တရုတ်နိုင်ငံက (၁၈) နှစ်အောက်ကလေးတွေကို ဂိမ်းကစားချိန် (၃) နာရီပဲသတ်မှတ်
တရုတ်နိုင်ငံက (၁၈) နှစ်အောက် ကလေးတွေကို တစ်ပတ်မှာ ဂိမ်းကစားချိန် (၃) နာရီပဲ ပေးဆော့ရမယ်လို့ ထုတ်ပြန်လိုက်ပါပြီ။ လူငယ်တွေဟာ ဂိမ်းထဲမှာပဲနစ်မြုပ်နေပြီးတော့ ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတော့တာကြောင့် ဒီလို ထုတ်ပြန်ရတာလို့လဲ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ ဒီလို စွဲလမ်းခြင်းကို 'မမြင်ရတဲ့ ဘိန်း' လို့လည်း နာမည်ပေးထား ပါသေးတယ်။
တနင်္လာ​နေ့က ထုတ်ပြန်ခဲ့တဲ့ စည်းကမ်းချက်တွေထဲမှာ ပါတာကတော့ ' နည်းပညာတွေက အလွန်အမင်းကို တိုးတက်လာနေပြီးတော့ ပညာရေး၊ အိမ်ခြံမြေရောင်းဝယ်ရေးတွေကိုပါ online ကနေ ပြုလုပ်နေနိုင်ပါပြီ။ ဒီလို တိုးတက်လာခြင်းက ကောင်းမွန်ပြီးတော့ လူ့အဖွဲ့အစည်း တစ်ခုလုံးကိုပါ တိုးတက်လာစေပါတယ်။
ဒါပေမယ့် နည်းပညာတွေ တိုးတက်လာသလို ဖုန်းတွေ၊ ဂိမ်းတွေကလည်း တစ်နေ့ထက်တစ်နေ့ အသစ်အသစ်တွေ ပေါ်နေပါတယ်။ ဒါကြောင့် လူငယ်တွေက ပညာရေး၊ လူမှုရေးတွေမှာ စိတ်မဝင်စားကြတော့ပဲ ဂိမ်းကိုပိုပြီးအာရုံစိုက်လာ ကြပါတယ်။ ဒါကြောင့် ကန့်သတ်လိုက်ရတာပါ' လို့ပြောပါတယ်။
ဆင်ဟွာသတင်းဋ္ဌာနရဲ့ အဆိုအရကတော့ အသက် (၁၈) နှစ်အောက် လူငယ်တွေကို ည (၈) နာရီကနေ (၉) နာရီထိ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာပဲ ကစားခွင့်ပြုထားတာပါ။ အများပြည်သူ အားလပ်ရက်တွေမှာလည်း တစ်နေ့တစ်နာရီ တစ်ချိန်ပဲ ပေးဆော့တော့ပါတယ်။
အရင်က တရုတ်ဟာ လူငယ်တွေကို ဂိမ်းကစားချိန် တစ်နေ့ တစ်နာရီခွဲပဲ ခွင့်ပြုပေးခဲ့တာပါ။ ၂၀၁၉ တုန်းက စည်းမျဉ်းအရဆိုရင် တစ်နေ့ကို တစ်နာရီခွဲနဲ့ ၃ နာရီသာ ကန့်သတ်ခဲ့ပါတယ်။
National Press and Publication Administration (NPPA) ရဲ့ စည်းမျဉ်းအသစ်က တရုတ်နည်းပညာ ကုမ္ပဏီတွေဖြစ်တဲ့ Alibaba Group နှင့် Tencent Holdings တို့ကို ပိတ်ပင်လိုက်သလိုပါပဲ။
နိုင်ငံပိုင် မီဒီယာတွေကတော့ ' ကြီးပွားတိုးတက်ခြင်း' လို့ခေါင်းစဉ်တပ်ပြီးတော့ စီးပွားရေး လုပ်ငန်းတွေရဲ့ ဒေါ်လာဘီလီယံ ချီတာတွေကို ဖျက်ဆီးပစ်နေတာလို့ ပြောနေကြပါတယ်။
' ဆယ်ကျော်သက်တွေက ငါတို့နိုင်ငံရဲ့ အနာဂတ်ကြယ်ပွင့်တွေ ဖြစ်တယ်' လို့ (NPPA) ရဲ့ အမည်မဖော်လိုသူ တစ်ဦးလို့ ပြောပါတယ်။ ' အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာတွေကို ကာကွယ်တာဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေပြီးတော့ အမျိူးသားပြန်လည် နုပျိုမှုခေတ်ကို ဖော်ဆောင်နေတာ' လို့ ပြောပါတယ်။
ဂိမ်းကုမ္ပဏီတွေကိုလည်း တားမြစ်ထားတဲ့အချိန် ဝန်ဆောင်မှု မပေးဖို့ စည်းကမ်းထုတ်ထားတဲ့အပြင် Gamer ရဲ့ အမည်အရင်းကိုသာ အသုံးပြုပြီး ဆော့ရမယ့်စနစ်ကို ထည့်သွင်း အသုံးပြုရမယ်လို့ ဗီဒီယိုဂိမ်းတွေကို ကြီးကြပ်တဲ့အဖွဲ့က ပြောထားပါတယ်။
Zombie (Lovemedia)
for zawgyi
Zombie (Lovemedia)
Post a Comment
0 Comments