သည်းမခံနိုင်တဲ့ အမှား

တခါက စက်ရုံ အလုပ်သမား တစ်ယောက်သည် လစာ ထုတ်သောအခါ ရသင့်သည်ထက် ငွေပိုနေ သော်လည်း အလုပ်ရှင်ကို ဘာမှ ပြန်မပြောဘဲ ငြိမ်နေ လိုက်သည် ။

နောက်တလ လစာ ထုတ်သော အခါတွင် ရသင့်သည့် လစာထက် လျော့နည်းနေလေရာ ထိုသူက အလုပ်ရှင်ထံ ချက်ချင်း အပြေး သွားပြောလေသည်။ ထိုအခါ အလုပ်ရှင်က..

" ကိုယ့်လူက အရင်လက ငွေပိုနေတဲ့အခါ ဘာအသံမှ မကြားရဘူး။ အခုလ ငွေလျော့နေတော့ ချက်ချင်းကို သိတယ်နော်။ ဘယ်လို ဖြစ်တာလဲ "

ထိုအခါ အလုပ်သမားက ပြန်ဖြေလိုက် သည်မှာ..

" ကျွန်တော်က အမှားကို တခါပဲ သည်းခံနိုင်မယ်။ နှစ်ခါမှားရင်တော့ သည်းမခံနိုင်ဘူးဗျာ " ဟူသတည်း ။

ဘိုတွတ်


for zawgyi

သည္းမခံႏိုင္တဲ့ အမွား

တခါက စက္႐ုံ အလုပ္သမား တစ္ေယာက္သည္ လစာ ထုတ္ေသာအခါ ရသင့္သည္ထက္ ေငြပိုေန ေသာ္လည္း အလုပ္ရွင္ကို ဘာမွ ျပန္မေျပာဘဲ ၿငိမ္ေန လိုက္သည္ ။

ေနာက္တလ လစာ ထုတ္ေသာ အခါတြင္ ရသင့္သည့္ လစာထက္ ေလ်ာ့နည္းေနေလရာ ထိုသူက အလုပ္ရွင္ထံ ခ်က္ခ်င္း အေျပး သြားေျပာေလသည္။ ထိုအခါ အလုပ္ရွင္က..

" ကိုယ့္လူက အရင္လက ေငြပိုေနတဲ့အခါ ဘာအသံမွ မၾကားရဘူး။ အခုလ ေငြေလ်ာ့ေနေတာ့ ခ်က္ခ်င္းကို သိတယ္ေနာ္။ ဘယ္လို ျဖစ္တာလဲ "

ထိုအခါ အလုပ္သမားက ျပန္ေျဖလိုက္ သည္မွာ..

" ကြၽန္ေတာ္က အမွားကို တခါပဲ သည္းခံႏိုင္မယ္။ ႏွစ္ခါမွားရင္ေတာ့ သည္းမခံႏိုင္ဘူးဗ်ာ " ဟူသတည္း ။

ဘိုတြတ္

Post a Comment

0 Comments