တစ်ခါတုန်းက ရွာတစ်ရွာမှ သူဌေးကြီး တစ်ဦးဟာ သူ့ရွာထဲက လူငယ် ရွာသားလေးတွေ ထဲမှာ ဉာဏ်ရည် ထက်မြက်သူ ဘယ်လောက် ရှိသလဲဆိုတာ စမ်းသပ်ဖို့ အတွက် အစီအစဉ် တစ်ခုကို အကောင်အထည် ဖော်လိုက်တယ်.. ။
အစီအစဉ် အရ ရွာလယ် မြေကွက်လပ်ကြီးမှာ ဝါးလုံးတိုင် တစ်တိုင် ထူပြီး ဝါးလုံးဖျားမှာ အဖိုးတန် ပစ္စည်းတွေ ချိတ်ဆွဲထား လိုက်တယ် ။ ပြီးတော့ ရွာထဲက လူငယ်တွေကို ခေါ်လိုက်ပြီး..
" ကိုင်း.. ငါ့ကောင်တို့.. ဒီဝါးလုံးတိုင်ပေါ်ကို မင်းတို့ ဖက်လည်း မတက်ရဘူး ၊ လှဲလည်း မလှဲရဘူး.. မင်းတို့နည်း မင်းတို့ဟန်နဲ့ ဝါးလုံးဖျားမှာ ချိတ်ထားတဲ့ အဖိုးတန် ပစ္စည်းတွေကို ရအောင် ယူကြပေတော့.. " လို့ သူဌေးကြီးက ပြောလိုက်ပါတယ်။
ရွာထဲက လူငယ်တွေ စုရုံး ရောက်ရှိလာကြပြီး ဝါးလုံးတိုင်ထိပ်က ပစ္စည်းတွေကို ဘယ်လို ယူရမလဲ ကြံဆကြတာပေါ့ .. ။ ဒါပေမယ့် တိုင်ကိုလည်း ဖက် မတက်ရ ၊ လှဲလည်း မယူရ ဆိုတော့ အကြံ အိုက်ကုန်ကြပါတယ်။
အဲ့ဒီအချိန် မောင်ဉာဏဆိုသူ လူငယ် တစ်ယောက် ရောက်လာပြီး သူဌေးကြီးကို မေးတယ်..
" ဦးမင်း.. တိုင်ပေါ် ဖက်လည်း မတက်ဘူး.. လှဲလည်း မလှဲဘူး.. ဒါပေမယ့် တိုင်ကိုတော့ ချွတ်ခွင့်ပြု နိုင်မလား.. "
သူဌေးကြီးက လူငယ်ရဲ့ စကားကြောင့် ခဏတော့ အံ့သြ မှင်တက် သွားတယ်.. ပြီးတော့မှ..
" ရပါတယ်.. တိုင်ကို ချွတ်ချင်တော့ ချွတ်ပါ.. ဒါပေမယ့် လှဲချယူ လို့တော့ မဖြစ်ဖူးနော်.. ချွတ်ပြီးရင်လည်း ဒီအတိုင်း ထောင်လျက် အနေအထား ကနေဘဲ ရအောင် ယူရမယ် " လို့ ပြောတယ်။
မောင်ဉာဏလည်း ဝမ်းသာအားရနဲ့ ဝါးလုံးတိုင်ကို ချွတ်ယူ လိုက်တယ် ။ ပြီးတော့ ထောင်လျက်အတိုင်းဘဲ သယ် မ ထုတ်လိုက်ပြီး မလှမ်းမကမ်းက ရေတွင်းဆီ အပြေးအလွှား ယူသွားတယ် ။
ပြီးတော့ ဝါးလုံးကို ရေတွင်းထဲ ဖြည်းဖြည်းချင်း ချလိုက်ပြီးမှ ဝါးလုံးဖျားကို မှီလောက်တဲ့ အခါ အဖျားမှာ ချိတ်ဆွဲထားတဲ့ ပစ္စည်းတွေကို တစ်ခုစီ ဖြုတ်ယူလိုက် ပါတော့တယ် ။
သူဌေးကြီးနဲ့ တချို့သော လူငယ်တွေက မောင်ဉာဏရဲ့ ဉာဏ်သွားပုံကို လက်ခုပ် လက်ဝါး တီး အသိအမှတ်ပြု ကြပေမယ့်.. တစ်ချို့သော လူငယ်တွေက
" ဒါ ဘာဆန်းလို့လဲ သူလုပ်ပြတာ အထင်ကြီးစရာ မရှိပါဘူးလေ.. အစထဲက ဝါးလုံးကို အဲ့လို နှုတ်ယူသွားလို့ ရတယ် ပြောရင် ငါတို့လဲ လုပ်လို့ ရတာပေါ့ " ဆိုပြီး ဖောင်းထု ကြပါတယ် ။
ဒီစကား ကိုကြားတဲ့ သူဌေးကြီးက ထိုလူတစ်စုကို အောက်ပါအတိုင်း ပြောလိုက် ပါတော့တယ်.. ။
" ဒီမှာ.. မောင်ရင်တို့.. သူများ ဒါလုပ်လို့ ဖြစ်တယ် ဆိုတော့မှ.. ငါလည်း လုပ်နိုင်တာပေါ့ ဆိုကတည်းက မောင်ရင်တို့ ဟာ ဦးဆောင်သူ မဟုတ်တော့ဘူး.. နောက်လိုက် တွေပဲ ဖြစ်တယ်.. နောက်လိုက် မှ ဖြောင့်ဖြောင့် လိုက်တဲ့ သူတွေ မဟုတ်ဖူး ။ ကန့်လန့်တိုက် သူတွေပဲ ဖြစ်တယ် "
' ပြီးတော့ အစထဲက သူ့လို မောင်ရင်တို့ အမေး အစမ်း ရှိခဲ့လို့လား .. သူက ဖြစ်နိုင်တဲ့ နည်းလမ်းကို အရင်ကြံဆ ကြည့်ပြီး ဝါးလုံးကို နှုတ်ယူလို့ ရလား မေးတယ်.. ရတယ် ဆိုတော့မှ သူကြံထားတဲ့ နည်းလမ်း အတိုင်း သတ်မှတ် ထားတဲ့ စည်းကမ်းဘောင် ထဲက ရအောင် ယူသွားတယ် "
" သူ့လို စိတ်ကူးစိတ်မှန်း မရှိလို့ ကိုယ်မလုပ်ခဲ့ နိုင်ရင်လည်း သူလုပ်ပြသွားတာကို ကောင်းမွန်စွာကြည့်.. နည်းနာ ယူကြပြီး နောက်လိုက်ကောင်းဖြစ်အောင် ကျင့်ကြံကြ ပါလားကွယ် .. သူ့ကို ရှုံ့ချပြီး ကန့်လန့်တိုက် စကားပြောတယ် ဆိုတာ ကတော့ ကိုယ့်ရဲ့ ယုတ်မာစိတ်ကို လူသိအောင် ချ ပြသလို ဖြစ်နေတော့မှာပေါ့ .. ရှက်စိတ် ကလေးတော့ ရှိကြပါကွယ် " လို့ ဆိုလေသတဲ့ ။
ဖိုးစိန်လေး
for zawgyi
တိုင္ထိပ္က အဖိုးတန္ပစၥည္းကို ဘယ္လိုယူမလဲ
တစ္ခါတုန္းက ႐ြာတစ္႐ြာမွ သူေဌးႀကီး တစ္ဦးဟာ သူ႔႐ြာထဲက လူငယ္ ႐ြာသားေလးေတြ ထဲမွာ ဉာဏ္ရည္ ထက္ျမက္သူ ဘယ္ေလာက္ ရွိသလဲဆိုတာ စမ္းသပ္ဖို႔ အတြက္ အစီအစဥ္ တစ္ခုကို အေကာင္အထည္ ေဖာ္လိုက္တယ္.. ။
အစီအစဥ္ အရ ႐ြာလယ္ ေျမကြက္လပ္ႀကီးမွာ ဝါးလုံးတိုင္ တစ္တိုင္ ထူၿပီး ဝါးလုံးဖ်ားမွာ အဖိုးတန္ ပစၥည္းေတြ ခ်ိတ္ဆြဲထား လိုက္တယ္ ။ ၿပီးေတာ့ ႐ြာထဲက လူငယ္ေတြကို ေခၚလိုက္ၿပီး..
" ကိုင္း.. ငါ့ေကာင္တို႔.. ဒီဝါးလုံးတိုင္ေပၚကို မင္းတို႔ ဖက္လည္း မတက္ရဘူး ၊ လွဲလည္း မလွဲရဘူး.. မင္းတို႔နည္း မင္းတို႔ဟန္နဲ႔ ဝါးလုံးဖ်ားမွာ ခ်ိတ္ထားတဲ့ အဖိုးတန္ ပစၥည္းေတြကို ရေအာင္ ယူၾကေပေတာ့.. " လို႔ သူေဌးႀကီးက ေျပာလိုက္ပါတယ္။
႐ြာထဲက လူငယ္ေတြ စု႐ုံး ေရာက္ရွိလာၾကၿပီး ဝါးလုံးတိုင္ထိပ္က ပစၥည္းေတြကို ဘယ္လို ယူရမလဲ ႀကံဆၾကတာေပါ့ .. ။ ဒါေပမယ့္ တိုင္ကိုလည္း ဖက္ မတက္ရ ၊ လွဲလည္း မယူရ ဆိုေတာ့ အႀကံ အိုက္ကုန္ၾကပါတယ္။
အဲ့ဒီအခ်ိန္ ေမာင္ဉာဏဆိုသူ လူငယ္ တစ္ေယာက္ ေရာက္လာၿပီး သူေဌးႀကီးကို ေမးတယ္..
" ဦးမင္း.. တိုင္ေပၚ ဖက္လည္း မတက္ဘူး.. လွဲလည္း မလွဲဘူး.. ဒါေပမယ့္ တိုင္ကိုေတာ့ ခြၽတ္ခြင့္ျပဳ ႏိုင္မလား.. "
သူေဌးႀကီးက လူငယ္ရဲ႕ စကားေၾကာင့္ ခဏေတာ့ အံ့ၾသ မွင္တက္ သြားတယ္.. ၿပီးေတာ့မွ..
" ရပါတယ္.. တိုင္ကို ခြၽတ္ခ်င္ေတာ့ ခြၽတ္ပါ.. ဒါေပမယ့္ လွဲခ်ယူ လို႔ေတာ့ မျဖစ္ဖူးေနာ္.. ခြၽတ္ၿပီးရင္လည္း ဒီအတိုင္း ေထာင္လ်က္ အေနအထား ကေနဘဲ ရေအာင္ ယူရမယ္ " လို႔ ေျပာတယ္။
ေမာင္ဉာဏလည္း ဝမ္းသာအားရနဲ႔ ဝါးလုံးတိုင္ကို ခြၽတ္ယူ လိုက္တယ္ ။ ၿပီးေတာ့ ေထာင္လ်က္အတိုင္းဘဲ သယ္ မ ထုတ္လိုက္ၿပီး မလွမ္းမကမ္းက ေရတြင္းဆီ အေျပးအလႊား ယူသြားတယ္ ။
ၿပီးေတာ့ ဝါးလုံးကို ေရတြင္းထဲ ျဖည္းျဖည္းခ်င္း ခ်လိုက္ၿပီးမွ ဝါးလုံးဖ်ားကို မွီေလာက္တဲ့ အခါ အဖ်ားမွာ ခ်ိတ္ဆြဲထားတဲ့ ပစၥည္းေတြကို တစ္ခုစီ ျဖဳတ္ယူလိုက္ ပါေတာ့တယ္ ။
သူေဌးႀကီးနဲ႔ တခ်ိဳ႕ေသာ လူငယ္ေတြက ေမာင္ဉာဏရဲ႕ ဉာဏ္သြားပုံကို လက္ခုပ္ လက္ဝါး တီး အသိအမွတ္ျပဳ ၾကေပမယ့္.. တစ္ခ်ိဳ႕ေသာ လူငယ္ေတြက
" ဒါ ဘာဆန္းလို႔လဲ သူလုပ္ျပတာ အထင္ႀကီးစရာ မရွိပါဘူးေလ.. အစထဲက ဝါးလုံးကို အဲ့လို ႏႈတ္ယူသြားလို႔ ရတယ္ ေျပာရင္ ငါတို႔လဲ လုပ္လို႔ ရတာေပါ့ " ဆိုၿပီး ေဖာင္းထု ၾကပါတယ္ ။
ဒီစကား ကိုၾကားတဲ့ သူေဌးႀကီးက ထိုလူတစ္စုကို ေအာက္ပါအတိုင္း ေျပာလိုက္ ပါေတာ့တယ္.. ။
" ဒီမွာ.. ေမာင္ရင္တို႔.. သူမ်ား ဒါလုပ္လို႔ ျဖစ္တယ္ ဆိုေတာ့မွ.. ငါလည္း လုပ္ႏိုင္တာေပါ့ ဆိုကတည္းက ေမာင္ရင္တို႔ ဟာ ဦးေဆာင္သူ မဟုတ္ေတာ့ဘူး.. ေနာက္လိုက္ ေတြပဲ ျဖစ္တယ္.. ေနာက္လိုက္ မွ ေျဖာင့္ေျဖာင့္ လိုက္တဲ့ သူေတြ မဟုတ္ဖူး ။ ကန႔္လန႔္တိုက္ သူေတြပဲ ျဖစ္တယ္ "
' ၿပီးေတာ့ အစထဲက သူ႔လို ေမာင္ရင္တို႔ အေမး အစမ္း ရွိခဲ့လို႔လား .. သူက ျဖစ္ႏိုင္တဲ့ နည္းလမ္းကို အရင္ႀကံဆ ၾကည့္ၿပီး ဝါးလုံးကို ႏႈတ္ယူလို႔ ရလား ေမးတယ္.. ရတယ္ ဆိုေတာ့မွ သူႀကံထားတဲ့ နည္းလမ္း အတိုင္း သတ္မွတ္ ထားတဲ့ စည္းကမ္းေဘာင္ ထဲက ရေအာင္ ယူသြားတယ္ "
" သူ႔လို စိတ္ကူးစိတ္မွန္း မရွိလို႔ ကိုယ္မလုပ္ခဲ့ ႏိုင္ရင္လည္း သူလုပ္ျပသြားတာကို ေကာင္းမြန္စြာၾကည့္.. နည္းနာ ယူၾကၿပီး ေနာက္လိုက္ေကာင္းျဖစ္ေအာင္ က်င့္ႀကံၾက ပါလားကြယ္ .. သူ႔ကို ရႈံ႕ခ်ၿပီး ကန႔္လန႔္တိုက္ စကားေျပာတယ္ ဆိုတာ ကေတာ့ ကိုယ့္ရဲ႕ ယုတ္မာစိတ္ကို လူသိေအာင္ ခ် ျပသလို ျဖစ္ေနေတာ့မွာေပါ့ .. ရွက္စိတ္ ကေလးေတာ့ ရွိၾကပါကြယ္ " လို႔ ဆိုေလသတဲ့ ။
ဖိုးစိန္ေလး
0 Comments