ကိုယ်ချင်းစာပေးပါ

မယား ဖြစ်တဲ့သူက သူ့ရဲ့လင်ယောင်္ကျား အတွက် ကြက်ဥ ကြော်ပေး နေတယ်။ အဲ့ဒီအချိန်မှာ လင်ဖြစ်သူ က မီးဖိုချောင်ထဲ ဝင်လာ တယ်။

''ဆီ နည်းနေတယ် ထပ်ထည့်လိုက် အုံး''

ဆိုပီး လင်ဖြစ်သူက ပြောလိုက်တယ်။ မယား လုပ်သူက ဆီလေး နည်းနည်း ထပ်ထည့် လိုက်တယ်။ နောက်တော့..

'' နဲနဲလေး မွှေပေးလိုက်အုံး အကျက် ညီသွားအောင် ''

လင်ဖြစ်သူက ထပ်ပီး ပြောပြန်တယ်။ မယားက မျက်စောင်း ထိုးပြီး ပြန်ကြည့် ရတယ်။ လင် ဖြစ်သူက မမှုပဲ..

'' ဆား ထည့်ပြီး ပြီလား ''

ဆိုပြီး ထပ်ပြောလိုက် ပြန်တယ်။ မယားက ဒေါသတွေ အရမ်းထွက်လာတယ်။

'' ရှင် လာပြီး ဆရာ လာ မလုပ်နဲ့.. ခု ထွက်သွား.. ကျွန်မ ဒေါသ ထွက်လာပြီနော်.. ''

အဲ့ဒီအခါ လင်ဖြစ်သူက ပြုံးပြီး ပြောတယ် ။

'' ငါ ဆရာ လာလုပ်တာ မဟုတ်ပါဘူးကွာ။ ငါ အလုပ် လုပ်နေရင် မင်းက ဘေးကနေပြီး ဘယ်လိုလုပ် ဘယ်လိုလုပ် ဆိုပြီး လာလာ ပြောနေတော့ ငါ ဘယ်လို ခံစားရတယ် ဆိုတာကို မင်း နားလည်အောင်လို့ လုပ်ပြကြည့်တာပါ.. ''

မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့။

ငြိမ်းလဲ့

for zawgyi

ကိုယ္ခ်င္းစာေပးပါ

မယား ျဖစ္တဲ့သူက သူ႔ရဲ႕လင္ေယာက်ၤား အတြက္ ၾကက္ဥ ေၾကာ္ေပး ေနတယ္။ အဲ့ဒီအခ်ိန္မွာ လင္ျဖစ္သူ က မီးဖိုေခ်ာင္ ထဲ ဝင္လာ တယ္။

''ဆီ နည္းေနတယ္ ထပ္ထည့္လိုက္ အုံး''

ဆိုပီး လင္ျဖစ္သူက ေျပာလိုက္တယ္။ မယား လုပ္သူက ဆီေလး နည္းနည္း ထပ္ထည့္ လိုက္တယ္။ ေနာက္ေတာ့..

'' နဲနဲေလး ေမႊေပးလိုက္အုံး အက်က္ ညီသြားေအာင္ ''

လင္ျဖစ္သူက ထပ္ပီး ေျပာျပန္တယ္။ မယားက မ်က္ေစာင္း ထိုးၿပီး ျပန္ၾကည့္ ရတယ္။ လင္ ျဖစ္သူက မမႈပဲ..

'' ဆား ထည့္ၿပီး ၿပီလား ''

ဆိုၿပီး ထပ္ေျပာလိုက္ ျပန္တယ္။ မယားက ေဒါသေတြ အရမ္းထြက္လာတယ္။

'' ရွင္ လာၿပီး ဆရာ လာ မလုပ္နဲ႔.. ခု ထြက္သြား.. ကြၽန္မ ေဒါသ ထြက္လာၿပီေနာ္.. ''

အဲ့ဒီအခါ လင္ျဖစ္သူက ၿပဳံးၿပီး ေျပာတယ္ ။

'' ငါ ဆရာ လာလုပ္တာ မဟုတ္ပါဘူးကြာ။ ငါ အလုပ္ လုပ္ေနရင္ မင္းက ေဘးကေနၿပီး ဘယ္လိုလုပ္ ဘယ္လိုလုပ္ ဆိုၿပီး လာလာ ေျပာေနေတာ့ ငါ ဘယ္လို ခံစားရတယ္ ဆိုတာကို မင္း နားလည္ေအာင္လို႔ လုပ္ျပၾကည့္တာပါ.. ''

မကူညီခ်င္ေနပါ မေႏွာင့္ယွက္ပါနဲ႔။

ၿငိမ္းလဲ့

Post a Comment

0 Comments