နာဖျားနေသော နိုင်ငံ

တခါက တောအုပ်တစ်ခုမှာ နှစ်လိုဖွယ်ကောင်းတဲ့ သမင်လေးတစ်ကောင် ရှိတယ်။ အဲ့သမင်လေးမှာ ဝက်ရယ် နွားရယ် ယုန်ရယ် ဆိုပီး မိတ်ဆွေတွေ ရှိတာပေါ့ဗျာ။

တစ်နေ့ကျတော့ သမင်လေး နေထိုင်မကောင်း ဖြစ်တော့ သူ့မိတ်ဆွေတွေရှိတဲ့ စားကျက်ကို မသွားနိုင်ပဲ အိပ်ယာထဲ လှဲနေရတော့တာပေါ့။ သမင်လေး စာကျက်ကို မလာတော့ နာမကျန်း ဖြစ်နေတာထင်တယ် ဆိုပီး သူ့မိတ်ဆွေတွေ က လူမမာ သတင်း လာမေးကြတာပေါ့ဗျာ။

ဒီလိုနဲ့ သမင်လေးဟာ နာလန်တော့ ထလာပါရဲ့။ ဒါပေမယ့် နာလန်ထလာတဲ့ သမင်လေးဟာ အစာငတ်ပီး သေဆုံးသွားခဲ့ရတယ်။

ဘာလို့လဲ ဆိုတော့ သမင်လေး နေထိုင်မကောင်းစဉ်မှာ လူမမာ လာမေးတဲ့ သူ့မိတ်ဆွေတွေက စားကျက်မှာ သွားမစားတော့ပဲ သမင်လေးကို လူမမာ လာမေးရင်းနဲ့ပဲ အနီးအနားက စားစရာတွေကို စားပစ်ခဲ့တော့.. နာလန်ထ သမင်လေးခမျာ ဝေးဝေးလံလံလည်း မသွားနိုင် အနားမှာလည်း အစာမရှိတာကြောင့် အားပျက်ပီး သေဆုံးသွားခဲ့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။

ပြောချင်တာက ကူညီခြင်း ဖေးမခြင်း ဆိုတဲ့ ခေါင်းစဉ်ကြီး စာတန်းမဲမဲကြီးရဲ့အရိပ်လွမ်းမိုးခံထားရပီး ဒုက္ခရောက်ခဲ့ရတယ် လို့ ပြောချင်တာပါ။

ဒါကို တချို့က ဤ ကို ကျွဲ လို့ဖတ်ခဲ့ကြသေးတယ်လေ။ ဤ ကို ကျွဲ လို့ ခပ်လွယ်လွယ် ဖတ်တတ်သူတွေ ကြားမှာတော့ ငဲ့ညှာခြင်း ဆိုတာ မြင်းကောင်းခွာလိပ် ဖြစ်ခဲ့ရတယ်။

ဘုရားရေ.. ကျနော်တို့ နိုင်ငံကြီး နာဖျားနေတယ် ဆိုပါလား ။

Ahmo

for zawgyi

နာဖ်ားေနေသာ ႏိုင္ငံ

တခါက ေတာအုပ္တစ္ခုမွာ ႏွစ္လိုဖြယ္ေကာင္းတဲ့ သမင္ေလးတစ္ေကာင္ ရွိတယ္။ အဲ့သမင္ေလးမွာ ဝက္ရယ္ ႏြားရယ္ ယုန္ရယ္ ဆိုပီး မိတ္ေဆြေတြ ရွိတာေပါ့ဗ်ာ။

တစ္ေန႔က်ေတာ့ သမင္ေလး ေနထိုင္မေကာင္း ျဖစ္ေတာ့ သူ႔မိတ္ေဆြေတြရွိတဲ့ စားက်က္ကို မသြားႏိုင္ပဲ အိပ္ယာထဲ လွဲေနရေတာ့တာေပါ့။ သမင္ေလး စာက်က္ကို မလာေတာ့ နာမက်န္း ျဖစ္ေနတာထင္တယ္ ဆိုပီး သူ႔မိတ္ေဆြေတြ က လူမမာ သတင္း လာေမးၾကတာေပါ့ဗ်ာ။

ဒီလိုနဲ႔ သမင္ေလးဟာ နာလန္ေတာ့ ထလာပါရဲ႕။ ဒါေပမယ့္ နာလန္ထလာတဲ့ သမင္ေလးဟာ အစာငတ္ပီး ေသဆုံးသြားခဲ့ရတယ္။

ဘာလို႔လဲ ဆိုေတာ့ သမင္ေလး ေနထိုင္မေကာင္းစဥ္မွာ လူမမာ လာေမးတဲ့ သူ႔မိတ္ေဆြေတြက စားက်က္မွာ သြားမစားေတာ့ပဲ သမင္ေလးကို လူမမာ လာေမးရင္းနဲ႔ပဲ အနီးအနားက စားစရာေတြကို စားပစ္ခဲ့ေတာ့.. နာလန္ထ သမင္ေလးခမ်ာ ေဝးေဝးလံလံလည္း မသြားႏိုင္ အနားမွာလည္း အစာမရွိတာေၾကာင့္ အားပ်က္ပီး ေသဆုံးသြားခဲ့တယ္။

ပုံျပင္ေလးကေတာ့ ဒါပါပဲ။

ေျပာခ်င္တာက ကူညီျခင္း ေဖးမျခင္း ဆိုတဲ့ ေခါင္းစဥ္ႀကီး စာတန္းမဲမဲႀကီးရဲ႕အရိပ္လြမ္းမိုးခံထားရပီး ဒုကၡေရာက္ခဲ့ရတယ္ လို႔ ေျပာခ်င္တာပါ။

ဒါကို တခ်ိဳ႕က ဤ ကို ကြၽဲ လို႔ဖတ္ခဲ့ၾကေသးတယ္ေလ။ ဤ ကို ကြၽဲ လို႔ ခပ္လြယ္လြယ္ ဖတ္တတ္သူေတြ ၾကားမွာေတာ့ ငဲ့ညႇာျခင္း ဆိုတာ ျမင္းေကာင္းခြာလိပ္ ျဖစ္ခဲ့ရတယ္။

ဘုရားေရ.. က်ေနာ္တို႔ ႏိုင္ငံႀကီး နာဖ်ားေနတယ္ ဆိုပါလား ။

Ahmo

Post a Comment

0 Comments