နှစ်ပေါင်း ၂၀ အတွင်း သစ်တော ၁၅၀၂ ဧကကို ပြန်လည် စိမ်းလန်းအောင် စိုက်ပျိုးခဲ့တဲ့ ဇနီးမောင်နှံ

ဘရာဇီးနိုင်ငံရဲ့ နာမည်ကြီး ဓာတ်ပုံဆရာ Sebastiao Salgado က ဘရာဇီးနိုင်ငံ Minas Gerais ပြည်နယ်က အိမ်ကို 1994 ခုနှစ် Rwanda ပြည်တွင်းစစ်အပြီးမှာ ပြန်လာခဲ့ပါတယ်။ အဓိက ပြန်လာရခြင်းကတော့ ဖျက်ဆီးခံ လိုက်ရတဲ့ သစ်တောအုပ်ကြီးကို ပြန်လာရှာဖွေဖို့ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံရဲ့ ကုန်းမြေ 0.5 ရာခိုင်နှုန်းသာ သစ်ပင်တွေ ကျန်တော့တာ ဖြစ်ပါတယ်။

သူ့ရဲ့ဇနီးဖြစ်တဲ့ Leliaက သစ်တောအုပ်ကြီး ပြန်လည် စိမ်းလန်းလာဖို့ အကြံပေးခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံဟာ အစကတော့ အလုပ်သမား 24 ယောက်လောက်ကိုပဲ ငှားခဲ့တာပါ။ နောက်တော့ သူတို့ ဇနီးမောင်နှံကို ကူညီဖို့ လုပ်အားပေးသူတွေ ရှိလာပါတယ်။

မကြာမီမှာပဲ သူတို့ရဲ့ကြိုးစားမှုက အပူပိုင်း သစ်တောအုပ် အဖြစ် အောင်မြင်လာခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ထူထပ်တဲ့ သစ်တောအုပ်ကြီး ဖြစ်လာဖို့အတွက် ပျိုးပင်ပေါင်း တစ်သိန်းကျော်ကိုလည်း လက်ခံရ ရှိခဲ့ပါတယ်။ လုပ်အားပေးတွေနဲ့ စိုက်ပျိုးခဲ့တဲ့ သစ်တောအုပ်ကြီးဟာ တိရစ္ဆာန်တွေ၊ သစ်ပင်တွေနဲ့ ပြန်လည်စိမ်းလန်း လာခဲ့ပါတယ်။

ဂြိုဟ်တုကနေ ရိုက်ယူတဲ့ ဓာတ်ပုံတွေအရ သစ်တောအုပ်ကြီးက မျက်စိအေးစရာ စိမ်းလန်းလာခဲ့ပါတယ်။ 1998 နှစ်က စလို့ Sebastiao တို့ ဇနီးမောင်နှံက အပင်မျိုးစိတ် 293 မျိုးတို့ရဲ့ ပျိုးပင်ပေါင်း 2 သန်းကျော်ကို စိုက်ပျိုးခဲ့ပြီး အပူပိုင်းသစ်တော 1502 ဧကကို ပြန်လည် စိမ်းလန်းလာစေပါတယ်။

သက်ရှိ မျိုးစိတ်များ ရှင်သန်ပြီး စိမ်းလန်းနေတဲ့ ဒီသစ်တောကြီးကို မကြာသေးမီကပဲ ကိုယ်ပိုင်သဘာဝ အမွေအနှစ် ထိန်းသိမ်းမှု (PNHR) အဖြစ် ကြေညာခဲ့ပါတယ်။

သစ်တောအုပ်ကြီးက မြေဆီလွှာ ပြုန်းတီးမှုကို ထိန်းသိမ်းပေးပြီး ရေကြီးမှုကို ကာကွယ်ပေးပါတယ်။ ဒီအပူပိုင်း သစ်တောထဲမှာ ရှိတဲ့ စမ်းချောင်း 8 ခုက ပြန်လည် အသက်ဝင် လာခဲ့ပါတယ်။ စမ်းချောင်း 8 ခုဟာ တစ်ချိန်က ခမ်းခြောက်သွား ခဲ့ဖူးပါတယ်။ အခုဆိုရင် စိမ်းချောင်း 8 ခုက တစ်မိနစ်ကို ရေ 20 လီတာနှုန်းနဲ့ စီးဆင်းနေ ပါပြီ။ အဲဒီဒေသတစ်ဝိုက် မှာလည်း ရေမရှားတော့ ပါဘူး။

Salgado ရဲ့ သစ်တောက ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု ပြဿနာကို များစွာဖြေရှင်းပေးနိုင်ခဲ့ ပါတယ်။ အခုဆိုရင် သစ်တောဧရိယာထဲမှာ ရေတံခွန် တွေလည်း ပေါ်ပေါက်လာခဲ့ပါပြီ။ ရာသီဥတုလည်းအေးမြလာခဲ့ ပါပြီ။

Zombie (Lovemedia)

for zawgyi

ႏွစ္ေပါင္း ၂၀ အတြင္း သစ္ေတာ ၁၅၀၂ ဧကကို ျပန္လည္ စိမ္းလန္းေအာင္ စိုက္ပ်ိဳးခဲ့တဲ့ ဇနီးေမာင္ႏွံ

ဘရာဇီးႏိုင္ငံရဲ႕ နာမည္ႀကီး ဓာတ္ပုံဆရာ Sebastiao Salgado က ဘရာဇီးႏိုင္ငံ Minas Gerais ျပည္နယ္က အိမ္ကို 1994 ခုႏွစ္ Rwanda ျပည္တြင္းစစ္အၿပီးမွာ ျပန္လာခဲ့ပါတယ္။ အဓိက ျပန္လာရျခင္းကေတာ့ ဖ်က္ဆီးခံ လိုက္ရတဲ့ သစ္ေတာအုပ္ႀကီးကို ျပန္လာရွာေဖြဖို႔ ျဖစ္ပါတယ္။ ဘရာဇီးႏိုင္ငံရဲ႕ ကုန္းေျမ 0.5 ရာခိုင္ႏႈန္းသာ သစ္ပင္ေတြ က်န္ေတာ့တာ ျဖစ္ပါတယ္။

သူ႔ရဲ႕ဇနီးျဖစ္တဲ့ Leliaက သစ္ေတာအုပ္ႀကီး ျပန္လည္ စိမ္းလန္းလာဖို႔ အႀကံေပးခဲ့ပါတယ္။ သူတို႔ဇနီးေမာင္ႏွံဟာ အစကေတာ့ အလုပ္သမား 24 ေယာက္ေလာက္ကိုပဲ ငွားခဲ့တာပါ။ ေနာက္ေတာ့ သူတို႔ ဇနီးေမာင္ႏွံကို ကူညီဖို႔ လုပ္အားေပးသူေတြ ရွိလာပါတယ္။

မၾကာမီမွာပဲ သူတို႔ရဲ႕ႀကိဳးစားမႈက အပူပိုင္း သစ္ေတာအုပ္ အျဖစ္ ေအာင္ျမင္လာခဲ့ပါတယ္။ သူတို႔ ဇနီးေမာင္ႏွံဟာ ထူထပ္တဲ့ သစ္ေတာအုပ္ႀကီး ျဖစ္လာဖို႔အတြက္ ပ်ိဳးပင္ေပါင္း တစ္သိန္းေက်ာ္ကိုလည္း လက္ခံရ ရွိခဲ့ပါတယ္။ လုပ္အားေပးေတြနဲ႔ စိုက္ပ်ိဳးခဲ့တဲ့ သစ္ေတာအုပ္ႀကီးဟာ တိရစာၦန္ေတြ၊ သစ္ပင္ေတြနဲ႔ ျပန္လည္စိမ္းလန္း လာခဲ့ပါတယ္။

ၿဂိဳဟ္တုကေန ႐ိုက္ယူတဲ့ ဓာတ္ပုံေတြအရ သစ္ေတာအုပ္ႀကီးက မ်က္စိေအးစရာ စိမ္းလန္းလာခဲ့ပါတယ္။ 1998 ႏွစ္က စလို႔ Sebastiao တို႔ ဇနီးေမာင္ႏွံက အပင္မ်ိဳးစိတ္ 293 မ်ိဳးတို႔ရဲ႕ ပ်ိဳးပင္ေပါင္း 2 သန္းေက်ာ္ကို စိုက္ပ်ိဳးခဲ့ၿပီး အပူပိုင္းသစ္ေတာ 1502 ဧကကို ျပန္လည္ စိမ္းလန္းလာေစပါတယ္။

သက္ရွိ မ်ိဳးစိတ္မ်ား ရွင္သန္ၿပီး စိမ္းလန္းေနတဲ့ ဒီသစ္ေတာႀကီးကို မၾကာေသးမီကပဲ ကိုယ္ပိုင္သဘာဝ အေမြအႏွစ္ ထိန္းသိမ္းမႈ (PNHR) အျဖစ္ ေၾကညာခဲ့ပါတယ္။

သစ္ေတာအုပ္ႀကီးက ေျမဆီလႊာ ျပဳန္းတီးမႈကို ထိန္းသိမ္းေပးၿပီး ေရႀကီးမႈကို ကာကြယ္ေပးပါတယ္။ ဒီအပူပိုင္း သစ္ေတာထဲမွာ ရွိတဲ့ စမ္းေခ်ာင္း 8 ခုက ျပန္လည္ အသက္ဝင္ လာခဲ့ပါတယ္။ စမ္းေခ်ာင္း 8 ခုဟာ တစ္ခ်ိန္က ခမ္းေျခာက္သြား ခဲ့ဖူးပါတယ္။ အခုဆိုရင္ စိမ္းေခ်ာင္း 8 ခုက တစ္မိနစ္ကို ေရ 20 လီတာႏႈန္းနဲ႔ စီးဆင္းေန ပါၿပီ။ အဲဒီေဒသတစ္ဝိုက္ မွာလည္း ေရမရွားေတာ့ ပါဘူး။

Salgado ရဲ႕ သစ္ေတာက ရာသီဥတု ေျပာင္းလဲေဖာက္ျပန္မႈ ျပႆနာကို မ်ားစြာေျဖရွင္းေပးႏိုင္ခဲ့ ပါတယ္။ အခုဆိုရင္ သစ္ေတာဧရိယာထဲမွာ ေရတံခြန္ ေတြလည္း ေပၚေပါက္လာခဲ့ပါၿပီ။ ရာသီဥတုလည္းေအးျမလာခဲ့ ပါၿပီ။

Zombie (Lovemedia)

Post a Comment

0 Comments