သတို့သမီးလောင်းလေးနဲ့ လက်ထပ်ဖို့ ဂျာမနီအထိ ကားမောင်းသွားမယ့် မလေးရှားအမျိုးသား

ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းတဲ့ အချစ်ဇာတ်လမ်းတွေက ကမ္ဘာပေါ်မှာ အများကြီး ရှိပါတယ်။ ဒီချစ်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးကို hayushi86 ဆိုတဲ့ Facebook page မှာ တင်ခဲ့တဲ့နောက် comment ပေါင်း 400 ကျော်နဲ့ share တဲ့ သူပေါင်း 1.7 k ရှိခဲ့ပါတယ် ။

Hadri က ကျောင်းတက်တုန်းက အဆင့်ကောင်းကောင်း ရခဲ့တဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် Hadri က ကားတွေနဲ့ ပတ်သက်ပြီး ဝါသနာ ကြီးပါတယ်။ 2007 ခုနှစ် တုန်းက Hadri က အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့ပြီး ဂျာမနီ အမျိုးသမီး တစ်ယောက်နဲ့ အင်တာနက်မှာ ရင်းနှီးခဲ့ကြ ပါတယ်။

သူတို့နှစ်ယောက်က online မှာ စကားတွေ အများကြီး ပြောခဲ့ကြပါတယ်။ နှစ်နှစ်ကြာတဲ့ အခါ Hadri က သူရဲ့မိန်းကလေးကို တွေ့ဖို့အတွက် ဂျာမနီကို နောက်တစ်ကြိမ် ထပ်သွားခဲ့ ပါတယ်။

သူမကို ချစ်နေတဲ့ အကြောင်းကို နှင်းဆီပန်း တစ်ပွင့်နဲ့ စာတစ်စောင်ပေးပြီး ပြောပြခဲ့ပါတယ်။ အဲဒီအခါ မိန်းကလေးကလည်း ပျော်ပြီးမျက်ရည်တွေ ကျလာပါတယ်တဲ့။

နှစ်အနည်းငယ် ကြာတဲ့အခါ Hadri က မိန်းကလေးကို လက်ထပ်ခွင့် တောင်းခဲ့ပြီး မိန်းကလေးက 2018 မှာ သူ့ရဲ့လက်ထပ်ခွင့်ကို လက်ခံခဲ့ ပါတယ်။ Hadri က သူရဲ့ သတိုးသမီးရှိရာ ဥရောပကို ကားနဲ့သွားဖို့ စိတ်ကူးရသွား ပါတယ်။ လူတွေက Hadri ကို ရူးတယ်လို့ ထင်ကြ ပါတယ် ။

Hadri က စပွန်ဆာကို ရှာတဲ့အခါ FTuned Suspension၊Yokohama Tyres နဲ့ အဆင်ပြေ သွားပါတယ်။ ခရီးသွားဝန်ကြီးဌာနက Visa အတွက် ကူညီပေး တာကြောင့် Hadri ရဲ့ ခရီးစဉ်က ပိုပြီး လွယ်ကူသွားပါတယ်။

Hadri က မလေးရှားနိုင်ငံကနေ ဂျာမနီနိုင်ငံ အထိ 32000 ကီလိုမီတာကို AE86 ကားနဲ့ ခရီးနှင်နေပြီ ဖြစ်ပါတယ်။ ခရီးသွားဝန်ကြီးဌာနက Hadri ကို ခရီးစတင်ထွက်မယ့် နေရာဖြစ်တဲ့ Putrajaya ကို လာနှုတ်ဆက်ကြ ပါတယ်။ ဂျာမနီနိုင်ငံကိုရောက်ဖို့ အချိန် 3 လ ကြာမှာပါ ။

Hadri က အစိမ်းရောင်ငရဲ လို့ ခေါ်တဲ့ Nurburgring Nordschleife လမ်းတစ်လျှောက် မောင်းနှင်သွားမှာ ဖြစ်ပါတယ်။ 3 လ အတွင်းမှာ Hadri က ခရီးစဉ် တစ်လျှောက် မိတ်ဆွေသစ်တွေနဲ့ တွေ့မှာပါ။ ခရီးစဉ် တစ်လျှောက်လုံး Toyota AE86 ကို မောင်းပြီး ခရီးရဲ့ အဆုံးမှာတော့ သူရဲ့ သတို့သမီးလေးနဲ့ တွေ့မှာ ဖြစ်ပါတယ်။

Zombie (Lovemedia)

for zawgyi

သတို႔သမီးေလာင္းေလးနဲ႔ လက္ထပ္ဖို႔ ဂ်ာမနီအထိ ကားေမာင္းသြားမယ့္ မေလးရွားအမ်ိဳးသား

ဆြတ္ပ်ံ႕ၾကည္ႏူးဖြယ္ ေကာင္းတဲ့ အခ်စ္ဇာတ္လမ္းေတြက ကမာၻေပၚမွာ အမ်ားႀကီး ရွိပါတယ္။ ဒီခ်စ္စရာေကာင္းတဲ့ အခ်စ္ဇာတ္လမ္းေလးကို hayushi86 ဆိုတဲ့ Facebook page မွာ တင္ခဲ့တဲ့ေနာက္ comment ေပါင္း 400 ေက်ာ္နဲ႔ share တဲ့ သူေပါင္း 1.7 k ရွိခဲ့ပါတယ္ ။

Hadri က ေက်ာင္းတက္တုန္းက အဆင့္ေကာင္းေကာင္း ရခဲ့တဲ့သူ မဟုတ္ပါဘူး။ ဒါေပမယ့္ Hadri က ကားေတြနဲ႔ ပတ္သက္ၿပီး ဝါသနာ ႀကီးပါတယ္။ 2007 ခုႏွစ္ တုန္းက Hadri က အလုပ္ကိစၥနဲ႔ ခရီးထြက္ခဲ့ၿပီး ဂ်ာမနီ အမ်ိဳးသမီး တစ္ေယာက္နဲ႔ အင္တာနက္မွာ ရင္းႏွီးခဲ့ၾက ပါတယ္။

သူတို႔ႏွစ္ေယာက္က online မွာ စကားေတြ အမ်ားႀကီး ေျပာခဲ့ၾကပါတယ္။ ႏွစ္ႏွစ္ၾကာတဲ့ အခါ Hadri က သူရဲ႕မိန္းကေလးကို ေတြ႕ဖို႔အတြက္ ဂ်ာမနီကို ေနာက္တစ္ႀကိမ္ ထပ္သြားခဲ့ ပါတယ္။

သူမကို ခ်စ္ေနတဲ့ အေၾကာင္းကို ႏွင္းဆီပန္း တစ္ပြင့္နဲ႔ စာတစ္ေစာင္ေပးၿပီး ေျပာျပခဲ့ပါတယ္။ အဲဒီအခါ မိန္းကေလးကလည္း ေပ်ာ္ၿပီးမ်က္ရည္ေတြ က်လာပါတယ္တဲ့။

ႏွစ္အနည္းငယ္ ၾကာတဲ့အခါ Hadri က မိန္းကေလးကို လက္ထပ္ခြင့္ ေတာင္းခဲ့ၿပီး မိန္းကေလးက 2018 မွာ သူ႔ရဲ႕လက္ထပ္ခြင့္ကို လက္ခံခဲ့ ပါတယ္။ Hadri က သူရဲ႕ သတိုးသမီးရွိရာ ဥေရာပကို ကားနဲ႔သြားဖို႔ စိတ္ကူးရသြား ပါတယ္။ လူေတြက Hadri ကို ႐ူးတယ္လို႔ ထင္ၾက ပါတယ္ ။

Hadri က စပြန္ဆာကို ရွာတဲ့အခါ FTuned Suspension၊Yokohama Tyres နဲ႔ အဆင္ေျပ သြားပါတယ္။ ခရီးသြားဝန္ႀကီးဌာနက Visa အတြက္ ကူညီေပး တာေၾကာင့္ Hadri ရဲ႕ ခရီးစဥ္က ပိုၿပီး လြယ္ကူသြားပါတယ္။

Hadri က မေလးရွားႏိုင္ငံကေန ဂ်ာမနီႏိုင္ငံ အထိ 32000 ကီလိုမီတာကို AE86 ကားနဲ႔ ခရီးႏွင္ေနၿပီ ျဖစ္ပါတယ္။ ခရီးသြားဝန္ႀကီးဌာနက Hadri ကို ခရီးစတင္ထြက္မယ့္ ေနရာျဖစ္တဲ့ Putrajaya ကို လာႏႈတ္ဆက္ၾက ပါတယ္။ ဂ်ာမနီႏိုင္ငံကိုေရာက္ဖို႔ အခ်ိန္ 3 လ ၾကာမွာပါ ။

Hadri က အစိမ္းေရာင္ငရဲ လို႔ ေခၚတဲ့ Nurburgring Nordschleife လမ္းတစ္ေလွ်ာက္ ေမာင္းႏွင္သြားမွာ ျဖစ္ပါတယ္။ 3 လ အတြင္းမွာ Hadri က ခရီးစဥ္ တစ္ေလွ်ာက္ မိတ္ေဆြသစ္ေတြနဲ႔ ေတြ႕မွာပါ။ ခရီးစဥ္ တစ္ေလွ်ာက္လုံး Toyota AE86 ကို ေမာင္းၿပီး ခရီးရဲ႕ အဆုံးမွာေတာ့ သူရဲ႕ သတို႔သမီးေလးနဲ႔ ေတြ႕မွာ ျဖစ္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments