မမေ့သင့်သောအရာ

တခါတုန်းက နွားကျောင်းသားလေး တစ်ယောက်သည် တောင်ကမ်းပါး တခုတွင် ထူးဆန်းသော ပန်းတစ်ပွင့်ကို တွေ့ရှိပြီး ထိုပန်းကို ခူးလိုက်သည်။

ထိုပန်းလေး သူ့ရဲ့လက်ထဲကို ရောက်ရှိပြီး ချက်ခြင်း ဆိုသလိုပင် တောင်နံရံမှ ဂူပေါက် တစ်ခု ပွင့်သွား ပါသည်။ ဂူထဲသို့ သူဝင်သွားသော အခါတွင် စိန်ပုံကြီး တစ်ပုံကို တွေ့ရလေသည်။

သူ့လက်ထဲမှ ပန်းပွင့်ကို ကျောက်ဖျာ တစ်ခုအထက်မှာ တင်ထားလိုက်ပြီး စိန်များကို သိမ်းကျုံး ကောက်ယူ လိုက်သည်။ စိန်များ တစ်ပွေ့ တစ်ပိုက်ဖြင့် ထွက်လာသည်တွင် အသံ တစ်ခုပါ ထွက်လာသည်။

" အဓိကကို မမေ့နဲ့ "

ထိုအသံကြောင့် သူသည် နောက်သို့တစ်ချက် လှည့်ကြည့် လိုက်သည်။ အကြီးဆုံး စိန်တုံးများ ကောက်ယူထားပြီး ဖြစ်သော်လည်း ထိုစိန်တုံး ကြီးများထဲမှ အကြီးဆုံး စိန်တုံးကို ထပ်မံ ကောက်ယူလိုက် ပြန်ပါသည်။

ထို့နောက် ဂူထဲမှ ထွက်လာ ခဲ့သည်။ သူ အပြင်ဘက်သို့ ရောက်သည်နှင့် ဂူပေါက်မှာ လုံးဝ ပိတ်သွားပြီး သူ့လက်တွင်းမှ စိန်တုန်းများ အမှုန့် ဖြစ်ပြီး ပျောက်ပျယ် သွားပါသည်။

တကယ်တမ်း အဓိက ကျခဲ့သော အရာမှာ ထိုထူးဆန်းသော ပန်းပွင့် ဖြစ်ပါသည်။ ထို ပန်းပွင့်ကြောင့် သာလျှင် ဂူပေါက် ပွင့်ပြီး စိန်တုံးများကို တွေ့ရခြင်း ဖြစ်ပါသည်။ သို့သော် ထိုပန်းကို မေ့ကျန်စွန့်ပစ် မိခဲ့သည်နှင့် ကျန်အရာ အားလုံး အလကား ဖြစ်သွား ရပါသည်။

လက်ရှိဘဝတွင်လည်း လူများစွာတို့သည် ဧရာမ တံခါးမကြီးကို ပွင့်စေ ပိတ်စေ နိုင်သော သော့တံကလေးကို မေ့နေတတ် ကြပါသည်။ သော့တံကလေး၏ အကျိုးပြုမှု ၊ သော့တံ ကြောင့်သာ တံခါးပွင့်မှု (ဝါ) ဘဝ လမ်းကြောင်း ပွင့်မှုကို သတိမှောက်ပြီး လျှစ်လျူရှုထား တတ်ကြ ပါသည်။

ဆိုလိုချင်တာကတော့ အောင်မြင်မှု တစ်ခုခု ရရှိခဲ့ရင် ကိုယ်ဘာကြောင့်၊ ဘယ်သူ့ ကြောင့် ဒီလို အောင်မြင်မှု ရခဲ့တယ် ဆိုတာကို ဘယ်တော့မှ မမေ့သင့်တဲ့ အကြောင်းကို ပြောခြင်း ဖြစ်ပါသည်။

kyawyepai

for zawgyi

မေမ့သင့္ေသာအရာ

တခါတုန္းက ႏြားေက်ာင္းသားေလး တစ္ေယာက္သည္ ေတာင္ကမ္းပါး တခုတြင္ ထူးဆန္းေသာ ပန္းတစ္ပြင့္ကို ေတြ႕ရွိၿပီး ထိုပန္းကို ခူးလိုက္သည္။

ထိုပန္းေလး သူ႔ရဲ႕လက္ထဲကို ေရာက္ရွိၿပီး ခ်က္ျခင္း ဆိုသလိုပင္ ေတာင္နံရံမွ ဂူေပါက္ တစ္ခု ပြင့္သြား ပါသည္။ ဂူထဲသို႔ သူဝင္သြားေသာ အခါတြင္ စိန္ပုံႀကီး တစ္ပုံကို ေတြ႕ရေလသည္။

သူ႔လက္ထဲမွ ပန္းပြင့္ကို ေက်ာက္ဖ်ာ တစ္ခုအထက္မွာ တင္ထားလိုက္ၿပီး စိန္မ်ားကို သိမ္းက်ဳံး ေကာက္ယူ လိုက္သည္။ စိန္မ်ား တစ္ေပြ႕ တစ္ပိုက္ျဖင့္ ထြက္လာသည္တြင္ အသံ တစ္ခုပါ ထြက္လာသည္။

" အဓိကကို မေမ့နဲ႔ "

ထိုအသံေၾကာင့္ သူသည္ ေနာက္သို႔တစ္ခ်က္ လွည့္ၾကည့္ လိုက္သည္။ အႀကီးဆုံး စိန္တုံးမ်ား ေကာက္ယူထားၿပီး ျဖစ္ေသာ္လည္း ထိုစိန္တုံး ႀကီးမ်ားထဲမွ အႀကီးဆုံး စိန္တုံးကို ထပ္မံ ေကာက္ယူလိုက္ ျပန္ပါသည္။ ထို႔ေနာက္ ဂူထဲမွ ထြက္လာ ခဲ့သည္။ သူ အျပင္ဘက္သို႔ ေရာက္သည္ႏွင့္ ဂူေပါက္မွာ လုံးဝ ပိတ္သြားၿပီး သူ႔လက္တြင္းမွ စိန္တုန္းမ်ား အမႈန႔္ ျဖစ္ၿပီး ေပ်ာက္ပ်ယ္ သြားပါသည္။

တကယ္တမ္း အဓိက က်ခဲ့ေသာ အရာမွာ ထိုထူးဆန္းေသာ ပန္းပြင့္ ျဖစ္ပါသည္။ ထို ပန္းပြင့္ေၾကာင့္ သာလွ်င္ ဂူေပါက္ ပြင့္ၿပီး စိန္တုံးမ်ားကို ေတြ႕ရျခင္း ျဖစ္ပါသည္။ သို႔ေသာ္ ထိုပန္းကို ေမ့က်န္စြန႔္ပစ္ မိခဲ့သည္ႏွင့္ က်န္အရာ အားလုံး အလကား ျဖစ္သြား ရပါသည္။

လက္ရိွဘဝတြင္လည္း လူမ်ားစြာတို႔သည္ ဧရာမ တံခါးမႀကီးကို ပြင့္ေစ ပိတ္ေစ ႏိုင္ေသာ ေသာ့တံကေလးကို ေမ့ေနတတ္ ၾကပါသည္။ ေသာ့တံကေလး၏ အက်ိဳးျပဳမႈ ေသာ့တံ ေၾကာင့္သာ တံခါးပြင့္မႈ (ဝါ) ဘဝ လမ္းေၾကာင္း ပြင့္မႈကို သတိေမွာက္ၿပီး လွ်စ္လ်ဴရႈထား တတ္ၾက ပါသည္။

ဆိုလိုခ်င္တာကေတာ့ ေအာင္ျမင္မႈ တစ္ခုခု ရရွိခဲ့ရင္ ကိုယ္ဘာေၾကာင့္၊ ဘယ္သူ႔ ေၾကာင့္ ဒီလို ေအာင္ျမင္မႈ ရခဲ့တယ္ ဆိုတာကို ဘယ္ေတာ့မွ မေမ့သင့္ တဲ့ အေၾကာင္းကို ေျပာျခင္း ျဖစ္ပါသည္။

kyawyepai

Post a Comment

0 Comments