နိုင်ငံတိုင်းမှာ သူတို့နာမည်ပေးတဲ့ ပုံစံတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ယေဘုယျအားဖြင့်တော့ နိုင်ငံအမည်တွေဟာ မြေမျက်နှာသွင်ပြင် လက္ခဏာတွေ၊ မျိုးနွယ်စုတွေ၊ လူတစ်ဦးတစ်ယောက်ရဲ့ နာမည်တွေ စတဲ့ အရာများစုကို ပေးတတ်ကြပါတယ်။ ဥပမာပြောရရင် အမေရိကန်ပြည်ထောင်စုကို အီတလီလူမျိုး စူးစမ်းဖွေသူ Amerigo Vespucci က ဘာရိန်းဘာသာစကားအရ Two Seas လို့ အမည်ပေးခဲ့ပါတယ်။
တဖက်မှာလည်း နော်ဝေနိုင်ငံကတော့ သူတို့ရဲ့ နာမည်အရင်းအတိုင်း North Way (ခေါ်) The North Way လို့ပေးထားပါတယ်။ Mauritania ကတော့ နိုင်ငံရဲ့ အကြီးဆုံး လူမျိုးစုနာမည်ကို ပေးထားပါတယ်။ Greenland နဲ့ Iceland ကို ရောက်တဲ့အခါ တော်တော် စဉ်းစားရခက်စေ ပါလိမ့်မယ်။
သင်ဟာ Greenland နဲ့ Iceland ကို ရောက်သွားတဲ့အခါ တခြားစီဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ Iceland ကတော့ အစိမ်းရောင်တွေနဲ့ ပြည့်နှက်နေပြီးတော့ Greenland ကတော့ ရေခဲတွေနဲ့ လှပနေတာကို တွေ့ရပါလိမ့်မယ်။ ဒါဆို ဘာလို့နာမည်တခြား နေရာတခြား ဖြစ်နေရတာပါလိမ့်။ ပြောပြပေးသွားပါမယ်။
Greenland ရဲ့ မြေ (၈၀%) ကျော်ဟာ ရေခဲများနဲ့ ဖုံးလွှမ်းနေပါတယ်။ အကြောင်းပြချက်ကတော့ Greenland ကို ရှာဖွေတွေ့ရှိသူ Erik Red ဟာ ကျွန်းရဲ့ အနောက်တောင်ဘက်ကို စတင်တွေ့ရှိတဲ့ အချိန်မှာ မြက်ခင်းတွေက စိမ်းလန်းနေတာကို မြင်တွေ့လိုက်ရတာကြောင့် ဖြစ်ပါတယ်။ Norse ထုံးစံအရ သူတို့တွေဟာ သူတို့မြင်တွေ့ရတဲ့ အရာပေါ် မူတည်ပြီးတော့ နာမည်ပေးတတ်ကြပါတယ်။
ဒဏ္ဏာရီတွေအဆိုအရလည်း Iceland ကို ပထမဆုံး ရှာဖွေတွေ့ရှိသူ Naddador ဟာ ကျွန်းကိုရောက်တဲ့အချိန် နှင်းတွေ အရမ်းကျနေတာကြောင့် Snowcountryland (သို့မဟုတ်) Snow Land လို့ နာမည်ပေးခဲ့ပါတယ်။ Naddador ရောက်ပြီးတဲ့နောက် ဆွီဒင်နိုင်ငံသား Viking Garoar Svavarossonဟာ ဒီကျွန်းကို ထပ်ရောက်လာ ပြန်ပါတယ်။ ပြီးတော့ Garoar Isle လို့ အဓိပ္ပာယ်ရတဲ့ Garoarsholmur ဆိုတဲ့ နာမည်ကို ပေးခဲ့ပြန်ပါတယ်။ Icelandမှာ ဝမ်းနည်းစရာ အဖြစ်အပျက်တွေလည်း ရှိခဲ့ဖူးတယ် ။
"Garoar Isle လို့ နာမည်ရတဲ့ကျွန်းမှာ Viking လူမျိုးတစ်ဦး သေဆုံးခဲ့ပါတယ်။ Floki ရဲ့ သမီးဟာ Iceland ကို သွားနေတဲ့ အချိန်မှာပဲ ရေနစ်ပြီး သေဆုံးသွားခဲ့ပါတယ်။ ပြီးတော့ အအေးဓာတ်ကလည်း အရမ်းများလွန်းတာကြောင့် တိရစ္ဆာန်တွေဟာ အေးခဲပြီး ငတ်ပြီးသေဆုံးကုန်ကြပါတယ်။ Flagki ကတော့ စိတ်ဓာတ်တွေ အရမ်းကျပြီးတော့ ရေခဲတွေ ပြည့်နေတဲ့ ကျွန်းရဲ့တောင်ထိပ်ပေါ်ကို နာမည်အသစ်ပေးဖို့ တက်သွားခဲ့တယ်" လို့ National Geographic ဆောင်းပါးမှာ ရေးထားပါတယ်။
သမိုင်းပါမောက္ခ တစ်ဦးဖြစ်တဲ့ Guoni Thorlacius Johannesson ကတော့ ကျွန်းပေါ်မှာ နေထိုင်ကြတဲ့လူတွေကို Nordic ဒေသရဲ့ အစိတ်အပိုင်းအဖြစ်သတ်မှတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သူတို့က လက်မခံဘဲ သီးခြားခွဲထွက် နေတယ်လို့ ပြောပါတယ်။ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် နှစ်နိုင်ငံလုံးက လူတွေက သူတို့ရဲ့ မူလဇာတိကို ပြန်ပြောင်းလာကြပုံ ရပါတယ်။
National Geographic က ဖော်ပြထားတာကတော့ " Greenland ဒေသရဲ့ ရေခဲတွေက လျင်လျင်မြန်မြန်နဲ့ အရည်ပျော်ကြလာတာကြောင့် North Atlantic မှာ အရမ်းအေးတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီး Gulf Stream ကို သိသိသာသာနဲ့ နှေးကွေးစေခဲ့ပါတယ်။ ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင်တော့ Greenland ဟာ ပိုပူလာပြီး ရေခဲတောင်တွေကို ကြောက်ခမန်းလိလိ ကျဆင်းသွားစေလိမ့်မယ် "လို့ ပြောထားပါတယ်။
ရုပ်သံ
Zombie (Lovemedia)
for zawgyi
Iceland က ဘာလို႔ အစိမ္းေရာင္ ျဖစ္ေနၿပီး Greenland က ဘာလို႔ ေရခဲေတြ ဖုံးလႊမ္းေနတာလဲ
ႏိုင္ငံတိုင္းမွာ သူတို႔နာမည္ေပးတဲ့ ပုံစံေတြက စိတ္ဝင္စားစရာ ေကာင္းပါတယ္။ ေယဘုယ်အားျဖင့္ေတာ့ ႏိုင္ငံအမည္ေတြဟာ ေျမမ်က္ႏွာသြင္ျပင္ လကၡဏာေတြ၊ မ်ိဳးႏြယ္စုေတြ၊ လူတစ္ဦးတစ္ေယာက္ရဲ႕ နာမည္ေတြ စတဲ့ အရာမ်ားစုကို ေပးတတ္ၾကပါတယ္။ ဥပမာေျပာရရင္ အေမရိကန္ျပည္ေထာင္စုကို အီတလီလူမ်ိဳး စူးစမ္းေဖြသူ Amerigo Vespucci က ဘာရိန္းဘာသာစကားအရ Two Seas လို႔ အမည္ေပးခဲ့ပါတယ္။
တဖက္မွာလည္း ေနာ္ေဝႏိုင္ငံကေတာ့ သူတို႔ရဲ႕ နာမည္အရင္းအတိုင္း North Way (ေခၚ) The North Way လို႔ေပးထားပါတယ္။ Mauritania ကေတာ့ ႏိုင္ငံရဲ႕ အႀကီးဆုံး လူမ်ိဳးစုနာမည္ကို ေပးထားပါတယ္။ Greenland နဲ႔ Iceland ကို ေရာက္တဲ့အခါ ေတာ္ေတာ္ စဥ္းစားရခက္ေစ ပါလိမ့္မယ္။
သင္ဟာ Greenland နဲ႔ Iceland ကို ေရာက္သြားတဲ့အခါ တျခားစီျဖစ္ေနတာကို ေတြ႕ရပါလိမ့္မယ္။ Iceland ကေတာ့ အစိမ္းေရာင္ေတြနဲ႔ ျပည့္ႏွက္ေနၿပီးေတာ့ Greenland ကေတာ့ ေရခဲေတြနဲ႔ လွပေနတာကို ေတြ႕ရပါလိမ့္မယ္။ ဒါဆို ဘာလို႔နာမည္တျခား ေနရာတျခား ျဖစ္ေနရတာပါလိမ့္။ ေျပာျပေပးသြားပါမယ္။
Greenland ရဲ႕ ေျမ (၈၀%) ေက်ာ္ဟာ ေရခဲမ်ားနဲ႔ ဖုံးလႊမ္းေနပါတယ္။ အေၾကာင္းျပခ်က္ကေတာ့ Greenland ကို ရွာေဖြေတြ႕ရွိသူ Erik Red ဟာ ကြၽန္းရဲ႕ အေနာက္ေတာင္ဘက္ကို စတင္ေတြ႕ရွိတဲ့ အခ်ိန္မွာ ျမက္ခင္းေတြက စိမ္းလန္းေနတာကို ျမင္ေတြ႕လိုက္ရတာေၾကာင့္ ျဖစ္ပါတယ္။ Norse ထုံးစံအရ သူတို႔ေတြဟာ သူတို႔ျမင္ေတြ႕ရတဲ့ အရာေပၚ မူတည္ၿပီးေတာ့ နာမည္ေပးတတ္ၾကပါတယ္။
ဒဏၰာရီေတြအဆိုအရလည္း Iceland ကို ပထမဆုံး ရွာေဖြေတြ႕ရွိသူ Naddador ဟာ ကြၽန္းကိုေရာက္တဲ့အခ်ိန္ ႏွင္းေတြ အရမ္းက်ေနတာေၾကာင့္ Snowcountryland (သို႔မဟုတ္) Snow Land လို႔ နာမည္ေပးခဲ့ပါတယ္။ Naddador ေရာက္ၿပီးတဲ့ေနာက္ ဆြီဒင္ႏိုင္ငံသား Viking Garoar Svavarossonဟာ ဒီကြၽန္းကို ထပ္ေရာက္လာ ျပန္ပါတယ္။ ၿပီးေတာ့ Garoar Isle လို႔ အဓိပၸာယ္ရတဲ့ Garoarsholmur ဆိုတဲ့ နာမည္ကို ေပးခဲ့ျပန္ပါတယ္။ Icelandမွာ ဝမ္းနည္းစရာ အျဖစ္အပ်က္ေတြလည္း ရွိခဲ့ဖူးတယ္ ။
"Garoar Isle လို႔ နာမည္ရတဲ့ကြၽန္းမွာ Viking လူမ်ိဳးတစ္ဦး ေသဆုံးခဲ့ပါတယ္။ Floki ရဲ႕ သမီးဟာ Iceland ကို သြားေနတဲ့ အခ်ိန္မွာပဲ ေရနစ္ၿပီး ေသဆုံးသြားခဲ့ပါတယ္။ ၿပီးေတာ့ အေအးဓာတ္ကလည္း အရမ္းမ်ားလြန္းတာေၾကာင့္ တိရစာၦန္ေတြဟာ ေအးခဲၿပီး ငတ္ၿပီးေသဆုံးကုန္ၾကပါတယ္။ Flagki ကေတာ့ စိတ္ဓာတ္ေတြ အရမ္းက်ၿပီးေတာ့ ေရခဲေတြ ျပည့္ေနတဲ့ ကြၽန္းရဲ႕ေတာင္ထိပ္ေပၚကို နာမည္အသစ္ေပးဖို႔ တက္သြားခဲ့တယ္" လို႔ National Geographic ေဆာင္းပါးမွာ ေရးထားပါတယ္။
သမိုင္းပါေမာကၡ တစ္ဦးျဖစ္တဲ့ Guoni Thorlacius Johannesson ကေတာ့ ကြၽန္းေပၚမွာ ေနထိုင္ၾကတဲ့လူေတြကို Nordic ေဒသရဲ႕ အစိတ္အပိုင္းအျဖစ္သတ္မွတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း သူတို႔က လက္မခံဘဲ သီးျခားခြဲထြက္ ေနတယ္လို႔ ေျပာပါတယ္။ ရာသီဥတု ေျပာင္းလဲမႈေတြေၾကာင့္ ႏွစ္ႏိုင္ငံလုံးက လူေတြက သူတို႔ရဲ႕ မူလဇာတိကို ျပန္ေျပာင္းလာၾကပုံ ရပါတယ္။
National Geographic က ေဖာ္ျပထားတာကေတာ့ " Greenland ေဒသရဲ႕ ေရခဲေတြက လ်င္လ်င္ျမန္ျမန္နဲ႔ အရည္ေပ်ာ္ၾကလာတာေၾကာင့္ North Atlantic မွာ အရမ္းေအးတဲ့ အေျခအေနေတြ ျဖစ္ေပၚခဲ့ၿပီး Gulf Stream ကို သိသိသာသာနဲ႔ ေႏွးေကြးေစခဲ့ပါတယ္။ ဒီအတိုင္းသာ ဆက္သြားေနမယ္ ဆိုရင္ေတာ့ Greenland ဟာ ပိုပူလာၿပီး ေရခဲေတာင္ေတြကို ေၾကာက္ခမန္းလိလိ က်ဆင္းသြားေစလိမ့္မယ္ "လို႔ ေျပာထားပါတယ္။
Zombie (Lovemedia)
0 Comments