တနေ့ ဆင်းရဲသား ရပ်ကွက်ထဲကို အပျိုကြီး တစ်ဟောက် အိမ်ပြောင်း လာတယ်။ သူ ပြောင်းလာတဲ့ အိမ်ဘေး ကပ်ရက်မှာ ဆင်းရဲ နုံချာတဲ့ မိသားစုလေး တစ်စု ရှိပါတယ်။ မုဆိုးမ တစ်ယောက် နဲ့ သူ့ ကလေး နှစ်ယောက်ပေါ့။
အပျိုကြီးက " မတတ်နိုင်ဘူးလေ.. ဒီနေရာ ရောက်လာမှတော့ ဒီလို လူမျိုးတွေနဲ့ ပတ်သက်ရ ဦးမှာပေါ့ " သူ့ဘာသာ တွေးပြီး စိတ်ပျက် သွားမိ တယ်။
အဲဒီညမှာပဲ ထုံးစံအတိုင်း ရပ်ကွက်မီးက ရုတ်တရက် ပျက်သွားခဲ့တယ်။ မီးပျက်တော့ အမျိုးသမီးက ဖယောင်းတိုင်ထွန်းဖို့ သူ့ ဖယောင်းတိုင်ထုပ်ကို လိုက်ရှာ တာပေါ့။ ခဏနေတော့ သူ ရှာတွေ့ သွားတယ်။
တွေ့ပြီးတော့ သိပ်မကြာလိုက်ဘူး။ တစ်စုံ တစ်ယောက် သူ့အိမ်တံခါး လာခေါက် တာကို ကြားလိုက် မိတယ်။ တံခါး ဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ် တစ်ယောက်က စိတ်လှုပ်ရှားနေတဲ့ အသံနဲ့ " အန်တီ.. အန်တီတို့ အိမ်မှာ ဖယောင်းတိုင် ရှိလား " လို့ မေးလိုက် တယ်။
အမျိုးသမီးက " အင်း ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် မဝယ်နိုင် ပါလားနော်.. ဒါပေမယ့် ခဏခဏ လာတောင်းနေမှာ စိုးရတယ် ၊ ပေးလို့ မဖြစ်ဘူး " လို့ တွေးပြီး " မရှိဘူး " လို့ အသံ မာမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ ကလေးငယ်က ပြုံးပြီး " ထင်သားပဲ အန်တီက အခုမှ အိမ်ပြောင်းလာတာ ဆိုတော့ ဖယောင်းတိုင် မပါလောက်ဘူး ဆိုပြီး မှောင်မဲထဲမှာ အန်တီ ကြောက်နေမှာ စိုးလို့ သမီးက ဖယောင်းတိုင် လာပို့တာ " လို့ ပြောပြီး အဖာတွေ ထပ်နေတဲ့ အင်္ကျီအိတ်ထဲက ဖယောင်းတိုင်လေးကို ထုတ်ပေး လိုက်တယ်။
အမျိုးသမီး ကတော့ ကိုယ့်ကိုယ်ကို ရှက်မိပြီး ဘာမှ ပြန်မပြော နိုင်အောင် ဆွံ့အ သွားခဲ့ တယ်။ ကိုယ့်ထက်သာ မနာလို ၊ ကိုယ့်ထက် နှိမ့်ပါးသူအား နှိမ့်ချ ဆက်ဆံသူ အဖို့ ကတော့ အထင်နဲ့ လက်တွေ့ အမြင်ဟာ လွဲချော် နေမှာပါ။
လူပီသဖို့ ရုပ်လှဖို့ ဆိုတာထက် စိတ်လှဖို့ အရေးကြီး တယ်။ ငွေချမ်းသာဖို့ထက် စိတ်စေတနာ ချမ်းသာဖို့ အရေးကြီး တယ်။ ချမ်းသာ ပေမယ့် ယူသောလက် ဖြစ်နေတတ် တယ်။ ဆင်းရဲပေမယ့် ပေးသောလက် ဖြစ်နေတတ်တယ်။ ပေးသောလက် ဖြစ်ဖို့ ငွေချမ်းသာဖို့ မလိုဘူး ၊ မြင့်မြတ်တဲ့ စိတ်ထား ရှိဖို့သာ လိုတယ်။
မြင့်မြတ်သောစိတ် အသိဉာဏ် ပညာ မပါပဲ ပိုင်ဆိုင်မှုတွေ များသထက် များလာသူ အချို့မှာ ကိုယ်ချင်းစာ တရား တွေ ခေါင်းပါး လာကြတယ်။ ဂရုဏာ တရားတွေ ပျောက်ကွယ် လာကြတယ်။ သံသယ မျက်လုံးတွေနဲ့ ကြည့်တတ်လာ ကြတယ်။ လူသား အချင်းချင်း ပုံမှန် ဆက်ဆံရေးတွေ ကွယ်ပျောက် လာတတ် ကြတယ်။
Sainee Naeen
for zawgyi
အထင္နဲ႔ အျမင္
တေန႔ ဆင္းရဲသား ရပ္ကြက္ထဲကို အပ်ိဳႀကီး တစ္ေဟာက္ အိမ္ေျပာင္း လာတယ္။ သူ ေျပာင္းလာတဲ့ အိမ္ေဘး ကပ္ရက္မွာ ဆင္းရဲ ႏုံခ်ာတဲ့ မိသားစုေလး တစ္စု ရွိပါတယ္။ မုဆိုးမ တစ္ေယာက္ နဲ႔ သူ႔ ကေလး ႏွစ္ေယာက္ေပါ့။
အပ်ိဳႀကီးက " မတတ္ႏိုင္ဘူးေလ.. ဒီေနရာ ေရာက္လာမွေတာ့ ဒီလို လူမ်ိဳးေတြနဲ႔ ပတ္သက္ရ ဦးမွာေပါ့ " သူ႔ဘာသာ ေတြးၿပီး စိတ္ပ်က္ သြားမိ တယ္။
အဲဒီညမွာပဲ ထုံးစံအတိုင္း ရပ္ကြက္မီးက ႐ုတ္တရက္ ပ်က္သြားခဲ့တယ္။ မီးပ်က္ေတာ့ အမ်ိဳးသမီးက ဖေယာင္းတိုင္ထြန္းဖို႔ သူ႔ ဖေယာင္းတိုင္ထုပ္ကို လိုက္ရွာ တာေပါ့။ ခဏေနေတာ့ သူ ရွာေတြ႕ သြားတယ္။
ေတြ႕ၿပီးေတာ့ သိပ္မၾကာလိုက္ဘူး။ တစ္စုံ တစ္ေယာက္ သူ႔အိမ္တံခါး လာေခါက္ တာကို ၾကားလိုက္ မိတယ္။ တံခါး ဖြင့္ၾကည့္ေတာ့ ေဘးအိမ္က ကေလးငယ္ တစ္ေယာက္က စိတ္လႈပ္ရွားေနတဲ့ အသံနဲ႔ " အန္တီ.. အန္တီတို႔ အိမ္မွာ ဖေယာင္းတိုင္ ရွိလား " လို႔ ေမးလိုက္ တယ္။
အမ်ိဳးသမီးက " အင္း ဆင္းရဲလြန္းလို႔ ဖေယာင္းတိုင္ေတာင္ မဝယ္ႏိုင္ ပါလားေနာ္.. ဒါေပမယ့္ ခဏခဏ လာေတာင္းေနမွာ စိုးရတယ္ ၊ ေပးလို႔ မျဖစ္ဘူး " လို႔ ေတြးၿပီး " မရွိဘူး " လို႔ အသံ မာမာနဲ႔ ေအာ္ၿပီး တံခါးပိတ္ဖို႔ ျပင္လိုက္တယ္။
အဲဒီအခ်ိန္မွာပဲ ကေလးငယ္က ၿပဳံးၿပီး " ထင္သားပဲ အန္တီက အခုမွ အိမ္ေျပာင္းလာတာ ဆိုေတာ့ ဖေယာင္းတိုင္ မပါေလာက္ဘူး ဆိုၿပီး ေမွာင္မဲထဲမွာ အန္တီ ေၾကာက္ေနမွာ စိုးလို႔ သမီးက ဖေယာင္းတိုင္ လာပို႔တာ " လို႔ ေျပာၿပီး အဖာေတြ ထပ္ေနတဲ့ အက်ႌအိတ္ထဲက ဖေယာင္းတိုင္ေလးကို ထုတ္ေပး လိုက္တယ္။
အမ်ိဳးသမီး ကေတာ့ ကိုယ့္ကိုယ္ကို ရွက္မိၿပီး ဘာမွ ျပန္မေျပာ ႏိုင္ေအာင္ ဆြံ႕အ သြားခဲ့ တယ္။ ကိုယ့္ထက္သာ မနာလို ၊ ကိုယ့္ထက္ ႏွိမ့္ပါးသူအား ႏွိမ့္ခ် ဆက္ဆံသူ အဖို႔ ကေတာ့ အထင္နဲ႔ လက္ေတြ႕ အျမင္ဟာ လြဲေခ်ာ္ ေနမွာပါ။
လူပီသဖို႔ ႐ုပ္လွဖို႔ ဆိုတာထက္ စိတ္လွဖို႔ အေရးႀကီး တယ္။ ေငြခ်မ္းသာဖို႔ထက္ စိတ္ေစတနာ ခ်မ္းသာဖို႔ အေရးႀကီး တယ္။ ခ်မ္းသာ ေပမယ့္ ယူေသာလက္ ျဖစ္ေနတတ္ တယ္။ ဆင္းရဲေပမယ့္ ေပးေသာလက္ ျဖစ္ေနတတ္တယ္။ ေပးေသာလက္ ျဖစ္ဖို႔ ေငြခ်မ္းသာဖို႔ မလိုဘူး ၊ ျမင့္ျမတ္တဲ့ စိတ္ထား ရွိဖို႔သာ လိုတယ္။
ျမင့္ျမတ္ေသာစိတ္ အသိဉာဏ္ ပညာ မပါပဲ ပိုင္ဆိုင္မႈေတြ မ်ားသထက္ မ်ားလာသူ အခ်ိဳ႕မွာ ကိုယ္ခ်င္းစာ တရား ေတြ ေခါင္းပါး လာၾကတယ္။ ဂ႐ုဏာ တရားေတြ ေပ်ာက္ကြယ္ လာၾကတယ္။ သံသယ မ်က္လုံးေတြနဲ႔ ၾကည့္တတ္လာ ၾကတယ္။ လူသား အခ်င္းခ်င္း ပုံမွန္ ဆက္ဆံေရးေတြ ကြယ္ေပ်ာက္ လာတတ္ ၾကတယ္။
Sainee Naeen
0 Comments