တစ်ခါတုန်းက ကျီးကန်းတစ်ကောင် ရှိသတဲ့.. ။ သူက သူ့ကိုယ်သူ လောကမှာ ငါဟာ အပျော်ရွှင်ဆုံး ငှက်တစ်ကောင်ပဲ ဆိုပြီး သူ့ဘဝကို သာယာနေတယ် ။
တစ်နေ့တော့ သူ ဗျိုင်းတစ်ကောင်ကို တွေ့လိုက်တယ် ။ သူ့ တစ်ကိုယ်လုံးက ဖြူဖွေး နေတာပဲ ၊ ငါကတော့ မည်းနက် နေတယ် ။ သူဟာ လောကမှာ အပျော်ဆုံးငှက် ဖြစ်လိမ့်မယ် လို့ တွေးမိတယ် ။
ဒီလိုနဲ့ သူ ဗျိုင်းကို သွားပြောလိုက်တယ် ။
" ကိုဗျိုင်း.. ခင်ဗျား အရောင်က ဖြူဖွေးနေ တာပဲ လှလိုက်တာ.. ဧကန္တ ခင်ဗျားဟာ လောကမှာ အပျော်ဆုံး ငှက်ပဲ မဟုတ်လား.. "
ဒီတော့ ဗျိုင်းက ပြန်ပြောတယ် ။
" ကျွန်တော်လည်း အစက ဒီလို တွေးမိတာဗျ ၊ ကြက်တူရွေးကို မတွေ့ခင် အထိပေါ့ဗျာ ။ ကျွန်တော်ကသာ အဖြူရောင် တစ်ခုတည်း ရှိတာ ။ သူ့ဆီမှာက အရောင် ၂ မျိုး ရှိတယ် သိပ်လှတယ်ဗျ.. "
ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးဆီ သွားတယ် ။
" ခင်ဗျားက အရောင် ၂ မျိုးနဲ့ သိပ်လှတယ်ဗျာ.. ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက် ပဲ မလား " ..
ကြက်တူရွေးက..
" ဟား.. ကျွန်တော်က ဘာဟုတ်သေး လဲဗျာ.. ကျွန်တော့်မှာ အရောင်၂ မျိုးပဲ ရှိတာ ၊ ဒေါင်းမှာ အရောင်တွေ အများကြီးနဲ့ ဗျ.. ခင်ဗျား သူ့ကို သွားမေးပါလား " လို့ ဖြေလိုက်တယ်။
ဒါနဲ့ ကျီးကန်းလည်း ဒေါင်းကို လိုက်ရှာရင်း တိရစ္ဆာန်ရုံ တစ်ခုထဲမှာ လူတွေ အများကြီး ဝိုင်းကြည့် နေတဲ့ ဒေါင်းကို တွေ့လိုက်တယ် ။
" အား.. ပါး.. ပါး.. လှလိုက်တာ.. သူက သေချာပေါက် အပျော်ဆုံး ငှက် ပဲ " လို့ တွေးလိုက်တယ်။
ဒီလိုနဲ့ တိရစ္ဆာန်ရုံ ပိတ်ချိန်ထိ စောင့်နေပြီး ညနေ လူရှင်းတော့ ဒေါင်းဆီ သွားပြောတယ် ။
" ကိုဒေါင်း ခင်ဗျား ဒီလောက်လှတာ ခင်ဗျားက လောကမှာ အပျော်ဆုံး ငှက်ပါပဲဗျာ.. လူတွေက ခင်ဗျားရဲ့ အလှကို ဒီလို တကူးတက လာကြည့်ကြတယ်.. ကျုပ်ကို မြင်ရင်ဖြင့်တော့ မောင်းလွှတ်တာပဲ ဗျို့.. တစ်ခါတစ်လေ ခဲနဲ့တောင် ပေါက်လို့ မနည်း ရှောင်ရတယ်ဗျာ " လို့ ပြောတယ်။
ဒီချိန်မှာ ဒေါင်းက..
" အင်းဗျာ ကျွန်တော်က အလှဆုံးငှက် ဆိုတာ မှန်ပါရဲ့.. ဒါပေမယ့် ကျွန်တော့ရဲ့ အလှတရားကြောင့် ကျွန်တော်ဟာ လှောင်အိမ်ထဲ ချုပ်နှောင် ခံထားရတယ် "
" ဒီမှာ မိတ်ဆွေကျီး.. ကျွန်တော် တိရိစ္ဆာန်ရုံ တစ်ခုလုံးကို သေချာ စူးစမ်းပြီးပြီ ။ လှောင်အိမ်ထဲ ထည့်မထား ခံရတာဆိုလို့ ကျီးကန်း ပဲ ရှိတယ်ဗျ ။ ကျွန်တော် တစ်ခါ တစ်လေ တွေးမိတယ်.. လောကမှာ အပျော်ဆုံး ငှက်ဟာ ကျီးကန်းပဲ ဖြစ်မယ် လို့ပေါ့.. "
" လွတ်လွတ် လပ်လပ် ပျံသန်း နေတဲ့ ကျီးကန်းတွေ မြင်ရင် ကျွန်တော် အရမ်း အားကျတယ်ဗျာ ".. လို့ ပြန်ပြောတယ်။
သင်ခန်းစာ - ကျွန်တော်တို့ဟာ တစ်ခါတစ်လေ ကျွန်တော်တို့ ကြုံတွေ့နေ ရတဲ့ ဘဝအခြေအနေနဲ့ ပြဿနာတွေ အပေါ်မှာ မကျေမနပ်ဖြစ်ပြီး သူများရဲ့ ဘဝတွေကို အားကျ မိတတ်ကြတယ် ။
တကယ်တော့ ဘယ်လို ဘဝမျိုး ဖြစ်ဖြစ် လူတိုင်းမှာ အခက်အခဲဆိုတာ ရှိနေတတ် ပါတယ်။ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ ကိုယ့်ဘဝကို ကိုယ် ကျေနပ် နိုင်သူသာ လောကမှာ အပျော်ဆုံး လူသား ဖြစ်ပါလိမ့်မယ် ။
Crd
for zawgyi
အေပ်ာ္ရႊင္ဆုံးသူ
တစ္ခါတုန္းက က်ီးကန္းတစ္ေကာင္ ရွိသတဲ့.. ။ သူက သူ႔ကိုယ္သူ ေလာကမွာ ငါဟာ အေပ်ာ္ရႊင္ဆုံး ငွက္တစ္ေကာင္ပဲ ဆိုၿပီး သူ႔ဘဝကို သာယာေနတယ္ ။
တစ္ေန႔ေတာ့ သူ ဗ်ိဳင္းတစ္ေကာင္ကို ေတြ႕လိုက္တယ္ ။ သူ႔တစ္ကိုယ္လုံးက ျဖဴေဖြး ေနတာပဲ ၊ ငါကေတာ့ မည္းနက္ ေနတယ္ ။ သူဟာ ေလာကမွာ အေပ်ာ္ဆုံးငွက္ ျဖစ္လိမ့္မယ္ လို႔ ေတြးမိတယ္ ။
ဒီလိုနဲ႔ သူ ဗ်ိဳင္းကို သြားေျပာလိုက္တယ္ ။
" ကိုဗ်ိဳင္း.. ခင္ဗ်ား အေရာင္က ျဖဴေဖြးေန တာပဲ လွလိုက္တာ.. ဧကႏၲ ခင္ဗ်ားဟာ ေလာကမွာ အေပ်ာ္ဆုံး ငွက္ပဲ မဟုတ္လား.. "
ဒီေတာ့ ဗ်ိဳင္းက ျပန္ေျပာတယ္ ။
" ကြၽန္ေတာ္လည္း အစက ဒီလို ေတြးမိတာဗ် ၊ ၾကက္တူေ႐ြးကို မေတြ႕ခင္ အထိေပါ့ဗ်ာ ။ ကြၽန္ေတာ္ကသာ အျဖဴေရာင္ တစ္ခုတည္း ရွိတာ ။ သူ႔ဆီမွာက အေရာင္ ၂ မ်ိဳး ရွိတယ္ သိပ္လွတယ္ဗ်.. "
ဒီလိုနဲ႔ က်ီးကန္းလည္း ၾကက္တူေ႐ြးဆီ သြားတယ္ ။
" ခင္ဗ်ားက အေရာင္ ၂ မ်ိဳးနဲ႔ သိပ္လွတယ္ဗ်ာ.. ခင္ဗ်ားက ကမာၻေပၚမွာ အေပ်ာ္ဆုံးငွက္ ပဲ မလား " ..
ၾကက္တူေ႐ြးက..
" ဟား.. ကြၽန္ေတာ္က ဘာဟုတ္ေသး လဲဗ်ာ.. ကြၽန္ေတာ့္မွာ အေရာင္၂ မ်ိဳးပဲ ရွိတာ ၊ ေဒါင္းမွာ အေရာင္ေတြ အမ်ားႀကီးနဲ႔ ဗ်.. ခင္ဗ်ား သူ႔ကို သြားေမးပါလား " လို႔ ေျဖလိုက္တယ္။
ဒါနဲ႔ က်ီးကန္းလည္း ေဒါင္းကို လိုက္ရွာရင္း တိရစာၦန္႐ုံ တစ္ခုထဲမွာ လူေတြ အမ်ားႀကီး ဝိုင္းၾကည့္ ေနတဲ့ ေဒါင္းကို ေတြ႕လိုက္တယ္ ။
" အား.. ပါး.. ပါး.. လွလိုက္တာ.. သူက ေသခ်ာေပါက္ အေပ်ာ္ဆုံး ငွက္ ပဲ " လို႔ ေတြးလိုက္တယ္။
ဒီလိုနဲ႔ တိရစာၦန္႐ုံ ပိတ္ခ်ိန္ထိ ေစာင့္ေနၿပီး ညေန လူရွင္းေတာ့ ေဒါင္းဆီ သြားေျပာတယ္ ။
" ကိုေဒါင္း ခင္ဗ်ား ဒီေလာက္လွတာ ခင္ဗ်ားက ေလာကမွာ အေပ်ာ္ဆုံး ငွက္ပါပဲဗ်ာ.. လူေတြက ခင္ဗ်ားရဲ႕ အလွကို ဒီလို တကူးတက လာၾကည့္ၾကတယ္.. က်ဳပ္ကို ျမင္ရင္ျဖင့္ေတာ့ ေမာင္းလႊတ္တာပဲ ဗ်ိဳ႕.. တစ္ခါတစ္ေလ ခဲနဲ႔ေတာင္ ေပါက္လို႔ မနည္း ေရွာင္ရတယ္ဗ်ာ " လို႔ ေျပာတယ္။
ဒီခ်ိန္မွာ ေဒါင္းက..
" အင္းဗ်ာ ကြၽန္ေတာ္က အလွဆုံးငွက္ ဆိုတာ မွန္ပါရဲ႕.. ဒါေပမယ့္ ကြၽန္ေတာ့ရဲ႕ အလွတရားေၾကာင့္ ကြၽန္ေတာ္ဟာ ေလွာင္အိမ္ထဲ ခ်ဳပ္ေႏွာင္ ခံထားရတယ္ "
" ဒီမွာ မိတ္ေဆြက်ီး.. ကြၽန္ေတာ္ တိရိစာၦန္႐ုံ တစ္ခုလုံးကို ေသခ်ာ စူးစမ္းၿပီးၿပီ ။ ေလွာင္အိမ္ထဲ ထည့္မထား ခံရတာဆိုလို႔ က်ီးကန္း ပဲ ရွိတယ္ဗ် ။ ကြၽန္ေတာ္ တစ္ခါ တစ္ေလ ေတြးမိတယ္.. ေလာကမွာ အေပ်ာ္ဆုံး ငွက္ဟာ က်ီးကန္းပဲ ျဖစ္မယ္ လို႔ေပါ့.. "
" လြတ္လြတ္ လပ္လပ္ ပ်ံသန္း ေနတဲ့ က်ီးကန္းေတြ ျမင္ရင္ ကြၽန္ေတာ္ အရမ္း အားက်တယ္ဗ်ာ ".. လို႔ ျပန္ေျပာတယ္။
သင္ခန္းစာ - ကြၽန္ေတာ္တို႔ဟာ တစ္ခါတစ္ေလ ကြၽန္ေတာ္တို႔ ႀကဳံေတြ႕ေန ရတဲ့ ဘဝအေျခအေနနဲ႔ ျပႆနာေတြ အေပၚမွာ မေက်မနပ္ျဖစ္ၿပီး သူမ်ားရဲ႕ ဘ၀ေတြကို အားက် မိတတ္ၾကတယ္ ။
တကယ္ေတာ့ ဘယ္လို ဘဝမ်ိဳး ျဖစ္ျဖစ္ လူတိုင္းမွာ အခက္အခဲဆိုတာ ရွိေနတတ္ ပါတယ္။ ၿပီးျပည့္စုံတယ္ ဆိုတာ မရွိပါဘူး။ ကိုယ့္ဘဝကို ကိုယ္ ေက်နပ္ ႏိုင္သူသာ ေလာကမွာ အေပ်ာ္ဆုံး လူသား ျဖစ္ပါလိမ့္မယ္ ။
Crd
0 Comments