စာခိုးချလို့ မရအောင် စာမေးပွဲ ဖြေနေတုန်းမှာ ၁၂ နာရီခန့် အင်တာနက် ဖြတ်လိုက်တဲ့နိုင်ငံ

အင်တာနက် ဖြတ်တယ်ဆိုတာ အိပ်မက်ဆိုး တစ်ခုလိုပါပဲ။ အင်တာနက် မရတော့တဲ့အခါ ယောင်ချာချာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမလို ဖြစ်သွားတတ်ကြပါတယ်။

အိန္ဒိယနိုင်ငံ Rajastan ပြည်နယ်ရဲ့ ၁၆ ခရိုင်မှာတော့ အင်တာနက်ကို ၁၂ နာရီခန့် ပိတ်လိုက်ပါတယ်။ ဘာလို့လဲ ဆိုတော့ အစိုးရကျောင်းတွေအတွက် ဆရာ၊ ဆရာမရွေးချယ်ရေး စာမေးပွဲရှိလို့ပါ။ အဲဒီစာမေးပွဲက အရေးကြီးတာကြောင့် အင်တာနက်နဲ့ SMS service ကို ၁၂ နာရီခန့် ပိတ်လိုက်တာပါ။

အဓိကအကြောင်းရင်းကတော့ စာမေးပွဲဖြေနေတုန်း မေးခွန်းပေါက်ကြားတာ၊ စာခိုးချတာ စတာတွေ မပြုလုပ်နိုင်အောင်လို့ အင်တာနက်ကို ပိတ်လိုက်ဖို့ ပြည်နယ်အစိုးရက ဆုံးဖြတ်လိုက်တာပါ။

စာမေးပွဲ နာမည်ကိုတော့ Rajasthan ပြည်နယ် ဆရာ၊ ဆရာမအရည်အချင်းစစ် စာမေးပွဲလို့ ခေါ်ပါတယ်။ အဲဒီစာမေးပွဲကို အပြိုင်အဆိုင် ဝင်ရောက်ဖြေဆိုကြတာပါ။ ပြည်နယ်အတွင်းမှာရှိတဲ့ ဆရာ၊ ဆရာမ ၃၁၀၀၀ နေရာအတွက် လူဦးရေ ၁၆ သန်းခန့် ဝင်ရောက်ဖြေဆို ကြပါတယ်။

ဒီစာမေးပွဲအတွက် Rajasthan ပြည်နယ်အစိုးရကလည်း အသေးစိတ် စီစဉ်ပေးပါတယ်။ လာရောက်ဖြေဆိုသူတွေရဲ့ လုံခြုံရေးနဲ့ ကိုဗစ် ၁၉ မပြန့်ပွားစေဖို့ အထူးကြပ်မတ် ဆောင်ရွက်ပေးပါတယ်။ တစ်ပြည်နယ်လုံးမှာ စာဖြေဌာနပေါင်း ၃၉၉၃ ဌာနနဲ့ စာမေးပွဲကို ကျင်းပတာပါ။

အင်တာနက် အသုံးပြုသူတွေကတော့ အိန္ဒိယနိုင်ငံရဲ့ ဆရာ၊ ဆရာမစာမေးပွဲကို အထူးအလေးပေး ဆောင်ရွက်ပုံကို ကြည့်ပြီး ချီးကျူးနေကြသလို ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

Zombie (Lovemedia)

for zawgyi

စာခိုးခ်လို႔ မရေအာင္ စာေမးပြဲ ေျဖေနတုန္းမွာ ၁၂ နာရီခန႔္ အင္တာနက္ ျဖတ္လိုက္တဲ့ႏိုင္ငံ

အင္တာနက္ ျဖတ္တယ္ဆိုတာ အိပ္မက္ဆိုး တစ္ခုလိုပါပဲ။ အင္တာနက္ မရေတာ့တဲ့အခါ ေယာင္ခ်ာခ်ာနဲ႔ ဘာလုပ္လို႔ ဘာကိုင္ရမလို ျဖစ္သြားတတ္ၾကပါတယ္။

အိႏၵိယႏိုင္ငံ Rajastan ျပည္နယ္ရဲ႕ ၁၆ ခ႐ိုင္မွာေတာ့ အင္တာနက္ကို ၁၂ နာရီခန႔္ ပိတ္လိုက္ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ အစိုးရေက်ာင္းေတြအတြက္ ဆရာ၊ ဆရာမေ႐ြးခ်ယ္ေရး စာေမးပြဲရွိလို႔ပါ။ အဲဒီစာေမးပြဲက အေရးႀကီးတာေၾကာင့္ အင္တာနက္နဲ႔ SMS service ကို ၁၂ နာရီခန႔္ ပိတ္လိုက္တာပါ။ အဓိကအေၾကာင္းရင္းကေတာ့ စာေမးပြဲေျဖေနတုန္း ေမးခြန္းေပါက္ၾကားတာ၊ စာခိုးခ်တာ စတာေတြ မျပဳလုပ္ႏိုင္ေအာင္လို႔ အင္တာနက္ကို ပိတ္လိုက္ဖို႔ ျပည္နယ္အစိုးရက ဆုံးျဖတ္လိုက္တာပါ။

စာေမးပြဲ နာမည္ကိုေတာ့ Rajasthan ျပည္နယ္ ဆရာ၊ ဆရာမအရည္အခ်င္းစစ္ စာေမးပြဲလို႔ ေခၚပါတယ္။ အဲဒီစာေမးပြဲကို အၿပိဳင္အဆိုင္ ဝင္ေရာက္ေျဖဆိုၾကတာပါ။ ျပည္နယ္အတြင္းမွာရွိတဲ့ ဆရာ၊ ဆရာမ ၃၁၀၀၀ ေနရာအတြက္ လူဦးေရ ၁၆ သန္းခန႔္ ဝင္ေရာက္ေျဖဆို ၾကပါတယ္။

ဒီစာေမးပြဲအတြက္ Rajasthan ျပည္နယ္အစိုးရကလည္း အေသးစိတ္ စီစဥ္ေပးပါတယ္။ လာေရာက္ေျဖဆိုသူေတြရဲ႕ လုံၿခဳံေရးနဲ႔ ကိုဗစ္ ၁၉ မျပန႔္ပြားေစဖို႔ အထူးၾကပ္မတ္ ေဆာင္႐ြက္ေပးပါတယ္။ တစ္ျပည္နယ္လုံးမွာ စာေျဖဌာနေပါင္း ၃၉၉၃ ဌာနနဲ႔ စာေမးပြဲကို က်င္းပတာပါ။

အင္တာနက္ အသုံးျပဳသူေတြကေတာ့ အိႏၵိယႏိုင္ငံရဲ႕ ဆရာ၊ ဆရာမစာေမးပြဲကို အထူးအေလးေပး ေဆာင္႐ြက္ပုံကို ၾကည့္ၿပီး ခ်ီးက်ဴးေနၾကသလို ေဝဖန္မႈေတြလည္း ရွိေနပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments