ဘဝရဲ့တန်ဖိုး

တစ်နေ့မှာ လူငယ်လေး တစ်ယောက်ဟာ အဖိုးဖြစ်သူရဲ့ အနားကို သွားပြီး..

" ဘဝရဲ့ တန်ဖိုး ဆိုတာ ဘာလဲ.. အဖိုး.. " ဆိုပြီး မေးလိုက်တယ်..

အဲ့ဒါနဲ့ အဖိုးဖြစ်သူလည်း ကျောက်တုံး တစ်တုံးကို လူငယ်ရဲ့ လက်ထဲ ထည့်ပေးလိုက်ပြီး ..

" ကဲ.. ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ ဘယ်လောက် ရှိလဲ ဆိုတာ သွားစုံစမ်း ခဲ့ချေ.. ဒါပေမဲ့ ရောင်းတော့ မရောင်းခဲ့နဲ့ နော်.. " ဆိုပြီး မှာလိုက်တယ်..

လူငယ်လည်း အဖိုး ပေးလိုက်တဲ့ ကျောက်တုံးကို ယူပြီး ထွက်သွား လိုက်တယ် ။ လမ်းမှာ လိမ္မော်သီး ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့တော့.. အထဲဝင်ပြီး ကျောက်ရဲ့ တန်ဖိုးကို မေးလိုက်တယ်။

ဈေးသည်က..

" ဒီကျောက်တုံး ဆိုရင် လိမ္မော်သီး ၁၂ လုံးတော့ ရမယ်.. ယူမှာလား " ဆိုပြီး ဈေးဖြတ်လိုက်တယ် ။

လူငယ်လည်း အဖိုးဖြစ်သူက မရောင်းနဲ့လို့ မှာထားတဲ့ အတွက် ဈေးသည်ကို တောင်းပန်ပြီး ပြန်ထွက်လာခဲ့တယ်။ ဆက်သွားပြီး မကြာခင် ဟင်းသီးဟင်းရွက် ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့ပြီး အထက်ပါ အတိုင်း ဈေးသည်ကို ကျောက်တုံံးရဲ့တန်ဖိုးကို မေးလိုက်တယ် ။ ဒါနဲ့ ဈေးသည်လည်း ပြောင်လက်နေတဲ့ ကျောက်တုံးကို ကြည့်ပြီး..

" ကျောက်တုံးပေးရင် အာလူး တစ်အိတ် ရမယ် " ဆိုပြီး လူငယ်ကို ပြောလိုက်တယ် ။

လူငယ်လည်း မရောင်းသေးဘူး ဆိုတဲ့ အကြောင်း တောင်းပန် ပြောဆိုပြီး ပြန်ထွက်လာ ခဲ့တယ် ။ ရှေ့နားမှာ လက်ဝတ်ရတနာ အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ပြီး ကျောက်တန်ဖိုးကို ဝင်မေးလိုက်ပြန်တယ်။ ဆိုင်ရှင်လည်း ကျောက်တုံးကို မှန်ဘီလူးနဲ့ တချက်ကြည့်လိုက်ပြီး..

" ဒေါ်လာ သန်း ၅၀ ပေးမယ် " ဆိုပြီး လူငယ်ကို ကမ်းလှမ်း လိုက်တယ် ။

လူငယ်လည်း ခေါင်းခါပြီး မရောင်းနိုင် သေးဘူး ဆိုတဲ့ အကြောင်း ရှင်းပြ တောင်းပန်ကာ ဆိုင်ထဲကနေ ပြန်ထွက်လာ ခဲ့တယ် ။ ဒီလိုနဲ့ ရှေ့ကို ဆက်ပြီး သွားလိုက်တဲ့ အခါ မှာတော့ အဖိုးတန် ကျောက်မျက် ရတနာတွေ ရောင်းဝယ်တဲ့ ဆိုင်ကြီး တစ်ဆိုင်ကို တွေ့လိုက်တယ် ။ လူငယ်လည်း အလားတူပဲ ကျောက်ရဲ့တန်ဖိုးကို ဝင်မေးလိုက်တယ် ။

ဆိုင်ပိုင်ရှင်က တောက်ပြောင်နေတဲ့ ပတ္တမြားကြီးကို တွေ့လိုက်တဲ့ အခါမှာ အဝတ်အနီစ တစ်ခုကို ဖြန့်ခင်းလိုက်ပြီး အပေါ်မှာ တင်လိုက်တယ် ။ ကျောက်တုံး ဘေးပတ်လည်ကို လှည့်ပတ်ကြည့် လိုက်တယ်.. ပြီးတော့ ခါးကို ကိုင်းကာ ကျောက်တုံးကို သေသေချာချာ စိုက်ကြည့်ရင်း..

" ဒီလောက် အဖိုး မဖြတ်နိုင်တဲ့ ပတ္တမြားကြီးကို ဘယ်ကနေ ရလာတာလဲ ".. လို့ လူငယ်ကို မေးလိုက်ပြီး ..

" ကမ္ဘာကြီး တခုလုံးကို ရောင်းပြီးတော့ ဝယ်မယ် ဆိုရင်တောင် ဒီလောက် တန်ဖိုးကြီးတဲ့ ပတ္တမြားကြီးကို ဝယ်နိုင်မှာ မဟုတ်ဘူး " .. လို့ တအံ့တသြ ပြောလိုက်တယ် ။

လူငယ်လေးလည်း နားမလည်နိုင်အောင် ဖြစ်ကာ ကြက်သေ သေပြီး အဖိုးဖြစ်သူထံ ပြန်လာခဲ့ လိုက်တယ် ။ အဖိုးကို သူကြုံတွေ့ခဲ့ရတာတွေကို ပြောပြပြီး တဲ့နောက်..

" ကဲ.. အခု အဖိုးက ကျနော့ကို ' ဘဝတန်ဖိုး ' ဆိုတာ ဘာလဲ ရှင်းပြပေတော့ " လို့ ပြောလိုက်တယ် ။ ဒါနဲ့ အဖိုးဖြစ်သူက..

" ဘဝတန်ဖိုးက ဘာလဲ ဆိုတာ ငါ့မြေးသွားခဲ့တဲ့ လိမ္မော်သီးဆိုင် ၊ ဟင်းသီး ဟင်းရွက်ဆိုင်၊ လက်ဝတ်ရတနာဆိုင်နဲ့ အဖိုးတန် ကျောက်မျက် ရတနာတွေ ရောင်းဝယ်တဲ့ ဆိုင်တွေက အဖြေပေးခဲ့ပြီ မဟုတ်လား ။ ငါ့မြေးဟာ ဒီလို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တုံးတစ်တုံး ဖြစ်ကောင်းဖြစ်မယ် ။ ဒါပေမဲ့ လူတွေဟာ သူတို့ရဲ့ ငွေကြေး အခြေအနေ.. ပညာအရည်အချင်း.. အသိပညာ အဆင့်အတန်း.. ယုံကြည်ချက်တွေ.. သူတို့ ကျင်လည် ဖြတ်သန်းရတဲ့ ဘဝတွေပေါ်မှာ အခြေခံပြီး ငါ့မြေးရဲ့ ဘဝကို တန်ဖိုး ဖြတ်ကြလိမ့်မယ် ။ "

" လူတွေဟာ သူတို့ အဆင့်အတန်း နဲ့ ယှဉ်ပြီး အခြားသူတွေရဲ့ ဘဝကို တန်ဖိုး ဖြတ်တတ် ကြတယ် ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့.. ငါ့မြေးရဲ့ ဘဝတန်ဖိုး အစစ်အမှန်ကို ထိုးထွင်း သိမြင်နိုင်တဲ့ လူတွေကို ငါ့မြေး ကျိန်းသေပေါက် ရှာတွေ့မှာပါ ။ ကိုယ့်ကိုယ်ကို လေးစားမှု ရှိပါ.. ' ငါ့မြေးဟာ.. ငါ့မြေး ပါပဲ '..။ "

ဘဝကို တန်ဖိုးထားတတ် ကြပါစေ..

Ko Myo

for zawgyi

ဘဝရဲ႕တန္ဖိုး

တစ္ေန႔မွာ လူငယ္ေလး တစ္ေယာက္ဟာ အဖိုးျဖစ္သူရဲ႕ အနားကို သြားၿပီး..

" ဘဝရဲ႕တန္ဖိုး ဆိုတာ ဘာလဲ.. အဖိုး.. " ဆိုၿပီး ေမးလိုက္တယ္..

အဲ့ဒါနဲ႔ အဖိုးျဖစ္သူလည္း ေက်ာက္တုံး တစ္တုံးကို လူငယ္ရဲ႕ လက္ထဲ ထည့္ေပးလိုက္ၿပီး ..

" ကဲ.. ဒီေက်ာက္တုံးရဲ႕ တန္ဖိုးဟာ ဘယ္ေလာက္ ရွိလဲ ဆိုတာ သြားစုံစမ္း ခဲ့ေခ်.. ဒါေပမဲ့ ေရာင္းေတာ့ မေရာင္းခဲ့နဲ႔ ေနာ္.. " ဆိုၿပီး မွာလိုက္တယ္..

လူငယ္လည္း အဖိုး ေပးလိုက္တဲ့ ေက်ာက္တုံးကို ယူၿပီး ထြက္သြား လိုက္တယ္ ။ လမ္းမွာ လိေမၼာ္သီး ေရာင္းတဲ့ ဆိုင္တစ္ဆိုင္ကို ေတြ႕ေတာ့.. အထဲဝင္ၿပီး ေက်ာက္ရဲ႕ တန္ဖိုးကို ေမးလိုက္တယ္။

ေဈးသည္က..

" ဒီေက်ာက္တုံး ဆိုရင္ လိေမၼာ္သီး ၁၂ လုံးေတာ့ ရမယ္.. ယူမွာလား " ဆိုၿပီး ေဈးျဖတ္လိုက္တယ္ ။

လူငယ္လည္း အဖိုးျဖစ္သူက မေရာင္းနဲ႔လို႔ မွာထားတဲ့ အတြက္ ေဈးသည္ကို ေတာင္းပန္ၿပီး ျပန္ထြက္လာခဲ့တယ္။ ဆက္သြားၿပီး မၾကာခင္ ဟင္းသီးဟင္း႐ြက္ ေရာင္းတဲ့ ဆိုင္တစ္ဆိုင္ကို ေတြ႕ၿပီး အထက္ပါ အတိုင္း ေဈးသည္ကို ေက်ာက္တုံံးရဲ႕တန္ဖိုးကို ေမးလိုက္တယ္ ။ ဒါနဲ႔ ေဈးသည္လည္း ေျပာင္လက္ေနတဲ့ ေက်ာက္တုံးကို ၾကည့္ၿပီး..

" ေက်ာက္တုံးေပးရင္ အာလူး တစ္အိတ္ ရမယ္ " ဆိုၿပီး လူငယ္ကို ေျပာလိုက္တယ္ ။

လူငယ္လည္း မေရာင္းေသးဘူး ဆိုတဲ့ အေၾကာင္း ေတာင္းပန္ ေျပာဆိုၿပီး ျပန္ထြက္လာ ခဲ့တယ္ ။ ေရွ႕နားမွာ လက္ဝတ္ရတနာ အေရာင္းဆိုင္ တစ္ဆိုင္ကို ေတြ႕ၿပီး ေက်ာက္တန္ဖိုးကို ဝင္ေမးလိုက္ျပန္တယ္။ ဆိုင္ရွင္လည္း ေက်ာက္တုံးကို မွန္ဘီလူးနဲ႔ တခ်က္ၾကည့္လိုက္ၿပီး..

" ေဒၚလာ သန္း ၅၀ ေပးမယ္ " ဆိုၿပီး လူငယ္ကို ကမ္းလွမ္း လိုက္တယ္ ။

လူငယ္လည္း ေခါင္းခါၿပီး မေရာင္းႏိုင္ ေသးဘူး ဆိုတဲ့ အေၾကာင္း ရွင္းျပ ေတာင္းပန္ကာ ဆိုင္ထဲကေန ျပန္ထြက္လာ ခဲ့တယ္ ။ ဒီလိုနဲ႔ ေရွ႕ကို ဆက္ၿပီး သြားလိုက္တဲ့ အခါ မွာေတာ့ အဖိုးတန္ ေက်ာက္မ်က္ ရတနာေတြ ေရာင္းဝယ္တဲ့ ဆိုင္ႀကီး တစ္ဆိုင္ကို ေတြ႕လိုက္တယ္ ။ လူငယ္လည္း အလားတူပဲ ေက်ာက္ရဲ႕တန္ဖိုးကို ဝင္ေမးလိုက္တယ္ ။

ဆိုင္ပိုင္ရွင္က ေတာက္ေျပာင္ေနတဲ့ ပတၱျမားႀကီးကို ေတြ႕လိုက္တဲ့ အခါမွာ အဝတ္အနီစ တစ္ခုကို ျဖန႔္ခင္းလိုက္ၿပီး အေပၚမွာ တင္လိုက္တယ္ ။ ေက်ာက္တုံး ေဘးပတ္လည္ကို လွည့္ပတ္ၾကည့္ လိုက္တယ္.. ၿပီးေတာ့ ခါးကို ကိုင္းကာ ေက်ာက္တုံးကို ေသေသခ်ာခ်ာ စိုက္ၾကည့္ရင္း..

" ဒီေလာက္ အဖိုး မျဖတ္ႏိုင္တဲ့ ပတၱျမားႀကီးကို ဘယ္ကေန ရလာတာလဲ ".. လို႔ လူငယ္ကို ေမးလိုက္ၿပီး ..

" ကမာၻႀကီး တခုလုံးကို ေရာင္းၿပီးေတာ့ ဝယ္မယ္ ဆိုရင္ေတာင္ ဒီေလာက္ တန္ဖိုးႀကီးတဲ့ ပတၱျမားႀကီးကို ဝယ္ႏိုင္မွာ မဟုတ္ဘူး " .. လို႔ တအံ့တၾသ ေျပာလိုက္တယ္ ။

လူငယ္ေလးလည္း နားမလည္ႏိုင္ေအာင္ ျဖစ္ကာ ၾကက္ေသ ေသၿပီး အဖိုးျဖစ္သူထံ ျပန္လာခဲ့ လိုက္တယ္ ။ အဖိုးကို သူႀကဳံေတြ႕ခဲ့ရတာေတြကို ေျပာျပၿပီး တဲ့ေနာက္..

" ကဲ.. အခု အဖိုးက က်ေနာ့ကို ' ဘဝတန္ဖိုး ' ဆိုတာ ဘာလဲ ရွင္းျပေပေတာ့ " လို႔ ေျပာလိုက္တယ္ ။ ဒါနဲ႔ အဖိုးျဖစ္သူက..

" ဘဝတန္ဖိုးက ဘာလဲ ဆိုတာ ငါ့ေျမးသြားခဲ့တဲ့ လိေမၼာ္သီးဆိုင္ ၊ ဟင္းသီး ဟင္း႐ြက္ဆိုင္၊ လက္ဝတ္ရတနာဆိုင္နဲ႔ အဖိုးတန္ ေက်ာက္မ်က္ ရတနာေတြ ေရာင္းဝယ္တဲ့ ဆိုင္ေတြက အေျဖေပးခဲ့ၿပီ မဟုတ္လား ။ ငါ့ေျမးဟာ ဒီလို အဖိုးမျဖတ္ႏိုင္တဲ့ ေက်ာက္တုံးတစ္တုံး ျဖစ္ေကာင္းျဖစ္မယ္ ။ ဒါေပမဲ့ လူေတြဟာ သူတို႔ရဲ႕ ေငြေၾကး အေျခအေန.. ပညာအရည္အခ်င္း.. အသိပညာ အဆင့္အတန္း.. ယုံၾကည္ခ်က္ေတြ.. သူတို႔ က်င္လည္ ျဖတ္သန္းရတဲ့ ဘဝေတြေပၚမွာ အေျခခံၿပီး ငါ့ေျမးရဲ႕ ဘဝကို တန္ဖိုး ျဖတ္ၾကလိမ့္မယ္ ။ "

" လူေတြဟာ သူတို႔ အဆင့္အတန္း နဲ႔ ယွဥ္ၿပီး အျခားသူေတြရဲ႕ ဘဝကို တန္ဖိုး ျဖတ္တတ္ ၾကတယ္ ။ ဒါေပမဲ့ မစိုးရိမ္ပါနဲ႔.. ငါ့ေျမးရဲ႕ ဘဝတန္ဖိုး အစစ္အမွန္ကို ထိုးထြင္း သိျမင္ႏိုင္တဲ့ လူေတြကို ငါ့ေျမး က်ိန္းေသေပါက္ ရွာေတြ႕မွာပါ ။ ကိုယ့္ကိုယ္ကို ေလးစားမႈ ရွိပါ.. ' ငါ့ေျမးဟာ.. ငါ့ေျမး ပါပဲ '..။ "

ဘဝကို တန္ဖိုးထားတတ္ ၾကပါေစ..

Ko Myo

Post a Comment

0 Comments