တစ်ခါတုန်းက တောကြီးတစ်ခုမှာ ခြင်္သေ့မင်းကြီး တစ်ကောင် အုပ်စိုးတယ်။ ခြင်္သေ့မင်း ဆိုပေမယ့် သူ့မှာ ဘာတပည့်သားမှ မရှိ ။ တစ်နေ့မှာတော့ ခြင်္သေ့ကြီးက " ငါဟာ ဒီတောရဲ့ အရှင်ဘုရင် ဖြစ်ပေမယ့် ငါ့မှာ အခြွေအရံလည်း မရှိပါလား " ဟု တွေးမိပြီး အခြွေအရံ မွေးရန် တောထဲကို လျှောက်ပတ် လေတယ် ။
အဲ့ဒီအခါ ပျားအုံကို ဖွတ်၍ စားသောက်နေသော ဝက်ဝံကြီးကို သွားတွေ့တယ်။ ပျားကောင်တွေ ပလူ ပျံနေပေမယ့် အစား မပျက်သော ဝက်ဝံကြီးကို ကြည့်ပြီး ။ " အင်း ဒီဝက်ဝံက တော်တော် အရည် ထူတာပဲ ပျားတုတ်တာတောင် မဖြုံဘူး ငါသူ့ကို တပည့် မွေးရမယ် " ဟုတွေးကာ ဝက်ဝံကြီးကို ခေါ်ပြီး တပည့် အဖြစ် လုပ်ရန် ပြောလိုက်တယ်။ ဝက်ဝံကြီးကလည်း တောဘုရင်ခြင်္သေ့ကို ကြောက်တော့ ခြင်္သေ့နောက်ကို လိုက်ပါလာ ခဲ့လေတယ် ။
နောက် တစ်နေရာ အရောက်မှာတော့ သရက်ပင်ပေါ်မှာ သရက်သီးတွေကို မိုးရွာသလို လှုပ်ခါချ နေသော မျောက်တစ်ကောင်ကို တွေ့လေတယ်။ ခြင်္သေ့ကြီးကလည်း " အသင်မျောက် သိပ်စွမ်းပါလား အသင့်ကို ကျုပ်တပည့် အဖြစ် မွေးမယ်.. ကျုပ်နဲ့လာနေပါ " လို့ လှမ်းအော်ပြော လိုက်တယ် ။ မျောက်ကလည်း " အဲ့လိုမှန်းသိ ကျွန်တော် အမြစ်ပါ လှန်ပြပါတယ် " လို့ ခပ်ကြွားကြွားလေး ပြန်ပြောလိုက် လေတယ် ။
ဘယ်လိုပဲ ဖြစ်ဖြစ် ခြင်္သေ့ရဲ့ တပည့်ဖြစ်သွားရင် သူစားတာတော့ မခံရတော့ဘူး ။ တစ်ခြား အကောင်တွေလည်း ခြင်္သေ့ရဲ့ အရှိန်ဝါနဲ့ ရန်မမူရဲတော့ဘူး ဆိုတဲ့ အသိနဲ့ ခြင်္သေ့မင်း၏ တပည့်အဖြစ်ကို ကျေကျေ နပ်နပ်ကြီး ခံယူလိုက် ကြတယ် ။
" အင်း ငါ့မှာ တပည့် နှစ်ယောက်တော့ အားကိုးလို့ ရပြီ ၊ နောက်ထပ် ကိစ္စ တစ်ခုခုကို တိုင်ပင် ဆွေးနွေးဖို့ နောက်ထပ် တစ်ယောက်လောက် ရှာရမယ် " လို့ ခြင်္သေ့က ပြောတော့ မျောက်က " တောထဲမှ ပညာအရှိဆုံးက ဇီးကွက်ပါ ဇီးကွက်ကို ခေါ်လိုက်ပါ " လို့ အကြံပေး လေတယ် ။ ထိုအခါ " ဇီးကွက်က ညမင်းသား ညမှသာ အလုပ် လုပ်တဲ့ကောင် ပြီးရင် အခေါင်းထဲက မထွက်တဲ့ ငပျင်း " လို့ ခြင်္သေ့က ပြန်ပြောတယ်။
ဝက်ဝံကလည်း " ဒီလိုဆို ယုန်ကို ခေါ်လိုက်ပါ ယုန်က ပညာရှိတယ် "
" မဖြစ်လောက်ဘူး ယုန်က အရေးကြောင်းဆို အသည်း ငယ်တယ် ကြောက်လန့်တတ်တယ် ၊ ပြီးရင် ဟိုပုန်း ဒီပုန်းနဲ့ နောက်တော့ သူ မဟုတ်သလိုပဲ " ဟု ခြင်္သေ့က ပြောလေတယ် ။
မျောက်ကလည်း " ခြင်္သေ့မင်းကြီး အဲ့ဒါ ပညာရှိတွေရဲ့ သဘောသဘာဝပဲ ၊ ပညာရှိ ဆိုတာ အဲ့လိုပဲ " ဟုဝင်ပြောရင်း နောက်ဆုံး ယုန်ကို အတိုင်ပင်ခံ နေရာထားဖို့ သဘောတူလိုက် ကြလေတယ် ။
ခြသေ့င်္မင်းကြီး ကလည်း သူဟာ တောဘုရင်ဖြစ်တယ်။ ဒီတောထဲမှာ ရှိတဲ့ သတ္တဝါတွေ အားလုံး သူ့အမိန့်တိုင်း နေရမယ် ။ သူလည်း တရားမျှတစွာ အုပ်ချုပ်မယ်လို့ ပြောလေတယ်။
ခြင်္သေ့ဆိုတာ အသားစား သတ္တဝါ ဖြစ်တယ် ။ သူက ချေတို့ သမင်တို့ကို သက်စားမယ် လုပ်တိုင်း ဝက်ဝံ မျောက်နဲ့ ယုန်တို့က မလုပ်သင့်ဘူး ။ ဘုရင် ဆိုတာ အနိုင်မကျင့်ရဘူး တရားမျှတမှု ရှိရတယ် ၊ ပြည်သူကို မနှိပ်စက်ရဘူး ၊ စသဖြင့် အမျိုးမျိုး တားလေသည်။
အဲ့ဒီလို တားပါများလာတော့ ခြင်္သေ့ကြီးက " အင်း ဒီတိုင်းသာ သူတို့ိကို ငါ့အနားမှာ ဆက်ထားနေရင် ငါစားချင်တာ မစားရ လုပ်ချင်တာ မလုပ်ရတော့ ဖြစ်တော့မယ်" ဟု တွေးမိပြီး အကြံတစ်ခု ကြံစည် လိုက်တယ် ။ ထိုအကြံ ကတော့ သူမေးတာကို အမှန်တိုင်း ဖြေဖို့ပါ။ သူဟာ အကြံနဲ့ လုပ်တာ ဆိုတော့ သူ့နားမှာ ရှိတဲ့ ဝက်ဝံ မျောက်နဲ့ ယုန်တို့ကို အရင် မေးလေတယ်။
" ကဲ ဝက်ဝံ ရှေ့ကိုတိုးစမ်း ငါမေးတာကို အမှန်တိုင်းဖြေ မဖြေရင် သေဖို့ပြင် " ဟုပြောကာ သူ့ရဲ့ ပါးစပ်ကြီးကို အကျယ်ကြီး ဟပြီး..
" ငါ့ရဲ့ ရွှေအာခံတွင်းတော်က ဘာအနံ့ ရသလဲ မှန်မှန် ဖြေပါ " ဟု ပြောလေတယ် ။ ဝက်ဝံလည်း ခြင်္သေ့ရဲ့ ပါးစပ်အဝသို့ နှာခေါင်းကို ထိုးသွင်းပြီး ရှုလိုက်တယ် ။
" မှန်လှပါ.. ခြင်္သေ့မင်းရဲ့ အာခံတွင်းတော်ဟာ ၇ ရက် လောက် ပုပ်နေတဲ့ ခွေးသေပုပ်ကောင်ရဲ့ အနံ့လို နံစော်လှ ပါတယ် " လို့ ဖြေလိုက်တယ်။ ထိုအခါ အကြံသမား ခြင်္သေ့က " ဘာ.. ငါ့ ရွှေအာခံတွင်းက ခွေးသေပုပ်ကောင်စော် နံတယ် ဟုတ်လား " ဟု ဒေါသကြီးကာ ဝက်ဝံပေါ်သို့ ခုန်အုပ်ပြီး သတ်ပစ် လိုက်တယ်။
နောက်ပြီးတော့ မျောက်ကို ခေါ်လေတယ်။ သူ့ရဲ့ ပါးစပ်ကို ဟပြီး ဘာအနံ့ရသလဲ ထပ်မေးတယ် ။ မျောက်လည်း အမှန်တိုင်း ပြောရင်လည်း ဝက်ဝံလို အသတ် ခံရမည် ။ အဲ့တော့ အမှန်တိုင်းတော့ ပြောလို့ မရဘူး ဟု တွေးပြီး ခြင်္သေ့ရဲ့ ပါးစပ်ကို အနံ့ ခံပြီး..
" ခြင်္သေမင်းကြီးရဲ့ ရွှေအာခံတွင်းတော်က ပန်းပေါင်းစုံ စုတေထားသလို ပန်းရနံ့ ပေါင်းစုံတို့ရဲ့ ရနံ့ကို ရပါတယ်ခင်ဗျ " လို့ ဖားပြီး ပြောလိုက်လေတယ်။ ထိုအခါမှာလည်း ခြင်္သေ့က စိတ်အလွန် ဆိုးပြီး ။
" မင်းက ကလိမ်ကကျစ်ပဲ ၊ တော်တော် ညာတဲ့မျောက် ၊ တော်တော် ဖားတဲ့မျောက် ၊ အဲ့လို ဖားတဲ့ကောင်တွေကြောင့် လူကြီးတွေ သောက်ကျင့် ပါကုန်တာ အသားစားတဲ့ ပါးစပ်က ပန်းရနံ့ ရတယ်ဆို လိမ်တာပဲ " ဟုပြောပြီး မျောက်ကိုလည်း လည်ပင်း ညှစ်ကိုင်ပေါက် သတ်ပစ် လိုက်တယ်။ ခြသေ့င်္က အကြံနှင့် ပြောနေခြင်းဖြစ်သည်။
သူအသား စားချင်တာကို လိုက်တား နေသော သူ့တပည့်တွေ ဒီတိုင်း အပြစ်မဲ့ သတ်ပစ်ရင်လည်း တောဘုရင် မတရားရာ ရောက်မှာစိုးလို့ တရားသော နည်းနဲ့ သတ်ဖို့ အကြံစည်နဲ့ မေးခြင်းဖြစ်သည်။ နောက်ဆုံး ယုန်သာ ကျန်တော့သည်။ ယုန်မှာလည်း ခြင်္သေ့ကို အလွန် ကြောက်နေသည်။ မှန်တဲ့အတိုင်း နံတယ် ပြောရင်လည်း သတ်ခံရမည် ။ မနံဘူး မွှေးတယ် ပြောရင်လည်း သတ်ခံရမည်။
" ယုန်... ရှေ့တိုးပီး ပြော ငါ့ပါးစပ်က ဘာနံ့ရသလဲ "
ယုန်လည်း ဘယ်လို လုပ်ရမည် မသိ ၊ အလွန် အကြံ အိုက်နေသည်။ တရှုံ့ရှုံ့ အနံ့ ခံနေပေမယ့် ဘာနံ့ရသည်ကို မပြောရဲချေ ။ ခနနေတော့ ယုန်က အကြံတစ်ခု ရသွားသည်။ နာစေးချင်ယောင် ဆောင်လိုက်သည် ။ တစ်ရွှီးရွှီးနှင့် နှာရှုံ့ရင်း..
" ခြင်္သေ့မင်းကြီး ကျွန်တော် ခြင်္သေ့မင်းကို လိမ်ညာ မပြောချင် ပါဘူး ။ ခုခြင်္သေ့မင်းကြီး အာခံတွင်းတော်ကို ကျွန်တော်မျိုး အနံ့ ခံကြည့်ပေမယ့် ကျွန်တော်မျိုး နာစေး နေသောကြောင့် ဘာအနံ့မှ မရ ဖြစ်နေပါတယ် ။ ကျွန်တော်မျိုးကို အခွင့်ရေးတစ်ခုတော့ ပေးပါ။ ကျွန်တောမျိုး နှာစေးပျောက်အောင် အရင် ဆေးကုပြီးမှ ပြန်လာခဲ့ပါ့မယ် " ဟု ပြောသောအခါ ခြင်္သေ့မှာ တရားသဘောအရ လက်ခံပေးလိုက်ရ လေသည်။
" အေး ဒါဆိုလည်း မြန်မြန် ဆေးသွားကုပြီးရင် ပြန်လာခဲ့ " ဟု ပြောကာ ယုန်ကို ပြန်လွတ်လိုက် လေသည်။ အဲ့နေ့က စပြီး ယုန်ဟာ အသက်ဘေးမှ ချမ်းသာရာရပြီး ထွတ်ပြေးလေ တော့သည်။
ကဲ ပုံပြင်လေးကတော့ ဒါပါပဲ..
ဒီပုံပြင်လေးကို စာဖတ်သူတွေ အားလုံး ကြားဖူးကြ လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရိုးရာပုံပြင်လို့ ဆိုပါတယ်။ တစ်ကမ္ဘာလုံးရှိ နိုင်ငံများမှာ အမျိုးမျိုး ပြန်လည် ပြုပြင် ရေးသားကြတယ် လို့လဲ ကြားဖူးပါတယ်။
သင်္ခန်းစာလေး ကတော့ တစ်ချို့သော လူတွေ ၊ အကြီးကဲတွေဟာ သူတို့လိုရင် အနားကို ခေါ်ထားကြတယ်။ မလိုချင်တော့ရင် ၊ သူတို့ အလိမ်ညာ မသမာတာတွေ ပေါ်ကုန်မှာ စိုးသော အခြေနေမျိုးမှာ မိမိကို အကြောင်းမရှိ အကြောင်းရှာ ပြဿနာ တစ်ခုခုနဲ့ နှိမ်နင်းတတ်ကြ ပါတယ် ။
အဲ့ဒီလို အခြေနေမျိုးတွေမှာ မှန်တာလည်း ပြောမရသလို မမှန်တာ ပြောရင်လည်း အရေးယူတာ ခံရပါမယ်။ နောက်ဆုံး အကျပ်တည်း ဘဝကို ရင်ဆိုင် နေရရင်တော့ ယုန်သူငယ်လို နှာစေးတတ်ဖို့တော့ လိုပါတယ် ။
လောကကြီးမှာ နှာစေးတတ်ဖို့ အင်မတန် အရေးကြီးတယ် လို့ မြင်ပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း မကြာခဏ ဆိုသလိူ နှာစေးချင်ယောင် ဆောင်ခဲ့ဖူး ပါတယ်။ ထို့ကြောင့် မှန်တာ ပြောရင်လည်း ထောင်းခံရမယ် ။ မမှန်တာ ပြောရင်လည်း အရေးယူ ခံရတော့မယ့် အခြေနေမျိုးပါ ။ ကိုယ့်ရဲ့ ဖြတ်ထိုးဉာဏ်ကို အသုံးပြုပြီး နှာစေးတတ်ဖို့ လိုကြောင်း ဒီပုံပြင်လေးနဲ့ သတိပေးလိုက် ရပါတယ် ။
သျှီ ( တမာမြေ)
for zawgyi
ႏွာေစးတတ္ဖို႔ေတာ့ လိုပါတယ္
တစ္ခါတုန္းက ေတာႀကီးတစ္ခုမွာ ျခေသၤ့မင္းႀကီး တစ္ေကာင္ အုပ္စိုးတယ္။ ျခေသၤ့မင္း ဆိုေပမယ့္ သူ႔မွာ ဘာတပည့္သားမွ မရွိ ။ တစ္ေန႔မွာေတာ့ ျခေသၤ့ႀကီးက " ငါဟာ ဒီေတာရဲ႕ အရွင္ဘုရင္ ျဖစ္ေပမယ့္ ငါ့မွာ အေႁခြအရံလည္း မရွိပါလား " ဟု ေတြးမိၿပီး အေႁခြအရံ ေမြးရန္ ေတာထဲကို ေလွ်ာက္ပတ္ ေလတယ္ ။
အဲ့ဒီအခါ ပ်ားအုံကို ဖြတ္၍ စားေသာက္ေနေသာ ဝက္ဝံႀကီးကို သြားေတြ႕တယ္။ ပ်ားေကာင္ေတြ ပလူ ပ်ံေနေပမယ့္ အစား မပ်က္ေသာ ဝက္ဝံႀကီးကို ၾကည့္ၿပီး ။ " အင္း ဒီဝက္ဝံက ေတာ္ေတာ္ အရည္ ထူတာပဲ ပ်ားတုတ္တာေတာင္ မၿဖဳံဘူး ငါသူ႔ကို တပည့္ ေမြးရမယ္ " ဟုေတြးကာ ဝက္ဝံႀကီးကို ေခၚၿပီး တပည့္ အျဖစ္ လုပ္ရန္ ေျပာလိုက္တယ္။ ဝက္ဝံႀကီးကလည္း ေတာဘုရင္ျခေသၤ့ကို ေၾကာက္ေတာ့ ျခေသၤ့ေနာက္ကို လိုက္ပါလာ ခဲ့ေလတယ္ ။
ေနာက္ တစ္ေနရာ အေရာက္မွာေတာ့ သရက္ပင္ေပၚမွာ သရက္သီးေတြကို မိုး႐ြာသလို လႈပ္ခါခ် ေနေသာ ေမ်ာက္တစ္ေကာင္ကို ေတြ႕ေလတယ္။ ျခေသၤ့ႀကီးကလည္း " အသင္ေမ်ာက္ သိပ္စြမ္းပါလား အသင့္ကို က်ဳပ္တပည့္ အျဖစ္ ေမြးမယ္.. က်ဳပ္နဲ႔လာေနပါ " လို႔ လွမ္းေအာ္ေျပာ လိုက္တယ္ ။ ေမ်ာက္ကလည္း " အဲ့လိုမွန္းသိ ကြၽန္ေတာ္ အျမစ္ပါ လွန္ျပပါတယ္ " လို႔ ခပ္ႂကြားႂကြားေလး ျပန္ေျပာလိုက္ ေလတယ္ ။
ဘယ္လိုပဲျဖစ္ျဖစ္ ျခေသ့ရၤဲ့ တပည့္ျဖစ္သြားရင္ သူစားတာေတာ့ မခံရေတာ့ဘူး ။ တစ္ျခား အေကာင္ေတြလည္း ျခေသၤ့ရဲ႕ အရွိန္ဝါနဲ႔ ရန္မမူရဲေတာ့ဘူး ဆိုတဲ့ အသိနဲ႔ ျခေသ့မၤင္း၏ တပည့္အျဖစ္ကို ေက်ေက် နပ္နပ္ႀကီး ခံယူလိုက္ ၾကတယ္ ။
" အင္း ငါ့မွာ တပည့္ ႏွစ္ေယာက္ေတာ့ အားကိုးလို႔ ရၿပီ ၊ ေနာက္ထပ္ ကိစၥ တစ္ခုခုကို တိုင္ပင္ ေဆြးေႏြးဖို႔ ေနာက္ထပ္ တစ္ေယာက္ေလာက္ ရွာရမယ္ " လို႔ ျခေသၤ့က ေျပာေတာ့ ေမ်ာက္က " ေတာထဲမွ ပညာအရွိဆုံးက ဇီးကြက္ပါ ဇီးကြက္ကို ေခၚလိုက္ပါ " လု႔ိ အႀကံေပး ေလတယ္ ။ ထိုအခါ " ဇီးကြက္က ညမင္းသား ညမွသာ အလုပ္ လုပ္တဲ့ေကာင္ ၿပီးရင္ အေခါင္းထဲက မထြက္တဲ့ ငပ်င္း " လို႔ ျခေသၤ့က ျပန္ေျပာတယ္။
ဝက္ဝံကလည္း " ဒီလိုဆို ယုန္ကို ေခၚလိုက္ပါ ယုန္က ပညာရွိတယ္ "
" မျဖစ္ေလာက္ဘူး ယုန္က အေရးေၾကာင္းဆို အသည္း ငယ္တယ္ ေၾကာက္လန႔္တတ္တယ္ ၊ ၿပီးရင္ ဟိုပုန္း ဒီပုန္းနဲ႔ ေနာက္ေတာ့ သူ မဟုတ္သလိုပဲ " ဟု ျခေသၤ့က ေျပာေလတယ္ ။
ေမ်ာက္ကလည္း " ျခေသၤ့မင္းႀကီး အဲ့ဒါ ပညာရွိေတြရဲ႕ သေဘာသဘာဝပဲ ၊ ပညာရွိ ဆိုတာ အဲ့လိုပဲ " ဟုဝင္ေျပာရင္း ေနာက္ဆုံး ယုန္ကို အတိုင္ပင္ခံ ေနရာထားဖို႔ သေဘာတူလိုက္ ၾကေလတယ္ ။
ျခေသ့မၤင္းႀကီး ကလည္း သူဟာ ေတာဘုရင္ျဖစ္တယ္။ ဒီေတာထဲမွာ ရွိတဲ့ သတၱဝါေတြ အားလုံး သူ႔အမိန႔္တိုင္း ေနရမယ္ ။ သူလည္း တရားမွ်တစြာ အုပ္ခ်ဳပ္မယ္လို႔ ေျပာေလတယ္။
ျခေသၤ့ဆိုတာ အသားစား သတၱဝါ ျဖစ္တယ္ ။ သူက ေခ်တို႔ သမင္တို႔ကို သက္စားမယ္ လုပ္တိုင္း ဝက္ဝံ ေမ်ာက္နဲ႔ ယုန္တို႔က မလုပ္သင့္ဘူး ။ ဘုရင္ ဆိုတာ အႏိုင္မက်င့္ရဘူး တရားမွ်တမႈ ရွိရတယ္ ၊ ျပည္သူကို မႏွိပ္စက္ရဘူး ၊ စသျဖင့္ အမ်ိဳးမ်ိဳး တားေလသည္။
အဲ့ဒီလို တားပါမ်ားလာေတာ့ ျခေသၤ့ႀကီးက " အင္း ဒီတိုင္းသာ သူတို႔ိကို ငါ့အနားမွာ ဆက္ထားေနရင္ ငါစားခ်င္တာ မစားရ လုပ္ခ်င္တာ မလုပ္ရေတာ့ ျဖစ္ေတာ့မယ္" ဟု ေတြးမိၿပီး အႀကံတစ္ခု ႀကံစည္ လိုက္တယ္ ။ ထိုအႀကံ ကေတာ့ သူေမးတာကို အမွန္တိုင္း ေျဖဖို႔ပါ။ သူဟာ အႀကံနဲ႔ လုပ္တာ ဆိုေတာ့ သူ႔နားမွာ ရွိတဲ့ ဝက္ဝံ ေမ်ာက္နဲ႔ ယုန္တို႔ကို အရင္ ေမးေလတယ္။
" ကဲ ဝက္ဝံ ေရွ႕ကိုတိုးစမ္း ငါေမးတာကို အမွန္တိုင္းေျဖ မေျဖရင္ ေသဖို႔ျပင္ " ဟုေျပာကာ သူ႔ရဲ႕ ပါးစပ္ႀကီးကို အက်ယ္ႀကီး ဟၿပီး..
" ငါ့ရဲ႕ ေ႐ႊအာခံတြင္းေတာ္က ဘာအနံ႔ ရသလဲ မွန္မွန္ ေျဖပါ " ဟု ေျပာေလတယ္ ။ ဝက္ဝံလည္း ျခေသၤ့ရဲ႕ ပါးစပ္အဝသို႔ ႏွာေခါင္းကို ထိုးသြင္းၿပီး ရႈလိုက္တယ္ ။
" မွန္လွပါ.. ျခေသၤ့မင္းရဲ႕ အာခံတြင္းေတာ္ဟာ ၇ ရက္ ေလာက္ ပုပ္ေနတဲ့ ေခြးေသပုပ္ေကာင္ရဲ႕ အနံ႔လို နံေစာ္လွ ပါတယ္ " လို႔ ေျဖလိုက္တယ္။ ထိုအခါ အႀကံသမား ျခေသၤ့က " ဘာ.. ငါ့ ေ႐ႊအာခံတြင္းက ေခြးေသပုပ္ေကာင္ေစာ္ နံတယ္ ဟုတ္လား " ဟု ေဒါသႀကီးကာ ဝက္ဝံေပၚသို႔ ခုန္အုပ္ၿပီး သတ္ပစ္ လိုက္တယ္။
ေနာက္ၿပီးေတာ့ ေမ်ာက္ကို ေခၚေလတယ္။ သူ႔ရဲ႕ ပါးစပ္ကို ဟၿပီး ဘာအနံ႕ရသလဲ ထပ္ေမးတယ္ ။ ေမ်ာက္လည္း အမွန္တိုင္း ေျပာရင္လည္း ဝက္ဝံလို အသတ္ ခံရမည္ ။ အဲ့ေတာ့ အမွန္တိုင္းေတာ့ ေျပာလို႔ မရဘူး ဟု ေတြးၿပီး ျခေသၤ့ရဲ႕ ပါးစပ္ကို အနံ႔ ခံၿပီး..
" ျခေသၤမင္းႀကီးရဲ႕ ေ႐ႊအာခံတြင္းေတာ္က ပန္းေပါင္းစုံ စုေတထားသလို ပန္းရနံ႔ ေပါင္းစုံတို႔ရဲ႕ ရနံ႔ကို ရပါတယ္ခင္ဗ် " လို႔ ဖားၿပီး ေျပာလိုက္ေလတယ္။ ထိုအခါမွာလည္း ျခေသၤ့က စိတ္အလြန္ ဆိုးၿပီး ။
" မင္းက ကလိမ္ကက်စ္ပဲ ၊ ေတာ္ေတာ္ ညာတဲ့ေမ်ာက္ ၊ ေတာ္ေတာ္ ဖားတဲ့ေမ်ာက္ ၊ အဲ့လို ဖားတဲ့ေကာင္ေတြေၾကာင့္ လူႀကီးေတြ ေသာက္က်င့္ ပါကုန္တာ အသားစားတဲ့ ပါးစပ္က ပန္းရနံ႔ ရတယ္ဆို လိမ္တာပဲ " ဟုေျပာၿပီး ေမ်ာက္ကိုလည္း လည္ပင္း ညႇစ္ကိုင္ေပါက္ သတ္ပစ္ လိုက္တယ္။ ျခေသ့ကၤ အႀကံႏွင့္ ေျပာေနျခင္းျဖစ္သည္။
သူအသား စားခ်င္တာကို လိုက္တား ေနေသာ သူ႔တပည့္ေတြ ဒီတိုင္း အျပစ္မဲ့ သတ္ပစ္ရင္လည္း ေတာဘုရင္ မတရားရာ ေရာက္မွာစိုးလို႔ တရားေသာ နည္းနဲ႔ သတ္ဖို႔ အႀကံစည္နဲ႔ ေမးျခင္းျဖစ္သည္။ ေနာက္ဆုံး ယုန္သာ က်န္ေတာ့သည္။ ယုန္မွာလည္း ျခေသၤ့ကို အလြန္ ေၾကာက္ေနသည္။ မွန္တဲ့အတိုင္း နံတယ္ ေျပာရင္လည္း သတ္ခံရမည္ ။ မနံဘူး ေမႊးတယ္ ေျပာရင္လည္း သတ္ခံရမည္။
" ယုန္... ေရွ႕တိုးပီး ေျပာ ငါ့ပါးစပ္က ဘာနံ႔ရသလဲ "
ယုန္လည္း ဘယ္လို လုပ္ရမည္ မသိ ၊ အလြန္ အႀကံ အိုက္ေနသည္။ တရႈံ႕ရႈံ႕ အနံ႔ ခံေနေပမယ့္ ဘာနံ႔ရသည္ကို မေျပာရဲေခ် ။ ခနေနေတာ့ ယုန္က အႀကံတစ္ခု ရသြားသည္။ နာေစးခ်င္ေယာင္ ေဆာင္လိုက္သည္ ။ တစ္႐ႊီးရွြီးႏွင့္ ႏွာရႈံ႕ရင္း..
" ျခေသၤ့မင္းႀကီး ကြၽန္ေတာ္ ျခေသၤ့မင္းကို လိမ္ညာ မေျပာခ်င္ ပါဘူး ။ ခုျခေသၤ့မင္းႀကီး အာခံတြင္းေတာ္ကို ကြၽန္ေတာ္မ်ိဳး အနံ႔ ခံၾကည့္ေပမယ့္ ကြၽန္ေတာ္မ်ိဳး နာေစး ေနေသာေၾကာင့္ ဘာအနံ႔မွ မရ ျဖစ္ေနပါတယ္ ။ ကြၽန္ေတာ္မ်ိဳးကို အခြင့္ေရးတစ္ခုေတာ့ ေပးပါ။ ကြၽန္ေတာမ်ိဳး ႏွာေစးေပ်ာက္ေအာင္ အရင္ ေဆးကုၿပီးမွ ျပန္လာခဲ့ပါ့မယ္ " ဟု ေျပာေသာအခါ ျခေသၤ့မွာ တရားသေဘာအရ လက္ခံေပးလိုက္ရ ေလသည္။
" ေအး ဒါဆိုလည္း ျမန္ျမန္ ေဆးသြားကုၿပီးရင္ ျပန္လာခဲ့ " ဟု ေျပာကာ ယုန္ကို ျပန္လြတ္လိုက္ ေလသည္။ အဲ့ေန႔က စၿပီး ယုန္ဟာ အသက္ေဘးမွ ခ်မ္းသာရာရၿပီး ထြတ္ေျပးေလ ေတာ့သည္။
ကဲ ပုံျပင္ေလးကေတာ့ ဒါပါပဲ..
ဒီပုံျပင္ေလးကို စာဖတ္သူေတြ အားလုံး ၾကားဖူးၾက လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ အိႏၵိယႏိုင္ငံရဲ႕ ႐ိုးရာပုံျပင္လို႔ ဆိုပါတယ္။ တစ္ကမာၻလုံးရွိ ႏိုင္ငံမ်ားမွာ အမ်ိဳးမ်ိဳး ျပန္လည္ ျပဳျပင္ ေရးသားၾကတယ္ လို႔လဲ ၾကားဖူးပါတယ္။
သခၤန္းစာေလး ကေတာ့ တစ္ခ်ိဳ႕ေသာ လူေတြ ၊ အႀကီးကဲေတြဟာ သူတို႔လိုရင္ အနားကို ေခၚထားၾကတယ္။ မလိုခ်င္ေတာ့ရင္ ၊ သူတို႔ အလိမ္ညာ မသမာတာေတြ ေပၚကုန္မွာ စိုးေသာ အေျခေနမ်ိဳးမွာ မိမိကို အေၾကာင္းမရွိ အေၾကာင္းရွာ ျပႆနာ တစ္ခုခုနဲ႔ ႏွိမ္နင္းတတ္ၾက ပါတယ္ ။
အဲ့ဒီလို အေျခေနမ်ိဳးေတြမွာ မွန္တာလည္း ေျပာမရသလို မမွန္တာ ေျပာရင္လည္း အေရးယူတာ ခံရပါမယ္။ ေနာက္ဆုံး အက်ပ္တည္း ဘဝကို ရင္ဆိုင္ ေနရရင္ေတာ့ ယုန္သူငယ္လို ႏွာေစးတတ္ဖို႔ေတာ့ လိုပါတယ္ ။
ေလာကႀကီးမွာ ႏွာေစးတတ္ဖို႔ အင္မတန္ အေရးႀကီးတယ္ လို႔ ျမင္ပါတယ္။ စာေရးသူ ကိုယ္တိုင္လည္း မၾကာခဏ ဆိုသလိူ ႏွာေစးခ်င္ေယာင္ ေဆာင္ခဲ့ဖူး ပါတယ္။ ထို႔ေၾကာင့္ မွန္တာ ေျပာရင္လည္း ေထာင္းခံရမယ္ ။ မမွန္တာ ေျပာရင္လည္း အေရးယူ ခံရေတာ့မယ့္ အေျခေနမ်ိဳးပါ ။ ကိုယ့္ရဲ႕ ျဖတ္ထိုးဉာဏ္ကို အသုံးျပဳၿပီး ႏွာေစးတတ္ဖို႔ လိုေၾကာင္း ဒီပုံျပင္ေလးနဲ႔ သတိေပးလိုက္ ရပါတယ္ ။
သွ်ီ ( တမာေျမ)
0 Comments