မိန်းကလေး တစ်ယောက်ကို ဘဝ တသက်စာအတွက် တကယ် မလိုအပ်ပဲနဲ့ ခဏတာ အပျော်ကစားဖို့ သက်သက် ချစ်တယ်လို့ ပါးစပ်က ပြောထွက်ရ လွယ်ကူ သလောက် သင် ဖွင့်မပြောပါနဲ့ ။ သူတို့က.. ချစ်ခဲ့မိပြီ ဆိုလည်း သူမရဲ့ ဘဝတစ်ခုလုံးနဲ့ ရင်းပြီး သစ္စာရှိရှိနဲ့ ချစ်ပြတတ်ကြသလို ယုံကြည်ခဲ့မိပြီ ဆိုတော့လည်း.. သူမရဲ့ဘေးက တခြားလူတွေ ဘယ်လိုပဲ ချစ်တယ်ပြောပြော သင်က လွဲပြီး ဘယ်သူ့ကိုမှ ဂရုမစိုက် တတ်ကြတော့ဘူး။
ဖြူစင်တဲ့ သူမရဲ့ နှလုံးသား တစ်စုံကိုလည်း ခဏတာ အပျင်းပြေစေဖို့ အတွက် ရည်ရွယ်ပြီး ဟန်ဆောင်မှု အချစ်တွေနဲ့ သူမကို မလှည့်စားပါနဲ့ ။ နာကျင် ခံစားရလို့ ကွယ်ရာမှာ တိတ်တိတ်လေး တစ်ယောက်ထဲ မျက်ရည် ကျတတ်ပြီး ငိုကြွေးနေရတဲ့ သူမရဲ့ ဆိုးကျိုးရလဒ် ခံစားချက်တွေကို မိန်းခလေးတိုင်း အသိဆုံးမို့ပါ ။
ချစ်ရမယ့်သူ ရှိရဲ့သားနဲ့ နောက်ကွယ်ရာမှာ ယွတတ်တဲ့ ယောကျ်ားမျိုးကို နာကျည်းလောက်အောင်ထိ ရွံပြတတ်ကြသလို သူမရှေ့မှာ တမျိုး ကွယ်ရာမှာ တမျိုးလုပ်ပြီး ဖွန်ကြောင် လိမ်ညာ ကောက်ကျစ်တတ်တဲ့ ယောကျ်ားမျိုးကိုလည်း ကြည့်မရလောက်အောင်ထိ မုန်းတီးနေတတ် ကြတာပါပဲ ။
သူမကို တစ်ကယ် ချစ်ခဲ့တယ်ဆိုရင် ပျော်ရွှင်အောင် ထားပေးပါ ။ အဆင်မပြေမှုတွေနဲ့ အားငယ် ဝမ်းနည်းမိတိုင်းလည်း သူမကို စိတ်ဓာတ်တွေ ခိုင်မာလာအောင် နှစ်သိမ့်ဖြေသိမ့် ပေးပေါ့ ။
မိန်းခလေးတိုင်းကို သင် ကိုယ်ချင်းစာပါ ၊ နားလည် ခွင့်လွတ်ပေးပြီး စိတ်ရှည်ရှည် သည်းခံပေးပေါ့ ။ စိတ်ဆိုး စိတ်ကောက်တာရှိလည်း အရင် ချောသိပ်ပေးပါ ။ ယုံကြည်မှုတွေလည်း မကင်းစေနဲ့ ။ အချစ်တွေလည်း မလျော့စေနဲ့ပေါ့ ။
အပြောချင်ဆုံး စကားက.. မိန်းခလေး တစ်ယောက်ကို မျက်နှာဖုံးတွေ စွပ်ပြီး ချစ်ဟန်ဆောင်၍ မချစ်ပြတတ်ဖို့ပါပဲ ။
ချစ်ကြပါ ကြိုက်ကြပါ မြတ်နိုး တွယ်တာကြပါ။ ချစ်ခြင်းတရားရဲ့ အဘိဓာန်ထဲမှ ာမချစ်ရဘူး မကြိုက်ရဘူးလို့ ဘယ်သူ တစ်ယောက်ကမှ ပိတ်ပင် တားဆီးကာဆီးလို့ မရဘူးဆိုတာ လူတိုင်း သိပြီးသားပါပဲ ။
ဒါပေမဲ့.. ချစ်ခဲ့ကြတဲ့ အချစ်တွေ တွယ်တာခဲ့မိတဲ့ သံယောဇဉ်တွေ ခိုင်ခိုင်မြဲမြဲ သစ္စာရှိရှိနဲ့ မပျက်ပြယ်ပဲ ချစ်သွားတတ်ဖို့တော့ လိုပါတယ် ။
TH
for zawgyi
ချစ်သူမိန်းကလေးအပေါ် သင် သစ္စာမဖောက်ပါနဲ့
ချစ်ရမယ့်သူ ရှိရဲ့သားနဲ့ နောက်ကွယ်ရာမှာ ယွတတ်တဲ့ ယောက်ျားမျိုးကို နာကျည်းလောက်အောင်ထိ ရွံပြတတ်ကြသလို သူမရှေ့မှာ တမျိုး ကွယ်ရာမှာ တမျိုးလုပ်ပြီး ဖွန်ကြောင် လိမ်ညာ ကောက်ကျစ်တတ်တဲ့ ယောက်ျားမျိုးကိုလည်း ကြည့်မရလောက်အောင်ထိ မုန်းတီးနေတတ် ကြတာပါပဲ ။
TH
0 Comments