သေခြင်းတရားနဲ့ အားပြိုင်ပြီးနောက် ထီနှစ်ကြိမ်ပေါက်ခဲ့တဲ့ အမျိုးသား

လူတစ်ယောက်က ထီနှစ်ကြိမ် ပေါက်လောက်အောင် ကံကောင်းဖို့ ဆိုတာ စိတ်ကူးတောင် ယဉ်လို့မရပါဘူး။ ဒါပေမယ့် အချိန်တိုတိုလေးအတွင်းမှာ ဒီလူကတော့ ကံကောင်းပြီးရင်း ကံကောင်းခဲ့ပါတယ်။ ဩစတေးလျနိုင်ငံသား ထရပ်ကားမောင်းသူ တစ်ယောက်အတွက် 1999 ခုနှစ်က ထူးထူးခြားခြား အမှတ်တရတွေနဲ့ ပြည့်နေခဲ့ပါတယ်။

Bill Morgan ဟာ ဆိုးဝါးတဲ့ ယာဉ်တိုက်မှုတစ်ခု ဖြစ်ခဲ့ပြီး သေမလို ဖြစ်ခဲ့ရပါတယ်။ ဒါတင် မကသေးပါဘူး။ ယာဉ်တိုက်မှုဖြစ်ပြီးတဲ့နောက် ပြန်ကောင်းလာဖို့အတွက် ဆေးကုသမှု ခံယူရာမှာလည်း ဓာတ်မတည့်မှု ဖြစ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ Bill မှာ ပြင်းထန်တဲ့ နှလုံးရောဂါရခဲ့ပြီး 14 မိနစ်လုံး နှလုံးတစ်ခါမှ မခုန်ခဲ့ပါဘူး။ ကံကောင်းစွာနဲ့ပဲ Bill အသက်ပြန်ရှူ လာနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရက်ပေါင်းများစွာကြာ ကိုမာဝင်သွားခဲ့ပါတယ်။ Bill ကိုမာဝင်နေတဲ့အချိန်မှာ ဆရာဝန်တွေက သူ့မိသားစုဝင်တွေကို အသက်ရှင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောလိုက်ပါတယ်။ Bill သတိပြန်ရလာရင်တောင် အသက်ရှင်တယ် ဆိုတဲ့ နာမည်ပဲရှိပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလို့ ဆရာဝန်တွေက ထင်မြင်ချက် ပေးခဲ့ကြပါတယ်။ ဒါပေမယ့် အားလုံး အံ့အားသင့်သွားပါတယ်။

12 ရက်ကြာ မေ့မြောနေတဲ့နောက်မှာ Bill သတိရလာခဲ့ပြီး လုံးဝ ကောင်းမွန်သွားပါတယ်။ Bill က သေခြင်းတရားနဲ့ အားပြိုင်ပြီးနောက်မှာတော့ စိတ်ဓာတ်တွေ တက်ကြွလာခဲ့ပါတယ်။ အဲဒါကြောင့် နှစ်အကြာကြီး တွဲလာခဲ့တဲ့ ရည်းစားကို လက်ထပ်ခွင့် တောင်းလိုက်ပါတယ်။ သူမကလည်း ချက်ချင်းလက်ခံလိုက်ပါတယ်။

Bill က ကံကောင်းချင်တော ထီထိုးတဲ့အခါ ကားတစ်စီး ပေါက်သွားပါတယ်။ အသက် 37 နှစ်ရှိပြီဖြစ်တဲ့ Bill Morgan က ကားတစ်စီး ပေါက်သွားတာပါ။ အဲဒီတုန်းက ကားတန်ဖိုးက ဩစတေးလျဒေါ်လာ 17000 တန်ပါတယ်။ (အခုဆိုရင် ဒီကားတန်ဖိုးက အမေရိကန်ဒေါ်လာ 24000 နီးပါး၊ ဩစတေးလျဒေါ်လာ 25000 နီးပါး တန်နေပါပြီ)

နိုင်ငံတွင်းက ရုပ်သံဌာနတစ်ခုက Bill ရဲ့ ထူးခြားတဲ့ ဇာတ်လမ်းလေးကို သိရှိသွားပြီး Bill နဲ့ အတူ ထီပေါက်ခဲ့တဲ့ ဆိုင်လေးကို သွားရောက် ရိုက်ကူးခဲ့ပါတယ်။ Bill ကိုလည်း ထီထိုးနေတဲ့ အခန်းလေး ရိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအခါ Bill က ထီလက်မှတ်တွေကို ဝယ်ယူလိုက်ပါတယ်။ TV က live လွှင့်နေတဲ့အချိန်မှာပဲ ထီလက်မှတ်ကို ခဲခြစ်ပြ လိုက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲ ဆိုတာ ဘယ်သူက ခန့်မှန်းနိုင်မလဲနော်။

Bill က ကားတစ်စီးကို မကြာခင်ကမှ ပေါက်ထားတာပါ။ ဒါပေမယ့် မယုံကြည်နိုင်လောက်အောင် ကံကောင်းတဲ့ Bill က ကင်မရာသမားဘက်ကို လှည့်ပြီး ကြေညာလိုက်တာကတော့ "ဩစတေးလျဒေါ်လာ 250000 ပေါက်သွားပြီ " ဆိုတာပါပဲ။

အစီအစဉ် ရိုက်ကူးနေတဲ့သူတွေက Bill ဆီက သေချာအောင် လာကြည့်ကြပါတယ်။ ဟုတ်ပါတယ်။ Bill Morgan တစ်ယောက် ဒုတိယအကြိမ်မြောက် ထီပေါက်ပါတယ်။ ဒီနေ့ခေတ်မှာတော့ Bill ထီပေါက်တဲ့ငွေက ဩစတေးလျဒေါ်လာ 396000 ခန့် ရှိပြီး အမေရိကန်ဒေါ်လာနဲ့ဆိုရင် 351000 ဒေါ်လာရှိပါတယ်။ ကံဆိုးမှုတွေပြီးတော့ ကံကောင်းမှုတွေ ရောက်လာတာ မယုံနိုင်စရာပါပဲ။

ရုပ်သံ

Zombie (Lovemedia)

Ref - fabiosa

for zawgyi

ေသျခင္းတရားနဲ႔ အားၿပိဳင္ၿပီးေနာက္ ထီႏွစ္ႀကိမ္ေပါက္ခဲ့တဲ့ အမ်ိဳးသား

လူတစ္ေယာက္က ထီႏွစ္ႀကိမ္ ေပါက္ေလာက္ေအာင္ ကံေကာင္းဖို႔ ဆိုတာ စိတ္ကူးေတာင္ ယဥ္လို႔မရပါဘူး။ ဒါေပမယ့္ အခ်ိန္တိုတိုေလးအတြင္းမွာ ဒီလူကေတာ့ ကံေကာင္းၿပီးရင္း ကံေကာင္းခဲ့ပါတယ္။ ဩစေတးလ်ႏိုင္ငံသား ထရပ္ကားေမာင္းသူ တစ္ေယာက္အတြက္ 1999 ခုႏွစ္က ထူးထူးျခားျခား အမွတ္တရေတြနဲ႔ ျပည့္ေနခဲ့ပါတယ္။

Bill Morgan ဟာ ဆိုးဝါးတဲ့ ယာဥ္တိုက္မႈတစ္ခု ျဖစ္ခဲ့ၿပီး ေသမလို ျဖစ္ခဲ့ရပါတယ္။ ဒါတင္ မကေသးပါဘူး။ ယာဥ္တိုက္မႈျဖစ္ၿပီးတဲ့ေနာက္ ျပန္ေကာင္းလာဖို႔အတြက္ ေဆးကုသမႈ ခံယူရာမွာလည္း ဓာတ္မတည့္မႈ ျဖစ္ခဲ့ပါတယ္။ ရလဒ္အေနနဲ႔ကေတာ့ Bill မွာ ျပင္းထန္တဲ့ ႏွလုံးေရာဂါရခဲ့ၿပီး 14 မိနစ္လုံး ႏွလုံးတစ္ခါမွ မခုန္ခဲ့ပါဘူး။ ကံေကာင္းစြာနဲ႔ပဲ Bill အသက္ျပန္ရႉ လာႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ရက္ေပါင္းမ်ားစြာၾကာ ကိုမာဝင္သြားခဲ့ပါတယ္။ Bill ကိုမာဝင္ေနတဲ့အခ်ိန္မွာ ဆရာဝန္ေတြက သူ႔မိသားစုဝင္ေတြကို အသက္ရွင္ဖို႔ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူးလို႔ ေျပာလိုက္ပါတယ္။ Bill သတိျပန္ရလာရင္ေတာင္ အသက္ရွင္တယ္ ဆိုတဲ့ နာမည္ပဲရွိၿပီး ဘာမွလုပ္ႏိုင္မွာ မဟုတ္ဘူးလို႔ ဆရာဝန္ေတြက ထင္ျမင္ခ်က္ ေပးခဲ့ၾကပါတယ္။ ဒါေပမယ့္ အားလုံး အံ့အားသင့္သြားပါတယ္။

12 ရက္ၾကာ ေမ့ေျမာေနတဲ့ေနာက္မွာ Bill သတိရလာခဲ့ၿပီး လုံးဝ ေကာင္းမြန္သြားပါတယ္။ Bill က ေသျခင္းတရားနဲ႔ အားၿပိဳင္ၿပီးေနာက္မွာေတာ့ စိတ္ဓာတ္ေတြ တက္ႂကြလာခဲ့ပါတယ္။ အဲဒါေၾကာင့္ ႏွစ္အၾကာႀကီး တြဲလာခဲ့တဲ့ ရည္းစားကို လက္ထပ္ခြင့္ ေတာင္းလိုက္ပါတယ္။ သူမကလည္း ခ်က္ခ်င္းလက္ခံလိုက္ပါတယ္။

Bill က ကံေကာင္းခ်င္ေတာ ထီထိုးတဲ့အခါ ကားတစ္စီး ေပါက္သြားပါတယ္။ အသက္ 37 ႏွစ္ရွိၿပီျဖစ္တဲ့ Bill Morgan က ကားတစ္စီး ေပါက္သြားတာပါ။ အဲဒီတုန္းက ကားတန္ဖိုးက ဩစေတးလ်ေဒၚလာ 17000 တန္ပါတယ္။ (အခုဆိုရင္ ဒီကားတန္ဖိုးက အေမရိကန္ေဒၚလာ 24000 နီးပါး၊ ဩစေတးလ်ေဒၚလာ 25000 နီးပါး တန္ေနပါၿပီ)

ႏိုင္ငံတြင္းက ႐ုပ္သံဌာနတစ္ခုက Bill ရဲ႕ ထူးျခားတဲ့ ဇာတ္လမ္းေလးကို သိရွိသြားၿပီး Bill နဲ႔ အတူ ထီေပါက္ခဲ့တဲ့ ဆိုင္ေလးကို သြားေရာက္ ႐ိုက္ကူးခဲ့ပါတယ္။ Bill ကိုလည္း ထီထိုးေနတဲ့ အခန္းေလး ႐ိုက္ဖို႔ ေတာင္းဆိုခဲ့ပါတယ္။ အဲဒီအခါ Bill က ထီလက္မွတ္ေတြကို ဝယ္ယူလိုက္ပါတယ္။ TV က live လႊင့္ေနတဲ့အခ်ိန္မွာပဲ ထီလက္မွတ္ကို ခဲျခစ္ျပ လိုက္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ဘာေတြျဖစ္လာမလဲ ဆိုတာ ဘယ္သူက ခန႔္မွန္းႏိုင္မလဲေနာ္။

Bill က ကားတစ္စီးကို မၾကာခင္ကမွ ေပါက္ထားတာပါ။ ဒါေပမယ့္ မယုံၾကည္ႏိုင္ေလာက္ေအာင္ ကံေကာင္းတဲ့ Bill က ကင္မရာသမားဘက္ကို လွည့္ၿပီး ေၾကညာလိုက္တာကေတာ့ "ဩစေတးလ်ေဒၚလာ 250000 ေပါက္သြားၿပီ " ဆိုတာပါပဲ။

အစီအစဥ္ ႐ိုက္ကူးေနတဲ့သူေတြက Bill ဆီက ေသခ်ာေအာင္ လာၾကည့္ၾကပါတယ္။ ဟုတ္ပါတယ္။ Bill Morgan တစ္ေယာက္ ဒုတိယအႀကိမ္ေျမာက္ ထီေပါက္ပါတယ္။ ဒီေန႔ေခတ္မွာေတာ့ Bill ထီေပါက္တဲ့ေငြက ဩစေတးလ်ေဒၚလာ 396000 ခန႔္ ရွိၿပီး အေမရိကန္ေဒၚလာနဲ႔ဆိုရင္ 351000 ေဒၚလာရွိပါတယ္။ ကံဆိုးမႈေတြၿပီးေတာ့ ကံေကာင္းမႈေတြ ေရာက္လာတာ မယုံႏိုင္စရာပါပဲ။

Zombie (Lovemedia)

Ref - fabiosa

Post a Comment

0 Comments