စကားကြီး (၃) ခွန်း
၁။ စိတ်ကောင်းထားပါ
ဘယ်သူတွေ ကောင်းကောင်း၊ မကောင်းကောင်း ကိုယ့်စိတ်ကို ကောင်းအောင် အမြဲထားပါ။ စိတ်ကောင်း စေတနာကောင်းရှိပါမှ သင့်ဘဝကံ ကောင်းမယ်။
ဘယ်သူတွေ ဘယ်လို စိတ်မျိုးထားထား သင့်ရဲ့စိတ်ကို ကောင်းအောင် ထားပါ။ စိတ်ကောင်းရှိသူသည် လူကောင်းမည်၏။ ထို့ကြောင့် ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် သင့်စိတ်ကို အတတ်နိုင်ဆုံး ကောင်းအောင် ထားပါ။
၂။ လူပေါင်းမမှားနဲ့
သင်ဟာ လူထဲကလူ ဖြစ်နေတဲ့အတွက် လူတွေနဲ့ ဆက်ဆံပေါင်းသင်း ရမည်။ ပေါင်းသင်းတဲ့အခါ မမှားဖို့ အရေးကြီးတယ်။ အပေါင်းအသင်း ကောင်းမှ ဘဝကောင်း ရောက်မယ်။ အပေါင်းအသင်း မကောင်းရင် အပါယ်ငရဲထိ ရောက်တတ်သည်။
ဘုရားဟော ဇာတ်တော်ကို ပြန်ကြည့်မယ် ဆိုရင် အဇာတသတ် မင်းသားဟာ အရှင်ဒေဝဒတ်ကို ဆရာတင် ပေါင်းသင်းမိသောကြောင့် နောက်ဆုံးအဖကို သတ်ပြီး အပါယ်ငရဲသို့ ရောက်သွားရသည်။
ဒါကို ကြည့်ခြင်းအားဖြင့် ပေါင်းသင်း ဆက်ဆံတဲ့အခါ လူပေါင်းမမှားဖို့ အင်မတန် အရေးကြီးသည်။
၃။ အရိပ်ကောင်းနားပါ
အရိပ်သည် လူတစ်ယောက်ရဲ့ဘဝအမောတွေကို ပြေပျောက်စေသည်၊ စိတ်ကို အေးချမ်းစေသည်။ ဒါပေမယ့် ဘယ်အရိပ်တွေ ဘယ်လောက် ကောင်းကောင်း သံသရာမှာ အေးချမ်းဖို့အတွက်တော့ ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်အောက်မှာ နေထိုင်မှသာလျှင် သံသရာမှာ အေးချမ်း၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိူင်မည်ဖြစ်ပါသောကြောင့် အရိပ်ကောင်း ဟူသော ဘုရား၊ တရား၊ သံဃာအရိပ်မှာ နားကြပါလို့။
စကားကြီး (၃) ခွန်း..
၁။ စိတ်ကောင်းထား ၊
၂။ လူပေါင်း မမှားနဲ့ ၊
၃။ အရိပ်ကောင်း နားပါ။
မေတ္တာဖြင့်
crd
for zawgyi
စကားကြီး (၃) ခွန်း
၁။ စိတ်ကောင်းထားပါ
၂။ လူပေါင်းမမှားနဲ့
၃။ အရိပ်ကောင်းနားပါ
စကားကြီး (၃) ခွန်း..
၁။ စိတ်ကောင်းထား ၊
၂။ လူပေါင်း မမှားနဲ့ ၊
၃။ အရိပ်ကောင်း နားပါ။
မေတ္တာဖြင့်
crd
Post a Comment
0 Comments