ကလိမ်ကကျစ် လုပ်သူအတွက် သင်ခန်းစာ

တခါက ရွာတရွာမှာ ဆားကုန်သည် တစ်ယောက် ရှိလေတယ် ။ အဲ့ဒီလူဟာ သူ့ရဲ့ ဆားတွေကို သယ်ဆောင်ဖို့ အတွက် မြည်း တကောင်လည်း ရှိပါသည် ။ သူ ဆားသွားရောင်းတိုင်း မြည်းရဲ့ ကျောပေါ် ဆားထုပ်တွေ တင်ပြီး အရောင်းထွက်ပါတယ် ။

သူတို့ရဲ့ ရွာက ထွက်ရင် စမ်းချောင်း တခုကို အမြဲတမ်း ဖြတ်ရတယ် ။ တစ်ရက်တော့ ဆားကုန်သည်နဲ့ မြည်းဟာ ဆားအရောင်း ထွက်လာစဉ် ရွာထိပ် စမ်းချောင်း အဖြတ်၌ မြည်းက ရေထဲ ချော်လဲပါတယ် ။

ဆားတွေ ရေထဲ ပျော်ဝင်သွားပြီး ကုန်သည်ကတော့ အရင်းတွေ ဆုံးခဲ့ပေမယ့် မြည်းက သူ့ကျောပေါ်က ဝန်ပေါ့သွား သိရလို အတွေးရူးတစ်ခု ရပါသွား ပါတော့တယ် ။

နောက်ထပ်တခေါက် အရောင်း ထွက်ချိန်မှာလည်း စမ်းချောင်းကိုအဖြတ် ရေထဲ သက်သက်မဲ့ လှဲချ လိုက်ပါတယ် ။ ဆားတွေ အရေပျော် သူလည်း ဝန်ပေါ့ သွားပေမယ့် ဆားကုန်သည် ကတော့ ထပ်မံ ဆုံးရှုံးသွားပါတယ် ။

နှစ်ခေါက် ၊ သုံးခေါက် လောက်ကျတော့ ဆားကုန်သည်ဟာ မြည်းရဲ့ ရည်ရွယ်ချက်ကို သံသယ ရှိခဲ့ပါတယ် ။ နောက်တကြိမ် မှာလည်း မြည်းက ထပ်လုပ်တော့ မြည်းရဲ့ ကလိမ်ကကျစ်ကျမှုကို သဘောပေါက်ပြီး မြည်းကို သင်ခန်းစာ ပေးဖို့ ဆုံးဖြတ် လိုက်ပါတယ် ။

နောက်တခေါက်မှာ မြည်းကျောပေါ် ဆားတွေ မတင်ပဲ ဝါဂွမ်းချည် အိတ်တွေ တင်ပြီး အသေအချာ ချည်နှောင်ကာ ထွက်ခဲ့ပါတယ် ။ မြည်းက ထုံးစံအတိုင်း စမ်းချောင်း အရောက် ရေထဲလှဲချ လိုက်ပါတယ်။

ဒီတခါကျတော့ ဆားမဟုတ်ပဲ ချည်တွေ ဖြစ်နေတော့ အရည်မပျော်ပဲ ရေတွေ ရွှဲကာ တစ်လမ်းလုံး မြည်းဟာ လေးလံစွာသယ်ပီး ဒုက္ခရောက်ခဲ့ ပါတယ်။ မြည်းလည်း တကြိမ်ထဲနဲ့ သင်ခန်းစာ ကောင်းကောင်း ရသွားပြီး နောက်အခါ ရေထဲ လှဲချတာမျိုး မလုပ်ရဲတော့ ပါဘူး ။

ဒီအဖြစ်လေးကနေ သင်ခန်းစာ ပေးတာကတော့ လူတယောက်ကို လှည့်စားချင်ရင် အကြိမ်အနည်းငယ်သာ လှည့်စားလို့ ရမှာဖြစ်တယ် ။ အကြိမ်ရေ များလာရင်တော့ လှည့်စားတဲ့လူပဲ ပြန်ခံရမှာ ဖြစ်ပါတယ်.. ။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ။

မှတ်စုကြမ်း

for zawgyi

ကလိမ္ကက်စ္ လုပ္သူအတြက္ သင္ခန္းစာ

တခါက ႐ြာတ႐ြာမွာ ဆားကုန္သည္ တစ္ေယာက္ ရွိေလတယ္ ။ အဲ့ဒီလူဟာ သူ႔ရဲ႕ ဆားေတြကို သယ္ေဆာင္ဖို႔ အတြက္ ျမည္း တေကာင္လည္း ရွိပါသည္ ။ သူ ဆားသြားေရာင္းတိုင္း ျမည္းရဲ႕ ေက်ာေပၚ ဆားထုပ္ေတြ တင္ၿပီး အေရာင္းထြက္ပါတယ္ ။

သူတို႔ရဲ႕ ႐ြာက ထြက္ရင္ စမ္းေခ်ာင္း တခုကို အၿမဲတမ္း ျဖတ္ရတယ္ ။ တစ္ရက္ေတာ့ ဆားကုန္သည္နဲ႔ ျမည္းဟာ ဆားအေရာင္း ထြက္လာစဥ္ ႐ြာထိပ္ စမ္းေခ်ာင္း အျဖတ္၌ ျမည္းက ေရထဲ ေခ်ာ္လဲပါတယ္ ။

ဆားေတြ ေရထဲ ေပ်ာ္ဝင္သြားၿပီး ကုန္သည္ကေတာ့ အရင္းေတြ ဆုံးခဲ့ေပမယ့္ ျမည္းက သူ႔ေက်ာေပၚက ဝန္ေပါ့သြား သိရလို အေတြး႐ူးတစ္ခု ရပါသြား ပါေတာ့တယ္ ။

ေနာက္ထပ္တေခါက္ အေရာင္း ထြက္ခ်ိန္မွာလည္း စမ္းေခ်ာင္းကိုအျဖတ္ ေရထဲ သက္သက္မဲ့ လွဲခ် လိုက္ပါတယ္ ။ ဆားေတြ အေရေပ်ာ္ သူလည္း ဝန္ေပါ့ သြားေပမယ့္ ဆားကုန္သည္ ကေတာ့ ထပ္မံ ဆုံးရႈံးသြားပါတယ္ ။

ႏွစ္ေခါက္ ၊ သုံးေခါက္ ေလာက္က်ေတာ့ ဆားကုန္သည္ဟာ ျမည္းရဲ႕ ရည္႐ြယ္ခ်က္ကို သံသယ ရွိခဲ့ပါတယ္ ။ ေနာက္တႀကိမ္ မွာလည္း ျမည္းက ထပ္လုပ္ေတာ့ ျမည္းရဲ႕ ကလိမ္ကက်စ္က်မႈကို သေဘာေပါက္ၿပီး ျမည္းကို သင္ခန္းစာ ေပးဖို႔ ဆုံးျဖတ္ လိုက္ပါတယ္ ။

ေနာက္တေခါက္မွာ ျမည္းေက်ာေပၚ ဆားေတြ မတင္ပဲ ဝါဂြမ္းခ်ည္ အိတ္ေတြ တင္ၿပီး အေသအခ်ာ ခ်ည္ေႏွာင္ကာ ထြက္ခဲ့ပါတယ္ ။ ျမည္းက ထုံးစံအတိုင္း စမ္းေခ်ာင္း အေရာက္ ေရထဲလွဲခ် လိုက္ပါတယ္။

ဒီတခါက်ေတာ့ ဆားမဟုတ္ပဲ ခ်ည္ေတြ ျဖစ္ေနေတာ့ အရည္မေပ်ာ္ပဲ ေရေတြ ႐ႊဲကာ တစ္လမ္းလုံး ျမည္းဟာ ေလးလံစြာသယ္ပီး ဒုကၡေရာက္ခဲ့ ပါတယ္။ ျမည္းလည္း တႀကိမ္ထဲနဲ႔ သင္ခန္းစာ ေကာင္းေကာင္း ရသြားၿပီး ေနာက္အခါ ေရထဲ လွဲခ်တာမ်ဳိး မလုပ္ရဲေတာ့ ပါဘူး ။

ဒီအျဖစ္ေလးကေန သင္ခန္းစာေပးတာကေတာ့ လူတေယာက္ကို လွည့္စားခ်င္ရင္ အႀကိမ္အနည္းငယ္သာ လွည့္စားလို႔ ရမွာျဖစ္တယ္ ။ အႀကိမ္ေရ မ်ားလာရင္ေတာ့ လွည့္စားတဲ့လူပဲ ျပန္ခံရမွာ ျဖစ္ပါတယ္.. ။ လူအခ်င္းခ်င္း လွည့္ပတ္ျခင္း ကင္းေဝးၾကပါေစ ။

မွတ္စုၾကမ္း

Post a Comment

0 Comments