ပါရမီဖြည့်ဘက်

တခါတုန်းက ရွာတစ်ရွာမှာ အမျိုးသား တစ်ဦး ရှိသတဲ့။ သူဟာ တက္ကသိုလ်မှာ ဘွဲ့မရခဲ့ပါ။ အရွယ် ရောက်လာတဲ့ အခါမှာတော့ မိဘတွေဟာ သူ့အတွက် မိန်းမတစ်ယောက် ရှာပြီး ပေးစား လိုက်ပါတယ်။ ဒီလိုနဲ့ သူဟာ မိဘတွေ ပေးစားတဲ့ မိန်းကလေးနဲ့ လက်ထပ်ပြီး နောက်ပိုင်း ထိုရွာလေးမှာပဲ ကျောင်းဆရာ အဖြစ် စာသင်ပြပေး ပါတယ်။

ဒါပေမယ့် သူဟာ စာသင်ကြားရာမှာ အတွေ့အကြုံ မရှိသေးတာကြောင့် တစ်ပတ်တောင် မခံပါဘူး။ ကျောင်းသားတွေရဲ့ သဘောထား မှတ်ချက်တွေကြောင့် ထုတ်ပယ်ခြင်းကို ခံရပါတယ်။ ဒါ့ကြောင့် သူဟာ အိမ်ကို စိတ်ပျက်ဝမ်းနည်းစွာနဲ့ ပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်ပြီးနောက် အိမ်သူသက်ထားက သူ့ကို မျက်ရည် သုတ်ပေးပြီး နှစ်သိမ့်စကား ပြောပေးပါတယ်။

" အတွေ့အကြုံ ဝမ်းစာ မပြည့်သေးချိန်မှာ တစ်ချိူ့ လူတွေကတော့ သူတို့ရဲ့ အရည်အသွေးကို ထုတ်ပြနိုင်တာလည်း ရှိသလို မထုတ်ပြ နိုင်တာလည်း ရှိတတ် ပါတယ်။ ဒီအတွက်နဲ့တော့ ရှင် ဝမ်းနည်းဖို့ မလိုပါဘူး။ ရှင်နဲ့ ပိုသင့်တော်မယ့် အလုပ်တွေက ရှင်လုပ်ဆောင်ဖို့ စောင့်ရင် စောင့်နေမှာပါ " လို့ ပြောခဲ့ပါတယ်။

နောက်တော့ သူဟာ အပြင်ထွက်ပြီး အလုပ်တစ်ခုမှာ ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ သူဌေးရဲ့ အလုပ်ထုတ်တာ ခံလိုက်ရပါတယ်။ အကြောင်း ကတော့ အလုပ်လုပ်တာ နှေးလို့ ပါတဲ့။ အိမ်ပြန်ရောက်တဲ့ အခါမှာ ထုံးစံအတိုင်း သူ့ရဲ့ဇနီးက အားပေးစကား ပြောပြန်တယ်။

" ခြေလက်ဆိုတာ နှေးတာလဲ ရှိသလို မြန်တာလဲ ရှိတာပဲလေ။ တခြားလူတွေက လုပ်လာတာ နှစ်တွေ အများကြီး ကြာခဲ့ပြီလေ။ ရှင့်ကျတော့ တသက်လုံး စာဖတ်လာတော့ ဒီလို အလုပ်မျိုး လုပ်တဲ့အခါမှာ ဘယ်လိုလုပ် မြန်လိမ့်မလဲ "

ဒါပေမယ့် သူဟာ ဇွဲမလျော့ပဲ အလုပ်တွေ အများကြီး ထပ်လုပ်ခဲ့တယ်။ ဒါပေမယ့်လို့ သူလုပ်သမျှ အလုပ်တိုင်းဟာ အကြောင်းတစ်ခု မဟုတ် တစ်ခုကြောင့် အဆင်မပြေ ဖြစ်ခဲ့ရပြီး ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူ စိတ်ပျက် လက်ပျက် နဲ့ အိမ်ပြန်လာတဲ့အခါတိုင်းမှာ သူ့ဇနီးက အမြဲ နှစ်သိမ့် လေ့ရှိပြီး သူ့အပေါ်မှာလည်း တစ်ခါမှ မညည်းညူ ခဲ့ပါဘူး။

ဒီလိုနဲ့ သူရဲ့အသက် ၃၀ ကျော်တဲ့ အခါမှာတော့ သူဟာ ဘာသာစကား သင်ကြားရေးမှာ ပါရမီ အထုံ ရှိသူ ဖြစ်တဲ့အတွက် မသန်စွမ်း သူတွေအတွက် ဖွင့်ထားတဲ့ သင်တန်းကျောင်းမှာ နည်းပြ အလုပ် ဝင်လုပ်ပါတယ်။

နောက်တော့ သူဟာ မသန်၊စွမ်းသူများ သင်တန်းကျောင်း တစ်ခုကို ထူထောင်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ မြို့ အများအပြားမှာ မသန်စွမ်းသူသုံး ပစ္စည်း အရောင်းဆိုင်ခွဲများ ဖွင့်လှစ်ခဲ့ ပါတယ်။ ဒီလိုနဲ့ သူဟာ တဖြည်းဖြည်းနဲ့ ချမ်းသာကြွယ်ဝတဲ့ သူဌေး တစ်ဦး ဖြစ်လာပါတော့တယ်။

တစ်နေ့မှာတော့ " အောင်မြင်သူတို့ရဲ့ စကားသံများ " အစီအစဉ်ကနေ စီစဉ် တင်ဆက်သူက သူ့ဇနီးကို မေးပါတယ်။

" မိမိ ကိုယ်တိုင်တောင် ရှေ့ရေး မရေရာ ဝေဝါးနေတဲ့ အချိန်အခါမှာ ဘယ်လိုအကြောင်းကများ သူ့အပေါ် ယုံကြည် ကိုးစားချက် ရှိစေခဲ့ ပါသလဲ "

သူ့ ချစ်ဇနီး ပြန်ဖြေတဲ့ အဖြေမှာ ရိုးရှင်းပြီး လွယ်ကူလှ ပါတယ်။ သူမ ပြန်ဖြေလိုက် တာကတော့ " မြေတစ်ကွက်ဟာ ဂျုံစိုက်လို့ မသင့်တော်ရင် ပဲစမ်းစိုက်ကြည့်လို့ ရတာပေါ့ ၊ ပဲထွက် မကောင်းရင် သစ်သီးပင် စားပင် စိုက်လဲ ရတာပဲ။ "

" တကယ်လို့ သစ်သီးပင် စားပင် မဖြစ်ထွန်းလဲ ပန်းမျိူးစေ့တွေ နဲနဲ ကြဲကြည့်ပြီး ပန်းပွင့်အောင် စိုက်နိုင်တာပဲ။ အကြောင်းကတော့ မြေတစ်ကွက်မှာ သူနဲ့ ကိုက်ညီမယ့် မျိူးစေ့ တစ်စေ့စေ့ ကတော့ ရှိလာမှာပါ။ နောက်ဆုံးမှာ သူနဲ့ သက်ဆိုင်တဲ့ ရိတ်သိမ်းမှု ကတော့ ရှိလာ မှာပေါ့။ "

အိမ်သူသက်ထားရဲ့ စကားလဲကြားရော ယောကျာ်းဖြစ်သူဟာ မျက်ရည် ကျလာပါတယ်။ တကယ်တော့ သူ့ဇနီးသည်ရဲ့ ဇွဲကောင်းပြီး စဉ်ဆက် မပြတ်တဲ့ ယုံကြည် ကိုးစားမှုနဲ့ ချစ်ခြင်း မေတ္တာတို့သည် မာကျောကြံ့ခိုင်သည့် စစ်မှန်သော မျိူးစေ့ပင် ဖြစ်နေလေသည်။ သူ၏ ဆန်းကြယ်မှု တို့သည် ထိုမျိူးစေ့လေးကို မှီခိုပြီးမှ ရှင်သန် ကြီးထွားခဲ့သော ဆန်းကြယ်မှု တို့ပင် ဖြစ်သည်။

လောကမှာ သုံးစား၍ မရသော သူ ဟူ၍ မရှိပါ။ လူမှန် နေရာမှန် နေရာချထားမှု မမှန်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ဒါလေး ဖတ်မိရင် ဖာသိ ဖာသာ မနေပါနဲ့ တစ်ဦးနဲ့ တစ်ဦး လက်ဆင့် ကမ်းပေး ကြပါ။

ဒီစကား ၈ ခွန်းကိုလဲ မှတ်သားထား ကြပါ။

၁။ တန်ဖိုး ထားရ ကောင်းမှန်း မသိလျင်၊ သင့်ကို ရွှေတောင်ကြီး ပုံအပ်လဲ ပျော်ရွှင်လိမ့်မည် မဟုတ်။

၂။ ခွင့်လွတ်ရ ကောင်းမှန်း မသိလျင်၊ မိတ်ဆွေ ဘယ်လောက်ပဲ များပါစေ.. ထွက်ခွာ သွားကြမည်သာ။

၃။ ကျေးဇူးမှန်း မသိတတ်လျင်၊ မိုးပျံအောင် တော်နေပါစေ.. အောင်မြင် လိမ့်မည် မဟုတ်။

၄။ နှိုးကြား ထကြွမှု မသိလျင် ဖြတ်ထိုးဉာဏ် ကောင်းစေ အုံးတော့.. အိပ်မက်ကိုပင် အကောင်ထည် ဖော်နိုင်လိမ့်မည် မဟုတ်ပါ။

၅။ ပူးပေါင်း လုပ်ဆောင် ရမှန်း မသိလျင်၊ အစွမ်းကုန် ကြိုးစားစေဦး.. အောင်မြင်ရန် ခဲယဉ်းသည်။

၆။ စုဆောင်းရ ကောင်းမှန်း မသိလျင် ငွေပို ရှာနိုင်စေ ဦးတော့.. ကြွယ်ဝသူ ဖြစ်ခဲသည်။

၇။ ဘဝရောင့်ရဲမှု မသိလျင်၊ ပိုချမ်းသာစေ ဦးတော့.. ဘဝမှာ ကျေနပ် ပျော်ရွှင်သူ ဖြစ်ခဲသည်။

၈။ ကျန်းမာရေးကို ဂရုစိုက်ရ ကောင်းမှန်း မသိလျင်၊ ကုသမှု စရိတ် တတ်နိုင်စေ ဦးတော့.. အသက်ရှည် အနာမဲ့ခြင်း မဖြစ်နိုင်။

(သင့်အတွက် အကျိုးရှိပါက သူငယ်ချင်းများကို မျှဝေလိုက်ပါ)

NayLinnOo

for zawgyi

ပါရမီျဖည့္ဘက္

တခါတုန္းက ႐ြာတစ္႐ြာမွာ အမ်ိဳးသား တစ္ဦး ရွိသတဲ့။ သူဟာ တကၠသိုလ္မွာ ဘြဲ႕မရခဲ့ပါ။ အ႐ြယ္ ေရာက္လာတဲ့ အခါမွာေတာ့ မိဘေတြဟာ သူ႔အတြက္ မိန္းမတစ္ေယာက္ ရွာၿပီး ေပးစား လိုက္ပါတယ္။ ဒီလိုနဲ႔ သူဟာ မိဘေတြ ေပးစားတဲ့ မိန္းကေလးနဲ႔ လက္ထပ္ၿပီး ေနာက္ပိုင္း ထို႐ြာေလးမွာပဲ ေက်ာင္းဆရာ အျဖစ္ စာသင္ျပေပး ပါတယ္။

ဒါေပမယ့္ သူဟာ စာသင္ၾကားရာမွာ အေတြ႕အႀကဳံ မရွိေသးတာေၾကာင့္ တစ္ပတ္ေတာင္ မခံပါဘူး။ ေက်ာင္းသားေတြရဲ႕ သေဘာထား မွတ္ခ်က္ေတြေၾကာင့္ ထုတ္ပယ္ျခင္းကို ခံရပါတယ္။ ဒါ့ေၾကာင့္ သူဟာ အိမ္ကို စိတ္ပ်က္ဝမ္းနည္းစြာနဲ႔ ျပန္လာခဲ့ပါတယ္။ အိမ္ျပန္ေရာက္ၿပီးေနာက္ အိမ္သူသက္ထားက သူ႔ကို မ်က္ရည္ သုတ္ေပးၿပီး ႏွစ္သိမ့္စကား ေျပာေပးပါတယ္။

" အေတြ႕အႀကဳံ ဝမ္းစာ မျပည့္ေသးခ်ိန္မွာ တစ္ခ်ိဴ႕ လူေတြကေတာ့ သူတို႔ရဲ႕ အရည္အေသြးကို ထုတ္ျပႏိုင္တာလည္း ရွိသလို မထုတ္ျပ ႏိုင္တာလည္း ရွိတတ္ ပါတယ္။ ဒီအတြက္နဲ႔ေတာ့ ရွင္ ဝမ္းနည္းဖို႔ မလိုပါဘူး။ ရွင္နဲ႔ ပိုသင့္ေတာ္မယ့္ အလုပ္ေတြက ရွင္လုပ္ေဆာင္ဖို႔ ေစာင့္ရင္ ေစာင့္ေနမွာပါ " လို႔ ေျပာခဲ့ပါတယ္။

ေနာက္ေတာ့ သူဟာ အျပင္ထြက္ၿပီး အလုပ္တစ္ခုမွာ ဝင္လုပ္ပါတယ္။ သိပ္မၾကာခင္မွာပဲ သူေဌးရဲ႕ အလုပ္ထုတ္တာ ခံလိုက္ရပါတယ္။ အေၾကာင္း ကေတာ့ အလုပ္လုပ္တာ ေႏွးလို႔ ပါတဲ့။ အိမ္ျပန္ေရာက္တဲ့ အခါမွာ ထုံးစံအတိုင္း သူ႔ရဲ႕ဇနီးက အားေပးစကား ေျပာျပန္တယ္။

" ေျခလက္ဆိုတာ ေႏွးတာလဲ ရွိသလို ျမန္တာလဲ ရွိတာပဲေလ။ တျခားလူေတြက လုပ္လာတာ ႏွစ္ေတြ အမ်ားႀကီး ၾကာခဲ့ၿပီေလ။ ရွင့္က်ေတာ့ တသက္လုံး စာဖတ္လာေတာ့ ဒီလို အလုပ္မ်ိဳး လုပ္တဲ့အခါမွာ ဘယ္လိုလုပ္ ျမန္လိမ့္မလဲ "

ဒါေပမယ့္ သူဟာ ဇြဲမေလ်ာ့ပဲ အလုပ္ေတြ အမ်ားႀကီး ထပ္လုပ္ခဲ့တယ္။ ဒါေပမယ့္လို႔ သူလုပ္သမွ် အလုပ္တိုင္းဟာ အေၾကာင္းတစ္ခု မဟုတ္ တစ္ခုေၾကာင့္ အဆင္မေျပ ျဖစ္ခဲ့ရၿပီး ထုတ္ပယ္ျခင္း ခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း သူ စိတ္ပ်က္ လက္ပ်က္ နဲ႔ အိမ္ျပန္လာတဲ့အခါတိုင္းမွာ သူ႔ဇနီးက အၿမဲ ႏွစ္သိမ့္ ေလ့ရွိၿပီး သူ႔အေပၚမွာလည္း တစ္ခါမွ မညည္းညဴ ခဲ့ပါဘူး။

ဒီလိုနဲ႔ သူရဲ႕အသက္ ၃၀ ေက်ာ္တဲ့ အခါမွာေတာ့ သူဟာ ဘာသာစကား သင္ၾကားေရးမွာ ပါရမီ အထုံ ရွိသူ ျဖစ္တဲ့အတြက္ မသန္စြမ္း သူေတြအတြက္ ဖြင့္ထားတဲ့ သင္တန္းေက်ာင္းမွာ နည္းျပ အလုပ္ ဝင္လုပ္ပါတယ္။

ေနာက္ေတာ့ သူဟာ မသန္၊စြမ္းသူမ်ား သင္တန္းေက်ာင္း တစ္ခုကို ထူေထာင္လိုက္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ ၿမိဳ႕ အမ်ားအျပားမွာ မသန္စြမ္းသူသုံး ပစၥည္း အေရာင္းဆိုင္ခြဲမ်ား ဖြင့္လွစ္ခဲ့ ပါတယ္။ ဒီလိုနဲ႔ သူဟာ တျဖည္းျဖည္းနဲ႔ ခ်မ္းသာႂကြယ္ဝတဲ့ သူေဌး တစ္ဦး ျဖစ္လာပါေတာ့တယ္။

တစ္ေန႔မွာေတာ့ " ေအာင္ျမင္သူတို႔ရဲ႕ စကားသံမ်ား " အစီအစဥ္ကေန စီစဥ္ တင္ဆက္သူက သူ႔ဇနီးကို ေမးပါတယ္။

" မိမိ ကိုယ္တိုင္ေတာင္ ေရွ႕ေရး မေရရာ ေဝဝါးေနတဲ့ အခ်ိန္အခါမွာ ဘယ္လိုအေၾကာင္းကမ်ား သူ႔အေပၚ ယုံၾကည္ ကိုးစားခ်က္ ရွိေစခဲ့ ပါသလဲ "

သူ႔ ခ်စ္ဇနီး ျပန္ေျဖတဲ့ အေျဖမွာ ႐ိုးရွင္းၿပီး လြယ္ကူလွ ပါတယ္။ သူမ ျပန္ေျဖလိုက္ တာကေတာ့ " ေျမတစ္ကြက္ဟာ ဂ်ဳံစိုက္လို႔ မသင့္ေတာ္ရင္ ပဲစမ္းစိုက္ၾကည့္လို႔ ရတာေပါ့ ၊ ပဲထြက္ မေကာင္းရင္ သစ္သီးပင္ စားပင္ စိုက္လဲ ရတာပဲ။ "

" တကယ္လို႔ သစ္သီးပင္ စားပင္ မျဖစ္ထြန္းလဲ ပန္းမ်ိဴးေစ့ေတြ နဲနဲ ႀကဲၾကည့္ၿပီး ပန္းပြင့္ေအာင္ စိုက္ႏိုင္တာပဲ။ အေၾကာင္းကေတာ့ ေျမတစ္ကြက္မွာ သူနဲ႔ ကိုက္ညီမယ့္ မ်ိဴးေစ့ တစ္ေစ့ေစ့ ကေတာ့ ရွိလာမွာပါ။ ေနာက္ဆုံးမွာ သူနဲ႔ သက္ဆိုင္တဲ့ ရိတ္သိမ္းမႈ ကေတာ့ ရွိလာ မွာေပါ့။ "

အိမ္သူသက္ထားရဲ႕ စကားလဲၾကားေရာ ေယာက်ာ္းျဖစ္သူဟာ မ်က္ရည္ က်လာပါတယ္။ တကယ္ေတာ့ သူ႔ဇနီးသည္ရဲ႕ ဇြဲေကာင္းၿပီး စဥ္ဆက္ မျပတ္တဲ့ ယုံၾကည္ ကိုးစားမႈနဲ႔ ခ်စ္ျခင္း ေမတၱာတို႔သည္ မာေက်ာႀကံ့ခိုင္သည့္ စစ္မွန္ေသာ မ်ိဴးေစ့ပင္ ျဖစ္ေနေလသည္။ သူ၏ ဆန္းၾကယ္မႈ တို႔သည္ ထိုမ်ိဴးေစ့ေလးကို မွီခိုၿပီးမွ ရွင္သန္ ႀကီးထြားခဲ့ေသာ ဆန္းၾကယ္မႈ တို႔ပင္ ျဖစ္သည္။

ေလာကမွာ သုံးစား၍ မရေသာ သူ ဟူ၍ မရွိပါ။ လူမွန္ ေနရာမွန္ ေနရာခ်ထားမႈ မမွန္ျခင္းသာ ျဖစ္ေပလိမ့္မည္။ ဒါေလး ဖတ္မိရင္ ဖာသိ ဖာသာ မေနပါနဲ႔ တစ္ဦးနဲ႔ တစ္ဦး လက္ဆင့္ ကမ္းေပး ၾကပါ။

ဒီစကား ၈ ခြန္းကိုလဲ မွတ္သားထား ၾကပါ။

၁။ တန္ဖိုး ထားရ ေကာင္းမွန္း မသိလ်င္၊ သင့္ကို ေ႐ႊေတာင္ႀကီး ပုံအပ္လဲ ေပ်ာ္႐ႊင္လိမ့္မည္ မဟုတ္။

၂။ ခြင့္လြတ္ရ ေကာင္းမွန္း မသိလ်င္၊ မိတ္ေဆြ ဘယ္ေလာက္ပဲ မ်ားပါေစ.. ထြက္ခြာ သြားၾကမည္သာ။

၃။ ေက်းဇူးမွန္း မသိတတ္လ်င္၊ မိုးပ်ံေအာင္ ေတာ္ေနပါေစ.. ေအာင္ျမင္ လိမ့္မည္ မဟုတ္။

၄။ ႏႈိးၾကား ထႂကြမႈ မသိလ်င္ ျဖတ္ထိုးဉာဏ္ ေကာင္းေစ အုံးေတာ့.. အိပ္မက္ကိုပင္ အေကာင္ထည္ ေဖာ္ႏိုင္လိမ့္မည္ မဟုတ္ပါ။

၅။ ပူးေပါင္း လုပ္ေဆာင္ ရမွန္း မသိလ်င္၊ အစြမ္းကုန္ ႀကိဳးစားေစဦး.. ေအာင္ျမင္ရန္ ခဲယဥ္းသည္။

၆။ စုေဆာင္းရ ေကာင္းမွန္း မသိလ်င္ ေငြပို ရွာႏိုင္ေစ ဦးေတာ့.. ႂကြယ္ဝသူ ျဖစ္ခဲသည္။

၇။ ဘဝေရာင့္ရဲမႈ မသိလ်င္၊ ပိုခ်မ္းသာေစ ဦးေတာ့.. ဘဝမွာ ေက်နပ္ ေပ်ာ္႐ႊင္သူ ျဖစ္ခဲသည္။

၈။ က်န္းမာေရးကို ဂ႐ုစိုက္ရ ေကာင္းမွန္း မသိလ်င္၊ ကုသမႈ စရိတ္ တတ္ႏိုင္ေစ ဦးေတာ့.. အသက္ရွည္ အနာမဲ့ျခင္း မျဖစ္ႏိုင္။

(သင့္အတြက္ အက်ိဳးရွိပါက သူငယ္ခ်င္းမ်ားကို မွ်ေဝလိုက္ပါ)

NayLinnOo

Post a Comment

0 Comments