အလန်းစားလေးတွေကို လက်တွဲထားနိုင်သူတွေရဲ့ နည်းလမ်းလေးများ
လှပချောမော ချစ်စရာကောင်းပီး ထူးချွန် ထက်မြက်တဲ့ မိန်းကလေးတွေကို ကံကောင်းတဲ့လူ တစ်ချို့လောက်ကပဲ ပိုင်ဆိုင်ခွင့် ရှိတယ်လို့ သင်ထင်ပါသလား ။ သင့်အနေနဲ့လည်း အိပ်မက်နတ်သမီးလို မိန်းကလေးမျိုးကို လက်တွဲခွင့် ရှိပါတယ်။
ဒါကြောင့် အမှန်အကန် ထူးခြားပြည့်စုံတဲ့ မိန်းကလေးတွေကို လက်တွဲ ထားကြရသူတွေရဲ့ နည်းလမ်းလေးတွေကို အတုယူနိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ်နော်။
၁။ သူမစိတ်ထဲ သနားစရာ ဖြစ်အောင် လုပ်ပြပါ။
သူမကို ကျနော် စကားစပြောဖို့အတွက် အရမ်းကို ခက်ခဲပြီး စိုးရွံ့နေခဲ့ ရပါတယ်။ သူမက သနားသွားပြီး တွဲဖြစ်ခဲ့ကြတာ အခုထိ ပါပဲ။
၂။ သူမရဲ့စိတ်ဝင်စားမှု ရအောင် ဆွဲဆောင်ပါ။
ကျနော်ကတော့ အပေါ်အင်္ကျီ ချွတ်ပြီး သူမ မြင်သာအောင် ကားရေဆေးလေ့ ရှိပါတယ်။ ဒါက ကျွန်တော်က သူမ သဘောကျတဲ့ ပုံစံမျိုး ဖြစ်တယ် ဆိုတာကို ဖော်ပြလိုက်တာပါ။
၃။ ဇွဲကောင်းကောင်းနဲ့ ကြိုးစားပါ။
သူမကို ကျွန်တော် online ကနေ တွေ့ဆုံခဲ့ပါတယ်။ သူမက ကျွန်တော့်ရဲ့ အတွက်တော့ အမြင့်ပန်းပါ။ ဒါပေမယ့် ကျွန်တော် မရမက ကြိုးစားခဲ့ပြီး ပထမဆုံးအကြိမ် ကောင်းကောင်း ချိန်းတွေ့နိုင်ခဲ့တယ်။ အဲ့ဒီကတည်းက အခုချိန်ထိ တွဲဖြစ်ခဲ့ကြတာပါ။
၄။ စကားပြောစွမ်းရည် ထူးချွန်ဖို့ လိုပါတယ်။
စကားပြော ကောင်းဖို့ လိုသလို အတူနေတဲ့ အခါမှာလည်း နှုတ်ရေးကောင်းဖို့ လိုပါတယ်။
၅။ နောက်တကြိမ် ချိန်းတွေ့ဖို့ တခါထဲ ပြောပါ။
ကျနော့်ရဲ့ကောင်မလေးက ကျနော့်ထက် အသက် (၁၃) နှစ်လောက် ပိုငယ်တဲ့ မော်ဒယ် တယောက် ဖြစ်ပါတယ် ။ သူမနဲ့ ပထမအကြိမ် ချိန်းတွေ့ပြီး ကတည်းက နောက်ထပ် တွေ့ကြဖို့ အမြဲ ခွင့်တောင်းပါတယ် ။ ဒီလိုနဲ့ တွဲဖြစ်ခဲ့ကြတာ ခုချိန်ထိပါပဲ ။
၆။ စိတ်ဓာတ် စိတ်ထား ကောင်းပါစေ။
ကျနော့် ကောင်မလေးကို သဘောကျတဲ့ လူတွေ အများကြီးထဲကမှ ကျနော့် ရုပ်ရည်နဲ့ ကိုယ်ရည်ကိုယ်သွေး စိတ်ထားတွေကြောင့် သူမရဲ့ အချစ်ကို ရရှိခဲ့တာပါ။
၇။ လိုရင်းကို ရောက်ပါစေ။
ကျနော်ကတော့ သူမမှာ ရည်းစားမရှိဘူး ဆိုတာနဲ့ တန်းဖွင့်ပြောလိုက်တာ ပါပဲ။
၈။ ရယ်မော ပျော်ရွှင် နေပါစေ။
ကျနော်ကတော့ ထူးထူးခြားခြား သိပ်မလုပ် ဖြစ်ပါဘူး။ သူမကို ရယ်မောပျော်ရွှင် စေခဲ့တယ်။ အမြဲတမ်းလောက်နီးပါး ဘုရင်မ တစ်ပါးလို ဆက်ဆံတယ်။ ဒါပါပဲ၊
၉။ သူမက အထူးခြားဆုံးပဲ လို့ ခံစားရပါစေ။
ကျနော့်ရဲ့ လျို့ဝှက်ချက် ကတော့ တကယ်ကို ရိုးရိုးသားသားနဲ့ သူမကလွဲပြီး တခြား မိန်းကလေး မရှိဘူး ဆိုတဲ့ ပုံစံနဲ့ ဦးစားပေး ဆက်ဆံခဲ့တာပါပဲ။
၁၀။ အထူး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
သူမက ကျနော့် ရဲ့ အထူး ပြုစု ဂရုစိုက်မှုတွေကို သဘောကျတယ်လေ။
၁၁။ ထူးခြားပီး လှပတဲ့ နေရာကို အလည်ခေါ်သွားပါ။
ကျနော် ကတော့ သူမကို ပဲရစ်ကို အလည်အပတ် လိုက်ဖို့ ဖိတ်ခေါ်လိုက်တာ ပါပဲ ။ မိန်းခလေးတွေက ထူးခြားလှပတဲ့ နေရာတွေကို စိတ်ဝင်စား တတ်ကြတယ်လေ။
၁၂။ မလှည့်စားပါနဲ့။
ကျနော့်ရဲ့ ကောင်မလေးက ငယ်ရွယ်ပြီး လန်းတဲ့ အထဲမှာ ပါပါတယ်။ ကျနော်က တည်တည်ငြိမ်ငြိမ်နဲ့ သူမအတွက် အမြဲ ဦးစားပေး ဖြစ်နေရပါတယ် ။ ရိုးသားပါ။ ဂရုစိုက်ပါ ။ သူမဘက်က ဆက်သွယ် လာရင် ဘယ်တော့မှ နှောင့်နှေးမနေပဲ ပြန်ဆက်သွယ်ပါ ။ ဘုရင်မ တစ်ပါးလို ဆက်ဆံပါ။
Crd
for zawgyi
၇။ လိုရင်းကို ရောက်ပါစေ။
၁၂။ မလှည့်စားပါနဲ့။
Crd
Post a Comment
0 Comments