊင္တဲ့အခ်ိန္အျဖစ္ ဖန္တီးတာက ပိုအက်ိဳးရွိပါတယ္။ အတူတူစက္ဘီးစီးတာ၊ ညစာအတူတူျပင္ဆင္တာ၊ စာအုပ္ဖတ္ျပတာ စတဲ့ အမွတ္တရျဖစ္ေစမယ့္ အခ်ိန္ေတြကိုသာ ဖန္တီးပါ၊

၅။ စိတ္ပိုင္းဆိုင္ရာ လုံၿခဳံမႈေပးပါ။

စုံတြဲေတြၾကားမွာ စိတ္ပိုင္းဆိုင္ရာ လုံၿခဳံမႈမရွိရင္ ေရွ႕ဆက္ဖို႔ အဆင္မေျပပါဘူး။ သူရဲ႕ ေၾကာက္စိတ္ေတြ၊ အားနည္းခ်က္ကို နားေထာင္ေပးတာ၊ အႀကံဉာဏ္ေပးတာ၊ ကတိတည္တာေတြက သင္က ယုံၾကည္ရသူျဖစ္ေၾကာင္း သူ႔စိတ္ထဲမွာ မွတ္ယူသြားပါလိမ့္မယ္။

၆။ ေသးေသးဖြဲဖြဲ အရာေလးေတြနဲ႔ ေပ်ာ္႐ႊင္ေအာင္လုပ္ပါ။

Suprise gift ေတြ ေပးေနမွခ်စ္တာ မဟုတ္ပါဘူး။ အေသးအဖြဲ အရာေလးေတြနဲ႔လည္း ေပ်ာ္ေအာင္ လုပ္လို႔ရပါတယ္။ ခ်စ္စရာေကာင္းတဲ့ message ေလးေတြပို႔တာ၊ ႀကိဳက္တတ္တဲ့မုန႔္ကို ဝယ္လာေပးတာ၊ သူ႔အလုပ္ကို ကူလုပ္ေပးတာ စတာေတြက ေငြေၾကးကုန္က်မႈ နည္းၿပီး သင့္ကို ပိုခ်စ္လာေစမွာပါ။

၇။ ဦးစားေပးပါ။

သင့္ခ်စ္သူမွာလည္း အလုပ္ေတြ ရွိေနႏိုင္ပါတယ္။ အဲဒီအခါ သင့္ဆႏၵထက္ သူ႔အလုပ္ကို ဦးစားေပး လိုက္ေလ်ာေပးလိုက္ပါ။ သင္ဟာ နားလည္မႈ ရွိသူအျဖစ္ ပိုၿပီး အခ်စ္တိုးလာပါလိမ့္မယ္။

၈။ ကိုယ္ပိုင္အခ်ိန္ေပးပါ။

ကိုယ္ပိုင္အခ်ိန္က အေရးႀကီးပါတယ္။ ရည္းစားေတြ ျဖစ္သြားတိုင္း သူ႔အခ်ိန္တိုင္းကို လိုခ်င္ေနရင္ ၾကာရင္ အဆင္မေျပပါဘူး။ သူဝါသနာပါရာ လုပ္ဖို႔၊ တစ္ေယာက္တည္း ေအးေအးေဆးေဆးေနဖို႔ အခ်ိန္ေပးတာက သင့္ကို သေဘာထားႀကီးသူအျဖစ္ ထင္ရာေရာက္ေစပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments