သင့်ရဲ့မှတ်ဉာဏ်ကို ထက်မြက်နေစေမယ့် လေ့ကျင့်ခန်း (၅) မျိုး

အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ၊ အခြားသော စိတ်ရောဂါ အမျိုးမျိုး စတဲ့ဦးနှောက်နဲ့ သက်ဆိုင်တဲ့ ရောဂါတွေဖြစ်ဖို့ အခွင့်အရေး များလာပါတယ်။ နှလုံးရောဂါနဲ့ ဆီးချိုရောဂါက အသက်ကြီးတဲ့လူတွေမှာ အဖြစ်များကြပါတယ်။ နားမကြားခြင်း၊ မျက်စိမှုန်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အချို့သော ဆေးဝါးများကို သုံးစွဲခြင်းတွေက ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ထိခိုက်စေပါတယ်။

လူအများစုကတော့ သက်လတ်ပိုင်း ရောက်တဲ့အခါ မှတ်ဉာဏ် ပြောင်းလဲလာမှုတွေကို စပြီး သတိထားမိ လာကြပါပြီ။ ဒါပေမယ့် ဒီပြောင်းလဲမှုတွေက ပုံမှန်ဖြစ်လားဆိုတာ ဘယ်လိုနည်းနဲ့ သိနိုင်မလဲ။ စိုးရိမ်သောကများတဲ့အခါ သတိတွေ ချွတ်ယွင်းလာပါတယ်။ သင့်အသက်အရွယ်နဲ့ သက်ဆိုင်တဲ့ မှတ်ဉာဏ်ပြောင်းလဲမှုတွေက ပုံမှန်ဖြစ်လားဆိုတာ မသေချာဘူးဆိုရင် ဒီဇယားမှာ ကြည့်လို့ရပါတယ်။

ဒီဇယားကတော့ ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပြီလားဆိုတာ ပြောပြပေးမှာပါ၊ ဒါပေမယ့် သင့်မှတ်ဉာဏ်နဲ့ ပတ်သက်ပြီး စိတ်ပူစရာမရှိဘူး ဆိုရင်တောင်မှ မှတ်ဉာဏ်ကောင်းဖို့အတွက် အမြဲလေ့ကျင့်ဖို့ လိုပါတယ်။ သင့်တော်တဲ့ အာဟာရနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက ကျန်းမာရေးကို ကောင်းစေပြီး ဦးနှောက်တစ်သျှူးတွေကို ကာကွယ်ပေးပါတယ်။ အသက်ကြီးတဲ့အထိ မှတ်ဉာဏ်ကို ထက်မြက်သေချင်ရင် ဦးနှောက်လေ့ကျင့်ခန်းတွေကို စလုပ်ဖို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပေးထားပါတယ်။

1. အလွတ်ကျက်ပါ။

ဈေးဝယ်ရမယ့် စာရင်းတွေ၊ လုပ်ရမယ့်အရာတွေ၊ အကြိုက်ဆုံး အနုပညာရှင် နာမည်တွေ၊ စိတ်ထဲရောက်လာတဲ့ အရာတွေကို ချရေးပြီး အလွတ်ကျက်ပါ။ အလွတ်ကျက်ပြီး တစ်နာရီအကြာမှာ သင်ဘယ်နှမျိုး မှတ်မိလဲ ဆိုတာ ပြန်လည်စစ်ဆေးကြည့်ပါ။

2. နိုင်ငံခြားဘာသာစကား တစ်ခုကို သင်ယူပါ။

ဝေါဟာရ စကားလုံး များများကို သိခြင်းက မှတ်ဉာဏ်ထိခိုက်နိုင်ခြေကို လျော့ကျစေပါတယ်။ စာဖတ်ခြင်းက စိတ်ဓာတ်ကို တက်ကြွစေပြီး စကားလုံးတွေကို မှတ်မိဖို့ ကူညီပေးပါတယ်။ နိုင်ငံခြားဘာသာစကား တစ်ခုကို သင်ယူခြင်းက ဦးနှောက်ကို လန်းဆန်းစေပါတယ်။

3. ပဟေဠိများကို ဖြေရှင်းပါ။

စကားလုံးပဟေဠိက ဦးနှောက်လေ့ကျင့်ခန်းထဲမှာ အကောင်းဆုံး လေ့ကျင့်ခန်းပါပဲ။ စကားထာဖွက်ခြင်းနဲ့ ပဟေဠိဆက်ခြင်းက အလွန်ကို အသုံးဝင်ပါတယ်။

4. တစ်ချိန်တည်းမှာ လက်နှစ်ဖက်လုံးကို သုံးပြီး စာရေးပါ သို့မဟုတ် ပုံဆွဲပါ။

ဒီနည်းလမ်းက ဦးနှောက်လေ့ကျင့်ခန်းထဲမှာ အလွန်ကောင်းတဲ့ နည်းလမ်းပါ။ စာရွက်နှစ်ရွက်ကို ယူပြီး တစ်ချိန်တည်းမှာပဲ လက်နှစ်ဖက်လုံးသုံးပြီး ဂျီဩမေတြီ ပုံတွေဆွဲပါ။ ဒါမှမဟုတ် တစ်ချိန်တည်းမှာ လက်နှစ်ဖက်လုံးသုံးပြီး စာရေးပါ။ ဒီနည်းလမ်းက များစွာသော လုပ်ငန်းတွေကို လျင်လျင်မြန်မြန် ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် ဦးနှောက်ကို လေ့ကျင့်ပေးတဲ့နည်းလမ်း ဖြစ်ပါတယ်။

5. အားကစားသစ်တစ်ခု သို့မဟုတ် ဝါသနာအသစ်တစ်ခုကို စိတ်ဝင်စားပါ။

ယောဂ၊ ဂေါက်၊ တင်းနစ်စတဲ့ အားကစားနည်းတွေက ခန္ဓာကိုယ်အတွက်သာမက ဦးနှောက်ကိုလည်း အကျိုးရှိစေပါတယ်။ ချည်ထိုးခြင်း၊ ပုံဆွဲခြင်း၊ ပဟေဠိဆက်ခြင်းစတဲ့ ဝါသနာအသစ်တွေက ဦးနှောက်ကို ပိုပြီး မှတ်ဉာဏ်ကောင်းစေပါတယ်။

အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ် ချို့ယွင်းလာတာက ပုံမှန်ပါပဲ။ အသက်ကြီးလာမှုကို မစိုးရိမ်ပါနဲ့။ မှတ်ဉာဏ်ချို့ယွင်းမှုကို နည်းပါးအောင် ကြိုးစားလို့ရပါတယ်။ ပျော်ရွှင်ကျန်းမာတဲ့ဘဝက သင့်လက်ထဲမှာပဲ ရှိပါတယ်။

Zombie (Lovemedia)

for zawgyi

သင့္ရဲ႕မွတ္ဉာဏ္ကို ထက္ျမက္ေနေစမယ့္ ေလ့က်င့္ခန္း (၅) မ်ိဳး

အသက္ႀကီးလာတဲ့အခါ အယ္လ္ဇိုင္းမားေရာဂါ၊ အျခားေသာ စိတ္ေရာဂါ အမ်ိဳးမ်ိဳး စတဲ့ဦးေႏွာက္နဲ႔ သက္ဆိုင္တဲ့ ေရာဂါေတြျဖစ္ဖို႔ အခြင့္အေရး မ်ားလာပါတယ္။ ႏွလုံးေရာဂါနဲ႔ ဆီးခ်ိဳေရာဂါက အသက္ႀကီးတဲ့လူေတြမွာ အျဖစ္မ်ားၾကပါတယ္။ နားမၾကားျခင္း၊ မ်က္စိမႈန္ျခင္း၊ အိပ္မေပ်ာ္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ အခ်ိဳ႕ေသာ ေဆးဝါးမ်ားကို သုံးစြဲျခင္းေတြက ဦးေႏွာက္ရဲ႕လုပ္ေဆာင္မႈေတြကို ထိခိုက္ေစပါတယ္။

လူအမ်ားစုကေတာ့ သက္လတ္ပိုင္း ေရာက္တဲ့အခါ မွတ္ဉာဏ္ ေျပာင္းလဲလာမႈေတြကို စၿပီး သတိထားမိ လာၾကပါၿပီ။ ဒါေပမယ့္ ဒီေျပာင္းလဲမႈေတြက ပုံမွန္ျဖစ္လားဆိုတာ ဘယ္လိုနည္းနဲ႔ သိႏိုင္မလဲ။ စိုးရိမ္ေသာကမ်ားတဲ့အခါ သတိေတြ ခြၽတ္ယြင္းလာပါတယ္။ သင့္အသက္အ႐ြယ္နဲ႔ သက္ဆိုင္တဲ့ မွတ္ဉာဏ္ေျပာင္းလဲမႈေတြက ပုံမွန္ျဖစ္လားဆိုတာ မေသခ်ာဘူးဆိုရင္ ဒီဇယားမွာ ၾကည့္လို႔ရပါတယ္။

ဒီဇယားကေတာ့ ဆရာဝန္နဲ႔ ခ်က္ခ်င္းျပဖို႔ လိုၿပီလားဆိုတာ ေျပာျပေပးမွာပါ၊ ဒါေပမယ့္ သင့္မွတ္ဉာဏ္နဲ႔ ပတ္သက္ၿပီး စိတ္ပူစရာမရွိဘူး ဆိုရင္ေတာင္မွ မွတ္ဉာဏ္ေကာင္းဖို႔အတြက္ အၿမဲေလ့က်င့္ဖို႔ လိုပါတယ္။ သင့္ေတာ္တဲ့ အာဟာရနဲ႔ ေလ့က်င့္ခန္း ပုံမွန္လုပ္ျခင္းက က်န္းမာေရးကို ေကာင္းေစၿပီး ဦးေႏွာက္တစ္သွ်ဴးေတြကို ကာကြယ္ေပးပါတယ္။ အသက္ႀကီးတဲ့အထိ မွတ္ဉာဏ္ကို ထက္ျမက္ေသခ်င္ရင္ ဦးေႏွာက္ေလ့က်င့္ခန္းေတြကို စလုပ္ဖို႔ ကြၽမ္းက်င္ပညာရွင္ေတြက အႀကံေပးထားပါတယ္။

1. အလြတ္က်က္ပါ။

ေဈးဝယ္ရမယ့္ စာရင္းေတြ၊ လုပ္ရမယ့္အရာေတြ၊ အႀကိဳက္ဆုံး အႏုပညာရွင္ နာမည္ေတြ၊ စိတ္ထဲေရာက္လာတဲ့ အရာေတြကို ခ်ေရးၿပီး အလြတ္က်က္ပါ။ အလြတ္က်က္ၿပီး တစ္နာရီအၾကာမွာ သင္ဘယ္ႏွမ်ိဳး မွတ္မိလဲ ဆိုတာ ျပန္လည္စစ္ေဆးၾကည့္ပါ။

2. ႏိုင္ငံျခားဘာသာစကား တစ္ခုကို သင္ယူပါ။

ေဝါဟာရ စကားလုံး မ်ားမ်ားကို သိျခင္းက မွတ္ဉာဏ္ထိခိုက္ႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္။ စာဖတ္ျခင္းက စိတ္ဓာတ္ကို တက္ႂကြေစၿပီး စကားလုံးေတြကို မွတ္မိဖို႔ ကူညီေပးပါတယ္။ ႏိုင္ငံျခားဘာသာစကား တစ္ခုကို သင္ယူျခင္းက ဦးေႏွာက္ကို လန္းဆန္းေစပါတယ္။

3. ပေဟဠိမ်ားကို ေျဖရွင္းပါ။

စကားလုံးပေဟဠိက ဦးေႏွာက္ေလ့က်င့္ခန္းထဲမွာ အေကာင္းဆုံး ေလ့က်င့္ခန္းပါပဲ။ စကားထာဖြက္ျခင္းနဲ႔ ပေဟဠိဆက္ျခင္းက အလြန္ကို အသုံးဝင္ပါတယ္။

4. တစ္ခ်ိန္တည္းမွာ လက္ႏွစ္ဖက္လုံးကို သုံးၿပီး စာေရးပါ သို႔မဟုတ္ ပုံဆြဲပါ။

ဒီနည္းလမ္းက ဦးေႏွာက္ေလ့က်င့္ခန္းထဲမွာ အလြန္ေကာင္းတဲ့ နည္းလမ္းပါ။ စာ႐ြက္ႏွစ္႐ြက္ကို ယူၿပီး တစ္ခ်ိန္တည္းမွာပဲ လက္ႏွစ္ဖက္လုံးသုံးၿပီး ဂ်ီဩေမႀတီ ပုံေတြဆြဲပါ။ ဒါမွမဟုတ္ တစ္ခ်ိန္တည္းမွာ လက္ႏွစ္ဖက္လုံးသုံးၿပီး စာေရးပါ။ ဒီနည္းလမ္းက မ်ားစြာေသာ လုပ္ငန္းေတြကို လ်င္လ်င္ျမန္ျမန္ ထိထိေရာက္ေရာက္ လုပ္ႏိုင္ဖို႔အတြက္ ဦးေႏွာက္ကို ေလ့က်င့္ေပးတဲ့နည္းလမ္း ျဖစ္ပါတယ္။

5. အားကစားသစ္တစ္ခု သို႔မဟုတ္ ဝါသနာအသစ္တစ္ခုကို စိတ္ဝင္စားပါ။

ေယာဂ၊ ေဂါက္၊ တင္းနစ္စတဲ့ အားကစားနည္းေတြက ခႏၶာကိုယ္အတြက္သာမက ဦးေႏွာက္ကိုလည္း အက်ိဳးရွိေစပါတယ္။ ခ်ည္ထိုးျခင္း၊ ပုံဆြဲျခင္း၊ ပေဟဠိဆက္ျခင္းစတဲ့ ဝါသနာအသစ္ေတြက ဦးေႏွာက္ကို ပိုၿပီး မွတ္ဉာဏ္ေကာင္းေစပါတယ္။

အသက္ႀကီးလာတဲ့အခါ မွတ္ဉာဏ္ ခ်ိဳ႕ယြင္းလာတာက ပုံမွန္ပါပဲ။ အသက္ႀကီးလာမႈကို မစိုးရိမ္ပါနဲ႔။ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈကို နည္းပါးေအာင္ ႀကိဳးစားလို႔ရပါတယ္။ ေပ်ာ္႐ႊင္က်န္းမာတဲ့ဘဝက သင့္လက္ထဲမွာပဲ ရွိပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments