ဆံပင်မှားညှပ်မိလို့ ရူပီး သန်း ၂၀ လျော်လိုက်ရတဲ့ ဆံပင်ညှပ်ဆရာ

အိန္ဒိယနိုင်ငံက တရားရုံးတစ်ခုဟာ အမျိုးသမီး တစ်ယောက်ရဲ့ဆံပင်ကို ညှပ်ပေးတဲ့ ဆံသဆရာကို လျော်ကြေးငွေ ရူပီးသန်း ၂၀ (ခန့်မှန်းခြေအားဖြင့် RM1,130,000) ကို လျော်ပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

BBC က ထုတ်ပြန်တဲ့ သတင်းတွေအရတော့ အမျိုးသမီးဟာ ဆံပင်အလှကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီက မော်ဒယ်ဖြစ်နေပါတယ်။ သူ့ရဲ့ကြော်ငြာတွေမှာ အဓိကအကျဆုံးဖြစ်တဲ့ ဆံပင်ကို ညှပ်လိုက်မိတာကြောင့် လျော်ကြေးတောင်းတယ် လို့လည်း ပြောပါတယ်။

အခုအချိန်မှာတော့ မော်ဒယ်အမျိုးသမီးဟာ ကြော်ငြာကုမ္ပဏီကနေ ကြေးမြင့်မြင့်နဲ့ အငှားမခံရတော့ပါဘူး။ ဆံပင်ညှပ်ဆိုင်က ဆံပင်တွေကို တိုအောင်ညှပ်ပေး လိုက်တာကြောင့် ငှားရမ်းမယ့်သူတွေ လျော့နည်းသွားတယ်လို့ သိရပါတယ်။

အိန္ဒိယအမျိုးသား စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးကော်မရှင် (NCDRC) ရဲ့ အဆိုအရကတော့ “ သူမရဲ့ အိမ်မက်တွေက အဖျက်စီးခံ လိုက်ရသလိုပါပဲ။ ဒီလုပ်ရက်ဟာ သူမရဲ့ နေထိုင်မှု ပုံစံကိုတောင် ပြောင်းလဲပစ်နိုင်ပြီးတော့ ထိပ်တန်းမော်ဒယ် နေရာကနေတောင် ကျသွားနိုင်ပါတယ်” လို့ ပြောထားပါတယ်။

မော်ဒယ်ဟာ သူ့ရဲ့ပေါ့ဆမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ စိတ်ဒဏ်ရာတွေကို တော်တော် ခံစားခဲ့ရပါတယ်။ ပြီးတော့ ဆံပင်ညှပ်ဆရာက ဆံပင်ညှ့ပ်ချိန်မှာ အာရုံမစိုက်ခဲ့တာကြောင့် သူ့ရဲ့မော်ဒယ်အလုပ်လည်း လုံးပါးပါး သွားခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ၂၀၁၈ မှာဖြစ်ခဲ့တာဖြစ်ပြီး မော်ဒယ်က သူမလိုချင်တဲ့ ပုံစံနဲ့ပတ်သက်ပြီး တိကျတဲ့ ညွှန်ကြားချက်တွေ ပေးခဲ့ပါတယ်။ ဒါကို ဆံပင်ညှပ်ဆရာက အလေးမထားဘဲ သူညှပ်ချင်သလို ညှပ်ပစ်လိုက်ပါတယ်။

ဘယ်လို ညှပ်ပစ်လဲ ဆိုတော့ ဆံပင်ရဲ့အဓိကဖြစ်တဲ့ နေရာတွေကို ညှပ်ပစ်လိုက်ပြီးတော့ သူမရဲ့ပုခုံးကို နည်းနည်းကျော်ပြီး ၄ လက်မ လောက်သာ ချန်ထားပေးလိုက်ပါတယ်။ ဆံကေသာကို အဓိကထားတဲ့ မော်ဒယ်တစ်ယောက်အတွက် ဆံပင်ကို တိုတိုလေးပဲ ချန်ထားပေးတယ် ဆိုတာကတော့ ဒေါသထွက်စရာပါပဲ။

တရားရုံးကတော့ “ သူမဟာ ဆံပင်ညှပ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန်မမြင်ရပါဘူး။ သူမဟာ အရမ်းကို အရေးပါတဲ့သူ တစ်ဦးဖြစ်ပြီးတော့ အစည်းအဝေးတွေနဲ့ အပြန်အလှန် ဆွေးနွေးပွဲတွေမှာ တက်ရောက်နေတဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆံပင်ညှပ်လိုက်တဲ့ ကိစ္စကြောင့် သူမဟာ စိတ်ဒဏ်ရာကို ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။

ဆံပင်ညှပ်ပြီး ဖြစ်လာတဲ့ စိတ်ဒဏ်ရာကြောင့် သူမဟာ တော်တော် ဆိုးဆိုးဝါးဝါးကို ခံစားခဲ့ရပါတယ်။ ဆေးကုသမှုတွေလည်း ခံယူလိုက်ရပါတယ်။ ပြီးတော့ သူချစ်တဲ့အလုပ်ကိုလည်း စွန့်လွှတ်လိုက်ရပါတယ်။ သူမဟာ ဒီကိစ္စတွေဖြစ်ပြီးတာတောင် (၂) နှစ်လောက်အထိ စိတ်ဒဏ်ရာက မပျောက်သေးပါဘူး” လို့ ထုတ်ပြန်ထားပါတယ်။

ဒီ salon ဟာ ဒေလီမြို့ရဲ့ နာမည်ကြီး ဟော်တယ်တစ်ခုက ဖြစ်ပါတယ်။ တရားရုံးက ထုတ်ပြန်ချက်ကိုတော့ အယူခံဝင်ပြီးပေမယ့်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ ဆက်လုပ်ကြဦးမလဲ ဆိုတာကိုတော့ မထုတ်ပြန်ရသေးပါဘူး။

Zombie (Lovemedia)

for zawgyi

ဆံပင္မွားညႇပ္မိလို႔ ႐ူပီး သန္း ၂၀ ေလ်ာ္လိုက္ရတဲ့ ဆံပင္ညႇပ္ဆရာ

အိႏၵိယႏိုင္ငံက တရား႐ုံးတစ္ခုဟာ အမ်ိဳးသမီး တစ္ေယာက္ရဲ႕ဆံပင္ကို ညႇပ္ေပးတဲ့ ဆံသဆရာကို ေလ်ာ္ေၾကးေငြ ႐ူပီးသန္း ၂၀ (ခန႔္မွန္းေျခအားျဖင့္ RM1,130,000) ကို ေလ်ာ္ေပးဖို႔ အမိန႔္ခ်မွတ္ခဲ့ပါတယ္။

BBC က ထုတ္ျပန္တဲ့ သတင္းေတြအရေတာ့ အမ်ိဳးသမီးဟာ ဆံပင္အလွကုန္ ထုတ္လုပ္တဲ့ ကုမၸဏီက ေမာ္ဒယ္ျဖစ္ေနပါတယ္။ သူ႔ရဲ႕ေၾကာ္ျငာေတြမွာ အဓိကအက်ဆုံးျဖစ္တဲ့ ဆံပင္ကို ညႇပ္လိုက္မိတာေၾကာင့္ ေလ်ာ္ေၾကးေတာင္းတယ္ လို႔လည္း ေျပာပါတယ္။

အခုအခ်ိန္မွာေတာ့ ေမာ္ဒယ္အမ်ိဳးသမီးဟာ ေၾကာ္ျငာကုမၸဏီကေန ေၾကးျမင့္ျမင့္နဲ႔ အငွားမခံရေတာ့ပါဘူး။ ဆံပင္ညႇပ္ဆိုင္က ဆံပင္ေတြကို တိုေအာင္ညႇပ္ေပး လိုက္တာေၾကာင့္ ငွားရမ္းမယ့္သူေတြ ေလ်ာ့နည္းသြားတယ္လို႔ သိရပါတယ္။

အိႏၵိယအမ်ိဳးသား စားသုံးသူ အျငင္းပြားမႈ ေျဖရွင္းေရးေကာ္မရွင္ (NCDRC) ရဲ႕ အဆိုအရကေတာ့ “ သူမရဲ႕ အိမ္မက္ေတြက အဖ်က္စီးခံ လိုက္ရသလိုပါပဲ။ ဒီလုပ္ရက္ဟာ သူမရဲ႕ ေနထိုင္မႈ ပုံစံကိုေတာင္ ေျပာင္းလဲပစ္ႏိုင္ၿပီးေတာ့ ထိပ္တန္းေမာ္ဒယ္ ေနရာကေနေတာင္ က်သြားႏိုင္ပါတယ္” လို႔ ေျပာထားပါတယ္။

ေမာ္ဒယ္ဟာ သူ႔ရဲ႕ေပါ့ဆမႈေၾကာင့္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈနဲ႔ စိတ္ဒဏ္ရာေတြကို ေတာ္ေတာ္ ခံစားခဲ့ရပါတယ္။ ၿပီးေတာ့ ဆံပင္ညႇပ္ဆရာက ဆံပင္ညႇ႔ပ္ခ်ိန္မွာ အာ႐ုံမစိုက္ခဲ့တာေၾကာင့္ သူ႔ရဲ႕ေမာ္ဒယ္အလုပ္လည္း လုံးပါးပါးသြားခဲ့ရပါတယ္။

ဒီအျဖစ္အပ်က္ဟာ ၂၀၁၈ မွာျဖစ္ခဲ့တာျဖစ္ၿပီး ေမာ္ဒယ္က သူမလိုခ်င္တဲ့ ပုံစံနဲ႔ပတ္သက္ၿပီး တိက်တဲ့ ၫႊန္ၾကားခ်က္ေတြ ေပးခဲ့ပါတယ္။ ဒါကို ဆံပင္ညႇပ္ဆရာက အေလးမထားဘဲ သူညႇပ္ခ်င္သလို ညႇပ္ပစ္လိုက္ပါတယ္။ ဘယ္လို ညႇပ္ပစ္လဲ ဆိုေတာ့ ဆံပင္ရဲ႕အဓိကျဖစ္တဲ့ ေနရာေတြကို ညႇပ္ပစ္လိုက္ၿပီးေတာ့ သူမရဲ႕ပုခုံးကို နည္းနည္းေက်ာ္ၿပီး ၄ လက္မ ေလာက္သာ ခ်န္ထားေပးလိုက္ပါတယ္။ ဆံေကသာကို အဓိကထားတဲ့ ေမာ္ဒယ္တစ္ေယာက္အတြက္ ဆံပင္ကို တိုတိုေလးပဲ ခ်န္ထားေပးတယ္ ဆိုတာကေတာ့ ေဒါသထြက္စရာပါပဲ။

တရား႐ုံးကေတာ့ “ သူမဟာ ဆံပင္ညႇပ္တဲ့အခ်ိန္မွာ ကိုယ့္ကိုယ္ကို မွန္ထဲမွာ ျပန္မျမင္ရပါဘူး။ သူမဟာ အရမ္းကို အေရးပါတဲ့သူ တစ္ဦးျဖစ္ၿပီးေတာ့ အစည္းအေဝးေတြနဲ႔ အျပန္အလွန္ ေဆြးေႏြးပြဲေတြမွာ တက္ေရာက္ေနတဲ့သူ တစ္ဦးလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ဒီဆံပင္ညႇပ္လိုက္တဲ့ ကိစၥေၾကာင့္ သူမဟာ စိတ္ဒဏ္ရာကို ျပင္းျပင္းထန္ထန္ ရခဲ့ပါတယ္။

ဆံပင္ညႇပ္ၿပီး ျဖစ္လာတဲ့ စိတ္ဒဏ္ရာေၾကာင့္ သူမဟာ ေတာ္ေတာ္ ဆိုးဆိုးဝါးဝါးကို ခံစားခဲ့ရပါတယ္။ ေဆးကုသမႈေတြလည္း ခံယူလိုက္ရပါတယ္။ ၿပီးေတာ့ သူခ်စ္တဲ့အလုပ္ကိုလည္း စြန႔္လႊတ္လိုက္ရပါတယ္။ သူမဟာ ဒီကိစၥေတြျဖစ္ၿပီးတာေတာင္ (၂) ႏွစ္ေလာက္အထိ စိတ္ဒဏ္ရာက မေပ်ာက္ေသးပါဘူး” လို႔ ထုတ္ျပန္ထားပါတယ္။

ဒီ salon ဟာ ေဒလီၿမိဳ႕ရဲ႕ နာမည္ႀကီး ေဟာ္တယ္တစ္ခုက ျဖစ္ပါတယ္။ တရား႐ုံးက ထုတ္ျပန္ခ်က္ကိုေတာ့ အယူခံဝင္ၿပီးေပမယ့္လည္း ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဘယ္လိုေတြ ဆက္လုပ္ၾကဦးမလဲ ဆိုတာကိုေတာ့ မထုတ္ျပန္ရေသးပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments